ရန်ကုန် စက်တင်ဘာ ၁၅
လယ်မြေသိမ်းယူခြင်း ခံထားရသည့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ လယ်သမားများသည် ယနေ့မနက် ၁ဝ နာရီခန့် က ပုသိမ်မြို့ပေါ်တွင် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြကြောင်း ပုသိမ်မြို့ခံ တစ်ဦးထံမှ သိရှိရသည်။
ဆန္ဒပြ လယ်သမား အယောက် တစ်ရာခန့်သည် ပုသိမ် ကမ်းနားလမ်း တစ်လျှောက် တန်းစီ လမ်းလျှောက်လာကြပြီး နာရီစင် အနီးတွင်ရှိသည့် တိုင်းအုပ်ချုပ်ရေးမှူး ရုံး (ယခင် တယက) ရုံးရှေ့တွင် နာရီဝက်ခန့်ကြာ ထိုင်ပြီး ငြိမ်သက်စွာ ဆန္ဒပြခဲ့ ကြသည်ဟုလည်း အဆိုပါ ဒေသခံ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ယင်းနောက် မကြာမီ လယ်သမားများသည် ရွှေမောဓော ဘုရားပေါ်သို့ ရောက်ရှိလာကြပြီး ကြွေးကြော်သံများ၊ အော်ဟစ်ခြင်း၊ ဆူပူခြင်း မရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည်ကို တွေ့မြင်ရသည်ဟုလည်း ၎င်းတို့က ပြောကြားသည်။
အဆိုပါ လယ်သမားများသည် ပုသိမ်နှင့် မိုင် ၃ဝ ကျော် ဝေးသည့် ငွေဆောင်နှင့် ချောင်းသာ ကြားတွင် တည်ရှိသော သဇင်ရွာမှဖြစ်ပြီး အစိုးရ၏ ငွေဆောင် လေယာဉ်ကွင်း စီမံကိန်း အပါအဝင် အခြား စီမံကိန်းဒေသတွင်း လယ်မြေများ သိမ်းပိုက်ခြင်း ခံခဲ့ရသောကြောင့် လာရောက် ချီတက်ဆန္ဒပြခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရှိရသည်။
သဇင်ရွာ အနီးတွင်ရှိသည့် ငွေဆောင်ဒေသတွင် လွှတ်တော် ကိုယ်စားလှယ် ဦးဌေးမြင့်ပိုင် ယုဇန ကုမ္ပဏီသည် ဒေသခံ လယ်သမားများ၏ လယ်မြေများကို ထိုက်သင့်သည့် နစ်နာကြေး မပေးဘဲ အတင်း အဓမ္မ သိမ်းပိုက်ထားသည်ဟု ငွေဆောင်ဒေသခံများထံမှ သိရှိရသည်။
နောက်ဆုံး ရရှိသော သတင်းများအရ ဆန္ဒပြ လယ်သမားများသည် ရွှေမောဓောဘုရား ပေါ်တွင် နေရာယူဆဲ ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးက လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ဆန္ဒပြ လယ်သမားများနှင့် တွေ့ရန် စီစဉ်နေကြောင်း သိရှိရသည်။
Ref:thevoicemyanmar
Popular Posts!
-
အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ... ဆရာခင်ဗျာ အမျိုးသမီးတွေမှာ လိင်အင်္ဂါ ကြွက်နို့ ရော ဂါ ဖြစ်နိုင်ပါသလား။ ဘယ်လို ပုံစံမျိုးနဲ့ ဖြ...
-
ကမ္ဘာကိုခြိမ်းခြောက်လာအုံးမယ့် တရုတ်ရဲ့ဆီလီကွန်လက်နက် December 26, 2018 ဟောင်ကောင်တွင် Asia Adult Expo (AAE) ဆိုသည့် ကုန်စည်ပြပွဲကို ယ...
-
Sunday, July 08, 2012 ဇော်အောင် (မုံရွာ) "---ပြည်ပရောက် မြန်မာအင်အားကို သုံးမယ်ပြောပြီး ပြန်လာမယ့် လူများကိုလည်း နေရာမပေးချင်၊ အထူး...
-
သည်းခြေကျောက်တည် ရောဂါသည် အမျိုသားများထက် အသက် ၄ဝ ကျော်အမျိုးသမီးများတွင် ပိုအဖြစ်များကြောင်း ဒေါက်တာခင်မောင်လွင်၏ သည်းခြေကျောက် တည်ရောဂါနှ...
-
Motors.com.mm သည် ပြည်တွင်းရှိ မော်တော်ယာဉ်အရောင်းပြခန်းပေါင်း (၂၂၀)၊ မော်တော်ယာဉ်တင်သွင်းသူများ၊ ရန်ကုန်မြို့ရှိ မော်တော်ယာဉ် ရောင်းဝ...
-
မြန်မာ့ရုပ်ရှင် - မင်းသား သိန်း ၆၀၀၊ မင်းသမီး သိန်း ၃၀၀၊ မင်းသမီးတွေ ဘာကြောင့် အရနည်းသလဲ? နာမည်ကြီး မင်းသမီး ဝတ်မှုန်ရွေရည်က လက်ရှိ မင်းသမီးေ...
-
(၁) စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကြည်မလင်ဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ထံမှ အများဆုံးကြားရသော complai...
-
TotalIncomeTaxLaw.pdf (၀င်ငွေခွန်ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ ပုံစံများ ) by Ko Nge on Scribd
Subscribe to:
Post Comments (Atom)

No comments:
Post a Comment