Popular Posts!

Wednesday, March 12, 2014

လစာ၁သိန်း၆သောင်းကျော်ရတဲ့ ၀န်ထမ်းအားလုံး အခွန်ဆောင် ရမယ်တဲ့ဗျာ...

အောက်ခြေ လက်လုပ်လက်စားသမားတွေနှင့် ၀င်ငွေနည်းဝန်ထမ်းတွေတော့ သေပြီ...
နဂိုကမှ မလောက်ငြာတဲ့ အထဲ.....
ဘာကိုကြည့်ပြီး ဘယ်လို အခွန်ဥပဒေကိုပြဌာန်းလဲမသိ.... တခြားနိုင်ငံမှာက ၀င်ငွေနည်းအောက်ခြေ လူတန်းစားကိုကင်းလွတ်ခွင့်ပေးထားပြီး လူလတ်တန်းစားကစကောက်တာပါ...

)

တနှစ်ဝင်ငွေ ကျပ် သိန်း ၂၀ အ ထက် ရှိတဲ့ နိုင် ငံသားတိုင်း အခွန်ဆောင်ရမယ့် ၀င်ငွေခွန် ဥပဒေမူကြမ်းတခုကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင် စုလွှတ်တော်မှာ ဆွေးနွေး အတည်ပြုလိုက်ပါတယ်။

ဝင်ငွေခွန်ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ပြည်ထောင်စု လွှတ်တော်မှာ ၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးပြီး အတည်ပြု လိုက်တာပါ။

ပြင်ဆင်လိုက်တဲ့ ဥပဒေကြမ်းအရ အရင်က လူတဦးရဲ့ တနှစ်ဝင်ငွေ ၁၄ သိန်း ၄ သောင်းလို့ သတ်မှတ် ထားရာကနေ သိန်း ၂၀ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

ဒါပေမယ့်လည်း လစာရဲ့ ၂၀ ရာခိုင်နှုန်းက ကင်းလွတ်ခွင့်ရမှာ ဖြစ်သလို သားသမီးတွေ ဇနီးမယားတွေနဲ့ ပတ်သက်ပြီး သက်သာခွင့်ပေးထားတွေ ရှိတယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဒေါ်တင်နွယ်ဦးက ပြောပါတယ်။

နိုင်ငံဝန်ထမ်းတွေကလည်း သိန်း ၂၀ အထက်ရတဲ့သူတွေ အခွန်ဆောင်ရမှာ ဖြစ်သလို သက်ဆိုင်ရာက လစာထဲ တခါတည်း အခွန်ဖြတ်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတွက် ၁ လကို ၁ သိန်း ၂ သောင်းရတဲ့ ပြန်တမ်းဝင်အရာရှိအဆင့်ကနေ စတင် အခွန်ပေးဆောင်ရမှာ ဖြစ်သလို ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီး အရင်ကထက် ပိုကောင်းတဲ့အကြောင်း လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဦးခင်မောင်ရည်က ပြောပါတယ်။

ဒါ့အပြင် ကုန်သွယ်လုပ်ငန်းခွန်ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကိုလည်း ဆွေးနွေးခဲ့ တယ်လို့လည်း ဆိုပါတယ်။

အခွန်အကြောင်းပညာပေးဆောင်း ပါးတွေရေး သားနေတဲ့ ဦးဟန်ထွန်း(ဘဏ္ဍာအခွန်) ကတော့ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတိုင်း ပြည်သူများက အခွန်ပေးဆောင် လာအောင် လုပ်ရမယ့် ၀တ္တရားကို အကောင်ထည်ဖော်ပေမယ့် မြန်မာပြည်မှာတော့ ဘယ်လောက်အောင်မြင်မလဲ ဆိုတာကို ကြိုပြောလို့ မရဘူးလို့ ပြောပါတယ်။

မတ် ၁၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာတော့ အရက်နဲ့ ဆေးဝါးအမျိုးမျိုးကို အခွန် ၅၀ ရာခိုင်နှုန်း၊ စီးကရက်တွေကို ၁၀၀ ရာခိုင်နှုန်း ကောက်ခံဖို့၊ အဖိုးတန် ကျောက်မျက်တွေကို အခွန် ၃၀ ရာခိုင်နှုန်း၊ ရတနာအချောထည်များကို ၁၅ ရာခိုင်နှုန်း၊ ကျွန်းသစ်၊ သစ်မာသစ်လုံးနဲ့ အခြေခံသစ်ခွဲသားတွေကို ၂၅ ရာခိုင်နှုန်း၊ ဓာတ်ဆီနဲ့ ဒီဇယ်ဆီများကို ၁၀ ရာခိုင်နှုန်းနဲ့ သဘာဝဓာတ်ငွေ့ကို ၈ ရာခိုင်နှုန်း အခွန်အသီးသီး ကောက်ခံဖို့လည်း သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်း အခွန်မဆောင်တဲ့ ကုမ္ပဏီများစာရင်းကိုလည်း အခွန် ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။



အခွန်မပေးဆောင်သော ကုမ္ပဏီတစ်သောင်းကျော်ရှိနေပြီး ဦးတေဇ၏ AGD ဘဏ်၊ Mr. Serge Pun ၏ ရိုးမဘဏ်အပါအ၀င် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးအချို့ ပါဝင်


မင်းသီဟဇော်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီ ၁၀၀၀၀ ကျော်ရှိနေပြီး AGD ဘဏ်၊ Yoma ဘဏ်အပါအ ၀င် နိုင်ငံခြား ဘဏ် ကိုယ်စားလှယ်ရုံးအချို့ ပါဝင်ကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။
အခွန်စည်းကြပ်မှု မပြုရသေးသော၊ အခွန်ရုံးသို့ ဆက်သွယ်ရန်နှင့် အခွန်ပေးဆောင်ရန် ပျက်ကွက်နေသော ကုမ္ပဏီများစာရင်းကို ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော်ရှိပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ Yoma ဘဏ်၊ Small & Medium Industrial Development Bank အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများဖြစ်သည့် Hana Bank (Yangon, Kookmin Bank, The Korea Development) တို့ ပါဝင်ခဲ့ကြောင်း သိရသည်။
ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားသော်လည်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်ပေးဆောင်ခြင်း မရှိသေးသည့် ကုမ္ပဏီများကို ဖော်ထုတ်အရေးယူရန်ရှိကြောင်း၊ သို့ဖြစ်၍ အဆိုပါ အခွန်ကိုပေးဆောင်ရန်  ပျက်ကွက်နေသည့် ကုမ္ပဏီအသီးသီးသည် ၂၀၁၄ ခုနှစ် မတ် ၂၀ ရက် နောက်ဆုံးထားကာ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့ လာရောက်ပြီး အခွန်ပေးဆောင်ခြင်း မပြုနိုင်သေးသည့် အကြောင်းအရာနှင့် အကြောင်းအရင်းများကို သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းပေးအပ်ကြရန် အသိပေးထားကြောင်း သိရသည်။
အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော်ရှိပြီး အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ Yoma ဘဏ်၊ Small & Medium Industrial Development Bank အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးများဖြစ်သည့် Hana Bank (Yangon, Kookmin Bank, The Korea Development) တို့ ပါဝင်…
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Myanmar Brewery Ltd.၊ Rothmans of Pall Mall Myanmar Pte.Ltd၊ Dagon Beverages Co.,Ltd၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ City Mart Holding Co.,Ltd၊ Premier Coffee Co.,Ltd၊ Yathar Cho Industry Ltd၊ Max(Myanmar) Manufacturing Co.,Ltd၊ Straits Green Field Ltd.(Sedona Hotel-YGN) တို့ဖြစ်ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ၀င်ငွေခွန်အများဆုံး ထမ်းဆောင်ခဲ့သည့် လုပ်ငန်းရှင်များမှာ Kanbawza Bank Ltd.၊ Myanmar Brewery Ltd.၊ International Beverages Trading Co.,Ltd၊ Myanmar CP Livestock Co.,Ltd၊ Shwe Taung Development Co., Ltd တို့ဖြစ်ကြောင်း သိရသည်။
အခွန်ရှောင်လွှဲသည့် ကိစ္စရပ်များကို ၀င်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေများအရ အရေးယူနိုင်ကြောင်းနှင့် အခွန်နှင့် ပတ်သက်သော အဂတိလိုက်စားမှုများကို ကာကွယ်နိုင်ရန် ၀င်ငွေခွန်ဥပဒေပုဒ်မ ၄၈ နှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၃ တို့တွင် ပြဋ္ဌာန်းထားသည်။
အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိ မရှိ စိစစ်ရန်၊ နိုင်ငံတော်အတွင်း ဆောင်ရွက်နေသည့် ၀န်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်မှုများကို ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့က အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
Credit: EMG

အခွန် ထမ်းဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ကုမ္ပဏီ တစ်သောင်းကျော်စာရင်းမှာ အခွန်အခတွေ မထမ်းဆောင်ဘူးဆိုပြီး ကုမ္ပဏီကြီး တချို့ကို စာရင်း မှားယွင်း ဖော်ပြခဲ့တယ်လို့ ပြည်တွင်း အခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။


ဒီစာရင်း အမှားကို မတ်လ(၇)ရက်နေ့မှာ ပြည်တွင်း အခွန်ဦးစီးဌာနက ထုတ်ပြန် လိုက်တာဖြစ်ပြီး အဲဒီထဲမှာ AGD Bank, Yoma Bank, Small & Medium Industrial Bank, A-1 Garment Co., Ltd, Korea Development Bank စတဲ့ လုပ်ငန်းတွေ ပါဝင်တယ်လို့ ထုတ်ပြန် ထားပါတယ်။



တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ(၄)ပုံ(၁)ပုံရှိတဲ့ အထဲက ကုမ္ပဏီတစ်သောင်းကျော်ဟာ အခွန်မဆောင်ဘူးဆိုပြီး မကြာသေးမီက အခွန်ရုံးက ထုတ်ပြန်လိုက်တဲ့ စာရင်းက မှားယွင်းနေတယ်လို့ အခွန်ဦးစီးဌာနက ဝန်ခံလိုက်တာဖြစ်ပါတယ်။



ဒီကုမ္ပဏီတွေဟာ ကွန်ပြူတာစနစ် အမှားအယွင်းကြောင့် ရောထွေးဖော်ပြမိခဲ့တာဖြစ်တယ်ဆိုပြီး ကုမ္ပဏီများဆိုင်ရာအခွန်ရုံးက ဦးတင်ထွန်းနိုင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းပန်စကား ပြောခဲ့ပါတယ်။



အခွန်မဆောင်ဘူးလို့ ဖော်ပြခဲ့တဲ့ ဒီအမှားစာရင်းမှာ AGD Bank, Yoma Bank, Korea Development Bank စတဲ့ ကုမ္ပဏီပေါင်း (၁၅)ခုကနေ အခု (၅၀)လောက်အထိရှိနိုင် ပြီး ခုခါမှာတော့ အခွန်မဆောင်တဲ့ ကုမ္ပဏီစာရင်းကို ပြန်လည်ပြင်ဆင်ထားတယ်လို့ ညွှန်ကြားရေးမှူး ဦးတင်ထွန်းနိုင်က ဆိုပါတယ်။



အခွန်ရုံးရဲ့ စာရင်းအမှားနဲ့ ပတ်သက်တဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကိုတော့ AGD ဘဏ်နဲ့ ရိုးမဘဏ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ သူတို့ဘဏ်တွေဟာ အမြဲအခွန်ထမ်းဆောင်နေပြီး တခါမှ ပျက်ကွက်ခဲ့ခြင်းမရှိ တာကို စစ်ဆေးနိုင်တယ်လို့ AGD ဘဏ် က အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောပါတယ်။



အခု နောက်ထပ် ထုတ်ပြန်လိုက်တဲ့ စာရင်းကို အမှားအယွင်းနည်းအောင် လုပ်ထားတယ်လို့ အခွန်ရုံးက ပြောပေမယ့် လူတွေကတော့ အခွန်ဌာနရဲ့ စာရင်းဇယားတွေဟာ ဘယ်လောက်မှန်မှန်ကန်ကန် ရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။



ဘီဘီစီ (မြန်မာပိုင်း)


အသုံးမကျသည့် ပြည်တွင်းအခွန်ဦးစီးဌာနကြောင့် AGD နှင့် အလဲဗင်း ပြဿနာတက်


အသုံးမကျသော ပြည်တွင်းအခွန်ဦးစီးဌာနကြောင့် AGD ဘဏ်နှင့် Eleven မီဒီယာ ပြဿနာများ တက်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် အဆင့်အထိ ရောက်ရှိခဲ့ပြီး အခန့်မသင့်ပါက တရားတဘောင် စွဲဆိုသည့် အဆင့်အထိ ရောက်ရှိနိုင်ကြောင်း သိရသည်။

၁၁-၃-၂၀၁၄ ရက်ထုတ် The Daily Eleven သတင်းစာတွင် ဖော်ပြခဲ့သည့် အခွန်မပေးဆောင်သော ကုမ္ပဏီ တစ်သောင်းကျော်စာရင်းတွင် AGD ဘဏ်အား ထည့်သွင်းဖော်ပြခဲ့ရာ ထိုကိစ္စနှင့်ပတ်သက်၍ AGD ဘဏ်က ၄င်းတို့ အခွန်ဆောင်ထားကြောင်း၊ ယင်းသတင်းနှင့်ပတ်သက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနသို့လည်း မေးမြန်း စုံစမ်းပြီးဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ယင်းတို့ဌာန၏ Website တွင် Computer Error ကြောင့် မှားယွင်းဖေါ်ပြမိခြင်း ဖြစ်ကြောင်း၊ ယင်းသို့မှားယွင်းဖေါ်ပြ ထားသည်များကိုလည်း ပြန်လည်ဖယ်ရှားပြီးဖြစ် သည်ဟု သိရကြောင်း AGD ဘဏ်က ထုတ်ပြန်ခဲ့ပြီး ယနေ့ မွန်းလွဲ သုံးနာရီတွင် AGD ဘဏ်ရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးကလည်း ၄င်းတို့ဝဘ်ဆိုက်တွင် ဖော်ပြထားသော အခွန်စည်းကြပ်မှု ခံယူခြင်းမရှိသော ကုမ္ပဏီများစာရင်းတွင် ကွန်ပျူတာမှားယွင်းမှုကြောင့် အခွန်ပေးဆောင်နေ သောကုမ္ပဏီများကို မှားယွင်းထည့်သွင်းဖော်ပြမိကြောင်း၊ AGD အပါအဝင် ကုမ္ပဏီလေးခုကို မှားယွင်းပြီးဖော်ပြ ခဲ့ကြောင်း၊ မှားယွင်းဖော်ပြခဲ့သော ကုမ္ပဏီ ၁၀၆၇၀ ကို ပယ်ဖျက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်၏ ဘဏ္ဍာငွေများကို ရှာဖွေပေးနေသော အလွန်အရေးကြီးသည့် ဌာနတစ်ခုဖြစ်ပြီး ကုမ္ပဏီများသည်လည်း အလုပ်အကိုင်ရရှိရေး၊ နိုင်ငံ့ဝင်ငွေ တိုးပွားရေးအတွက် နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပေးနေသူများဖြစ်ပါသည်။ ပြည်တွင်းအခွန်ဦးစီးဌာနက မှန်မှန်ကန်ကန် လုပ်ဆောင်မှသာ ကုမ္ပဏီများအနေဖြင့် အခွန်ပေးဆောင်လိုစိတ်ရှိမည်ဖြစ်ပြီး ယခုကဲ့သို့ မဖြစ်သင့်သော အမှားမျိုး ဖြစ်ပေါ်ခြင်းသည် ပြည်သူလူထု အနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနအပေါ် ယုံကြည်မှုပိုမိုကျဆင်းစေ သကဲ့သို့ သတင်းထုတ်ပြန်ချက်အလွဲကြောင့် မီဒီယာများအနေဖြင့်လည်း အစိုးရဝန်ကြီးဌာနများ၏ သတင်းထုတ်ပြန်မှုအပေါ် ယုံကြည်မှု နည်းပါးနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ အမည်မဖော်လိုသူ အငြိမ်းစားအရာထမ်းတစ်ဦးက ပြောကြားခဲ့သည်။


“သက်ဆိုင်တဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအတွက် ဂုဏ်သိက္ခာနဲ့ အဓိက ဆိုင်တဲ့ ကိစ္စမှာ ဒီလိုမျိုး မှားယွင်းတယ် ဆိုတာ ဘယ်လိုမှ လက်ခံလို့ မရဘူး။ ကွန်ပျူတာအမှား ဘာညာ လျှောက်ပြီး အကြောင်းပြနေတာကိုလည်း လက်ခံစရာ အကြောင်းမရှိဘူး။ ပြည်တွင်းအခွန်ဆိုတာ ဒီနိုင်ငံမှာ အချမ်းသာဆုံး သူခိုးကြီးတွေ ရှိတဲ့နေရာ ဆိုတာ လူတိုင်း သိတယ်။ အိတ်ထဲ ထည့်နေတဲ့ လာဘ်ငွေထဲက နည်းနည်းလေး သုံးရင်ပဲ ဒါမျိုး ဖြစ်မလား။ လာဘ်ငွေ ယူဖို့ပဲ စဉ်းစားမနေဘဲ ကိုယ့်အလုပ်ကို လုပ်နေရင် ဒါမျိုး ဖြစ်မလား။ ဒီကိစ္စမှာ ဘယ်သူ တာဝန် ရှိသလဲ။ ကွန်ပျူတာ စာရေးမှာ တာဝန်ရှိတယ် ဆိုတာလောက်နဲ့ လာမရှင်းနဲ့။ ဟိုဘက်မှာ အုတ်အော်သောင်းနင်း ဖြစ်နေမှ မှားသွား ပါတယ် ဆိုတာနဲ့ ပြီးမလား။ နှစ်ဘက်စလုံးကို သိက္ခာ ကျစေ၊ အရှက်ရစေတဲ့ ဒီဖြစ်ရပ်မှာ အမြင့်ဆုံးအဆင့်က တာဝန် ယူဖို့ လိုတယ်။ ၀န်ကြီး တာဝန်ယူမလား။ ဒုဝန်ကြီးတာဝန်ယူမလား။ ဒါမှ မဟုတ် ပြည်တွင်း အခွန်က DG တွေ တာဝန်ယူမလား။ တစ်ယောက်ယောက် ကတော့ တာဝန်ယူရမယ်။ ဒီပြည်တွင်း အခွန် ဌာနက မဟုတ်မမှန် လုပ်နေတာတွေကြောင့် နိုင်ငံတော်လည်း နစ်နာခဲ့တာ ကြာပြီ။ ပြည်သူတွေလည်း နစ်နာနေတာ ကြာပြီ။ သမ္မတ ဦးသိန်းစိန်က အပေါ်ကပြောတယ်။ အောက်မှာ ဒီလို သူခိုးတွေ ညီညီညွတ်ညွတ်နဲ့ နိုင်ငံ့ဘဏ္ဍာတွေကို ခိုးယူနေကြတယ်။ ပြီးတော့ အခွန်ဆောင်တဲ့ စာရင်း ကလေးတောင်မှ စိတ်ဝင်တစား လုပ်တာ ကိုင်တာ မရှိဘူး။ ဒီလို သူခိုးတွေ လူလိမ်တွေ အကုန်လုံးကို ဖမ်း၊ ပိုင်ဆိုင်မှုတွေ သိမ်း၊ လာဘ်ယူသူတွေ အဖြစ် သတင်းစာတွေမှာ ထည့်သွင်းဖော်ပြ။ ဒါမျိုးမှ နောင်ကြဉ်သွားမယ်။ မှားရင် တာဝန်ယူကြလေ။ အရှက်ရှိရှိ သိက္ခာ ရှိရှိ လုပ်ကြလေ” ဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်တွင်းအခွန်ဦးစီးဌာနသည် မြန်မာနိုင်ငံတွင် အကောက်ခွန်ဦးစီးဌာနနှင့် အတူ လာဘ်ပေးလာဘ်ယူမှု အများဆုံး ပြုလုပ်နေသော ဌာနဖြစ်ပြီး နိုင်ငံ့ဘဏ္ဍာအမြောက်အမြား ခိုးယူနေသူများလည်း ဖြစ်သည်။ 

Ref:myanmarexpress


မှားယွင်းဖော်ပြမိကြောင်းအသိပေးကြေညာခြင်း

ကုမ္ပဏီများဆိုင်ရာအခွန်ရုံး မှ ၇-၃-၂၀၁၄ ရက်နေ့တွင် IRD Website တွင် ဖော်ပြထားသော အခွန်စည်းကြပ်မှုခံယူခြင်း မရှိသော ကုမ္ပဏီ စာရင်း သည် ကွန်ပျူတာစာရင်း မှားယွင်းမှုကြောင့် အခွန်ပေးဆောင်နေသော ကုမ္ပဏီအချို့ကို မှားယွင်း ထည့်သွင်းဖော်ပြခဲ့မိပါသည်။ ထိုသို့ မှားယွင်းကြောင်းကိုလည်း www.irdmyanmar.gov.mm တွင် ထည့်သွင်းကြေညာဖော်ပြ ခဲ့ပါသည်။ အောက်ပါကုမ္ပဏီများ သည်လည်း အခွန်ပေးဆောင်နေသော ကုမ္ပဏီများဖြစ်ပြီး မှားယွင်းဖော်ပြ သည့် စာရင်းတွင် ပါဝင်ခဲ့ပါသည်-
  1. Asia Green Development Bank Co.,Ltd
  2. Yoma Bank Co.,Ltd
  3. Small & Medium Industrial Development Bank Co.,Ltd
  4. A-1 Garment Co.,Ltd
  5. Korea development bank
ယခုအခါ အခွန်စည်းကြပ်မှုခံယူခြင်း မရှိသေးသည့်ကုမ္ပဏီစာရင်းကို ပြန်လည်စိစစ်၍ www.irdmyanmar.gov.mm တွင် ပြန်လည်ပြင်ဆင်ဖော်ပြထားပါကြောင်းနှင့် မှားယွင်းဖော်ပြခဲ့သော ကုမ္ပဏီ (၁၀၆၇၀)စာရင်းကို ပယ်ဖျက် ထားပြီးဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

ကုမ္ပဏီများဆိုင်ရာအခွန်ရုံး
ပြည်တွင်းအခွန်များဦးစီးဌာန
အမှတ်(၅၉/၆၁)၊ပန်းဆိုးတန်းလမ်း။ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း ၀၁-၃၇၁၉၄၉၊ ၀၁-၃၇၆၉၆၃၊ ၀၁-၃၇၆၉၆၅

ဇေကမ္ဘာ ခင်ရွှေ၊ ပတ္တမြားနဂါး နေ၀င်းထွန်းနှင့် ခရိုနီတချို့ အခွန်လျှော့ပေးရန် လွှတ်တော်တွင် တောင်းဆို


၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ – Reuters)




စစ်အစိုးရလက်ထက်တွင် ချမ်းသာကြွယ်ဝ လာသော ခရိုနီစီးပွားရေးလုပ်ငန်းရှင်များ လည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ် များ ဖြစ်သော ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ၊ ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင် ဦးနေ၀င်းထွန်း အပါအ၀င် ခရိုနီ လုပ်ငန်းရှင် တချို့က လတ်တလော ကောက်ခံ နေသော အခွန်တချို့လျှော့ချပေးရန် လွှတ်တော်သို့ တင်ပြကြကြောင်း သိရှိရသည်။



မတ်လ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အခွန်ဥပဒေကြမ်းများ အတည်ပြုရေး ဆွေးနွေးနေစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပတ္တမြားနဂါးဦးနေ၀င်းထွန်း၊ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့် တို့က လုပ်ငန်းရှင်များအပေါ် ကောက်ခံနေသော အခွန်များ လျော့ချပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းသို့ တောင်းဆိုရာတွင် လွှတ်တော်တွင် ဆွေးနွေးရန် ကြိုတင် စာရင်းပေးသွင်းခြင်းမရှိဘဲ ရုတ်တရက် ထတောင်းဆိုခဲ့ကြောင်း၊ ခရိုနီတချို့၏ တောင်းဆိုမှုကြောင့် မတ်လ ၁၀ ရက်နေ့ လွှတ်တော်အစည်းအဝေးသည် စံချိန်တင် အချိန်ကြာမြင့်ခဲ့ပြီး ည ၈ နာရီဝန်းကျင်မှ သာ အစည်းအဝေး အဆုံးသတ်ခဲ့ ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။


“စီးပွားရေး လုပ်ငန်းရှင် အမတ်တွေက သူတို့ အမည်စာရင်း ပေးမထားဘဲနဲ့ ထဆွေးနွေးကြတယ်။ ဇေကမ္ဘာဦးခင်ရွှေက ဆောက်လုပ်ရေး လုပ်ငန်းတွေကို အခွန်လျှော့ပေးဖို့ ထပြောတယ်။ လှိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ဆီလုပ်ငန်း လုပ်တဲ့သူကိုး။ နိုင်ငံခြားက သွင်းလာတဲ့ ဆီတွေကို အခွန်အကောက်များများကောက်ဖို့ တင်ပြတယ်။ ပတ္တမြားနဂါးကုမ္ပဏီပိုင်ရှင်ဦးနေ၀င်းထွန်းက သူ့ကျောက်ချော ပစ္စည်းတွေ အပေါ်မှာ အခွန်ကောက်တာတွေ လျှော့ပေးဖို့ ပြောကြတယ်။ အဲဒီလူတွေက စာရင်းမပေးဘဲ ထဆွေးနွေးတော့ မနေ့က(မတ်လ ၁၀ ရက်နေ့) လွှတ်တော်မှာ မိုးချုပ်သွားတယ် ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရန်ကုန်မြို့တွင် သမ္မတဦးသိန်းစိန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံစဉ်ကလည်း ဦးတေဇ အပါအ၀င် စီးပွားရေးလုပ်ငန်းရှင်များက အခွန်လျှော့ပေးရန်၊ လျှပ်စစ်မီးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်တညီတညာ တည်း တင်ပြတောင်းဆိုခဲ့ကြပြီး နိုင်ငံနှင့်တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များဘက်က တစုံတရာ လုပ်ဆောင် ပေးချင်ပါသည်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

မတ်လ ၁၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်မူ အခွန်ဥပဒေသစ်တရပ် အတည်ပြုနိုင်ခဲ့ပြီး တနှစ်လျှင် ၀င်ငွေ သိန်း ၂၀ ရှိသူတိုင်း အခွန်ဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။


မူလဥပဒေတွင် တလ ၀င်ငွေ ငွေကျပ် ၁၂၀,၀၀၀ နှင့် အထက်၊ တနှစ်လျှင် ၁,၄၄၄,၀၀၀ ကျပ် ၀င်ငွေရှိသူတိုင်း ၀င်ငွေရှိပါက ၀င်ငွေခွန် ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားရာမှ ဥပဒေသစ်တွင်မူ တနှစ် ၀င်ငွေ ကျပ် သိန်း ၂၀ ၀င်ငွေရှိမှသာ ၀င်ငွေခွန်ပေးဆောင်ရန် ပြောင်းလဲ ပြင်ဆင်ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း၊ ယခင် ဥပဒေတွင် လစာဝင်ငွေ ၊ အသက်မွေးဝမ်းကျောင်း ၀င်ငွေ ၊ ပစ္စည်းပေါ်တွင်ရရှိသော ၀င်ငွေ စသည်ဖြင့် ၀င်ငွေအမျိုးအစားပေါ်လိုက်၍ အခွန်သီးခြား ဆောင်ရမည်ဟု ပြဋ္ဌာန်း ခဲ့သော်လည်း ယခုဥပဒေသစ်တွင်မူ ၀င်ငွေအားလုံး၏ စုစုပေါင်း ၀င်ငွေအပေါ်တွင် အခွန် စည်းကြပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။


ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သော ဥပဒေအရ တစ်နှစ် ၀င်ငွေ သိန်း ၂၀ နှင့် အထက်ရှိလျှင် ၀င်ငွေ၏ ၁ ဒသမ ၆ ရာခိုင်နှုန်း (ငွေကျပ် တစ်သိန်းခြောက်သောင်းခန့်) ၀င်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပြီး ၀င်ငွေခွန်ပေးဆောင်မည့်သူသည်သားသမီးများရှိပါက သားသမီး ဦးရေပေါ် မူတည်၍ အခွန်လျှော့ပေါ့ပေးမည်ဖြစ်ကြောင်း၊ သားသမီးရှိသော အိမ်ထောင် သည် များသည် ၀င်ငွေ တရာခိုင်နှုန်းခန့်သာ ၀င်ငွေခွန် ပေးဆောင်ရမည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။
အစိုးရက ၀င်ငွေခွန်ကောက်ခံရာတွင် ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို သက်ဆိုင်ရာ မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာန က အခွန်စည်းကြပ်လိမ့်မည် ဖြစ်ပြီး မြို့နယ်အခွန်ဦးစီးအရာရှိများကို လုပ်ပိုင်ခွင့် ပေးထားကြောင်း၊ သားသမီး မရှိသော လူပျိုကြီး၊ အပျိုကြီးများမှာ ၀င်ငွေခွန် အပြည့်အ၀ ပေးဆောင်ရမည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရီက ပြောသည်။

“ပြည်သူတွေကလည်း ၀င်ငွေခွန် ပေးသင့်တယ်ဆိုတဲ့ အသိရှိရမယ်။ ဒါပေမယ့် သူတို့ထမ်းဆောင်နိုင်တဲ့ နှုန်းဖြစ်ဖို့လိုတယ်။ ဥပမာ အိမ်ရောင်းရင် အခွန်ကအရမ်းများတော့ အခွန်ရှောင်ကြတယ် ။ အခွန်က မျှတတဲ့နှုန်း ဖြစ်ဖို့လိုတယ် ”ဟု ဦးခင်မောင်ရီက ပြောသည်။
ဝင်ငွေခွန် မဆောင်ဘဲ အခွန်တိမ်းရှောင်လျှင် ၀င်ငွေခွန်၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ပြီး တနှစ်ဝင်ငွေသိန်း ၂၀ နှင့် အထက်ရှိသော အစိုးရအရာရှိများလည်း အခွန်းစည်းကြပ်ခံရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးကပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသင်းထွဋ်ဟန်က ဦးသိန်းစိန် အစိုးရလက်ထက်တွင် ယခင်အစိုးရထက် အခွန်ဆောင်သူ ပိုမိုများပြားလာကြောင်း၊ ၀န်ထမ်းများလည်း လစာဝင်ငွေခွန် ပေးဆောင်လာပြီး ပုဂ္ဂလိက ၀န်ထမ်းများကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီများမှ တဆင့် အခွန်ပေးဆောင်လျက်ရှိကြောင်း ၊ အခွန်ရှောင်သူများလည်း ရှိသော်လည်းအရေးယူသည့်ပုံစံ မဟုတ်ဘဲ ပညာပေးသည့်နည်းဖြင့် စည်းရုံးလျက်ရှိကြောင်း ပြောသည်။

“ အခွန်က အမျိုးမျိုှးရှိတယ်။ လစာအပေါ်မှာ ဆောင်ရတာရှိတယ်။ စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ ဆောင်ရတာရှိတယ် ။ ဒီအစိုးရ လက်ထက်မှာတော့ အခွန်ပိုရလာတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း ဆောင်လာတာမျိုးတော့ မဟုတ်သေးဘူး။ အခွန် ရှောင်နေတဲ့သူတွေလည်း ရှိသေးတယ် ” ဟု ဦးသင်းထွဋ်ဟန်က ပြောသည်။
မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရက် ၊ ဘီယာ ၊ စီးကရက်များကို အခွန်စည်းကြပ် ရာတွင် စီးကရက်ကို အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ခံသော်လည်း အရက်နှင့် ဘီယာကို ၅၀ ရာခိုင်နှုန်းသာ အခွန်စည်းကြပ်သည့်အတွက် ၁၀၀ ရာခိုင်နှုန်းအထိ အခွန် စည်းကြပ် ရန် လွှတ်တော်သို့ တင်ပြခဲ့ရာ အစိုးရက ငြင်းပယ်ခဲ့ပြီး လွှတ်တော်တွင်လည်း သူ၏ အဆိုမှာ ရှုံးနိမ့်ခဲ့ကြောင်း သိရှိရသည်။
“ဘဏ္ဍာရေးဝန်ကြီးက အရက် ဘီယာကို အာဆီယံနှုန်းထားအတိုင်း ကောက်ခံတာ ဖြစ်တဲ့အတွက် မပြောင်း နိုင်ဘူးလို့ ပြောတယ်။ ကျမကလည်း လူငယ်တွေ အရက်ကို အလွယ်တကူ ၀ယ်သောက်လို့ ရနေတဲ့အတွက် ရာဇ၀တ်မှုတွေ များလာတာကို ထောက်ပြပြီး တောင်းဆိုခဲ့တာ ” ဟု ဒေါ်ခင်စန်းလှိုင်က ဧရာဝတီသို့ ပြောသည်။
Irrawaddy
၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွင်း ဝင်ငွေခွန် အများဆုံးထမ်းဆောင်သည့် အခွန်ထမ်း(၁၀၀)ဦးစာရင်း

စဉ်
လုပ်ငန်း အမျိုးအစား
အခွန်ထမ်းအမည်
Myanmar Brewery Ltd.Production
Kanbawza Bank Ltd.Banking
Myanmar CP Livestock Co; Ltd.Production
Associate of civil Engineering Construction Group Co;Ltd.Construction
Information Technology Central Services Co; Ltd.Services
International Beverages Trading Co;Ltd.Trading
Max Myanmar Construction Co; Ltd.Construction
Cooperatives Bank Ltd.Banking
Dagon Beverages Co; Ltd.Production
၁၀A-1 Construction Co; Ltd.Construction
၁၁Asia World Co; Ltd.Construction
၁၂Golden Flower Co; Ltd.Construction
၁၃Shwe Me' Co; Ltd.Trading
၁၄Shwe Taung Development Co; Ltd.Construction
၁၅Myanmar Livestock & Fisheries Development Bank Co; Ltd.Banking
၁၆Diethelm & Co; Ltd.Trading
၁၇Original Group Co; Ltd.Construction
၁၈Yuzana Co; Ltd.Trading
၁၉TZTM Construction Co; Ltd.Construction
၂၀Htoo Construction Development Group Co; Ltd.Construction
၂၁First Private Bank Ltd.Banking
၂၂Yathar Cho Industry Co; Ltd.Production
၂၃Myanmar Industrial Development Bank Co; Ltd.Banking
၂၄CP Yangon Co; Ltd.Trading
၂၅U Kyu Family Trading Co; Ltd.Trading
၂၆Benhur Trading Co; Ltd.Trading
၂၇Myanmar Posco Steel Co; Ltd.Production
၂၈Smile World Co; Ltd.Trading
၂၉Yangon City Bank Ltd.Banking
၃၀Sein Ngwe Mya Trading Co; Ltd.Trading
၃၁City Mart Holding Co; Ltd.Trading
၃၂Myit Mahar Trading Co; Ltd.Trading
၃၃The First Automotive Co; Ltd.Production
၃၄Nawng Tung Co; Ltd.Construction
၃၅Si Bin Tharyar Bank Ltd.Banking
၃၆Myanmar Oriental Bank  Ltd.Banking
၃၇Diamond Star Co; Ltd.Trading
၃၈Good Brother Co; Ltd.Trading
၃၉Shinning Century Co; Ltd.Trading
၄၀U Kyu Family Grains & Manufacturing Co; Ltd.Manufacturing
၄၁Fisheries & Marine Products 2000 Ltd.Production
၄၂Nilar Yoma Trading Co; Ltd.Trading
၄၃Ayar Shwe Wah Construction Co; Ltd.Construction
၄၄High-Tech Concrete (technology) Co; Ltd.Services
၄၅Water Work Engineering Group Services Co; LtdServices
၄၆Myanmar Citizen Bank Ltd.Banking
၄၇Golden Tri Star Co; Ltd.Construction
၄၈Shwe Than Lwin Trading Co; Ltd.Trading
၄၉D K S H Services Co; Ltd.Services
၅၀Myanma Awba Group Co; Ltd.Trading
၅၁United Paints Group Co; Ltd.Production
၅၂Han Naing Soe International Trading Co;Ltd.Trading
၅၃International Group of Entrepreneur Co;Ltd.Services
၅၄Diamond Mercury Co; Ltd.Construction
၅၅‌Aye Chan Myae Cooperatives Trading
၅၆Ta Gaung Bwar Co;Ltd.Construction
၅၇Mother Construction Co;Ltd.Construction
၅၈Khine Khine Phyo International Trading Co;Ltd.Trading
၅၉Kyaw Thar Construction Co;Ltd.Construction
၆၀Sein Wut Hmon Co;Ltd.Trading
၆၁Infrastructure Equipment Ltd.Trading
၆၂Thein (Three)Construction Co;Ltd.Construction
၆၃Htoo Paing Wai Construction Co;Ltd.Construction
၆၄Mya Zaburit Swe Trading Co;Ltd.Trading
၆၅Europe & Asia International Co;Ltd.Trading
၆၆Punyoma International Co;Ltd.Trading
၆၇North East Gate Fruit Co;Ltd.Trading
၆၈UMW Engineering Services Ltd.Services
၆၉New Day Energy Co;Ltd.Trading
၇၀AA Electronics Ltd.Manufacturing
၇၁Myanmar Rice Trading Co;Ltd..Trading
၇၂Good Brother Machineries Co;Ltd.Production
၇၃Zaw Gyi Premier Co;Ltd.Trading
၇၄Mya Gae Trading Co;Ltd.Trading
၇၅V.S.K International Co;Ltd.Trading
၇၆Aung Chan Thar Construction & Services Co;Ltd.Construction
၇၇Sein Ngwe Mya Industries Co;Ltd.Services
၇၈Kaytumadi Co;Ltd.Trading
၇၉Kian Ho Co;Ltd.Trading
၈၀Aung Kyar Phuu Manufacturing Co;Ltd.Production
၈၁Rothmans of Pall Mall Myanmar Pte Ltd.Production
၈၂Asia Metal Construction Co;Ltd.Construction
၈၃Ye Nadi Co;Ltd.Trading
၈၄Moe Kyi Sin Construction Co;Ltd.Construction
၈၅San Ngwe Yaung Co;Ltd.Trading
၈၆Tun Foundation Bank Ltd.Banking
၈၇Kian Sein Co;Ltd.Trading
၈၈Benhur Industries Co;Ltd.Industries
၈၉Elite Tech Manufacturing Co;Ltd.Production
၉၀Moon Ray Co;Ltd.Construction
၉၁San Chein Trading Co;Ltd.Trading
၉၂Pyei Taw Moe Co;Ltd.Trading
၉၃Myanmar Muse Kokant Co;Ltd.Production
၉၄Sin Phyu Kyun Co;Ltd.Trading
၉၅Myanmar Tractors Ltd.Services
၉၆Yadanar Theingi Co;Ltd.Trading
၉၇Myat Noe Thu Co;Ltd.Trading
၉၈Asia World Industries Ltd.Industries
၉၉Lighthouse Enterprise Ltd.Trading
၁၀၀Yadana Shwe Pyi Co;Ltd.Trading
၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သည့် အခွန်ထမ်း (၁၀၀) ဦးစာရင်း

စဉ်အခွန်ထမ်းအမည်နှင့် နေရပ်လိပ်စာလုပ်ငန်းအမျိုးအစား
Myanmar Brewery LtdProduction
Rothmans of Pall Mall Myanmar Pte LtdProduction
Dagon Beverages Co; LtdProduction
Myanmar CP Livestock Co; LtdProduction
Myanmar Muse Kokant Co;LtdProduction
Diethelm & Co; LtdႊႊTrading
The First Automotive Co; LtdProduction
Yathar Cho Industrial Co; LtdProduction
Traders Yangon Co; LtdHotel
၁၀Straits Greenfield LtdHotel
၁၁U Khin Mg Latt + 1Production
၁၂Eternal Mining Co; Ltd    (Kawlin Tsp.)Mining
၁၃Royal Lake Hotel Co; LtdHotel
၁၄Myanmar Sampoerna Tobacco LtdProduction
၁၅C.P Yangon Co; LtdTrading
၁၆Myanmar Posco Steel Co; LtdTrading
၁၇Blue Diamond Manufacturing &Manufacturing
Distribution Co; Ltd
၁၈Super Seven Star Motors Industry Co; LtdIndustrial
၁၉New Day Energy Co; LtdTrading
၂၀Shwe Than Lwin Trading Co; LtdTrading
၂၁Triple A Cement Int'l Co; Ltd Production
(Chan Aye Thar Zan Tsp.)
၂၂Rammar Automobile Manufacturing & Industrial
Trading Co; Ltd
၂၃Good Brother Machineries Co; LtdProduction
၂၄Sedona Hotel Hotel
၂၅Myanmar Peony Co;LtdProduction
၂၆Htoo Int'l Industry Co; LtdProduction
၂၇Green Luck Trading Co; LtdTrading
၂၈Ngwe Yi Pale Mining Co; LtdMining
၂၉U.M.W Engineering Services Co; LtdServices
၃၀UPG Co; LtdProduction
၃၁Yoma Yazar Mfg, Co; LtdProduction
၃၂Myanmar Naing Group Co; LtdTrading
၃၃System Bilt (Myanmar) Co; LtdHotel
၃၄Global Alliance Ind Co; Ltd Production
၃၅Max (Myanmar) Manufacturing Co; LtdManufacturing
၃၆Myanmar Megasteel Ind, LtdProduction
၃၇U Tun Aye + 1Production
၃၈Myanmar Hotels Int'l, Co; LtdTrading
၃၉Ayer Shwe Wah Co; LtdProduction
၄၀Shwe Taung Development Co; LtdTrading
၄၁Mingalar Co; LtdHotel
၄၂Diamond World Co; LtdProduction
၄၃Myanmar Mamee Double Decker LtdProduction
၄၄U Tun Win (Pyigyi Tagon Tsp.)Production
၄၅U San LinnSSS Automobile Production
၄၆Nilar Yoma Trd, Co; LtdTrading
၄၇Micasa Hotel Co; LtdHotel
၄၈Myanmar Hotels & Cruises  LtdHotel
၄၉Myae Thin Nant Co; LtdTrading
၅၀Sangda Motor Car Mfg, Co; LtdProduction
၅၁Capital Power Co; LtdIndustrial
၅၂Myanmar Mayson Ind, Co; LtdProduction
၅၃Super Coffeemix LtdProduction
၅၄M.K Co; LtdTrading
၅၅Sein Wut Hmon Co; LtdTrading
၅၆Myawaddy & Golden Hill Int'l, LtdIndustrial
၅၇U Tin Shwe (Pyigyi Tagon Tsp.)Production
၅၈Shwe Pu Zun Co; LtdIndustrial
၅၉U Tun TunProduction
Yangon 
၆၀Mandalar Myint Co; LtdAutomobile Production
၆၁Shwe Pwint Phu Co;LtdTrading
၆၂U Tin Win (Sarmalauk )Production
၆၃Shwe Lay Tagun T&T Co; LtdTravel & Tours
၆၄U Ko Ko MyatAutomobile Production
၆၅Jade Mountain Gems Co; LtdGems
၆၆Myint & Associates Co; LtdTrading
၆၇Shwe Tha Zin Investment, Co; LtdProduction
၆၈Asia World Ind, Co; LtdProduction
၆၉U Khin Mg Oo Restaurant
( Mayangone Tsp.)
၇၀Ayeyarwaddy Food Ind, Co; LtdProduction
၇၁U Aung Myint (Lashio Tsp.)Production
၇၂Kaung Zaw Hein Co; LtdTrading
၇၃Fisheries & Marine Products 2000 LtdProduction
၇၄Power Palace Int'l, Travel & Tour Co; LtdTravel & Tours
၇၅Myanma Awba Group Co; LtdProduction
၇၆Jewellery Lucky Co; LtdProduction
၇၇Max (Myanmar) Hotel Co; LtdHotel
၇၈U Tin Shwe (Mongpon Tsp.)Production
၇၉Dream Works Co; LtdTrading
၈၀U Win Myint (Insein Tsp.)Production
၈၁Asia Concrete Products Co; LtdTrading
၈၂Innwa Brother (Mdy) LtdTrading
၈၃J & J Co; LtdProduction
၈၄Eleven Media Group Manufacturing
၈၅Red Mountain Production Co; LtdProduction
၈၆Myanmar Liwayway Food Ind, LtdProduction
၈၇Pacific Food Ind, LtdProduction
၈၈Group of Four Co; LtdServises
၈၉Mother Trading Co; LtdTrading
၉၀Shinning Star Light Gems &
Jewellery Co;Ltd
Gems
၉၁Htoo Htoo Toe Int'l, Co; LtdProduction
၉၂Yuzana Co; LtdTrading
၉၃U Mg Mg Win + 2Trading
၉၄Power House Co: LtdTrading
၉၅Myanmar Consolidated Media Co; LtdProduction
၉၆Shwe War Htay Co;LtdTrading
၉၇Europa Asia Commercial Ltd
 (Pyigyi Tagon Tsp.)
Trading
၉၈Tha Pyay Moe Co; LtdTrading
၉၉Hlaing River Golf & Country Club Co; LtdServises
၁၀၀Khaing Khaing Group Co; LtdIndustry
Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!