Popular Posts!

Friday, April 1, 2011

ဖူကူရှီးမား၏ ပတ်ဝန်းကျင်ပင်လယ်ရေ အနုမြူသတ္တိကြွမှု တိုးများလာခြင်း


Thursday, 31 March 2011 19:00 |
နျူကလီးယား လုံခြုံမှုအေဂျင်စီ အရာရှိ ဟီဒီဟီကို နီရှီယာမ သတင်းစာဆရာ များအား ရှင်းလင်းချက် ထုတ်ပြန်စဉ်

ဂျပန်နိုင်ငံ၏ ဖူကူရှီးမား၏ ငလျင်နှင့် ဆူနာမီ ရေလှိုင်းဒဏ်ခံလိုက်ရသော အနုမြူစွမ်းအင် သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေတွင် အနုမြူသတ္တိကြွမှု မူလအစီရင်ခံချက် များထက် များနေသည်ဟု သိရသည်။

ဖူကူရှီးမား ဒိုင်အိချိ (Fukushima Daiichi) စက်ရုံ၏ အမှတ် (၁) ဓာတ်ပေါင်းဖိုအနီးရှိ ရေတွင် အနုမြူသတ္တိကြွ အိုင်အိုဒင်းသည် တရားဝင်ခွင့်ပြုနှုန်းထက် ၃၃၅၅ ဆများနေသည်ဟု ဂျပန်နိုင်ငံ၏ နျူကလီးယား လုံခြုံမှုအေဂျင်စီ (Japan's nuclear safety agency) မှ ပြောသည်။

ယခင်တိုင်းထွာမှုများတွင် အနုမြူသတ္တိကြွ အိုင်အိုဒင်းသည် သတ်မှတ်နှုန်းထက် ၁၈၅၀ ဆပိုများသည်ဟု ဖော်ပြသည်။ ဖူကူရှီးမား စက်ရုံလုပ်ငန်းများအား လက်ခံ ဆောင်ရွက် နေသော တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီ (Tepco) ၏ အကြီးအကဲ (President) ဖြစ်သူ မာဆာတာကာ ရှီမီဇူ (Masataka Shimizu) သည် ဆေးရုံတင်ထားရသည်။ မစ္စတာ ရှီမီဇူ (Mr. Shimizu) သည် သွေးတိုးနှင့် မူးဝေခြင်းတို့အတွက် ဆေးကုသမှုခံယူနေသည်ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက အစီရင်ခံသည်။

မတ်လ ၁၁ ရက်နေ့ ငလျင်နှင့် ဆူနာမီရေလှိုင်းကြောင့် ဖူကူရှီးမား စက်ရုံတွင် ထိခိုက် ပျက်စီးမှု ဖြစ်ပြီးနောက်ပိုင်းတွင် မစ္စတာ ရှီမီဇူအား အများပြည်သူရှေ့တွင် မတွေ့ရ သလောက် ဖြစ်သည်။

အိုင်အိုဒင်း ၁၃၁ (iodine 131) သည် သက်တမ်းဝက် (half-live) ၈ ရက်သာရှိရာ ရေသတ္တဝါများတွင် ပါဝင်မှုနှုန်းများသော်လည်း လူများနှင့် ထိတွေ့သော အချိန်သို့ ရောက်သောအခါ သိသိသာသာ အားပြယ်သွားပြီးဖြစ်သည်ဟု ဂျပန်နိုင်ငံ နျူကလီးယား လုံခြုံမှု အေဂျင်စီမှ ဒုတိယ ညွှန်ကြားရေးမှူး ဟီဒီဟီုကို နီရှီယာမ (Hidehiko Nishiyama) က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အနုမြူ သတ္တိကြွသောပစ္စည်းများအား တိုင်းထွာရာတွင် သက်တမ်းဝက် (half-live) အား အသုံးပြုသည်။ ၎င်းမှာ သဘာဝအလျောက် အနုမြူသတ္တိကြွမှု၏ တစ်ဝက်အထိ ကျဆင်း သွားရန် ကြာသောအချိန် ဖြစ်သည်။

အနုမြူသတ္တိကြွပစ္စည်းများ၏ သက်တမ်းဝက်မှာ တစ်စက္ကန့်၏ အစိတ်အပိုင်းမှ နှစ်သန်း ပေါင်းထောင်နှင့် ချီ၍ရှိနိုင်သည်။ ၁၉၈၆ ခုနှစ် ချာနိုဘိုင်း (Chernobyl) နျူကလီးယား အန္တရာယ်ကျရောက်ပြီးနောက် အနုမြူသတ္တိကြွမှုဒဏ်ခံရသော ကလေးများတွင် လည်ပင်း တွင်းရှိ သိုင်းရွိုက်ကင်ဆာ (thyroid cancer) ဖြစ်ကြရာ အိုင်အိုဒင်း ၁၃၁ (iodine 131) ကြောင့်ဟု ယူဆကြသည်။

စက်ရုံအနီးပတ်ဝန်းကျင်ရှိ မြေသားမှ ပလူတိုနီယမ် (plutonium) အနည်းငယ် တွေ့ရှိရာ ဓာတ်ပေါင်းဖိုတခုတွင် အရည်ပျော်ကျမှု တစိတ်တဒေသ (Partial Meltdown) ဖြစ်ကြောင်း ညွှန်ပြသည့်သဘောဖြစ်သည်။

တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီ (Tepco) အား သတင်းအချက်အလက်များ အချိန်မီ ထုတ်ပြန်ခြင်း မရှိခြင်းနှင့် ပွင့်လင်းမှုမရှိခြင်း တို့ကြောင့် အပြစ်တင်ခံနေရသည်။ အနုမြူ သတ္တိကြွမှု ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် မှားယွင်းမှုတို့ကြောင့် ပြင်းထန်စွာ ကဲ့ရဲ့ ပြစ်တင်ခံနေရသည်။

Ref: Internet
Japan nuclear: Fukushima seawater radioactivity 'rises' (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)



- Posted using BlogPress from my 4GiPhone

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!