အခုရက်ပိုင်း ပြည်တွင်းစတော့ဈေးကွက်နှင့်ပတ်သက်လို့ မေးလာသူတွေ များစွာရှိလာသည်။ တစ်ချို့လည်း ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ထားတဲ့ အများပိုင်ကုမ္ပဏီကြီး တစ်ခု၏ စတော့များကို Overbought(အ၀ယ်လွန်) အနေအထားမျိုး၌ ၀ယ်ထားပြီးရာကနေ ရှယ်ယာဈေးများ ထိုးကျခဲ့လို့ ခွက်ခွက်လှန်အောင် ရှုံးနေပါပြီလို့ မိမိအား လာပြောသူတွေလည်းများစွာရှိနေသည်။ တစ်ချို့ကလည်း စတော့ဈေးကွက်ကိုMulti-level marketing နှင့် ရောနေကြသည်။ စတော့ဈေးကွက်ကို အလိမ်အညာ ဈေးကွက်လို့ ထင်ကြသူတွေလည်း များစွာ ရှိနေကြသည်။
မြန်မာနိုင်ငံမှ ပြည်သူအများတို့သည် စတော့ဈေးကွက်နှင့်အကျွမ်းတ၀င်ရှိမှု့ နည်းကြသည်လို့ ဆိုရမည်။ မြန်မာနိုင်ငံ၌ အတိတ်နှစ်များစွာကနေ လက်ရှိအချိန်အထိ စီးပွားကုန်သည်အများစု တို့က စိတ်ဝင်စားမှု့များခဲ့တဲ့ပေါ်ပင်စီးပွားရေးလုပ်ငန်း(Trend Business)ကတော့ အိမ်၊ခြံမြေ၊ ကား၊ ရွှေ ရောင်းဝယ်ရေးလုပ်ငန်း ရတို့ပင်ဖြစ်လေသည်။
သို့သော် မျက်မှောက်ခေတ် အခြေအနေ၌ ၎င်း ပေါ်ပင်စီးပွားရေးလုပ်ငန်းများတို့ အရင်ကလို လုပ်ငန်း အခြေအနေ မကောင်းတော့သည့် အနေအထားမျိုးရှိလာသည့်အချိန်မှာ အခုလို စတော့ဈေးကွက်ကြီး ဖြစ်ပေါ်လာခြင်းဟာ မဟာအခွင့်အရေးကြီး တစ်ရပ်နှင့် ကြုံကြိုက်လိုက်ရသည်ဟု မှတ်ယူထိုက်သည်။
ကမ္ဘာပေါ်၌ ဖွံ့ဖြိုးပြီးနိုင်ငံအားလုံး လိုလိုက စတော့ဈေးကွက်ကို စနစ်တကျ တည်ဆောက်ထားကြပြီးဖြစ်သည်။ စတော့ဈေးကွက်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု့ ကို မောင်းနှင်ပေးသည့် အဓိကမဏ္ဍိုင်များထဲမှ တစ်ခုအဖြစ် ရှိနေပါသည်။ လက်ရှိခိုင်မာ ဖွံ့ဖြိုးပြီးသော စတော့ဈေးကွက်များဟာ အစပိုင်း၌ နေ့ချင်းညချင်း တိုးတက်အောင်မြင်မှု့ ရှိခဲ့ကြသည်မျိုးမဟုတ်။ အချိန်ယူ တည်ဆောက်ရလေသည်။
မြန်မာနိုင်ငံ၌ လက်ရှိမှာ YSX စာရင်းဝင် အများပိုင်ကုမ္ပဏီ ဆယ်ဂဏန်း မပြည့်သေးပေမယ့် ဖြေးဖြေးချင်းတော့ များလာနိုင်ပါသည်။ မြန်မာ၌ အများပိုင်ကုမ္ပဏီ နှစ်ရာ ကျော် ရှိနေသည် ။
စတော့အိတ်ချိန်း၌ စာရင်းဝင်ထားကြတဲ့ ကုမ္ပဏီများတို့၏ ခိုင်မာမှု့ ဟာ ယုံကြည်စိတ်ချရမှု့ ပိုင်း အမြင့်ဆုံးအနေအထား၌ ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော်အများပိုင်ကုမ္ပဏီတို့သည် အိတ်ချိန်း၌ စာရင်းဝင်ထားပြီးမှသာ ရှယ်ယာရောင်းချခွင့်ရှိကြသည်။ အဲဒီလို listed(စာရင်းဝင်) ဖြစ်ဖို့ဆိုတာကလည်း စတော့အိတ်ချိန်းကသတ်မှတ်ထားတဲ့ စံ သတ်မှတ်ချက် ၁၇ ချက် နှင့်ညီမှဝင်ခွင့်ရကြသည်။ ဗဟုသုတ ရစေရန် အလို့ငှာ ၎င်းစံသတ်မှတ်ချက်တို့အား မျှဝေပေးလိုက်သည်။
၁။ ရှယ်ယာ ထုတ်ရောင်းမည့် ကုမ္ပဏီသည် အများပိုင်ကုမ္ပဏီ(public company) ဖြစ်ရမည်။
၂။ အနည်းဆုံးရှယ်ယာရှင် အယောက်တစ်ရာပါဝင်မှု့ရှိရမည်။
၃။ရှယ်ယာရှင်များရဲ့ မတည်ငွေ အပါအ၀င် ငွေအရင်းအနှီးသည် အနည်းဆုံးကျပ်ငွေ သန်းငါရာရှိရမည်။
၎။ လျှောက်ထားသော ကုမ္ပဏီသည်နှစ်နှစ်ဆက်တိုက်အမြတ်ဝင်ငွေ ရှိရမည်။
၅။ကုမ္ပဏီတွင်ခိုင်မာသောဝင်ငွေရှိရမည်။တည်ဆဲဥပဒေနှင့် ညီညွတ်မှု့ရှိရမည်။
၆။ ကုမ္ပဏီဒါရိုတ်တာများနှင့် ဦးဆောင်သူများသည် အကျင့်သီလ ကောင်းရမည်။ ပြစ်ဒဏ်ကျခံရသောသူမဖြစ်စေရ။ တရားရင်ဆိုင်နေရသောသူ မဖြစ်စေရ။မိမ်တို့ရဲ့ တာဝန်ကို စိတ်စေတနာကောင်းဖြင့် ဆောက်ရွက်နေသူများဖြစ်ရမည်။
၇။ဒါရိုတ်တာ အဖွဲ့ဝင်များနှင့် ကုမ္ပဏီဦးဆောင်သူများသည် အများပြည်သူများရှေ့တွင် မသင့်လျော်သော အပြုအမူနှင့် အပြောအဆိုများပြုမူဆောင်ရွက်ခြင်းမျိုးမပြုလုပ်ရ။
၈။ ဒါရိုတ်တာ အဖွဲ့ဝင်တစ်ဦးသည် ရှယ်ယာရှင်များ အစည်းဝေးမှ အတည်ပြုခွင့်ပြုချက်မရဘဲ အများပိုင်ကုမ္ပဏီက လုပ်ဆောင်နေသောလုပ်ငန်းနှင့် အလားတူအလုပ်ကို လုပ်ခွင့် မရှိပါ။
၉။ကုမ္ပဏီဒါရိုတ်တာ အဖွဲ့ဝင်များနှင့် ဦးဆောင်သူများသည် အခြားသော အများပိုင်ကုမ္ပဏီများနှင့်အစိုးရအဖွဲ့အစည်းများ၏ Black List တွင် ပါဝင်သူမဖြစ်ရ။
၁၀။ ငွေစာရင်းပြုစုခြင်းနှင့် စာရင်းစစ်ခြင်းများကို Myanmar Accounting Standard နှင့် Myanmar Auditing Standard တို့နှင့်အညီစစ်ဆေးခြင်းခံယူရမည်။
၁၁။ မြန်မာနိုင်ငံရဲ့ တည်ဆဲ အခွန်ဆိုင်ရာ ဥပဒေနှင့် အညီ အခွန်ထမ်းဆောင်ရမည်။
၁၂။ ထုတ်ပြန်သင့်သော သတင်းအချက်အလက်များကိုအများပြည်သူ သိရှိစေအောင် ထုတ်ပြန်ကြေညာရမည်ဖြစ်ပြီး SECMနှင့်  YSX သို့ တင်ပြရမည်။
၁၃။ ကုမ္ပဏီသည် ဥပဒေများ၊စည်းမျဉ်း/ကမ်းများနှင့် ညီညွတ်သော ထိရောက်သည့်စနစ်တခုကို ချမှတ်ပြီး၊ယင်းတို့နင့် ညီ၊ မညီ ထောက်ပြနိုင်သော အရာရှိတစ်ဦး ခန့်ထားဆောင်ရွက်ရမည်။
၁၄။ Businesd plan ရှိရမည်။ စီးပွားရေးလုပ်ဆောင်မည့်ပုံစံ၊လုပ်ထုံးလုပ်နည်းနှင့် Riskယူရမည့်အချက်များပါရှိရမည်။
၁၅။ အတွင်းလူတစ်ဦး မလျော်မကန် သြဇာလွှမ်းမိုးခြယ်လှယ်ခြင်း မလုပ်နိုင်အောင် ကြိုတင်ကာကွယ်သည့်စနစ်ထားရှိရမည်။
၁၆။ ကုမ္ပဏီသည် စဉ်ဆက်မပြတ် စီမံခန့်ခွဲမှု့များခိုင်မာနေရမည်။ မည်သူတစ်ဦးတစ်ယောက်၏ လွှမ်းမိုးမှု့ မှ မရှိစေရ။ ကိုယ်ပိုင်စီမံခန့်ခွဲပြီး စုပေါင်းထိန်းချုပ်နိုင်သော စနစ်ကောင်းရှိရမည်။
၁၇။ ကုမ္ပဏီတွင် ၀င်ငွေ ရရှိမှု့ တည်ငြိမ်ပြီး အမြတ်အစွန်းရရှိမှု့ကို ကျိုးကြောင်းဆီလျော်စွာ ခန့်မှန်းနိုင်မှု့ ရှိရမည်။
ရန်ကုန်စတော့အိတ်ချိန်းက အထက်ပါ စံသတ်မှတ်ချက်၁၇ချက် နှင့် ပြည့်မီတဲ့ အများပိုင်ကုမ္ပဏီများကိုသာListed ၀င်ခွင့်ပြုထားလို့ အိတ်ချိန်းမှာ စာရင်းဝင်ထား
ပြီး ရှယ်ယာ ထုတ်ရောင်းကြသည့် ကုမ္ပဏီတို့ဟာ လုံခြုံစိတ်ချရမှု့ ပိုင်း မြင့်ကြသည်။
အများပြည်သူတို့က ကုမ္ပဏီရှယ်ယာများတို့ကို ၀ယ်ယူရင်းနှီးမြှုပ်နှံခြင်း၌ ငွေလိမ်ခံရမှာတို့၊ ကုမ္ပဏီမခိုင်မာမှု့ အနေအထားတို့အပေါ် စိုးရိမ်စရာ မရှိသလောက်နီး
ပါး နည်းနိုင်သည်။ အိတ်ချိန်းက ကုမ္ပဏီများကို ဂေါင်ကောက်ရွေးသလို၊ ၎င်းတို့ရဲ့လုပ်ရပ်များအပေါ်၌လည်းမျက်ခြေမပြတ် စောင့်ကြည့်နေပါသည်။ စာရင်းဝင်ထားပြီးမှ မသမာမှု့ လုပ်ရပ်မျိုးကို လုပ်သည့် ကုမ္ပဏီမျိုးကိုလည်းDelisted (စာရင်းဝင်ပယ်ဖျက်) လုပ်ပစ်တားမျိုးလည်း ပြု လုပ်လေ့ရှိပါသည်။
စတော့အိတ်ချိန်း၌ SEC က စတော့ဈေးကွက်ကို ထိန်းကျောင်းပေးသည်။ အများပိုင်ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူတို့ကြား သမာသမတ်ကျကျ ဥပဒေ ဒုတ် ကိုင်ကာထိန်းကျောင်းပေးခြင်းအား ဖြင့် အခွန်ကောက်ခံမှု့ လုပ်သည်။ အများပိုင်ကုမ္ပဏီတို့ က အိတ်ချိန်း၌Listed လုပ်ပြီး မိမိတို့ရဲ့ လုပ်ငန်းချဲ့ထွင်ရေးနှင့် လုပ်ငန်းဆောင်ရွက်မှု့ တို့အတွက် လိုအပ်တဲ့ အရင်းအနှီးကို ရှာရာ၌ အရင်းအနှီးဈေးကွက်(Capital Market) ၌စတော့များ၊ ဘွန်းငွေချေးစာချုပ်များတို့ကို ထုတ်ရောင်းခြင်း
ဖြင့်  ဖြည့်တင်းကြသည်။ အများပြည်သူတို့ကလည်း အရင်းအနှီးဈေးကွက်၌ငွေကြေးအရင်းအနှီး အနည်းငယ်ဖြင့် ဘဏ္ဍာငွေကြေး ကိရိယာများတို့ကို ၀ယ်ယူရင်းနှီးမြှုပ်နှံနိုင်ကြသည်။
ကမ္ဘာ့ဖွံ့ဖြိုးပြီးစတော့ ဈေးကွက်များ၌ အခြေခံအားဖြင့်Investor(ရင်းနှီးမြှုပ်နှံသူ) နှစ်မျိုးရှိလေသည်။၎င်းတို့ကတော့ Institutional Investor နှင့် RetailInvestor ဟူ၍ ဖြစ်ကြသည်။ မြန်မာက လက်ရှိစတော့ဈေးကွက်၌ ရှိနေကြတဲ့ Investorများကတော့ RetailInvestorများပင် ဖြစ်ကြသည်။ စတော့ဈေးကွက် သက်တမ်းကလည်း ခပ်နုနု။ Equity Research Reportကို ထုတ်ပြန်နိုင်တဲ့ အဖွဲ့အစည်း၊ အုပ်စု မျိုးကလည်း ရှိသေးသည့် အခုလို အနေအထားမျိုးမှာ အရှူံးများသူတွေ ရှိနေသည်မှာ မထူးဆန်းလှပေ။ ထို့ကြောင့် မ၀ယ်ခင် သေသေချာချာ လေ့လာထားဖို့ လိုသည်။ ရှယ်ယာဝယ်ယူရင်းနှီးမြှုပ်နှံခြင်း၌ အကျိုးအမြတ် ရရှိနိုင်မှု့ နှစ်မျိုးရှိလေသည်။ မိမိရှယ်ယာဝယ်ယူထားသည့် ကုမ္ပဏီမှအမြတ်အစွန်းတွေ ရရှိသည့်အချိန်မှာ ရှယ်ယာကိုင်ဆောင်သူတို့အား ခွဲဝေပေးရာ၌ ရရှိမည့် အမြတ်ဝေစု
(Dividend)(သို့) Income gainနှင့် ရှယ်ယာဈေးနှုန်းမြင့်တက်လာသည့်အခါ ၎င်းရှယ်ယာကို ပြန်လည်ရောင်းချခြင်းမှ အမြတ်အစွန်းထွက်မှု့ (capital gain) ဟူသည့် အကျိုးအမြတ်ဟူ၍ ရှိနေပါသည်။
ဤနေရာ ၌ ကျွန်ုပ်၏ အလိုအရတော့ အထက်က Income gain ရယ်၊ capital gain တို့ နှစ်ခု၌Capital gain လို့ ခေါ်တဲ့ ရှယ်ယာဈေးနှုန်းတက်လာလို့ 'အရင်းတန်ဖိုး ပိုထွက်မှု့'ကိုသာ ပိုပြီးဦးစားပေးလိမ့်မည်ဖြစ်သည်။ ရှယ်ယာများကို မ၀ယ်ခင် သတိပြုရန်မှာ မိမိသည် ရိုးရိုးရှယ်ယာ(Ordinary Share) ကိုဝယ်ယူ ရင်းနှီးမြှုပ်နှံမှု့ လုပ်မှာလား? ဦးစားပေးရှယ်ယာ(Preference Share)ကိုလား?စသည်ကို အရင် ရွေးချယ် ဆုံးဖြတ်ရမည်။ OS ရှယ်ယာက ကုမ္ပဏီလုပ်ငန်းတိုးတက်မှု့ ရှိရင် ရှိသလောက် အမြတ်ဝေစုများအား ဒါရိုတ်တာအဖွဲ့က ခွဲပေးရင် ခွဲပေးသလောက် ရရှိမည်။ PS ရှယ်ယာ ကြတော့ ကုမ္ပဏီလုပ်ငန်းဘယ်လောက်ပင်တိုးတက်စေကာမူ ၊ အမြတ်ထွက်မှု့ ဘယ်လောက်ပင် တိုးတက်ဖြစ်ထွန်းစေကာမူအမြတ်ဝေစုကို ပုံသေသတ်မှတ်ပေးထားသည့် ရှယ်ယာအမျိုးအစား ဖြစ်လေသည်။
ရှယ်ယာဝယ်ယူရင်းနှီးမြှုပ်နှံမှု့ မလုပ်ခင် ကုမ္ပဏီရဲ့ industry ပိုင်းကို သရုပ်ခွဲသင့်သည်။ တချို့ကုမ္ပဏီများကခေတ်စနစ်နှင့်လျော်ကန်မှု့ မရှိတော့သည့်လုပ်ငန်းမျိုးကို အသက်သွင်းဖို့ အကောင်အထည် ဖော် ဆောင်ရွက် နေတာတွေ လည်းရှိကြသည်။ ဈေးကွက် အာရုံစိတ်ဝင်စားမှု့ နည်းပြီး အနာဂတ်မှာ ခေတ်ကုန်ခါနီး
ချောင်ထိုးခံရမယ့် လုပ်ငန်းများကို ဆောင်ရွက် လုပ်ကိုင်နေသည့် ကုမ္ပဏီမျိုး၏ ရှယ်ယာများထက် အနာဂတ်၌ ဈေးကွက် အကြိုက်တိုးလာနိုင်သည့် လုပ်ငန်းမျိုးကို အကောင်အထည်ဖော်ရန် ဆောင်ရွက်လုပ်ကိုင်နေသည့် ကုမ္ပဏီများရဲ့ စတော့များကသာ GorwthRate (တိုးတက်မှု့နှုန်း) မြင့်နိုင်ချေရှိနိုင်သည်။
ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းစာရင်းဝင် စတော့ ဂုရုကြီးဝါရင်းဘတ်ဖတ်သည်လည်း အနာဂတ်၌Growth Rate များစွာတိုးလာနိုင်လောက်မည့် ကုမ္ပဏီ များရဲ့ စတော့များကို သာ ဦးစားပေးရင်းနှီးမြှုပ်နှံမှု့ လုပ်လေ့ရှိသည်။ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် တစ် အဆင့်ရှိ Amazon CEO Jeff Bezos ဆိုသူသည်လည်း Indusry လမ်းကြောင်းကို အရင် သုံးသပ်စိစစ်ပြီးမှအင်တာနက် နှင့်ပတ်သက်သည့် လုပ်ငန်းများဟာ အနာဂတ်မှာ Growth Rate မြင့်တက်နိင်ချေ ရှိနိုင်သည်ကို သုံးသပ်မိပြီးနောက် Amazon.comကိုတည်ထောင်ခဲ့ပြီး အခုလို ကမ္ဘာ့အချမ်းသာဆုံးနံပါတ်တစ် နေရာကိုရောက်ရှိလာခြင်းဖြစ်သည်။
မြန်မာ့စတော့ဈေးကွက်ဟာ အခြေခိုင်ဖို့ နှင့် ဖွံ့ဖြိုးတိုးတက်မှု့ ရှိစေဖို့ အတွက် အရင်ဦးစွာလုပ်သင့်တာကတော့ စတော့ဈေးကွက်နှင့် ပတ်သက်တဲ့Knowledge sharing လုပ်တာတို့၊ Education ပေးတာတို့ကို အစိုးရနှင့် စာရင်းဝင်ကုမ္ပဏီများတို့ ပူးပေါင်းပြီး အတူတကွ တက်ညီလက်ညီ လုပ်ဆောင်သင့်ပါသည်။ အများပြည်သူတို့က စတော့ဈေးကွက်ကိုသိတာနည်းတော့ စိတ်ဝင်စားမှု့ နည်းကြ၊ စိတ်ဝင်စားမှု့နည်းကြတော့ စတော့ဈေးကွက်ထဲ ရင်းနှီးမြှူပ်နှံမှု့ မလုပ်ကြ။
ရင်းနှီးမြှုပ်နှံမှု့ လုပ်ပြန်တော့လည်း စတော့ဈေးနှုန်းဟာ Overbought(အ၀ယ်လွန်)အနေအထားလား? Oversold(အရောင်းလွန်) အနေအထားလား?
မသိကြဘဲ ရမ်းဝယ်၊ ရမ်းရောင်းကြတော့ အမြတ်မထွက်ကြ။ အမြတ်မထွက်တော့ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု့ မလုပ်ဖို့ တခြားသော မိတ်ဆွေတို့အား လက်ဆင့်ကမ်းပြောကြ။ နောက်ဆုံးမှာ ကွင်းဆက်လိုက်ပြီး အိတ်ချိန်းမှာListed လုပ်ဖို့ တောင် အများပိုင်ကုမ္ပဏီ နှစ်ရာကျော်တို့ဟာ စိတ်ဝင်စားမှု့ ရှိတော့မည် မဟုတ်နိုင်ပေ။ ထို့ကြောင့် အစိုးရဘက်က ဦးဆောင်ပြီး Listed လုပ်ထားပြီး ကုမ္ပဏီများတို့နှင့်အတူ စတော့ဈေးကွက်နှင့်ပတ်သက်သည့် Seminar(နှီးနှောဖလှယ်ပွဲ)တွေ ၊Workshop(လုပ်ငန်းခွင်ဆွေးနွေးပွဲ) လိုဟာတွေကိုမကြာခဏဆိုသလို ပြုလုပ်ပေးသင့်ပါသည်။သို့မှသာမြန်မာ့စတော့ဈေးကွက်သည် ရှေ့သို့လှမ်းချီ ၊ တက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း နှင့် မြန်မာ့စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှု့ လုပ်ကြမည့် Investorတို့သည်လည်း 'Buy and Hold ' နည်းဗျူဟာထက် အမြတ်ထွက်တာနှင့် ထုတ်ရောင့်း်ရေတိုနည်းဗျူဟာမျိုးသည်သာ လက်ရှိအနေအထား၌ သင့်တော်မှု့ အရှိဆုံးလို့ထင်မြင်မိပါကြောင်း သုံးသပ်လိုက်ရသည်။
#KoNayNay FB
No comments:
Post a Comment