မတ် ၃၀ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏မိန့်ခွန်းကောက်နှုတ်ချက်များ
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ပါးစပ်က ပြောနေရုံနဲ့ မရပါဘူး
တိုင်းရင်းသား စည်းလုံးညီညွတ် ရေးဆိုတာ ယခင်အတွေ့အကြုံများအရ ပါး စပ်ကပြောနေရုံနဲ့ မရပါဘူး။ စားပွဲမှာထိုင်ပြီး ဆွေးနွေးနေရုံနဲ့လဲ ဖြစ်မလာနိုင်ပါဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဲ့ အခြေခံ ဖြစ်တဲ့ စစ်မှန်တဲ့မျိုးချစ်စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားအောင် ဆောင်ရွက်သွားမှာဖြစ်။
ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်း လမ်းကျနစွာဖြင့် ရယူကြမယ်ဆိုရင်
မတူညီတဲ့သဘောထားအမြင် တွေ ရှိကြမှာဖြစ်သော်လဲ တိုင်းပြည်ရဲ့အကျိုး စီးပွားအတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမယ်၊ ဒီမိုကရေစီကျင့် စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ကြပြီး လုပ်ပိုင်ခွင့်အာဏာကို တရားနည်း လမ်းကျနစွာဖြင့် ရယူကြမယ်ဆိုရင် လူသာ ဓုခေါ်၊ နတ်သာဓုခေါ်ကြမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်း ရေးတံခါးကိုဖွင့်ထားပြီး လက်ကမ်းကြိုဆို နေမှာဖြစ်။
စက်မှုနိုင်ငံအဖြစ် ကူးပြောင်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်
စိုက်ပျိုးရေးနဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံ ဖြစ်မလာနိုင်တဲ့အတွက် ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံ၊ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ၊ အလုပ်အကိုင်ပေါများပြီး လူတစ်ဦးချင်းဝင် ငွေတွေ တိုးပွားတဲ့နိုင်ငံဖြစ်အောင် စက်မှုနိုင်ငံ ထူထောင်ရပါမယ်။ စိုက်ပျိုးရေးကဏ္ဍကို အရှိန်အဟုန်မပျက် ဆက်လက်တိုးတက် အောင် ဆောင်ရွက်ရင်း စက်မှုနိုင်ငံအဖြစ် ကူးပြောင်းနိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်။
နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်
နိုင်ငံတော်ကာကွယ်ရေးအင်အား၊ နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် ကမ္ဘာ့ အဆင့်မီ တပ်မတော်တစ်ရပ်ရှိဖို့ လိုအပ်ပါ တယ်။ လက်ရှိတပ်မတော်ကို အင်အား တောင့်တင်းတဲ့ တပ်မတော်၊ စွမ်းရည်ရှိတဲ့ တပ်မတော်၊ ခေတ်မီတဲ့တပ်မတော်၊ မျိုးချစ် စိတ်ထက်သန်တဲ့ တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းပြီး တည်ဆောက်ကြရပါမယ်။ နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသား တိုင်းမှာ တာဝန်ရှိ။
အသေးစားနဲ့အလတ်စားစီးပွားရေး လုပ်ငန်းများရှင်သန်ဖွံ့ဖြိုးရေးကိုလည်း အဘက်ဘက်က အားပေးကူညီဆောင်ရွက်
စီးပွားရေးလုပ်ငန်းစဉ်တွေရဲ့ အချုပ်ကတော့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ထွန်းလာအောင် ဆောင်ရွက်သွား ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ အဓိက အခန်းကဏ္ဍကပါဝင်တဲ့အသေးစားနဲ့အလတ် စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ ဖြိုးရေး ကိုလည်း အဘက်ဘက်က အားပေးကူညီ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အောက်ခြေ အထိ အကျိုးစီးပွားတွေ စီးဆင်းပျံ့နှံ့ခံစား နိုင်ပြီး ပြည်သူတစ်ရပ်လုံးရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားလာအောင် ရည်မှန်းကာ လိုအပ်တဲ့မူဝါဒတွေ၊ ဥပဒေတွေ ချမှတ်ပြ ဋ္ဌာန်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို အခြေခံပြီး ၀င်ရောက်ထိန်းကျောင်းမှုမျိုးသာ လုပ် သွား မှာဖြစ်တဲ့အပြင် တတ်နိုင်သမျှ ၀င်ရောက် စွက်ဖက်မှု၊ ထိန်းချုပ်မှု အနည်းဆုံးဖြစ်အောင် ရပ်တည် ဆောင်ရွက်သွားမှာဖြစ်။
ဆင်းရဲချမ်းသာကွာဟမှုလျှော့ချရေး၊ မြို့ပြကျေးလက်လူနေမှုအဆင့်ကွာဟမှု လျှော့ချရေးတို့ကို ထည့်သွင်းစဉ်းစား
ဆင်းရဲချမ်းသာကွာဟမှု လျှော့ချ ရေး၊ မြို့ပြကျေးလက် လူနေမှုအဆင့် ကွာဟ မှု လျှော့ချရေးတို့ကို ထည့်သွင်းစဉ်းစားပြီး သဟဇာတမျှတတဲ့ ဈေးကွက်စီးပွားရေးစနစ် ပေါ်ထွန်းလာအောင်လုပ်ဆောင်ဖို့လိုပါတယ်။ နိုင်ငံတော်မှာ လိုအပ်နေတဲ့အလုပ်အကိုင် အခွင့်အလမ်းများနဲ့ နည်းပညာ ကျွမ်းကျင်မှု များရရှိစေဖို့အတွက် ပြည်ပရင်းနှီးမြှုပ်နှံ မှုများ ပိုမိုဆွဲဆောင်ခြင်း၊ အထူးစီးပွားရေးဇုန် ဖော်ဆောင်ခြင်းများ ဆောင်ရွက်သွားမှာဖြစ် သလို ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင် များရဲ့ စက်မှုလုပ်ငန်းများ ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်နိုင်အောင်လဲ ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်။
အနိမ့်ဆုံးလစာသတ်မှတ်ချက်ကို လက်ရှိဖြစ်ပေါ်နေတဲ့လူနေမှုစရိတ်နဲ့ မျှတလိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်း အလုပ်သမားများနဲ့ တစ်နေ့စာ တစ်နေ့ ရှာဖွေစားကြရတဲ့ လက်လုပ်လက်စား သမားများအတွက်လဲ အဓိကအားဖြင့် အလုပ် အကိုင်အခွင့်အလမ်းပေါများရေး၊ ကုန်ဈေး နှုန်းတည်ငြိမ်ရေး၊ လုပ်ငန်းခွင် သက်သာ ချောင်ချိရေး၊ လူမှုဖူလုံရေးခံစားခွင့်များ ရရှိ ရေးတို့ကို ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့ အပြင် အခြားတစ်ဖက်ကလည်း အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို လက်ရှိဖြစ်ပေါ်နေတဲ့ လူ နေမှုစရိတ်နဲ့ မျှတလိုက်လျောညီထွေဖြစ် အောင် ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ပေးသွား မှာဖြစ်။
ပညာရေးကဏ္ဍကို နိုင်ငံတကာအဆင့်မီ မြင့်မားလာအောင် တိုးတက်မြှင့်တင် ဆောင်ရွက်ပေးသွားမှာဖြစ်
ပညာရေးကဏ္ဍကို နိုင်ငံတကာ အဆင့်မီ မြင့်မားလာအောင် တိုးတက်မြှင့် တင်ဆောင်ရွက်ပေးသွားမှာဖြစ်သလို လူ့စွမ်း အား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိုလဲ အလေးထားအားပေး ဆောင်ရွက်သွားရမှာ ပဲဖြစ်။
အခြေခံကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားဖို့ ရည်မှန်းထား
အနာဂတ်မှာ နိုင်ငံတော်၊ ပြည်သူ နဲ့ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင် တဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုကို ထူထောင်ပြီး အခြေခံကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် သွားဖို့ ရည်မှန်းထား။
လာဘ်ပေးလာဘ်ယူမှုဟာ လူတစ်ဦးချင်း ထိခိုက်စေသည်သာမက နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ပြည်သူရဲ့အကူအညီကိုရယူပြီး ထိရောက်စွာ တားဆီးသွားပါမယ်
ဥပဒေအရာမှာ နိုင်ငံသားအား လုံးတန်းတူ ခံစားခွင့်ရရှိအောင် အကာအကွယ် ပေးသွားမှာဖြစ်ပြီး တရားရေးမဏ္ဍိုင်ကိုလဲ ခိုင်ခံ့အောင် တည်ဆောက်ပေးသွားမှာ ဖြစ်ပါ တယ်။ လာဘ်ပေးလာဘ်ယူမှုဟာ လူတစ်ဦး ချင်း ထိခိုက်စေသည်သာမက နိုင်ငံနဲ့လူမျိုး ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ပြည်သူရဲ့ အကူအညီကိုရယူပြီး ထိရောက်စွာ တားဆီးသွားမှာဖြစ်။
တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းတည်းဟူသော လောက ပါလတရားများထွန်းကားတဲ့ဒီမိုကရေစီ နိုင်ငံတော်ကြီး ရေရှည်တည်တံ့
ရှင်သန်အောင် ကျွန်တော်တို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးပမ်း မြှင့်တင်စွမ်းဆောင်သွားပါမယ်
အစိုးရအုပ်ချုပ်ရေး ယန္တရားတစ် ခုလုံးကို ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ရင်း တစ်ဖက်က လဲ ခိုင်မာအားကောင်းတဲ့ အစိုးရတစ်ရပ် အဖြစ် ပိုင်ပိုင်နိုင်နိုင် ရပ်တည်သွားနိုင်အောင် နိုင်ငံနဲ့ပြည်သူရဲ့ အနာဂတ်ဘ၀သာယာ လှပ အောင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းတည်းဟူသော လောကပါလတရား များ ထွန်းကားတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ရေရှည် တည်တံ့ရှင်သန်အောင် ကျွန်တော်တို့ ကိုယ်စွမ်းÓဏ် စွမ်းရှိသမျှ ကြိုးပမ်းမြှင့်တင် စွမ်းဆောင်သွားမှာဖြစ်။
Ref:theyangontime
Popular Posts!
-
Hakka people https://en.wikipedia.org/wiki/Hakka_people တရုတ်ကြီး ဦးနေဝင်း၊ တရုတ်မြေး အေးနေဝင်း(မိဘဘိုးဘွား ဇာတိမှန်ကို ဖုံးကွယ်ခြင်းသ...
-
“ငါးကင်ဆာ” အလွန် ကြောက်စရာ ကောင်းလွန်းလို့.. အထူး အထူး သတိပေးချက် November 17, 2017 သမီးလေး ဖေဖေ 0 Comments ငါး အထူးသတိပေး...
-
Thursday, December 15, 2011 သွေးတိုး ရောဂါသည် တိတ်တစ်စိတ် လာ၍ လူကို သတ်နိုင်သော ရောဂါကြီး တစ်ခု ဖြစ်သော် လည်း ကမ္ဘာ့ လူသားများ ...
-
We make tools Your make do! Share Files from Mac OS X to Windows PC’s Easily If you have a mixed network of Mac and Windows P...
-
How To Spot A Fake Pair Of Vintage Levi's Jeans Often spotting a fake can be harder than it seems, but if you're equipped with so...
-
င်္ဒီ Ferrari ကားတိုက်မှုက အခုရက်ပိုင်းမှာ စကာင်္ပူကလူတော်တော်များမှာ ရေပန်းစား ပြောဆိုနေ တာတွေ လို့တင်ပေးလိုက်တယ်၊ ဘယ်လောက်ကြောက်ဖို့ကောင်းလဲလို...
-
ပြည်တွင်းရောက်နေပြီဖြစ်သည့် ဆင့်ပွားလူလိမ်ဂိုဏ်းများ 29 september 2014 Muti level marking ကိုစိတ်ဝင်စားသမားများ ဒါကိုဖတ်ကြည့်ပြီး...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment