Popular Posts!

Thursday, April 17, 2014

အကောက်ခွန်လွတ်အရောင်းဆိုင်(Duty Free Shop) ဖွင့်လှစ်ထားသူများ နှင့် ဖွင့်လှစ်ခွင့် လျှောက်ထားလိုသူများသိသာရန်


ရက်စွဲ၊ ၁၉-၃-၂၀၁၄
၁။     ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် အကောက်ခွန်လွတ်အရောင်းဆိုင် (Duty Free Shop)များ ဖွင့်လှစ်ရောင်းချခွင့် လျှောက်ထားလာပါက သတ်မှတ်အထောက် အထားများ ပြည့်စုံစွာ တင်ပြနိုင်လျှင် အကောက်ခွန်လွတ်အရောင်းဆိုင်(Duty Free Shop) ဖွင့်လှစ်ရောင်းချ ခွင့်ပြုလက်မှတ်များ ခွင့်ပြုထုတ်ပေးသွားမည် ဖြစ်ပါသည်။
၂။     ပူးတွဲတင်ပြရမည့် အထောက်အထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
        (က)  ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(ရောင်းဝယ်ရေးလုပ်ငန်း)
        (ခ)    ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်
        (ဂ)    ပို့ဆောင်ရေးဝန်ကြီးဌာနမှ  တာဝန်သတ်မှတ်ထားသော  ဌာန၏  ဆိုင်ခန်း
ဖွင့်လှစ်ခွင့်ပြုကြောင်း ထောက်ခံချက်
        (ဃ)  အကောက်ခွန်ဦးစီးဌာနမှ   အာမခံသိုလှောင်ရုံ    Bonded Warehouse
ထားရှိ ဆောင်ရွက်ခွင့်လိုင်စင်
        (င)    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လက်မှတ်
        (စ)    ဖွင့်လှစ်မည့်ဆိုင်တည်နေရာပြ Layout Plan
၃။     ယခင် ကုန်သွယ်မှုမူဝါဒ ကောင်စီကာလ အကောက်ခွန်လွတ်အရောင်းဆိုင် (Duty Free Shop) ဖွင့်လှစ်ခွင့် ရရှိပြီးသော ကုမ္ပဏီများအနေဖြင့်လည်း ယခု ခွင့်ပြုထုတ်ပေးမည့် အကောက်ခွန်လွတ်အရောင်းဆိုင် (Duty Free Shop) ဖွင့်လှစ် ရောင်းချခွင့်အား အထောက်အထားများ ပူးတွဲတင်ပြပြီး ပြန်လည်လျှောက်ထားရန်နှင့် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၃၀ ရက် နေ့မတိုင်မီ လာရောက်လျှောက်ထားခြင်းမပြုပါက ကုန်သွယ်မှုမူဝါဒ ကောင်စီကာလက ရရှိထားသာ ခွင့်ပြုချက်များမှာ အလိုအလျောက် ပျက်ပျယ်မည် ဖြစ်ပါသည်။
၎။     အကောက်ခွန်လွတ်အရောင်းဆိုင်(Duty Free Shop)များ ဖွင့်လှစ်ရာတွင် မှတ်ပုံတင်ကြေး၊ သက်တမ်းတိုးကြေး၊ ဒဏ်ကြေးစသည်တို့အား ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အတိုင်း ကောက်ခံသွားမည် ဖြစ်ပါသည်။

ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!