သည်းခြေကျောက်တည် ရောဂါသည် အမျိုသားများထက် အသက် ၄ဝ ကျော်အမျိုးသမီးများတွင် ပိုအဖြစ်များကြောင်း ဒေါက်တာခင်မောင်လွင်၏ သည်းခြေကျောက် တည်ရောဂါနှင့် သဘာဝ ဆေးပညာအကြောင်း ဟောပြောပွဲ မှသိရသည်။
”အသက် ၄ဝကျော်ရင် အမျိုးသားတွေက ၈ ရာခိုင်နှုန်းဖြစ်တယ်။ အမျိုးသမီးတွေကတော့ ၂ဝ ရာခိုင် နှုန်းဖြစ်တယ်။ အသက်ကြီးလေ ဖြစ်တဲ့နှုန်းပိုများလေပဲ”ဟု ဒေါက်တာခင်မောင်လွင်က ပြောသည်။
"သည်းခြေရည်ထဲတွင်ရှိသော အဆီဓာတ်များ၊ ဘီလီရူဗင်ခေါ် ရောင်ခြယ်ပစ္စည်းများ၊ ကယ်လ်ဆီ ယမ်၊ သံဓာတ်၊ ကြေးနီဓာတ်နှင့် သတ္တုဓာတ်များမှာ လိုအပ်သည် ထက် ပိုများလာပါက ဆက်လက် ပျော်ဝင်နိုင်မှုမရှိဘဲ အနည်အဖြစ်ကျလာကာ အမှုန်၊ အဖတ်လေးများက ကျစ်လျစ်သိပ်သည်းလာပြီး ကျောက်ကဲ့သို့ မာကျောလာကာ သည်း ခြေ ကျောက်ရောဂါ ဖြစ်ရခြင်းပင်ဖြစ်ကြောင်း သိရသည်။"
”သည်းခြေကျောက်အမျိုးအစားက အဓိကအားဖြင့် နှစ်မျိုးရှိတယ်။ ကိုလက်စထရောကျောက်နဲ့ ရောင်ခြယ်ကျောက်တို့ဖြစ်တယ်။ ကိုလက်စထရော ကျောက်တည်တာ က လူလတ်ပိုင်းတွေမှာ ဖြစ်တာများပြီး အဆီစားများသူတွေ၊ ဆီကြော်စားတဲ့သူတွေမှာ ဖြစ်တယ်။ အသက် ၄ဝ ဝန်းကျင်မှာဖြစ်လေ့ရှိပြီး သည်း ခြေကျောက်တည်ရောဂါရဲ့ ၈ဝ ရာ ခိုင်နှုန်းဟာကိုလက်စထရောကျောက် တွေဖြစ်တယ်။ ရောင်ခြယ်ကျောက်ကတော့ လူကြီးပိုင်းမှာ ပိုအဖြစ်များပြီး ကျောက်တည်သူအားလုံးရဲ့ ၂ဝ ရာခိုင်နှုန်းဖြစ်ပွား တတ်တယ်” ဟု ၄င်းကထပ်လောင်း ပြောသည်။
ယင်းရောဂါသည် အသက် ၅ဝ အရွယ်အမျိုးသမီးလေးဦးမှာ တစ်ဦး၊ အသက် ၇၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦးမှာ တစ်ဦးဖြစ်ပွား လေ့ရှိကြောင်း သိရသည်။
”ဒီရောဂါဟာ မျိုးရိုးဗီဇနဲ့လည်း ဆက်နွှယ်မှုရှိတယ်။ ကိုယ့်မိဘ ဆွေမျိုးအရင်းအချာမှာဖြစ်ရင် ကိုယ့်မှာလည်း ဖြစ်နိုင်တယ်။ အဆီစား သုံးမှုများတဲ့ လူတွေမှာဖြစ်တာပို တွေ့ရတယ်။ သွေးဆုံးတဲ့အမျိုးသမီးတွေမှာ ဖြစ်ဖို့များသလို HRT လို့ ခေါ်တဲ့ဟော်မုန်းဖြည့်ဆေးတွေ၊ ရင်သားကင်ဆာ ကုသတဲ့ဆေးတွေကြောင့်လည်း ဖြစ်တတ်တယ်” ဟု ဒေါက်တာခင်မောင်လွင်က သည်းခြေကျောက်တည် ရောဂါနှင့်ပတ်သက်ပြီး ပြောကြားသည်။
ချစ်ဆုဆွေ-popularmyanmar
Popular Posts!
-
Do you dare smash your phone with a hammer? If you have this screen protector on, you'd probably won't either but this person did...
-
တရုတ်နှင့်မြန်မာလူကြီးတွေက အနောက်နိုင်ငံကြီးတွေကို နိုင်ငံရေးကစားကွက်လေး တအားလှ ပါတယ်ဗျ..... ဘယ်သူတွေ ဘာဖြစ်ကျန်ခဲ့မလဲတော့ မသိသေးပါဘူး...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ဒါက f lash drive s တွေနှင့် Window နှင့် MAC OSတွေကို တွဲသုံးချင်သူတွေတွက်ပါ... Format မတူတာကိုပြထားတာပါ.... NTFS vs FAT vs exFAT ...
-
တိဗက်၏ ကျင့်စဉ်တခုဖြစ်သည့် " တူနှစ်ကိုယ် ကျင့်စဉ် " နှင့်ပက်သက်ပြီး " ဒလိုင် လားမား " အပေါ် ဆန့်ကျင် ကန့်ကွက်မှုမ...
-
ဤစာမျက်နှာတွင် ရေးသားထားသော ဆေးဝါးများအကြောင်းသည်သူနာပြု၊ ဆေးမှူး၊ ဆေးခန်းလက်ထောက်၊ လူထု-ကျန်းမာရေး-လုပ်သားများ အတွက်နှင့် ဆရာဝန်မှဆေးညွှန်းလ...
-
WHY... ....????? မိန်းမတွေ ဘာကြောင့် ဖောက်ပြန်ကြသလဲ? လောကကြီးမှာ အမျိုးသားတွေချည်းပဲ ဖောက်ပြန်တတ...
-
... China began testing a new 350km/h Fuxing train on Friday. The new train is 415 meters long and has 16 carriages, making it twice as lo...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment