မောင်ပိုင် နေပြည်တော်၊ စက်တင်ဘာ ၆- ရန်ကုန် တိုင်းဒေသကြီးအတွင်း ရန်ကုန်ဟိုတယ်ဇုန် ကြီးတည်ဆောက်ရန်အတွက် အကြမ်းဖျင်း မြေနေရာများရွေးချယ်ထားကြောင်း မြန်မာ နိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်အသင်း (ရန်ကုန်ဇုန်)တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။ “ရန်ကုန်ဟိုတယ်ဇုန်ကြီးတည် ဆောက်ရန်အတွက် အကြမ်းဖျင်းမြေနေရာများ ရွေးချယ်ထားပါတယ်။ ဟိုတယ်ဇုန် ဖော် ထုတ်ဖို့ဆိုတာကလဲ ၀န်ကြီးဌာနရဲ့ညွှန်ကြား ချက်နဲ့အတူ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရမှာပါ။ အကြမ်းဖျင်းအနေနဲ့ မင်္ဂလာဒုံရယ်၊ ကိုးမိုင်ရယ်၊ သာကေတရယ်၊ ဗိုလ်တထောင်ရယ်လို့သတ်မှတ်ထားပြီး အခု လောလောဆယ်တော့ မင်္ဂလာဒုံနဲ့ ကိုးမိုင် နေရာတွေကို ကွင်းဆင်းကြည့်ပြီးပါပြီ။ ဘယ်နေရာမှာ လုပ်ဖြစ်မယ်ရယ်လို့ အတိအကျ ပြောလို့မရသေးပါဘူး”ဟု ယင်းတာဝန်ရှိသူ က ပြောသည်။ ရန်ကုန်ဟိုတယ်ဇုန်အောက်တွင် ဟိုတယ် ၁၇၂လုံးရှိပြီး အသင်းဝင်ဟိုတယ် ၁၄၆လုံးရှိကာ အသင်းမ၀င်ရသေးသော ဟိုတယ်၂၆လုံးရှိကြောင်း သိရသည်။ ထိုဟိုတယ်များတွင် နိုင်ငံခြား ဧည့်သည်တည်းခိုနိုင်သော ဟိုတယ်အရေအတွက်မှာ ၄၀၊ ၅၀ခန့်သာရှိပြီး ကျန်ဟိုတယ်များ အနေဖြင့် ဟိုတယ်ဟုသတ်မှတ်ထားသော်လည်း တည်းခိုခန်းအဆင့်သာရှိနေသေးသဖြင့် ရန်ကုန်ဟိုတယ်ဇုန်အသင်းကြီးအား ရန်ကုန်ဟိုတယ်ဇုန်ဟိုတယ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး အလုပ်အမှုဆောင်၂၃ဦးဖြင့် ၂၀၀၅ခုနှစ် ဇွန် ၂၈ရက်တွင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ |

No comments:
Post a Comment