Sunday, 10 April 2011 19:00
အလုပ်ကိစ္စ၊ လှုမှုရေးကိစ္စတွေနဲ့ အိမ်ထောင်တာဝန်တွေကြားမှာ ဟန်ချက်ညီအောင်ကြိုးစားရင်း တစ်ခါတစ်ရံမှာ အမျိုးသားတွေဟာ စိတ်ဓာတ်ကျဝေဒနာ ခံစားရတက်ပါတယ်။
စိတ်ဓာတ်ကျဝေဒနာကြောင့် ဘဝခရီးလမ်းကို ရှေ့ဆက် မလျှောက်လှမ်းချင် လောက်အောင် ခံစားရပြီဆိုရင် အရှုံးတွေနဲ့ ချည်း ဆက်လက်ကြုံတွေ့ရပါလိမ့်မယ်။ ဒါကြောင့် အမျိုးသားတွေ စိတ်ဓာတ်တက်ကြွနိုင်စေမယ့် လွယ်ကူတဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပင်လယ်စာ စားပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ?
ပင်လယ်စာမှာ အိုမီဂါသရီး ဖက်တီးအက်စစ် အမျိုးအစား နှစ်မျိုးဖြစ်တဲ့ EPA နဲ့ DHA များစွာ ပါဝင်ပါတယ်။ တကယ်လို့ ငါးမစားဘူးဆိုရင် စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်သောကနဲ့ ဝမ်းနည်းပူဆွေးမှုတွေကို ပိုပြီး ခံစားရတက်ပါတယ်။
ဒါကိုလုပ်ပါ
ဆဲလ်မွန်ငါး ဒါမှမဟုတ် မက်ကရယ်ငါးစတဲ့ ရေအေးငါးတွေကို တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်စားပါ။ တကယ်လို့ ငါးမစားဖြစ်ဘူးဆိုရင် EPA နဲ့ DHA ပါဝင်တဲ့ အားဖြည့်ဆေး မှီဝဲပါ။ ရှစ် ပတ်ကနေ ၁၂ ပတ်ကြာမှ အာနိသင်ပြတတ်တဲ့အတွက် စိတ်ရှည်ရှည် ထားဖို့တော့ လိုအပ်ပါတယ်။
(၂) ရနံ့သင်းပျံ့အောင် ပြုလုပ်ပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ?
အမျိုးသားတွေမှာ နှာခေါင်းကတစ်ဆင့်ရရှိတဲ့ သင်းပျံတဲ့ ရနံ့ကြောင့် စိတ်ခံစားမှု ကောင်းမွန်ခြင်းဟာ နှလုံးဆီကို ရောက်ရှိသွားပါတယ်။ သုတေသနတစ်ခုအရ လိမ္မော်ရနံ့ ဒါမှမဟုတ် လာဗာဒါရနံ့ရှိတဲ့ အခန်းထဲမှာ ထိုင်တဲ့ အမျိုးသားတွေဟာ စိတ်ပူပန်မှုနည်းပြီး စိတ်ခံစားချက် ကောင်းမွန်မှုရှိကြောင်း သိရပါတယ်။
ဒါကိုလုပ်ပါ
ကားမောင်းတဲ့အချိန်မှာ ကားထဲမှာ ရနံ့သင်းပျံ့စေတဲ့ ပန်း ဒါမှမဟုတ် Air Freshener ထားရှိပါ။
(၃) ရည်မှန်းချက်ကြီးကြီးထားပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ?
ဘဝမှာ မျှော်မှန်းချက် ကြီးကြီးထားရှိတာက တော်ရုံစိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစေပါတယ်။ ဒါက ၂၀၀၆ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သုတေသနအရ သိရတာဖြစ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်ထားရှိတာဟာ အောင်မြင်မှုရဲ့ အစဦးခြေလှမ်းဖြစ်သလို သင့်ကိုယ်တိုင်နဲ့ သင့်ဘဝအတွက် အကောင်းမြင်ချစ်ခင်စိတ် ဖြစ်တည်စေပါတယ်။
ဒါကိုလုပ်ပါ
ဖြစ်နိုင်ခြေရှိတဲ့ ခိုင်မာတဲ့ ရည်မှန်းချက်တွေကို ထားရှိပြီး မဖြစ်မနေ ကြိုးစားမယ်ဆိုတဲ့ စိတ်ခွန်အားမွေးပါ။ ဥပမာအနေနဲ့ ပြောရရင် ကိုယ်အလေးချိန် ၁၀ ပေါင်ကျချင်ပါက တစ်ပတ်မှာ သုံးကြိမ် အားကစားခန်းမမှာ ကစားဖို့ လိုပါတယ်။ တကယ်လို့ မကစားဖြစ်ရင် ညစာမှာ ကစီဓာတ်ကို လုံးဝရှောင်လိုက်ပါ။ ချမှတ်ထားတဲ့ ပန်းတိုင်အတိုင်း ရောက်ရှိသွားပြီ ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဆုချီးမြှင့်ပါ။
(၄) နွားနို့သောက်ပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ?
နွားနို့ထဲမှာ အများအပြားပါဝင်တဲ့ အမိုင်နိုအက်စစ် Tryptophan ဟာ စိတ်ခံစားချက် ကောင်းစေပါတယ်။ သင့်ခန္ဓာကိုယ်က Tryptophan ကို မထုတ်လုပ်နိုင်ပါဘူး။ နွားနို့လို အစားအသောက်ကသာ ရရှိနိုင်ပါတယ်။
ဒါကိုလုပ်ပါ
တစ်နေ့မှာ နို့တစ်ဖန်ခွက်သောက်ပါ။ နို့တစ်ဖန်ခွက်ကို ပရိုတင်းဓာတ်ပေါကြွယ်ဝတဲ့ အစားအစာနဲ့ တွဲစားပေးရင် စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒိန်ချဉ်၊ ဒိန်ခဲ၊ ဥအမျိုးမျိုး၊ ငှက်ပျောသီး၊ မြေပဲစတာတွေဟာ နွားနို့နဲ့ တွဲစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဒီအစားအစာတွေကို နေ့စဉ် စားပေးရင် ဆီရိုတိုနင် ပမာဏမြင့်တက်ပြီး စိတ်ခံစားချက် ကောင်းစေပါလိမ့်မယ်။
(၅) ပြေးပါ
ဘယ်လိုအကျိုးကျေးဇူးရှိသလဲ?
အပြေးလေ့ကျင့်တဲ့သူတွေဟာ အထိုင်များတဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် စိတ်ဖိစီးမှုကို ၇၀ ရာခိုင်နှုန်း လျော့ကျစေပြီး ဘဝမှာ ပိုမိုနေပျော်ကာ ကျေနပ်တက်ကြပါတယ်လို့ အမျိုးသား ၁၂,၀၀၀ ကိုလေ့လာမှုတစ်ခုအရ သိရပါတယ်။ ပုံမှန်အားကစား ပြုလုပ်တာဟာ Adrenal Gland ရဲ့ လုပ်ဆောင်မှု တိုးမြင့်စေပြီး စိတ်ခံစားချက် ကောင်းစေတဲ့ ဟော်မုန်းတွေကို အထွက်များစေတာကြောင့်ပါ။
ဒါကိုလုပ်ပါ
တစ်နေ့မှာ နာရီဝက်လောက်ပြေးခြင်း၊ ခပ်မြန်မြန်လမ်းလျှောက်ခြင်း ဒါမှမဟုတ် နှလုံးသွေးကြော အားကောင်းစေမယ့် လေ့ကျင့်ခန်း တစ်မျိုးမျိုးကို တစ်ပတ်မှာ ငါးကြိမ်ပြုလုပ်ပေးပါ။
Ref: Good Health-myanmarnewswzone
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
-
We make tools Your make do! သူငယ်ချင်းတယောက်က သူဖုန်းလိုင်းသက်တန်းတိုး အသစ်ပြန်စာချုပ်ချုပ်ရတော့မှာမို့..... မူရင်းlock ပိတ်ထားတဲ့iphon...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment