Popular Posts!

Tuesday, June 17, 2014

Microsoft မြန်မာပြည်ကိုဝင်လာပြီ.....

Microsoft ကုမ္ပဏီနှင့် MCC တို့ပူးပေါင်းကာ ပြည်တွင်းရှိ လူငယ်တစ်သိန်းခန့်ကို သင်ကြားပေးမည်

Microsoft ကုမ္ပဏီနှင့် MCC တို့ MOU လက်မှတ်ရေးထိုးနေစဉ်
Microsoft ကုမ္ပဏီနှင့် MCC တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ လူငယ်တစ်သိန်းခန့်ကို Microsoft \Cloud Computing အပြင် နောက်ဆုံးပေါ် နည်းပညာများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း MCC နှင့် Microsoft ကုမ္ပဏီတို့ ကျင်းပသည့် MoU လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူငယ်တစ်သိန်းခန့်ကို နောင်လာမည့်သုံးနှစ်အတွင်း Cloud Computing, Cloud Service နှင့် Apps Development စသည့် နည်းပညာတို့ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"တိုင်းပြည်ရဲ့လူ့စွမ်းအားစုကို အရည်အချင်းမြှင့်တင်ပေးဖို့ဆိုတာ အချိန်ကာလကို ရွေးဖို့မလိုပါဘူး။ ဘယ်အချိန်မှာလုပ်လုပ် မှန်ကန်တဲ့အလုပ်ပါပဲ။ Microsoft ဟာ ဒီလိုအသစ်ရွေ့နေတဲ့ တိုင်းပြည်တွေကို အကူအညီပေးတဲ့ နေရာမှာ မြန်မာနိုင်ငံလို နိုင်ငံဟာလည်း ရှေ့တန်းကပါဝင်ပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေလိုအပ်မယ့် ကျွမ်းကျင်မှုတွေရစေပြီး ပေါ်ပေါက်လာမယ့် အခွင့်အလမ်းကောင်းတွေကို ရရှိနိုင်ဖို့ဖြစ်ပါတယ်" ဟု Microsoft Asia Pacific ၏ ဥက္ကဋ္ဌ Cesar Cermuda က ပြောကြားသည်။
Microsoft ကုမ္ပဏီကို ၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Software, service devices,solution တို့ဖြင့် လူတစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသော ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်သည်။
"အနာဂတ်မှာ ဘဏ္ဍာရေးလုပ်ငန်း၊ အရောင်းအ၀ယ်လုပ်ငန်းနဲ့ ပညာရေးလုပ်ငန်းတွေမှာ IT skill တွေ လိုအပ်လာမှာပါ။ ကမ္ဘာ့အကြီးဆုံး software ဖြစ်တဲ့ Microsoft နဲ့ပူးပေါင်းပြီး Cloud Ready Professional တွေဖြစ်အောင် လေ့ကျင့်သင်ကြား ပေးသွားမှာပါ" ဟု MCC Group ၏ ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က ပြောကြားသည်။
- See more at: http://www.news-eleven.com/local/microsoft-

Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!