Popular Posts!

Wednesday, June 18, 2014

ingrowing ခြေစွယ်ငုပ်သူများအတွက်



ခြေစွယ်ငုပ်တာကို လူတိုင်းနီးပါး ခံစားဖူးကြမှာပါ။

ခြေစွယ်ငုပ်ခြင်းသည် ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် လူတစ်ချို့ကို ခွဲစိတ်ခံစေတဲ့အထိ ဆိုးရွားတတ်တယ်။ ဒါ့ကြောင့် ခြေစွယ်ငုပ်လာခဲ့ရင် ဖြေရှင်းနိုင်မယ့် အစွမ်းထက်နည်းလမ်းလေးတစ်ခု ပေးချင်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခြေစွယ်ငုပ်ခြင်း   ဝေဒနာကို ကျွန်တော် ခဏခဏခံစားခဲ့ရဖူးတယ်။ပြည်လည်း တည်တယ်။

ဒီလိုခဏခဏဖြစ်နေတာကို မေမေ့ကိုပြောပြတော့ မေမေကကျွန်တော့်ကို ဆေးနည်းပေးတယ်။ကျွန်တော်မေမေပြောပြတဲ့အတိုင်း ဆေးကိုခြေစွယ်ငုပ်တဲ့နေရာမှာထည့်တယ်။နှစ်ရက်သုံးရက်ကြာတော့ ခြေစွယ်ငုပ်တာပျောက်ခဲ့တယ်။ထိုအချိန်ကနေ ယနေ့အထိ ထပ်မဖြစ်တော့ပါ။
ပြီးခဲ့တဲ့လအနည်းငယ်က သူငယ်ချင်းတစ်ယောက်ရဲ့ဇနီး ခြေစွယ်ငုပ်လို့ ကျွန်တော့်ဆီလာတိုင်ပင်တယ်။
ခွဲစိတ်ဖို့သင့်မသင့် ကျွန်တော့်ကို မေးလာတယ်။
သူက ခွဲစိတ်ရမှာ ကြောက်နေတာ။ဒါနဲ့ ကျွန်တော်ကငါးနှစ်သင်ယူထားတဲ့ဆေးပညာနဲ့ မေမေပေးတဲ့ဆေးပညာကိုပေါင်းပြီး သူငယ်ချင်းရဲ့ဇနီးကို ကုသပေးလိုက်တယ်။ထိုပေါင်းကူးဆေးပညာကို Alternative Medicine. အော်တာနေးတစ်မက်ဒ်ဒီစင် လို့ခေါ်တယ်။သူငယ်ချင်းရဲ့ ဇနီးလည်း သုံးလေးရက်ကြာတော့ ခြေစွယ်ငုပ်တာ ပျောက်သွားခဲ့တယ်။

မေမေပေးတဲ့ဆေးနည်းက ရိုးရိုးရှင်းရှင်းလေးပါ။ကွမ်းစားရင် လျှာနဲ့အာခေါင် ထုံးစားပြီးအနာမဖြစ်အောင် ထည့်ပေးရတဲ့ ရှားစေးကို ငုပ်နေတဲ့ခြေစွယ်ကြားထဲ ထည့်ပေးရုံပါပဲ။
ထုံးမှာ alkali အယ်လ်ကလီ ဓာတ်ရှိတယ်။ရှားစေးမှာacid အက်စစ်ဓာတ်ရှိတယ်။ကွမ်းရာထဲကို acid ဓာတ်ရှိတဲ့ ရှားစေးကိုထည့်ပေးရင် alkali ဓာတ်ရှိတဲ့ ထုံးဓာတ် ပျက်ပြယ်သွားစေတယ်။   အဲလိုဓာတ်ပြယ်သွားရင် အာခေါင်ကိုထုံးမစားတော့ဘူး။ကျွန်တော်တို့သောက်သုံးနေတဲ့ရေသန့်က pH7 ရှိရတယ်။pH7အောက်ကိုရောက်ရင် ရေက acid ဓာတ်ဖြစ်သွားပြီးချဉ်လာမယ်။pH7အထက်ကိုရောက်ရင် ရေက alkali ဓာတ်ဖြစ်သွားပြီး ကျိုချက်ရင် ထုံးဖြူတွေ အနည်ထိုင်လာမယ်။

လုပ်ဆောင်ရမယ့်နည်းလမ်းလေးက ရိုးရှင်းပါတယ်။

ရှားစေ ငရုပ်ကောင်းစေ့ငါးစေ့ခန့်ကို လက်သန်းအရွယ်ခွက်သေးသေးထဲကို ရေမြှုပ်ရုံစိမ်ပေးရမယ်။နာရီဝက်ကြာရင် ရှားစေးအခဲက အရည်ပျော်လာလိမ့်မယ်။ထိုအရည်ပျစ်ပျစ်ကို ယူစော Eusol ဆေးထားတဲ့ ခြေစွယ်ကြားထဲ ထည့်ရမယ်။မနက်၊နေ့လည် နဲ့ညပိုင်းတွေမှာ ထည့်ရမယ်။အနောက်တိုင်းပိုးသတ်ဆေးနဲ့အခြားလိုအပ်တဲ့ဆေးတွေကို ဆရာဝန်များဆီမှာ ပြသရယူနိုင်ပါတယ်။

သုံးလေးရက်လောက်ကြာရင် အော်တာကုထုံးအစွမ်းနဲ့ခြေစွယ်ကြောင့်ညစ်နေတဲ့စိတ်တွေ ကြက်ပျောက်
ငှက်ပျောက် ပျောက်ကုန်ပါလိမ့်မယ်။

စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာ ဘေးရန်ကင်းကွာကြပါစေ။

ဦးတိုးအောင်

ဆေးအညွှန်း

ရှားစေးကို ဈေးထဲက ပရဆေးဆိုင်တွေမှာဝယ်လို့ရပါတယ်ုယူစော EUSOL ရပ်ကွက်ထဲကဆေးဆိုင်တိုင်း ၀ယ်လို့ရနိုင်ပါတယ်


Yangon Express



Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!