Posted by popularnews on Mar 30th, 2011
လူဦးရေထူထပ်ပြီး အဆောက်အအုံကြီးကြီးမားမားရှိသော မန္တလေး မှ ရန်ကုန်အထိ စစ်ကိုင်း ပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီး များတွင် နေထိုင်သော ပြည်သူများသည် ငလျင်အန္တရာယ်ကို ဂရုပြုသင့် သည်ဟု ငလျင်ကော်မတီအတွင်း ရေးမှူးဦးစိုးသူရထွန်းက ပြောသည်။
မန္တလေးမှ ရန်ကုန်အထိ စစ် ကိုင်းပြတ်ရွေ့တစ်ကြောရှိ ငလျင် အန္တရာယ်သတိပြုရမည့် မြို့ကြီးများ မှာ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ တောင်ငူ၊ နေပြည်တော်(ပျဉ်းမနား) ပဲခူး၊ မှော်ဘီ၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွနှင့် ရန်ကုန်မြို့တို့ ဖြစ်သည်။
မြန်မာနိုင်ငံရှိ ဒေသအားလုံးနီး ပါးသည် ငလျင်ဒဏ်ကို တိုက်ရိုက် ခံရသည့်နေရာနှင့် သွယ်ဝိုက်ခံရ သည့်နေရာများချည်းဖြစ်ကြောင်း ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီး နားမြို့၏ အနောက်ဘက် မိုင် ၂ဝ ခန့်နေရာမှ မုတ္တမပင်လယ်ထဲ အထိ ဖြတ်သန်းသွားသောစစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်နှင့် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းတွင် ငလျင်ကြီးများ လှုပ် ခဲ့ဖူးသလို ငလျင်ကြီးထပ်မံလှုပ်နိုင် ခြေလည်းရှိကြောင်း သိရသည်။
‘ငလျင်ကြီးတွေ လှုပ်တော့ မလားလို့မေးရင် ဖြစ်နိုင်ခြေရှိနေတာ အားလုံးပါပဲ။ ဘယ်တော့လှုပ်မယ် ဆိုတာ အတိအကျမသိနိုင်ဘူး။ ငလျင်ပမာဏဆိုတော့ အကြမ်းဖျင်း ပြောလို့တော့ရတယ်။ ပြတ်ရွေ့ အပိုင်းတစ်ပိုင်းဟာ ဥပမာ-အနှစ် ၂ဝဝမှာ ဒီလောက်ပမာဏလှုပ်ဖူး တယ်ဆိုရင် တစ်ကျော့ပြန်မလှုပ်တာ နှစ်ကြာလေ ငလျင်ကြီးတွေ လှုပ် ခတ်နိုင်လေပဲ။ စစ်ကိုင်းပြတ်ရွေ့ရဲ့ အပိုင်းတစ်ပိုင်းဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ဂွေးချိုပြတ်ရွေ့က ပုဂံနဲ့တောင်တွင်းကြီးဘက်တွေမှာ ငလျင်ကြီးတွေ လှုပ်ခဲ့ဖူးတဲ့ မှတ်တမ်းတွေရှိတယ်’ဟု ၄င်းကပြော သည်။
၂ဝဝ၄ ခုနှစ် အင်ဒိုနီးရှား ငလျင်ကြီးဖြစ်ပွားပြီး နောက်ပိုင်း တွင် မန္တလေးအနီးတစ်ဝိုက်၌ ရက် အနည်းငယ်အတွင်း ငလျင်ငယ်အ ကြိမ်၃ဝခန့် လှုပ်ခဲ့ဖူးသလို ရှမ်းပြည် နယ်၊ နမ့်ဆမ်ဘက်တွင်လည်း ရက် အနည်းငယ်အတွင်း အကြိမ်၁ဝဝ ကျော် လှုပ်ခဲ့ဖူးသည်။
တာချီလိတ်တွင်မူ ငလျင်ကြီး ဆက်၍ လှုပ်မည့်အခြေအနေမရှိ တော့ကြောင်း ရစ်ချတာစကေး ၆ ဒသမ ၈ ဖြင့် မကြာသေးမီက လှုပ် သွားခဲ့သော ယခုငလျင်မှာ ယင်း ဒေသတွင်း လှုပ်ခဲ့သမျှတွင် ပမာဏ အကြီးဆုံးဖြစ်ကြောင်း တာချီလိတ် ဘက်တွင် လှုပ်သည့် ငလျင်ပြတ် ရွေ့ ကြောအပိုင်းနှင့် စစ်ကိုင်းပြတ် ရွေ့မှာ ဆက်စပ်မှုမရှိသောကြောင့် သက်ရောက်မှု မရှိကြောင်း ဦးစိုးသူရထွန်းက ပြောသည်။
”ပဲခူးနဲ့ခရမ်းသုံးခွက စစ်ကိုင်း ပြတ်ရွေ့ထဲမှာပါတယ်။ တာချီလိတ် နဲ့ ဆက်စပ်မှုမရှိဘူးဆိုပေမယ့် အဲဒီ နေရာမှာ ၁၉၃ဝက ငလျင်ကြီး နောက်ဆုံးလှုပ်သွားခဲ့တယ်။ အဲဒီ လိုဆိုတော့ ငလျင်ကြီးမလှုပ်တာနှစ် ပေါင်း ၈ဝ ကျော်နေပြီပေါ့။ နှစ် ၈ဝကျော်ပြီဆိုတော့ အင်အားတွေစု နေတဲ့သဘောမျိုးဖြစ်တယ်။ ပမာဏ တစ်ခုခုနဲ့ လှုပ်မယ်ဆို လှုပ်မယ့် အခြေအနေရှိနေတယ်ဆိုတာ သတိ ထားသင့်ပါတယ်” ဟု ၄င်းကထပ် လောင်းပြောသည်။
နေရာဒေသတစ်ခုတည်းမှာ ငလျင်ငယ်များ ဆက်တိုက် လှုပ်နေပြီဆိုလျှင် ငလျင်ကြီးလှုပ်နိုင် မည့် အခြေအနေရှိသည်ဟု တွက် ဆနိုင်ကြောင်း ဂျပန်တွင်ငလျင်ကြီး မလှုပ်မီ ရစ်ချတာ ၆ ရှိသော ငလျင်နှင့် ၇ခန့်ရှိသော ငလျင်လှုပ် သွားခဲ့ကြောင်း၊ ဂျပန်နိုင်ငံသည် ပစိ ဖိတ်ပတ်လည် ငလျင်ကြောတွင် တည်ရှိနေပြီး မြန်မာနိုင်ငံမှာ အယ် ပိုက်ငလျင်ကြော၌ တည်ရှိနေသည့် အပြင် ၄င်းတို့နှစ်ခုကြားတွင် ပြတ် ရွေ့များနှင့် မြေထုချပ်အနားစွန်းများ စွာခံနေကြောင်း သိရသည်။
ဂျပန်ငလျင်နှင့် လွယ်မွေဖြစ် စဉ်မှာ တစ်လထဲတွင် ဖြစ်ခဲ့သော် လည်း တိုက်ရိုက်အားဖြင့် ဆက်စပ် မှုမရှိသလို သွယ်ဝိုက်ဆက်စပ်မှုရှိ သည်ဟုလည်း မထင်ကြောင်း ¤င်း က ဆက်လက်ပြောသည်။
”ငလျင်လှုပ်မယ်ဆိုတာ ကြို တင် သိနိုင်ဖို့ တစ်ကမ္ဘာလုံးကပညာ ရှင်တွေ လေ့လာနေဆဲပါပဲ။ တိရ စ္ဆာန်တွေရဲ့ အပြုအမှုကိုကြည့်ပြီး သိ နိုင်တယ်တို့၊ တောလဲသံတွေကိုကြို ပြီးကြားရတယ်တို့၊ ရေထဲကနေ ဘာတွန်လို့ခေါ်တဲ့ ဓာတ်ငွေ့တွေ ထွက်လာတယ်တို့ပေါ့။ တိရစ္ဆာန် တွေက လှိုင်းတွေကိုကြိုတင်ခံစား ပြီး သိနိုင်တယ်ဆိုတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ မသေချာဘူး။ အမြဲမမှန်ဘူး။ ဒီလိုနည်း အမျိုးမျိုးနဲ့လေ့လာပြီး ငလျင်ကြီးအချို့ကို ကြိုတင်သိခဲ့ ကြဖူးတယ်။ ဥပမာ တရုတ်မှာ င လျင်ကြီးတစ်ခုလှုပ်မယ်ဆိုတာ ကြို သိလိုက်လို့ အများကြီးသက်သာ သွားတယ်။ နောက်တစ်နှစ်လည်း ကျရော ဘာအချက်အလက်မှ ကြို တင်မရဘဲ လှုပ်လို့ လူတွေအများ ကြီး သေခဲ့ဖူးတယ်”ဟု ဦးစိုးသူရ ထွန်းက ပြောသည်။
ယခု လွယ်မွေဖြစ်စဉ်မှာ မတ် လ ၂၄ရက် ည၈နာရီခွဲအချိန်ခန့် တွင် ကျိုင်းတုံမြို့မှ အရှေ့တောင် ဖက် ၃၅မိုင်ခန့်အကွာ လွယ်မွေမြို့ အနီး မြေအောက်၆ဒသမ၄မိုင် အနက်နေရာကို ဗဟိုပြု၍ အင်အား ရစ်ချတာစကေး ၇ အဆင့်ရှိ မြေ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယင်းငလျင်ကြောင့် တာချီ လိတ်မြို့နှင့် တာလေမြို့အပါအဝင် ကျေးရွာအချို့ဝယ် ပျက်စီးဆုံးရှုံးမှု များ၊ သေဆုံးဒဏ်ရာရမှုများ ဖြစ် ပွားခဲ့သည်။
ထိုသို့ ပျက်စီးဆုံးရှုံးသည်များ အနက် ကျိုင်းတုံ-တာချီလိတ်ပြည် ထောင်စုလမ်းမကြီး၊ တာချီလိတ်- တာလေလမ်းနှင့် တာလေတံတား တို့ကို သက်ဆိုင်ရာမှ ရှင်းလင်းပြု ပြင်နေပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် ငလျင်ဒဏ်သင့် ပြည်သူများအား ဆေးဝါးကုသပေး ခြင်း၊ ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများကိုလည်း အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက် ရေးဗဟိုကော်မတီအပါအဝင် သက် ဆိုင်ရာအဖွဲ့အစည်းများနှင့် NGOအချို့တို့ကပါ ဝိုင်းဝန်းပံ့ပိုးကူညီလျက် ရှိကြကြောင်း သိရသည်။
အောင်ရဲကျော်-
Ref:populamyanmar
Popular Posts!
-
Rare Earth Elements ဆိုသည်မှာ Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စ...
-
Credit@ KoNge ဒီနှိုင်းယှဉ်ချက်ကိုကြည့်ပြီး စကာင်္ပူမှာဆက်နေသင့်လား မနေသင့်ဘူးလား! ပြည်တော်ပြန်သင့်ပြီလား? အမှန်တကယ် ရန်ကုန်မှာ ...
-
ကမ္ဘာနိုင်ငံကြီးတွေမှာ သဘာဝထုန်ကုန်တွေ ဈေးကြီးပေးဝယ်နေချိန်မှာ.... အမိနိုင်ငံကလဲ တပိုင်တနိုင်မိမိဒေသ သဘာဝထုန်ကုန်တွေ ရိုးရာ ခေတ်မှီနည်...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေ...
-
နွားကျောင်းသား (Friend Ever) ဧပြီ ၁၈၊ ၂၀၁၂ (ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားမ...
-
Sunday, March 25, 2012 Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်န...
-
ယနေ့ Park Royal ဟိုတယ်မှာ ပြသခွင့်မရခဲ့တဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များမှတ်တမ်း ( Jade and the Generals) ရဲ့ Trailer Video Files ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment