Popular Posts!

Thursday, February 9, 2017

လက်ရှိအသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရအဖွဲ့အစည်းများစာရင်း(Myanamar Microfince Lience List)

လက်ရှိအသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရအဖွဲ့အစည်းများစာရင်း

အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပ်ဒေပြဌာန်းပြီးနောက် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ အထိ အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်များ ထုတ်ပေးနိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

"လိုင်စင်ခွင့်ပြုပြီးသည့် MFIs
             INGO အဖွဲ့အစည်း               ၇ဖွဲ့
            NGO အဖွဲ့အစည်း                 ၂၄ဖွဲ့
            သမဝါယမအဖွဲ့အစည်း            ၇၇ဖွဲ့
           ပြည်တွင်းကုမ္ပဏီ                   ၁၃၀ဖွဲ့
           ပြည်ပကုမ္ပဏီ                         ၂၉ဖွဲ့
           အစုစပ် ကုမ္ပဏီ                        ၄ဖွဲ့

           စုစုပေါင်း                            ၂၇၁ဖွဲ့

လိုင်စင်ပြန်လည်အပ်နှံသည့် MFIs
           INGO အဖွဲ့အစည်း               ၂ဖွဲ့
          သမဝါယမအဖွဲ့အစည်း           ၇၇ဖွဲ့
          ပြည်တွင်းကုမ္ပဏီ                 ၂၃ဖွဲ့
          ပြည်ပကုမ္ပဏီ                        ၁ဖွဲ့

            စုစုပေါင်း                       ၁၀၃ဖွဲ့

လက်ရှိဆောင်ရွက်လျက်ရှိသည့် MFIs
            INGO အဖွဲ့အစည်း              ၅ဖွဲ့
            NGO အဖွဲ့အစည်း              ၂၄ဖွဲ့

           စုစုပေါင်း                        ၁၆၈ဖွဲ့

၂ဝ၁၆ ခုနှစ် အောက်တိုဘာလအထိ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ လုပ်ငန်း မတည်ငွေ စုစုပေါင်း ကျပ် သန်း ၁၇၈,၆၃၆.၇၆၆ သန်း၊ ထုတ်ချေးငွေ စုစုပေါင်း ကျပ်သန်း ၁,၉၀၉,၆၂၉.၃၈ ဖြင့် ငွေချေးသူဦးရေ ၂,၂၆၄,၄၉၅ ဦးအား ထုတ်ချေးနိုင်ခဲ့ပြီး မြို့နယ်ပေါင်း ၂၂၁ မြို့နယ်တွင် ရပ်ကွက် ၁,၆၇၈ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၅,၁၉၃ ကျေးရွာသို့ ဖြန့်ကျက် ဆောင်ရွက်လျက်ရှိပါသည်။"


"အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းများ လုပ်ငန်းလိုင်စင်အတွက် လိုအပ်ချက်များ

 အောက်ပါအတိုင်း ဖြစ်ပါသည်..
၁။မှတ်ပုံတင်ခြင်းနှင့်လျှောက်ထားခြင်းနည်းလမ်း။         -                                                                                                                                                                                             (က) လိုင်စင်လျှောက်ထားခြင်းမပြုမီ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဦးစွာ ဆောင်ရွက်ရမည်။

(ခ ) INGO ၊ NGO အဖွဲ့အစည်းကဲ့သို့ အကျိုးအမြတ် ရယူခြင်း မရှိသော Non Profit Taking Organization အဖွဲ့အစည်းများသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမည်။၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် NGO အဖွဲ့အစည်းဖြစ်ပါက မှတ်ပုံတင်ခွင့် လျှောက် ထားရမည်။INGO အဖွဲ့အစည်းများဖြစ်ပါက ဖွဲ့စည်းမှတ်ပုံတင်ခွင့် လျှောက်ထားရမည်။

(ဂ ) အျကိုးအမြတ်ရယူေသာ Profit Taking Organization သမဝါယမ အဖွဲ့အစည်းျမားသည် သမဝါယမ ဝန်ကြီးဌာနတွင် မွတ်ပံုတင်ရမည်။

(ဃ) အကျိုးအမြတ်ရယူသော Profit Taking Organization ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိက ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။

(င ) NGO များအတွက် NGO အဖွဲ့အစည်း ဖွဲ့စည်းမှတ်ပုံတင်ခွင့် လျှောက်ထားစဉ် လျှောက် ထားသည့် တင်ပြစာ အထောက်အထားဖြင့် လိုင်စင် လျှောက်ထားနိုင်ခွင့်ရှိကြောင်း ဖြေလျော့ခွင့်ပြုထားပါသည်။

၂။ လိုင်စင်လျှောက်ထားရာတွင်တင်ပြရမည့်အထောက်အထားများ။ 
       
 အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်လွှာ MFI 01 ပုံစံ၊
(ခ ) ဖြစ်နိုင်ခြေလေ့လာချက်၊
(ဂ ) ပြည်ပတွင် တည်ထောင်ထားသော အဖွဲ့အစည်းဖြစ်ပါက ပင်မအဖွဲ့အစည်းမှ မြန်မာနိုင်ငံ အတွင်း MF လုပ်ဆောင်ရန် ခွင့်ပြုချက်၊
(ဃ) ပြည်ပမှ မတည်ရင်းနှီးငွေများ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်မှုလမ်းကြောင်း၏ အထောက်အထား ၊
(င ) မြန်မာနိုင်ငံသုံး ကျပ်ငွေဖြင့်လဲလှယ်သည့် အထောက်အထားနှင့် Show Money တင်သွင်း မှုလမ်းကြောင်း၏ အထောက်အထား ၊
(စ ) သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသေးစားငွေရေး ကြေးရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ ဒေသတွင်း MF လုပ်ကိုင်ရန် ထောက်ခံချက် ၊
(ဆ) လုပ်ကိုင်လိုသည့် အဖွဲ့အစည်း၏ သင်းဖွဲ့စည်းမျဉ်း သင်းဖွဲ့မှတ်တမ်း

အသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်လျှောက်ထားခြင်းလုပ်ငန်းစဉ်များ
အသေးစားငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်း ကော်မတီ နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်
အသေးစားငွေရေးကြေးရေး လုပ်ငန်း ကြီးကြပ်မှုကော်မ တီ 
"သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်အတူ အောက်ပါ အချက်များပါဝင်သော ဖြစ်နိုင်ခြေ လေ့လာချက်ကို ပူးတွဲ၍ တင်ပြရမည်-
- အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင် ရွက်မည့်ဒေသ၊ ဈေးကွက်ရှိကြောင်းနှင့် သက်ဆိုင်ရာ ပြည်သူများကလည်း စိတ်ဝင် စားမှုရှိကြောင်း ဖော်ပြချက်..
- ငွေရေးကြေးရေး အရင်းအမြစ်များ မည်မျှ လိုအပ်ကြောင်းနှင့်ယင်းတို့ကို မည်သို့ ရရှိမည်ဖြစ်ကြောင်း ဖော်ပြချက်
- အသေးစား ငွေရေးကြေးရေး လုပ်ငန်း လုပ်ကိုင်ပါက ရရှိမည်ဟု မျှော်မှန်းထား သည့် အကျိုးအမြတ်နှင့် အကျိုးအမြတ်များ ကို စီမံခန့်ခွဲမည့် အစီအစဉ်များ..
- စီမံ  ခန့်ခွဲရေးဆိုင်ရာ    အရည်အချင်း   နှင့် ကျွမ်းကျင်မှု
- လုပ်ကိုင်လိုသည့်     အသေးစား     ငွေရေး ကြေးရေးလုပ်ငန်း အမျိုးအစားများ"
အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့်   အဖွဲ့အစည်းများသည်   လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို  သက်ဆိုင်ရာ လုပ်ငန်းကော်မတီမှတစ်ဆင့်   ကြီးကြပ်မှုကော်မတီသို့  သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ အမ်အက်ဖ်အိုင်(စ်) -ဝ၁  နှင့်အတူ ဖြစ်နိုင်ခြေ လေ့လာချက်အား ပူးတွဲတင်ပြ၍  လျှောက်ထားနိုင်ပါတယ်။ မတည်ငွေရင်းအပြည့်အဝကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊တိုင်းဒေသကြီး နှင့်  ပြည်နယ်အတွင်း သတ်မှတ် ထားသော မြန်မာ့စီးပွားရေးဘဏ်ရှိ မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေး ရေးလုပ်ငန်း၏ ငွေစာရင်းသို့ ပေးသွင်းရပါမယ်။ အဆိုပါ ထည့်ဝင်ပြီးမတည်ငွေရင်းကို ကြီးကြပ်မှုကော်မတီက လိုင်စင်ထုတ်ပေးမှုလုပ်ငန်းများ ပြီးစီးမှသာ ပြန်လည်ထုတ်ယူခွင့် ရှိပါတယ်။ကြီးကြပ်မှုကော်မတီအနေဖြင့် လျှောက်လွှာပုံစံပါ ဖြည့်စွက်ချက်များနှင့် ဖြစ်နိုင်ခြေ လေ့လာချက်တို့ကို စိစစ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
အသေးစား  ငွေရေးကြေးရေးလုပ်ငန်း  လုပ်ကိုင်လိုသော အဖွဲ့အစည်းများ၏ တင်ပြ လျှောက်ထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်လွှာပုံစံပါ ဖြည့်စွက်ချက်များနှင့် တကွ ပူးတွဲ တင်ပြသော ဖြစ်နိုင်ခြေလေ့လာ ချက်တို့ကို စိစစ်သုံးသပ်ပြီးနောက် လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးရန် သင့်၊ မသင့် အကြံပြုချက်နှင့်အတူ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီသို့ ဆက်လက် တင်ပြရမည်။
လျှောက်လွှာပုံစံပါ ဖြည့်စွက်ချက်များ နှင့် ဖြစ်နိုင်ခြေလေ့လာ ချက်တို့ ကိုစိစစ်ပြီး နောက်လျှောက်လွှာ လက်ခံ ရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း  လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးခြင်း သို့မဟုတ်ယင်း လိုင်စင် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင် သည်။

အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် မည်သည့်လုပ်ငန်းများ လုပ်ကိုင်နိုင် ပါသလဲ?
အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက် ဖြင့် အသေးစားချေးငွေထုတ်ပေးခြင်း  ၊ အပ်ငွေလက်ခံခြင်း ၊   ငွေလွှဲပြောင်းပေးပို့ခြင်း ၊ အာမခံလုပ်ငန်းလုပ်ကိုင်ခြင်း ၊ ပြည်တွင်း ပြည်ပမှ ငွေချေးယူခြင်း နှင့် အခြားငွေရေး ကြေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါတယ်။ 
ယခုလောလောဆယ် ကြီးကြပ်မှုကော်မတီအနေဖြင့် ‘‘အသေးစားချေးငွေထုတ်ပေးခြင်း’’ နှင့် ‘‘အပ်ငွေလက်ခံခြင်း’’ လုပ်ငန်း များကိုသာ ခွင့်ပြုဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့်  အဖွဲ့အစည်းများသည်  လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိရန် မည်သို့ လျှောက်ထားရပါမလဲ?
အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့်   အဖွဲ့အစည်းများသည်   လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို  သက်ဆိုင်ရာ လုပ်ငန်းကော်မတီမှတစ်ဆင့်   ကြီးကြပ်မှုကော်မတီသို့  သတ်မှတ်ထားသည့် လျှောက်လွှာပုံစံ အမ်အက်ဖ်အိုင်(စ်) -ဝ၁  နှင့်အတူ ဖြစ်နိုင်ခြေ လေ့လာချက်အား ပူးတွဲတင်ပြ၍  လျှောက်ထားနိုင်ပါတယ်။ မတည်ငွေရင်းအပြည့်အဝကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ ၊တိုင်းဒေသကြီး နှင့်  ပြည်နယ်အတွင်း သတ်မှတ် ထားသော မြန်မာ့စီးပွားရေးဘဏ်ရှိ မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေး ရေးလုပ်ငန်း၏ ငွေစာရင်းသို့ ပေးသွင်းရပါမယ်။ အဆိုပါ ထည့်ဝင်ပြီးမတည်ငွေရင်းကို ကြီးကြပ်မှုကော်မတီက လိုင်စင်ထုတ်ပေးမှုလုပ်ငန်းများ ပြီးစီးမှသာ ပြန်လည်ထုတ်ယူခွင့် ရှိပါတယ်။ကြီးကြပ်မှုကော်မတီအနေဖြင့် လျှောက်လွှာပုံစံပါ ဖြည့်စွက်ချက်များနှင့် ဖြစ်နိုင်ခြေ လေ့လာချက်တို့ကို စိစစ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် အဖွဲ့အစည်းများအနေဖြင့် ဘယ်လို ဆက်သွယ် ဆောင်ရွက်ရပါမလဲ?
မိမိဆောင်ရွက်လိုသည့် နယ်မြေဒေသအလိုက် သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ် အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီတို့တွင် ဖွဲ့စည်းထားသည့် အသေးစားငွေရေး ကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ များနှင့်သော်လည်းကောင်း ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

အသေးစားချေးငွေဆိုတာ ဘာကိုဆိုလိုပါသလဲ?
အခြေခံလူတန်းစား၏  ဆင်းရဲနွမ်းပါးမှု လျှော့ချရန်နှင့် ယင်းတို့၏လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားရန် အာမခံပစ္စည်း(အပေါင်ပစ္စည်း) တင်သွင်းရန် မလိုဘဲ ထုတ်ချေးသည့် ငွေကို ဆိုလိုပါတယ်။

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသည့်နေ့မှစ၍ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေးကို ဘယ်နှစ်ရက်အတွင်း ပေးသွင်းရပါမလဲ?
အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းသည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိသည့်နေ့ မှစ၍ ၁၅ ရက်အတွင်း သတ်မှတ်သည့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေးကို သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အတွင်းသတ်မှတ်ထားသော မြန်မာ့ စီးပွားရေးဘဏ်ရှိ မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးလုပ်ငန်း၏ ငွေစာရင်းသို့ ပေးသွင်းရပါမယ်။

လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားပြီး လိုင်စင်ရရှိရန် မည်မျှကြာပါသလဲ?
ကြီးကြပ်မှုကော်မတီသည်  လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်  လျှောက်ထားခြင်းကို လက်ခံရရှိ ပြီး ရက်ပေါင်း ၃၀ အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးမှာ ဖြစ်ပါတယ်။

ထည့်ဝင်ပြီး မတည်ငွေရင်းကို မည်သို့ပေးသွင်းရပါသလဲ?
အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်လိုသော အဖွဲ့အစည်းများသည် ထည့်ဝင်ပြီး မတည်ငွေရင်းကို ငွေသားဖြင့် ( Show Money ) ပေးသွင်းရပါမည်။ အသေးစားငွေရေး ကြေးရေးလုပ်ငန်း ဥပဒေမပြဋ္ဌဌာန်းမီ လက်ရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၏   မတည်ငွေ   ( Show Money ) အဖြစ်  တင်ပြရာမှာ လည်ပတ်မတည်ငွေ များအား စာရင်းဇယား အထောက်အထား ခိုင်လုံစွာရယူ၍ အတည်ပြု ပေးရမှာဖြစ်ပါတယ်။

အတိုးနှုန်းကို မည်ကဲ့သို့  သတ်မှတ်ထားပါသလဲ?
အသေးစားချေးငွေအပေါ် အတိုးနှုန်းအား ကျပ် ၁၀ဝ တစ်လလျှင် ၂.၅ ကျပ်၊ တစ်နှစ်လျှင် ၃၀ ကျပ်နှုန်းထက်မများရန်။အပ်ငွေအပေါ်အတိုးနှုန်းအား ကျပ် ၁၀ဝ တစ်လလျှင် ၁.၂၅ ကျပ်၊ တစ်နှစ်လျှင် ၁၅ ကျပ်နှုန်းထက်မနည်းရန် သတ်မှတ်ထားပါတယ်။

လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားရာတွင် အနည်းဆုံး ထည့်၀င်ပြီး  မတည်ငွေရင်းကို မည်မျှသတ်မှတ်ထားပါသလဲ။
အနည်းဆုံး ထည့်၀င်ပြီး မတည်ငွေရင်းကို အပ်ငွေလက်ခံခြင်းမပြုသည့် အသေးစားငွေရေး ကြေးရေး အဖွဲ့အစည်းများအတွက် ကျပ် ၁၅ သန်း ၊  အပ်ငွေလက်ခံသည့်   အဖွဲ့အစည်း များအတွက် ကျပ်  ၃၀ သန်း သတ်မှတ်ထားပါတယ်။


လက်ရှိအသေးစားငွေရေးကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရအဖွဲ့အစည်းများစာရင်း
Ref:http://www.mmse.gov.mm/team

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!