Popular Posts!

Monday, September 12, 2011

ဘဏ်စာရင်းတွင် ဒေါ်လာတစ်သိန်း အထက်ရှိသည့် လုပ်ငန်းရှင်များနှင့် ဘဏ်စာရင်းတွင် ဒေါ်လာသုံးသောင်းစုဆောင်းထားသည့် နိုင်ငံရပ်ခြားတွင်အလုပ်လုပ်ကိုင်နေသူများ ကားတင်သွင်းခွင့်ရမည်

Sunday, 11 September 2011 11:52


ဘဏ်စာရင်းတွင် ဒေါ်လာတစ်သိန်း အထက်ရှိသည့် လုပ်ငန်းရှင်များနှင့် ဘဏ်စာရင်းတွင် ဒေါ်လာသုံးသောင်း စုဆောင်းထားသည့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင် နေသူများကို ကားတင်သွင်းခွင့် ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန အစည်းဝေးခန်းမတွင် မှတ်ပုံတင်သက်တမ်း ကြာမြင့်ယာဉ်များအား ပယ်ဖျက်ရေးနှင့် အစားထိုးယာဉ်တင်သွင်းရေးနှင့် သက်ဆိုင်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဝင်းသန်းမှ အထက်ပါအတိုင်း ပြောကြားခဲ့ပါသည်။

"ပို့ကုန်လုပ်ငန်းရှင်၊ ဟိုတယ်ခရီးသွားလာမှု လုပ်ငန်းလုပ်ကိုင်သူ၊ ရင်းနှီးမြှုပ်မှုလုပ်ငန်း လုပ်ကိုင်သူတွေ အနေနဲ့ဆိုရင်တော့ ကိုယ့် Account ထဲမှာ အမေရိကန်ဒေါ်လာ တစ်သိန်းနဲ့အထက်ပြနိုင်ရင် ကားတစ်စီး တင်သွင်းခွင့်ပေးမယ်။ နိုင်ငံခြားမှာ တရားဝင်သွားရောက် လုပ်ကိုင်တဲ့သူ၊ သင်္ဘောသားတွေ အနေနဲ့ကတော့ ကိုယ့် Account ထဲမှာ ဒေါ်လာသုံးသောင်း ပြသနိုင်ရင် ကားဝယ်ယူတင်သွင်းခွင့် ပါမစ်ပေးဖို့ စဉ်းစားဆွေးနွေးထား ပါတယ်။ တကယ်လို့ ကိုယ့် Account ထဲမှာ ကားဝယ်ဖို့အတွက် မလုံလောက်ဘူးဆိုရင် အခြား Account ထဲက ပြောင်းထည့်ပြီးလည်း ၀ယ်လို့ရပါတယ်။ ကားအဟောင်းပ ယ်ဖျက်ပြီး ကားသစ်သွင်းမယ့်သူတွေကိုလည်း ဘဏ် Account လုပ်ပေးပါမယ်။ သူတို့တွေအနေနဲ့လည်း အခြား Account ထဲကနေ ပြောင်းယူလို့ရပါတယ်။ ကားဝယ်ဖို့ ပေးသွင်းခြင်းဆိုပြီး ငွေလွှဲပေးလို့ရပါတယ်" ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားခဲ့ပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် သင်္ဘောသားဦးရေ ၇၀၀၀၀ ကျော် ရှိပြီး နိုင်ငံရပ်ခြားတွင် လုပ်ကိုင်နေသည့် သင်္ဘောသားဦးရေမှာ ၂၅၀၀၀ ၀န်းကျင်ရှိကြောင်း၊ သက်ဆိုင်ရာဘဏ်တွင် Account ဖွင့်ထားသူမှာ ၉၂ ဦးသာ ရှိကြောင်းလည်း သိရသည်။

Ref:weeklyeleven

(ကားအဟောင်းတစီး U$ 100,000 = ဒီမှာတင် သိန်း၇၅၀ရှိနေပြီ) ပါမစ် + ကားတန်ဖိုး = ? ကျပ်


= ?


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!