Popular Posts!

Thursday, February 16, 2017

Money Laundering act: ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်သမားများအားငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေးနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်သမားများအားငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေးနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအစီအစဉ်အားအကောင်အထည် ဖော်ရာ၌ ငွေရေးကြေးရေးစနစ်အား ငွေကြေးခဝါချမှုနှင့်ဆက်စပ်သည့် ပြစ်မှုဆိုင်ရာကျူးလွန်မှုများအတွက် အသုံးပြုခြင်း မရှိစေရန်အတွက် ကာကွယ်တိုက်ဖျက်မှုတွင် အရေးပါသောအခန်းကဏ္ဍဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် ၂၀ဝ၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ်ရေးဥပဒေကို ထိရောက်စွာလိုက်နာကျင့်သုံးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် AML/CFT ဆိုင်ရာလမ်းညွှန်ချက်များနှင့်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါသည်။
ယင်း AML/CFT ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ဖောက်သည်၏ သတင်းအချက်အလက်များအား ဝီရိယပြုရယူစိစစ်ခြင်း၊ သတင်းအချက်အလက်အား မှတ်တမ်းတင်ထိန်းသိမ်းထားရှိခြင်း၊ သတ်မှတ်ထားသော ပမာဏထက် မကျော်လွန်သော်လည်း သံသယဖြစ်ဖွယ်ရှိသောငွေကြေးလွှဲပြောင်းမှုများ(STR) နှင့် သတ်မှတ်ထားသောပမာဏထက် ကျော်လွန်သော ငွေကြေးလွှဲပြောင်းမှုများ(CTR) အား သတင်းပေးပို့ရန် သတ်မှတ်ချက်တို့ပါဝင်ပါသည်။ ထုတ်ပြန်ခဲ့ပြီးသော AML/CFT ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်-
....


၂၀၁၆ ခုနှစ်အခွန်အကောက်ဥပဒေအသစ်ဝင်ငွေခွန်စည်းကြပ်ရန် ၀င်ငွေခွန်နှုန်းထားအသစ်- 


- ၁ ကျပ် မှ သိန်း ၂၀ အထိ  ၀ ရာခိုင်နှုန်း၊ 
- ကျပ် သိန်း၂၀ တကျပ် မှ သိန်း ၅၀ အထိ ၅ ရာခိုင်နှုန်း၊ 
- ကျပ် သိန်း၅၀ တကျပ် မှ သိန်း ၁,၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ 
- ကျပ် သိန်း၁၀၀ တကျပ် မှ သိန်း ၂,၀၀အထိ ၁၅ ရာခိုင်နှုန်း၊ 
- ကျပ် သိန်း၂,၀၀၀ တကျပ် မှ သိန်း ၃,၀၀၀ ကျပ်အထိ  ၂၀ ရာခိုင်နှုန်း
- ကျပ်သိန်း ၃,၀၀၀ တကျပ် နှင့်အထက် ၀င်ငွေများအတွက် ၂၅ ရာခိုင်နှုန်း 
သတ်မှတ်ကာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။


၂၀၁၆ ၀င်ငွေခွန်ဆောင်ခိုင်းထားတာ အနည်းဆုံး ၅%,၁၀%,၁၅%,၂၀% တဆင့်တက်တိုင်း ၅%နှုန်းဗျ! 
























ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်း မရှိသည့် ၀င်ငွေခွန်နှုန်းထားအသစ်များအတွက် - 


- ၁ ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ 
- ကျပ်သိန်း ၃၀၀ တကျပ် မှ သိန်း ၁,၀၀၀ ထိ ၂၀ ရာခိုင်နှုန်း၊
- ကျပ်သိန်း ၁,၀၀၀ တကျပ် နှင့် အထက် ၀င်ငွေများအတွက် ၃၀ ရာခိုင်နှုန်း 
ဝင်ငွေ ခွန်စည်းကြပ် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် အခွန်အကောက် ဥပဒေအရ သိရသည်။ 


 ပုံမှန် ၀င်ငွေသမားတွေဆီက သိန်း ၂၀၀ တကျပ် မှ သိန်း၃၀၀ထိ ၂၀ %  နှင့် သိန်း ၃၀၀ အထက်ကို ၂၅% ကောက်ထားတယ်။

ငွေမဲဖြစ်သော တောထဲမူးယစ်ဆေးဝါးကမဟားတရားရငွေနှင့် ဌာနဆိုင်ရာလာဘ်စားထားသူတွေ ကိုတော့ သိန်း တကျပ် မှ သိန်း၃၀၀ ထိ ၁၅ %  နှင့် သိန်း ၃၀၀ တကျပ်မှ သိန်း ၁,၀၀၀ အထက်ကို ၂၀% ဘဲ ကောက်ထားတယ် ကောင်းသလားဗျ! စဉ်းစားတာကြည့်တော့ဗျ?

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!