Popular Posts!

Monday, March 10, 2014

အခွန်မဆောင်သူ လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူမည်!

ရန်ကုန်၊ မတ် ၂



ပြည်တွင်းရှိ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များ အခွန်တိမ်းရှောင်ပါက လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ နှစ်အကန့်အသတ်မရှိ လုပ်ငန်း ပိတ်သိမ်းသည်အထိ အရေးယူမည် ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ကောက်ခံရေး ဘုတ်အဖွဲ့ထံမှ သိရသည်။



ပြည်တွင်းအခွန်များ ဦးစီးဌာန
အခွန်မဆောင်ပါက တစ်ဖက်သတ် စည်းကြပ်ခြင်းအပြင် ၁၉၇၄ ခုနှစ် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၂(က) အရ အခွန်ရှောင်သူကို နှစ်အကန့်အသတ်မရှိ လုပ်ငန်း ပိတ်သိမ်း အရေးယူနိုင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။



“အရင်ကတည်းက အရေးယူဖို့ပါ။ ဒါပေမဲ့ မလုပ်နိုင်သေးလို့ လာမည့်နှစ်ကစပြီး အရေးယူမယ်” ဟု ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများရုံး ဌာနမှူး ဦးတင်ထွန်းနိုင်က ပြောကြားသည်။



အခွန်တိမ်းရှောင်ခြင်းနှင့် အခွန်ဆောင်ရန် အချိန်ဆွဲခြင်း မဖြစ်စေရန် လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ကုမ္ပဏီများ၏ နှစ်ချုပ် စာရင်းရှင်းတမ်းများကို စာရင်းစစ်ချုပ်ရုံးသို့ မပို့မီ ကုမ္ပဏီများဆိုင်ရာ အခွန်ဝန်ထမ်းကြီးများရုံးသို့ ပေးပို့ရမည် ဖြစ်ကြောင်း ယင်းရုံးထံမှ သိရသည်။



ယခုဘဏ္ဍာနှစ်အတွင်း အခွန်မဆောင်သည့် လုပ်ငန်းရှင်များကို ခေါ်ယူ တွေ့ဆုံသတိပေးခြင်း၊ အခက်အခဲများ မေးမြန်းခြင်းသာ ပြုလုပ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။



The Voice Weekly



အခွန်စည်းကြပ်မှုခံယူခြင်းမရှိသော ကုမ္ပဏီများကို စိစစ်ဖော်ထုတ်ရန် ရှိပါသဖြင့် ဖော်ပြပါကုမ္ပဏီများအနေဖြင့် ၂၀-၃-၂၀၁၄ နောက်ဆုံးထား၍ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးသို့ ဆက်သွယ်ရန်နှိုးဆော်ချက် ( ၁၃-၃-၂၀၁၄ )


ကုမ္ပဏီများအဖြစ် မှတ်ပုံတင်ထားသော်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စည်းကြပ်မှု ခံယူခြင်းမရှိသေးသော ကုမ္ပဏီများနှင့် လုပ်ငန်း စတင်ဖွဲ့စည်း မှတ်ပုံ တင်ထားသော်လည်း ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးသို့လာရောက်ဆက်သွယ်မှုမရှိသေးသော ကုမ္ပဏီများကို စိစစ်ဖော်ထုတ်ရန်ရှိပါသည်။ သို့ဖြစ်ပါ၍ ပူးတွဲဖော်ပြပါ ကုမ္ပဏီအသီးသီးသည် ၂၀၁၄ခုနှစ် မတ် လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါရုံးသို့လာရောက်ပြီး အခွန်ပေးဆောင်ခြင်း မပြုနိုင်သေးသည့် အကြောင်းအရာနှင့် အခြား အကြောင်းရင်းများကို သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းပေးအပ်ကြပါရန်နှိုးဆော်အပ်ပါသည်။

ကုမ္ပဏီများက မေးမြန်းလိုသည့်ကိစ္စများ ကူညီဆောင်ရွက် ပေးစေလိုသော ကိစ္စများကိုလည်း ဖြေကြားကူညီသွားမည်ဖြစ်ပါသည်-


ကုမ္ပဏီများဆိုင်ရာအခွန်ရုံး၊
ပြည်တွင်းအခွန်များဦးစီးဌာန
အမှတ်(၅၉/၆၁)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်
ဖုန်း ၀၁-၃၇၁၉၄၉၊ ၀၁-၃၇၆၉၆၃၊ ၀၁-၃၇၆၉၆၅
Image: 


Stamp Duty
နိုင်ငံခြားငွေဖြင့် ချုပ်ဆိုသော စာချုပ်များဖြစ်ပါက တံဆိပ်ခေါင်းခွန် မည်သို့ ကျသင့်ပါသနည်း။
၁၈၉၉ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေပုဒ်မ ၂၀ ။ ''20. Where an instrument is chargeable with ad valorem duty in respect of any money expressed in any currency other then that of the Republic of the Union of Myanmar, such duty shall be payable in that foreign currency at the rate to one percentum on such amount or value instead of any proper stamp duty mentioned in Schedule I annexed in this Act.'' အရ စာချုပ်၏ ငွေပမာဏ သို့မဟုတ် တန်ဖိုးပေါ်တွင် ယင်းနိုင်ငံခြားငွေဖြင့် တစ်ရာခိုင်နှုန်း ကျသင့်ပါသည်။



Income Tax
“စီးပွားရေးလုပ်ငန်းအမျိုးအစားအလိုက်ရရှိငွေနှင့်လစာဝင်ငွေရရှိသူများမှ အခွန်ပေး ဆောင်ပြီး သော စုဆောင်းငွေများဖြင့် အိမ်ခြံမြေများ ၀ယ်ယူရာတွင် ၀င်ငွေရလမ်း အဖြစ် တင်ပြနိုင်ခြင်း ရှိ/မရှိ”
စီးပွားရေးလုပ်ငန်းအမျိုးအစားအလိုက် ၀င်ငွေရရှိသူများ၊ သက်မွေးဝမ်းကျောင်း လုပ်ငန်း ဆောင် ရွက်ခြင်းနှင့် ပစ္စည်းမှဝင်ငွေရရှိသူများ၊  နှင့် လစာဝင်ငွေ ရရှိသူများ သည်ရရှိထားသော ၀င်ငွေ အမျိုး အစားများအပေါ်၌ တည်ဆဲဥပဒေအရ ကျသင့်သောအခွန်များပေးဆောင်ပြီး စုဆောင်းငွေများဖြင့် အိမ်ခြံမြေ အဆောက်အအုံများ ၀ယ်ယူရာတွင် ၀င်ငွေရလမ်းအဖြစ် တင်ပြနိုင်ပါသည်။
အိမ်ခြံမြေအဆောက်အအုံဝယ်ယူခြင်းအတွက် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့တွင် တန်ဖိုးဖြတ် ခံယူရမည်ဖြစ်ပြီး ယင်းတန်ဖိုးမှာ စုဆောင်းငွေဖြင့် လုံလောက် မှုရှိလျှင် ၀င်ငွေခွန် ထမ်းဆောင်ရန်မလိုအပ်ပါ။  လုံလောက်မှုမရှိပါက ရလမ်းဖော်ပြနိုင်ခြင်းမရှိသည့် ငွေအပေါ်တွင် ၀င်ငွေခွန် ၃၀% ပေး ဆောင်ရမည်ဖြစ်သည်။ ပစ္စည်းလွှဲပြောင်းခြင်းအတွက် တံဆိပ်ခေါင်းခွန်မှာ ရန်ကုန်မန္တလေးနေပြည်တော်ကောင်စီ နယ်မြေ ဖြစ်ပါက ၇ % နှင့်အခြားတိုင်းဒေသကြီး ပြည် နယ်ဖြစ်ပါက မူ ၅% ကျသင့်မည် ဖြစ်ပါသည်။

Commercial Tax
ပြည်ပမှကုန်စည်များတင်သွင်းခြင်း နှင့် ပြန်လည်ရောင်းချခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေခြင်းနှင့် ခုနှိမ်ခွင့်ရှိ/မရှိ”
ကုန်စည်တစ်မျိုးမျိုးကို ပြည်ပမှတင်သွင်းပါက ကုန်သွယ်လုပ်ငန်းခွန်ဇယား( ၆ )ပါ အထူး ကုန် စည်အမျိုးအစား ( ၁၈ )မျိုးမှအပ ကျန်ကုန်စည်အမျိုးအစား များဖြစ်သော ဇယား ( ၁ )မှဇယား ( ၅ ) ရှိ ကုန်စည်များအား တင်သွင်းပါက ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည်ဖြစ်သည်။ ( ယင်းကို တင်သွင်းစဉ်တွင် အကောက်ခွန်နှင့်အတူ တစ်ပါတည်းပေး သွင်းခဲ့ရမည်ဖြစ်ပါသည်) အဆိုပါ တင်သွင်းလာသော မည်သည့် ကုန်စည်အမျိုးအစားများကို မဆို   ပြည်တွင်း၌   ပြန်လည် ရောင်းချ ခြင်း ပြုပါက ရောင်းရငွေစုစုပေါင်းအပေါ်၌ ကုန်သွယ်လုပ်ငန်းခွန် ၅% ပေးဆောင်ရမည်ဖြစ်သည်။ ကုန်သွယ်လုပ်ငန်းခွန် စည်းမျဉ်း ၄၂ အရ တင်သွင်းစဉ်ပေးဆောင်ခဲ့ရသော ကုန်သွယ် လုပ်ငန်း ခွန်ကို ပြန်လည်ရောင်းချစဉ် ကျသင့်သောကုန်သွယ်လုပ်ငန်းခွန် မှ ခုနှိမ်ပြီးပေးသွင်းနိုင် မည်ဖြစ်ပါသည်။


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!