Popular Posts!

Friday, March 14, 2014

စင်ကာပူတွင် HDB flat ဝယ်ယူရေးအခက်အခဲများ


၂၀၀၈၊ ၂၀၀၉တွင် ဓန၊ သယံဇာတမရှိပဲ လူသားအရင်းအမြစ်ဖြင့် (အထူးသဖြင့်နိုင်ငံခြားသား များဖြင့်) တိုင်းပြည်စီးပွားရေး တိုးတက်နေသော စင်ကာ ပူ
နိုင်ငံတွင် စီးပွားကပ် အကြီး အကျယ် ဖြစ်လေသည်။ 




  ၁။ အမေရိကန်နိုင်ငံတွင် အပ်နှံရင်းနှီးထားသော ငွေကြေးများ Fortune 500, Bank of America ပိုင်ဆိုင်မှုများစွာ တန်ဖိုး တစ်ဝက်ခန့် ကျဆင်းသွားသည်။ ဥရောပတွင် ရင်းနှီးထားမှုလည်း အလားတူ ဆုံးရှုံးမှုဖြစ်သွားသည်။ နောက်ဆုံး စင်ကာပူနိုင်ငံခြားအရံငွေများ ဘီလျှံပေါင်း ၃၀၀ခန့် (မှန်းချေ) သည် ချက်ခြင်းလက်ငင်း ဘီလျှံ ၁၀၀ခန့်သို့ ကျဆင်းသွားသည်။ 

 ၂။ တိုင်းပြည်ခေါင်းဆောင်များ အပြင်းအထန် လှုပ်ရှားသွားသည်။ ဥပမာ သင်သည် HDB flat တွင်နေထိုင်ပြီး၊ မြန်မာပြည်တွင် တိုက်ခန်း ၁ခုပိုင်ပြီး၊ စင်ကာပူတွင် စတော့ရှယ်ယာများ၊ ကွန်ဒိုတစ်ခုပိုင်သည်။ ငှားရမ်းခ တစ်လ ဒေါ်လာ ၅ထောင်ခန့်ရသည်ဆိုပါစို့။ ငွားရမ်းသူလည်း စင်ကာပူမှ သူ့နိုင်ငံပြန်သွားပြီ၊ မြန်မာပြည်တိုက်ခန်းနှင့်စင်ကာပူကွန်ဒိုတို့ ငှားရမ်းသူမရှိဖြစ်နေချိန် သင့်မှာ ဝင်ငွေမရှိတော့။ ဝင်ငွေမရှိလျှင်လဲ ကွန်ဒိုတိုက်ခန်းအတွက် လစဉ်ကြေး တစ်လ ဒေါ်လာ၃၀၀၀ ပေးနေရသည်။ ၃လကြာလာသောအခါ သင်လည်းအလွန်စိုးရိမ်လာသည်။ ရောင်းချလိုက်မည်ဆိုပါကလည်း အိမ်ဈေး၊ ရှယ်ယာ ဈေးက မတရားကျဆင်းနေသည်။ 

 ၃။ စင်ကာပူအစိုးရသည် အလွန်စိုးရိမ်ပူပန်ရသည်။ နံပါတ်(၁) ပူပန်ခြင်းမှာ နိုင်ငံတော်အာဏာလက်လွှတ်လိုက်ရမည်ကို စိုးရိမ်သည်။ ပြည်သူများ အလုပ်ပြုတ်၊ သူတို့ပိုင်သော HDB flat လစဉ်ကြေး installment တစ်လ ဒေါ်လာ တစ်ထောင်ကျော်ကိုပင် ပေးစရာငွေမရှိတော့။ ထိုအခါ မိမိတို့ HDB အိမ်များကို ရောင်းဖို့ကြိုးစားသော်လည်း ဈေးကွက်တွင် ဝယ်မဲ့သူမရှိ။ အရေးထဲ ကုမ္ပဏီများ စီးပွားရေးမကောင်းသဖြင့် Work Permit, S-pass များစွာကို အလုပ်ဖြုတ်ရသောအခါ အချို့ကုမ္ပဏီများက ထိုအလုပ်သမားများစွာ (အထူးသဖြင့် တရုပ်၊ ကုလား အလုပ်သမားများကို) လစာများ ၃လ၊ ၄လ အထိ မပေးပဲ ပြည်တော်ပြန်ခိုင်းသဖြင့် နိုင်ငံခြား အလုပ်သမားဆန္ဒပြမှုများ ဖြေရှင်းနေရသေးသည်။

 ပြည်တွင်းအလုပ်သမားများ ဆန္ဒပြလာလျှင် ပြသနာကြီးဖြစ်တော့မည်။ ပြည်တွင်းအလုပ်သမားများကို အလုပ်ကိုင်ရှာပေးသော e2i ကိုတည်ထောင်ပြီး ဖြေရှင်းရသည်။ ပြည်သူလူထုက လစဉ်ပေးငွေ ၆လကျော် မတတ်နိုင်ပါက၊ အလုပ်မရှိလျှင် ပေးစရာမလိုသည့် Deferment system လုပ်ရသည်။ သို့သော် HDB အိမ်ရောင်းမှ ငွေပိုထွက်လာမည့် စင်ကာပူနိုင်ငံသားများအတွက် ဈေးကွက်တွင်ဝယ်သူနည်းပါးသောကြောင့် နောက်ဆုံး အစိုးရ HDB က ပြန်ဝယ်လိုက်ရသောအခါ စင်ကာပူတစ်နိုင်ငံလုံးတွင် ၂၀% ရှိသော HDB အလုံးပေါင်း တစ်သိန်းကျော် လျှော့ဈေးနှင့် ဝယ်ထားပေးလိုက်ရသည်။ ထိုနည်းဖြင့် ပြည်သူလူထု ဆူပူမည့်အရေးကို ကာကွယ်လိုက်နိုင်သော်လည်း ပြသနာမှာ အစိုးရကိုယ်တိုင် လစဉ်အသုံးစရိတ်ငွေ မရှိတော့ခြင်းဖြစ်သည်။ 

 ၄။ နိုင်ငံခြားသား Expat များလည်း ကုမ္ပဏီ စီးပွားမကောင်းသောကြောင့် ပြည်တော်ပြန်ရသဖြင့် ချမ်းသာသူများပိုင်သော ကွန်ဒိုများ၊ စက်မှု၊ ဆိုင်ခန်းများလည်း ငှားရမ်းထားသူများ နည်းပါးသွားသည်။ နောက်ဆုံးတွင် စင်ကာပူအစိုးရက သိန်းနှင့်ချီနေသော HDB flat များကို ပြန်လည်ရောင်းချရန် ဆုံးဖြတ်ချက်တစ်ခု လုပ်ရသည်။ အလုပ်ရှိနေသေးသော WP, S pass, EP နိုင်ငံခြားသားများ စုစုပေါင်း ၁သန်းကျော်ကို PR ပေးပစ်လိုက်တော့သည်။ PR ရသည်နှင့် ထိုနိုင်ငံခြားသားသည် ထိုစဉ်က HDB ဝယ်ရန် ၅% cash ပေးစရာမလိုပဲ၊ ဒေါ်လာ၅သောင်းခန့် လက်ထဲရှိလျှင် ဝယ်နိုင်သည်။ PR ကျသွားသူ နိုင်ငံခြားသားသည် လိုအပ်သောငွေကို မိမိနိုင်ငံမှ ရအောင်ရှာယူပြီး စင်ကာပူတွင် အိမ်ဝယ်သည်။ မိသားစု သားသမီးများလည်း PR ကျလာသဖြင့် အားလုံးကို စင်ကာပူခေါ်လိုက်သည်။ စင်ကာပူတွင် မြန်မာမိသားစုများစွာ PR အဖြစ် ရောက်ရှိ၊ ရွှေ့ပြောင်းလာသော နှစ်ဖြစ်သည်။ မြောက်မြားစွာသော PR များကိုလည်း Citizen အဖြစ်ပေးလိုက်သည်။ 

 ထိုအခါ HDB အိမ်အလုံး တစ်သိန်းကျော်ကို နိုင်ငံခြားသား PR များက ဝယ်ယူလိုက်နိုင်သည်။ 100,000 x $500,000 = $ 1 billion CASH ငွေကြေးများ စင်ကာပူသို့ ဝင်လာသဖြင့် စင်ကာပူငွေကြေးအခက်ခဲ ယာယီ ပြေလည်သွားလေသည်။ HDB နှင့် စင်ကာပူ ဘဏ်များလည်း ပိုက်ဘောမိနေသော ငွေကြေးများ၊ HDB တိုက်ခန်းများ၊ ကွန်ဒိုများကို ရောင်းချနိုင်သဖြင့် အားလုံး ယာယီအဆင်ပြေသွားလေတာ့သည်။

 (တိုက်ခန်းတစ်ခု $300k x 100,000 = 30 billion Property sale FDI). ၅။ Landed Property ဟုခေါ်သော မြေပိုင်ဆိုင်မှုကို PR ပင်ဝယ်ခွင့်မပေးတော့။ Citizen သာ ဝယ်ခွင့်ရသည်။ ပီအာများနှင့် နိုင်ငံခြားသားများကို ကွန်ဒိုဝယ်ခွင့်ပေးသော်လည်း ၁၈% အခွန်ပေးရသောကြောင့် ဝယ်သူအလွန်နည်းနေသည်။ ဘဏ်များကလည်း Personal Loan မပေးတော့သောကြောင့် ဘဏ်ချေးငွေ ၈၀%ကိုသာ ရသည်။ ကျန်သော ၂၀% နှင့် အခွန်ငွေ ၁၈% ကို ငွေသားဖြင့် ပေးရသည်။ ဥပမာ Orchard Road Condo , $1700 per sq ft, ၂ခန်း (HDB 2 bed room size 890 sq ft) ကို ဒေါ်လာ 1.3 million ပေါက်ဈေးရှိသည်။ ဝယ်သူက စုစုပေါင်း cash 38% - $500,000 (ငါးသိန်း) ငွေသားလက်ငင်းပေးရသည်။ Induatrial Estate & Shop House များကို လက်ငင်းငွေ သုညဖြင့် ဝယ်ယူနိုင်သည်။ 

စင်ကာပူ Private Residents နေအိမ်များကို နိုင်ငံခြားသားများက ၄၀% အထိ ပိုင်ဆိုင်လာသောကြောင့် အစိုးရက အရေးတကြီး ဥပဒေများ ပြောင်းလဲလိုက်ရခြင်းဖြစ်သည်။ ၂၀၁၄တွင် HDB အိမ်မရှိသေးသော PRများအိမ်ဝယ်ရန် ယခုရေးမည့်အကြောင်းမှာ လက်ရှိ ၂၀၁၄တွင် ၂၀၀၉ အိမ်မဝယ်နိုင်သော မြန်မာ PR များ HDB အိမ်ဝယ်ရန် အခွင့်လမ်း ကြုံလာသဖြင့် အားပေးသော ဆောင်းပါးဖြစ်သည်။ အဝယ်များလျှင် ဈေးတက်သည့်အတိုင်း HDB ဈေးများ တက်သွားသဖြင့် ၂၀၁၀ နောက်ပိုင်းတွင် COV Cash on Valuation ဒေါ်လာ ၃သောင်းအထက် ဈေးတက်သွားသည်။ စင်ကာပူ အတိုက်အခံပါတီက နိုင်ငံခြားသားများကြောင့် မိမိတို့စင်ကာပူနိုင်ငံသားများ အလုပ်လက်မဲ့၊ အိမ်ယာမဲ့ ဖြစ်ရသည်ဟု PAP အာဏာရအစိုးရကို တိုက်ခိုက်သည်။ 

အစိုးရက အိမ်ဈေး ကျဆင်းရန် အပြင်းအထန်လုပ်ဆောင်ပြီး အိမ်ဝယ်သူများ ၅% ငွေသားပေးရန်၊ ကွန်ဒိုဝယ်သူများ tax (stamp duty 18%) ပေးရန်၊ စည်းကျပ်လိုက်သောအခါ ကွန်ဒို၊ HDB များ အရောင်းအဝယ် အလွန်ပါးသွားသည်။ ၂၀၁၄ ဖေဖေါ်ဝါရီလတွင် ယခင်က တစ်သောင်းခန့်အရောင်းဝယ်ဖြစ်ခဲ့သော HDB အရောင်းအဝယ်များ ၇၀၀ သာရှိတော့သည် ဟု သတင်းစာတွင်ဖတ်ရသည်။ နောက်ဆုံးတွင် အစိုးရဟူသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးဖြစ်သောကြောင့် နိုင်ငံတော်အာဏာကို မည်သည့်အစိုးရကမျှ မစွန့်လွှတ်နိုင်ပါ။

 မြန်မာပြည်တွင် ကြံခိုင်ရေး (စစ်ဗိုလ်ချုပ်များ)က အာဏာမစွန်လွှတ်ချင်သလို၊ စင်ကာပူတွင်လည်း လီကွမ်းယူ၏ သားဖြစ်သူ၊ လီရှန်လုံး၏ PAP ပါတီကလည်း အာဏာစွဲကိုင်ထားမည်ဖြစ်သည်။ မလေးရှားတွင်ပင် ပြည်နယ်တစ်ခုကို ဝန်ကြီးချုပ်လုပ်ရခါနီး အတိုက်အခံခေါင်းဆောင် မစ္စတာ အာဏဝါ ဆိုသူကို လွန်ခဲ့သော၁၅နှစ်က အမှုပြန်ဖွင့်ပြီး ထောင်ချလိုက်သည်။ ထို့ကြောင့် စင်ကာပူအစိုးရသည်လည်း နည်းမျိုးစုံဖြင့် ပြည်သူလူထုကို ချော့တန်၊ ချောက်တန် လုပ်ပြီး၊ အိမ်များ၊ ကားများ၊ ဓါတ်ဆီများ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေးများမှ အခွန်များ ကောက်ယူနေဦးမည်ဖြစ်သည်။

 မြန်မာအစိုးရမှ ပြောင်းလဲခါစ ဖြစ်သောကြောင့် စစ်ဗိုလ်ဟောင်းကြီးများနှင့်ခရိုနီများက နိုင်ငံတော်ကို အခွန်မပေးပဲ၊ သူတို့အိတ်ထဲ ထည့်နေဦးမည်ဖြစ်သည်။ စင်ကာပူအစိုးရ ပြသနာဖြေရှင်းပုံ ၂၀၀၈၊ ၂၀၀၉ စင်ကာပူစီပွားအခက်အခဲကို ၂၀၁၀ ၂နှစ်အကြာ၊ ဖြေရှင်းနိုင်ခဲ့သည်။ ပထမဆုံး ၂၀၀၈တွင် နိုင်ငံပိုင်ငွေနှင့်အရင်းနှီးများ ကိုင်တွယ်နေသူ ဝန်ကြီးချုပ်၏ ဇနီးဖြစ်သူ ဒေါ်ဟိုချင်း ကို Cheif of Temasak Holding ရာထူးခဏ ဖယ်ပေးခိုင်းသည်။
 နိုင်ငံခြားမှာ ငွေကြေးတတ်ကြွမ်းပြီး၊ အမိန့်နာခံတတ်သူ အဖြူကောင်တစ်ဦးအား ခေါ်ပြီး ခန့်ထားလိုက်သည်။ အမေရိကန်တွင်မြှတ်နှံထား ဘီလျှံများစွာဒေါ်လာငွေများကို တရုပ်ပြည်သို့
ပြောင်းရွှေ့ လိုက်သည်။

          ရေနစ်သူဝါးကူထိုး .. 

ဘဏ်ပိုင်ရှင်ကြီးများက အစိုးရကိုလိမ်လည်၊ လုပ်စားနေခြင်းများအား မသိချင်ဆောင်နေလိုက်သည်။ ၂၀၁၀တွင် စီးပွားပြန်ကောင်းလာသောအခါ ဝန်ကြီးချုပ်ဇနီး ဒေါ်ဟိုချင်းက သူနေရာကို ပြန်ယူလိုက်သည်။

 ၂၀၁၂တွင် စီးပွားပြန်ခိုင်မာလာချိန်တွင် ၂၀၀၉၊ ၂၀၁၀ က ဘဏ်ကြီး၎ခု (DBS, UOB, OCBC, OUB) တရားမဝင် အခွန်ရှောင်၊ လူထုနှင့်အစိုးရကို ဥပဒေလက်တစ်လုံးခြား လုပ်ခဲ့မှုအတွက် ဘဏ်တစ်ခုကို $2 billion နီးပါး ဒဏ်ငွေရိုက်လိုက်သည်။ ဘဏ်များလည်း စီးပွားပြန်ကောင်းလာပြီဖြစ်သောကြောင့် စင်ကာပူအစိုးရဒဏ်ကြေးငွေကို အရစ်ကျ ပေးဆောင်နေသည်။ ယခု ၂၀၁၄တွင် စင်ကာပူအစိုးရသည် အတိတ်က သင်္ခန်းစားများကို ကောင်းစွာယူပြီး၊ သူပိုင်ငွေကြေးဥစ္စာများကို နိုင်ငံခြားသားများအကူညီဖြင့် ပိုမိုကျွမ်းကျင်စွာ ထိမ်ချုပ်ကြီးပွားနေဆဲဖြစ်သည်။ 

 နိဂုံး (အိမ်ဝယ်လိုသူများအတွက်) ယခု HDB purchase (Valuation 2 time) လုပ်ခြင်းဖြင့် ဝယ်သူများ အချိန် ၂ပတ်ခန့် ဘဏ်များမှ ငွေချေးငှားဖို့ အချိန်ပိုရလာသည်။ အစိုးရမှာ အရောင်းအဝယ် ဈေးမှန်ကို သိရသဖြင့် ဈေးနှုန်းလိမ်လည်မှုများကို ကောင်းစွာ ချုပ်ကိုင်နိုင်သဖြင့် တိုင်းပြည်ကို ပိုပြီး ငွေကြေးခိုင်မာစေမည်။ Valuation ၂ခါ လုပ်ရသဖြင့် တစ်ခါလုပ်လျှင် ဒေါ်လာ ၁၈၀ခန့် ရောင်းသူက ထပ်ပေးရဦးမည်။ ခြုံကြည့်လိုက်လျှင် ယခု ၂၀၁၄တွင် အိမ်ဝယ်သူများအတွက် အခွင့်အလမ်းကောင်းကြီးဖြစ်လာပါသည်။ 

 သို့သော် လက်ငင်းငွေ ၅% မရှိ၊ ၂၀% CPF Ordinary Account တွင်မပြည့်သေးသူများအတွက် အိမ်ဝယ်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ နောက်တစ်ခု အေးဂျင့်ကို မငှားပဲ မိမိဖာသာ အေးဂျင့် လုပ်နိုင်ပါသည်။ ရောင်းသူ ၂%၊ ဝယ်သူ ၁% ပေးရသော အေးဂျင့်ဖိုးများစွာကို ချွေတာသင့်ပါသည်။ မည်သို့ချွေတာလုပ်ဆောင်ရန် နည်းလမ်းများကို ဆွေးနွေးနိုင်ပါသည်။ ယခုဆောင်းပါးတိုတွင် မှားယွင်းချက်ျား၊ လိုအပ်သည်များကို အကြံပေးပါရန် မေတ္တာရပ်ခံပါသည်။ အိမ်ဝယ်လိုသူများ ဆွေးနွေးနိုင်ပါသည်။ 

 လေးစားစွာဖြင့် 
ဦးဝတ်မှုန် witmone.singapore@gmail.com 
Ref:myanmarinsingapore

SINGAPORE PRESIDENT TONY TAN LOST NEARLY $42 BILLION DOLLARS OF SINGAPORE’S SOVERIGN WEALTH


Disclaimer: TheRealSingapore.com is a platform for users to submit content and all content remains the property of the individual contributors. The views and opinions expressed by author(s) within the website are solely that of the contributors and in no way reflects the views of TheRealSingapore.com.
Tony Tan’s track record at Government of Investment Corporation (GIC) has been a disaster. According to the Wall Street Journal, during his time as Deputy Chairman, GIC lost approximately $42 billion.
In January 2008, just when investors are shorting U.S. banks, Tony Tan spent billions of dollars of Singapore taxpayers’ monies to invest in Citigroup and UBS.
To justify his reckless actions, Tony Tan said in an interview with the Business Times, “In the case of UBS, they have a worldwide global wealth management business which is something not replicable by any bank. Citigroup has an international worldwide consumer business which is also unique.”
At the time, Jim Rogers, a former partner of George Soros in the famed Quantum Fund, said he felt “sad” for Singapore as it would be losing a lot of money.
Rogers continued, “They’re making a big mistake; these banks have many more problems still ahead. They should wait until these companies are really on the ropes a few years from now . . . and trading at $5 a share.”
Rogers also expressed doubts about the capability of GIC’s fund managers, including Tony Tan, “I know these people, and they have never given me the impression that they’re smarter than anyone else…They have gigantic amounts of money, but they’ve made a bad judgment in these cases.”
A few months later, the value of GIC’s shares in Citigroup and UBS crashed after both got mired in toxic debts during the 2008 global financial crisis.
The news was naturally censored by the Singapore media, but the Wall Street Journal reported that GIC suffered a loss around 59 billion Singapore dollars (US$41.6 billion) in 2008, making it one of the worst years for the sovereign wealth fund since it was established in 1981.
Now, Tony Tan is Singapore’s president.

John Harding
*The author blogs at http://johnharding.com 
http://therealsingapore.com/content/singapore-president-tony-tan-lost-nearly-42-billion-dollars-singapore’s-soverign-wealth<br /><br /><br />

Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!