Popular Posts!

Thursday, February 2, 2017

မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်(MIC ခွင့်ပြုမိန့်)တစ်ခုဘယ်လို ရယူမလဲ


ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း ကဏ္ဍဍတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့် လျှောက်ထားရာ၌ အလွယ်တကူဖတ်ရှုနိုင်ရန်အတွက် လမ်းညွှန်စာအုပ်အား ထုတ်ဝေ
ခဲ့ပြီးဖြစ်ပါသည်။ 
ယခုအခါ လည်းကောင်းလမ်းညွှန်စာအုပ်အသစ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ Website ဖြစ်သော http://www.dica.gov.mm ၌ Download ရယူနိုင်ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် စက်မှုကဏ္ဍဍများဖြစ်သော ဆောက်လုပ်ရေး၊ သတ္တုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမိန့်(MIC ခွင့်ပြုမိန့်) တစ်ခုလိုအပ်မည်ဖြစ်ပါသည်။ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ゞင်းတို့၏ စီးပွားရေး လုပ်ငန်းများ မဆောင်ရွက်မီ အခွင့်အရေးများ (သို့မဟုတ်) အခွန်သက်သာခွင့်များ ခံစားနိုင်ရန် MIC ခွင့်ပြုမိန့်လျှောက်ထားရန်လိုအပ်ပါသည်။မြန်မာနိုင်ငံအစိုးရသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအား တိုးမြှင့်ရန်ရည်ရွယ်ပါသဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် MIC ခွင့်ပြုမိန့်ရရှိရေး လမ်းညွှန်ချက်အား ရှင်းလင်းလွယ်ကူစွာ  လိုက်နာဖို့ရန်သည် အရေးကြီးပါသည်။ ယခုလမ်းညွှန်စာအုပ်အသစ်သည် အလား အလာရှိသော ရင်းနှီးမြှုပ်နှံသူများအား ကုန်ထုတ်လုပ်မှုကဏ္ဍဍတွင် MIC ခွင့်ပြုမိန့်ရယူရာ၌ ရှင်းလင်းသော လမ်းညွှန်ချက်များ၊ အသုံးဝင်သောပုံစံများ၊ မေးလေ့မေးထရှိသော မေးခွန်းများနှင့် အကြံပြုချက်များကိုပေးပါသည်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ဂျာမနီအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(GIZ)၏ နည်းပညာအကူအညီရယူ၍ ယခုလမ်းညွှန်စာအုပ် အသစ်အား ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနသည် ယခုလမ်းညွှန်စာအုပ်အပြင် DICA ၏ Website အသစ်နှင့် အခြားပုံနှိပ်ထုတ်ဝေခြင်းများဖြင့် ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ပါသည်။

ယခုလမ်းညွှန်စာအုပ်သည် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပြဌာန်းသည့်အချိန်၌ Update ပြုလုပ်မည်ဖြစ်ပါသည်။ အင်္ဂ္လိပ်ဘာသာ လမ်းညွှန်စာအုပ်နှင့် မြန်မာဘာသာ လမ်းညွှန်စာအုပ်အား ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ Website ဖြစ်သော http://www.dica.gov.mm ၌ Download ရယူနိုင်ပြီ ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာ လမ်းညွှန်စာအုပ် ရယူရန် Download

မြန်မာဘာသာ လမ်းညွှန်စာအုပ် ရယူရန် Download


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!