ဂျပန်နှင့် မြန်မာတွင် ငလျင်ဘေးဒဏ်ခံစားရပြီးနောက် ကမ္ဘာတစ်လွှားတွင် ငလျင်နှင့်ပတ်သက်၍
လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့ရသည်။ ကမ္ဘာတစ်လွှားရှိ မည်သည့်နေရာများတွင် ငလျင်ဘေးဒဏ်ကို ထပ်မံတွေ့ကြုံ ခံစားရမလဲဟူ၍ စိုးရိမ်တွေးတောပူပန်လာခဲ့ကြသည်။ ငလျင်ဘေးဒဏ်နှင့်ပတ်သက်၍ တွေ့ကြုံခံစားရဖွယ် ရှိနေသော နေရာဒေသများကို ရှာဖွေလေ့လာမှတ်သားခဲ့သည်တို့မှ ပြန်လည်ဖော်ပြအပ်ပါသည်။
အင်ဒိုနီးရှား(မန်တာဝီကျွန်း)
၂၀၀၄ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းအနောက်ကမ်းခြေမှ ကမ်း လွန်ဒေသရှိ အင်ဒီးယန်း သမုဒ္ဒရာတွင် ၉ ဒသမ၁ပြင်းအားရှိ မြေငလျင် လှုပ်ခတ်မှု ကြောင့် ဆူနာမီလှိုင်းများကို ဖြစ်ပေါ်စေခဲ့ သည်။ ဆူနာမီဘေးဒဏ်ကြောင့် နိုင်ငံပေါင်း ၁၄နိုင်ငံမှ လူဦးရေ ၂၃၀ç၀၀၀ကို သေကျေ ပျက်စီးစေခဲ့သည်။ အင်ဒိုနီးရှားဆူနာမီမှာ အသေအပျောက် အများဆုံး သဘာဝဘေး ဒဏ်များထဲမှတစ်ခုဖြစ်ခဲ့သည်။ အလားတူ ပင် ၂၀၀၅ခုနှစ်ကလည်း ဆူမာတြားမြောက် ပိုင်း ငလျင်ဒဏ်ကြောင့် လူပေါင်း ၁ç၃၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ၂၀၀၇ခုနှစ်တွင် အင်ဒိုနီးရှားအစိုးရက သဘာဝဘေးဒဏ် စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအေဂျင်စီကို ထူထောင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် အင် ဒိုနီးရှားနိုင်ငံက ဆူနာမီသတိပေးစနစ်ကို စတင်ဆောင်ရွက်ခဲ့သည်။
ထိုသတိပေးစနစ်အရ ဆူနာမီလှိုင်းမကျ ရောက်မီ ခုနစ်မိနစ်ခန့်စော၍ ကြိုတင်သတိ ပေးနိုင်မည်ဖြစ်သည်။
အင်ဒိုနီးရှားသိပ္ပံတက္ကသိုလ်မှ ဒုတိယဥက္ကဋ္ဌပါမောက္ခ ဟီရီဟာဂျိုရိုက အင် ဒိုနီးရှားတွင် မြေငလျင်အကြီးအကျယ်လှုပ် ခတ်ဖွယ်ရာရှိနေရာဒေသကို ကြိုတင်ဟော ကိန်းထုတ်ခဲ့သည်။ သူဟောကိန်းထုတ်ခဲ့ သည့်နေရာမှာ မန်တာဝီကျွန်းဖြစ်ပြီး ပြင်း အား ၈ ပမာဏရှိမည်ဟုဆိုသည်။ မြေ ငလျင်လှုပ်ခတ်နိုင်မည်ကို သိသော်လည်း မည်သည့်အချိန်တွင်လှုပ်ခတ်မည်ကိုမူ မသိ သေးပါဟု ပါမောက္ခဟာဂျိုရိုကပြောကြား ခဲ့သည်။
အမေရိကန်ပြည်ထောင်စု
(ကယ်လီဖိုးနီးယား)
အမေရိကန်တွင် ငလျင် အကြီး အကျယ် လှုပ်ခတ်လာဖွယ်ရာရှိသည့်နိုင်ငံ မှာ ကယ်လီဖိုးနီးယားပြည်နယ်ဖြစ်သည်ဟု ဆိုသည်။ ကယ်လီဖိုးနီးယားသည် မြေငလျင် ကြောပေါ်တွင် တည်နေသည့်မြို့ဖြစ်သည်။ ၁၉၈၉နှင့် ၁၉၉၄ခုနှစ်များတွင် ဆန်ဖရန် စစ္စကိုနှင့် လော့စ်အိန်ဂျလိစ်တို့မှာ မြေငလျင် ဘေးဒဏ်ကိုအသီးသီးခံစားခဲ့ရသည်။ ၂၀၀၈ ခုနှစ်က အမေရိကန်ဘူမိဗေဒဆိုင်ရာ လေ့ လာဆန်းစစ်ရေးအဖွဲ့၏ ခန့်မှန်း ချက်အရ လာမည့်နှစ်၃၀အတွင်း ကယ်လီ ဖိုးနီးယားတွင် ပြင်းအား ၆ဒသမ၇ သို့မဟုတ် ထို့ထက်ပိုမိုပြင်းထန်သော မြေငလျင်လှုပ် ခတ်မှု ဖြစ်လာနိုင်သည့်အခွင့်အရေး ၉၉ ရာ ခိုင်နှုန်း သေချာကြောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ
တရုတ်နိုင်ငံအနောက်တောင် ပိုင်း စီချွမ်ခရိုင်တွင် လွန်ခဲ့သည့်သုံးနှစ်က မြေ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် မြေငလျင် လှုပ်ခတ်မည့်အရိပ်အယောင်များ ဆက်လက် ရှိနေသည်ဟု သိရသည်။ အာဏာပိုင်တို့က မူ မြေငလျင်နှင့်ပတ်သက်၍ မည်သည့်နေရာ မည့်သည့်အချိန်တွင်ဖြစ်ပေါ်မည်ကို အသေး စိတ် ကြိုတင်ပြောရန်မှာ ဖြစ်နိုင်ခြင်းမရှိဟု ဆိုသည်။ ကျွမ်းကျင်သူတို့က ငလျင်ဘေး ဒဏ်သင့်ခဲ့သော တိဗက်ကုန်းမြင့်ဒေသတွင် ပြင်းအား ၇ဒသမ၀ ပမာဏရှိ မြေငလျင် ထပ်မံလှုပ်ရှားလာဖွယ်ရာရှိနေသည်ဟု ကြို တင်ဟောကိန်းထုတ်ခဲ့ကြသည်။ အလားတူ ပင် Longmen Shani ငလျင်ပြတ်ရွေ့ကြော လှုပ်ရှားမှုကြောင့် ငလျင်ဗဟိုချက်ဒေသမှ ကီလိုမီတာ ၁၅၀မှ ၄၅၀အကွာရှိ စီအန်ရွှီ၊ ကွန်လုံနှင့် မင်ကျန်း ပြတ်ရွေ့ကြောများကို ပါ မငြိမ်မသက်ဖြစ်စေမည်ဖြစ်ကြောင်း ဘူမိ ရူပပညာရှင်များက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်
၂၀၀၄ခုနှစ် ဂျပန်နှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက် အရ ပြင်းအား ၇ဒသမ၂ရှိ မြေငလျင်သည် အနောက် မာရီကီနာတောင်ကြား ပြတ်ရွေ့ ကြောအတွင်း လှုပ်ခတ်ဖွယ်ရှိပြီး ထိုလှုပ် ခတ်မှုက မနီလာမြို့တော်ဒေသ၏ကျောရိုး တစ်လျှောက် ဖြစ်ပွားဖွယ်ရှိရာထိုဒေသရှိ လူနေအိမ်ခြေအဆောက်အအုံ ရာခိုင်နှုန်း ၄၀ကို ပျက်စီးစေဖွယ်ရှိသည်ဟုဆိုသည်။ မြေငလျင်ပညာရှင်တို့ကလည်း မနီလာမြို့ တော်အနေဖြင့် ကြီးမားသော မြေငလျင်လှုပ် ခတ်မှုနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထား ရမည့် အချိန်တန်နေပြီဖြစ်ကြောင်း ပြော ကြားခဲ့သည်။ မနီလာမြို့တော်မှာ ပြီးခဲ့သော ရာစုနှစ်များက ငလျင်ဒဏ်ကို အကြိမ်များ စွာ ခံစားခဲ့ရပြီး နောက်ဆုံး ငလျင်ဒဏ်ခံ စားခဲ့ရသည်မှာ ၁၈၆၃ခုနှစ်က ဖြစ်သည်။
တရုတ်(တိုင်ပေ)
တရုတ်(တိုင်ပေ) အရှေ့မြောက် ပိုင်းရှိ ပင်လယ်ကမ်းခြေစီရင်စုဒေသတွင် အိမ်ထောင်စုဝင်ပေါင်း ၁၅၀ç၀၀၀တို့အတွက် စားနပ်ရိက္ခာဝေစုများ၊ ရေသန့်ပုလင်းများ၊ လက်နှိပ်ဓာတ်မီးများနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်မည့်မြေပုံများနှင့်အတူ အရေး ပေါ်အသက်ကယ်ကိရိယာတန်ဆာပလာ များကို ဝေငှပေးထားခဲ့ကြောင်းသိရသည်။ တရုတ်(တိုင်ပေ)သည်Eurasian နှင့် Phillippine Sea ငလျင်ပြတ်ရွေ့ကြော အစွန်း ပေါ်တွင် တည်ရှိနေခြင်းဖြစ်ပြီး တစ်နှစ်လျှင် ငလျင်ဘေးဒဏ်အကြိမ်များစွာ တွေ့ကြုံခံ စားရသည့် နေရာဒေသဖြစ်သည်။ အချို့ ငလျင်များမှာ ပြင်းအား၅ဒသမ၀အောက် သာရှိသော်လည်း ၁၉၉၉ခုနှစ် စက်တင်ဘာ ၂၁ရက်က ပြင်းအား ၇ဒသမ၃ပမာဏရှိ ငလျင်ဒဏ်ကိုခံစားခဲ့ရပြီး လူပေါင်း ၂၄ç ၀၀၀ခန့် သေဆုံးခဲ့ရသည်။
လွန်ခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့ သော အစီရင်ခံစာတစ်ရပ်တွင် အမျိုးသား သိပ္ပံကောင်စီ၏ ထုတ်ဖော်ပြောဆိုမှုအရ လာမည့်နှစ်၅၀အတွင်း ချီယာယီကောင်တီ တွင် ၇ဒသမ၀ပြင်းအားရှိ ငလျင်လှုပ်ခတ် လာရန် ၄၅ရာခိုင်နှုန်းအနေအထားတွင်ရှိ ကြောင်းနှင့် ဆယ်စုနှစ်တစ်ခုအတွင်း ၉ဒသမ ၇၅ရာခိုင်နှုန်း ငလျင်လှုပ်ခတ်မည့် အလား အလာရှိနေသည်ဟုဆိုသည်။
Ref:theyangontime
Popular Posts!
-
Rare Earth Elements ဆိုသည်မှာ Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စ...
-
Credit@ KoNge ဒီနှိုင်းယှဉ်ချက်ကိုကြည့်ပြီး စကာင်္ပူမှာဆက်နေသင့်လား မနေသင့်ဘူးလား! ပြည်တော်ပြန်သင့်ပြီလား? အမှန်တကယ် ရန်ကုန်မှာ ...
-
ကမ္ဘာနိုင်ငံကြီးတွေမှာ သဘာဝထုန်ကုန်တွေ ဈေးကြီးပေးဝယ်နေချိန်မှာ.... အမိနိုင်ငံကလဲ တပိုင်တနိုင်မိမိဒေသ သဘာဝထုန်ကုန်တွေ ရိုးရာ ခေတ်မှီနည်...
-
မိမိရဲ့ဝတ်လ်ဆိုဒ် ဘလော့တန်ဖိုး ဘယ်လောက်တန်နေပြီလဲ ဆိုတာကိုတော့ဝတ်လ်ဒီဇိုင်းနာ၊ ဘလော့ဂါသမားတွေတိုင်း သိချင်ကျမှာပါနော်! ဒါတွေကို တွက်ချက်တဲ့...
-
ကိုယ့်ရဲ့ မြန်မာသက္ကရာဇ်ကို (၇) နဲ့ စားပြီး ကြွင်းသော ဂဏန်းသည် (၄) ဖြစ်ပါက (၄)ကြွင်းဖွားများဟု သတ်မှတ်ပါသည်။ မြန်မာသက္ကရာဇ်မသိပါက ကိုယ်မွေ...
-
နွားကျောင်းသား (Friend Ever) ဧပြီ ၁၈၊ ၂၀၁၂ (ယခုရေးသားလျက်ရှိသော မလေးရှားရှိအိမ်ဖော်၊ အိမ်အကူတို့၏ဘ၀ စာများ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားမ...
-
Sunday, March 25, 2012 Shampoo and Conditioner Alone Won't Give You Healthy Hair ဘယ်လောက် ကောင်းပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်န...
-
ယနေ့ Park Royal ဟိုတယ်မှာ ပြသခွင့်မရခဲ့တဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များမှတ်တမ်း ( Jade and the Generals) ရဲ့ Trailer Video Files ...
Subscribe to:
Post Comments (Atom)

No comments:
Post a Comment