Popular Posts!

Saturday, September 17, 2011

ကားသွင်းခွင့်ပါမစ်နောက်ဆင်တွဲသတင်း(၁)

ကားဟောင်းများအား ပယ်ဖျက်ကာ အစားထိုးလဲလှယ်မည့်ရက်၊ကားသွင်းလျှင်အမျိုးအစားအလိုက်ပေးဆောင်ရမည့် အခွန်နှုန်းများ သတ်မှတ်
 WEDNESDAY, 14 SEPTEMBER 2011 11:43

သက်တမ်းရင့်ကားအိုကားဟောင်းများ လဲလှယ်ရာတွင် သက်တမ်း အနှစ် ၄၀ ကျော် အတွင်းပါဝင်သောကားများအား စက်တင်ဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလအတွင်းလည်းကောင်း၊ သက်တမ်းအနှစ် ၃၀ မှ ၄၀ ကြားကားများအား နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်းလည်းကောင်း၊ သက်တမ်း အနှစ် ၂၀ မှ ၃၀ ကြား ကားများအား ၂၀၁၂ ခုနှစ်ဇန်န၀ါရီလမှ မတ်လအတွင်း လည်းကောင်းလဲလှယ်ပေးမည် ဖြစ်ကြောင်းသိရသည်။

စစ်ကျန်ဘတ်စ်တစ်မျိုးတည်းသာ ဘတ်စ်ကားအဖြစ်ပြန်လည်တင်သွင်းရမည်ဖြစ်ပြီး ကျန်ကားများအနေဖြင့် မိမိနှစ်သက်ရာ အိမ်စီးကားများကို တင်သွင်းလဲလှယ်နိုင်ကြောင်း၊ ဘယ်မောင်း၊ ညာမောင်းကန့်သတ်ချက်မရှိကြောင်း လည်းသိရသည်။

အိမ်စီးကားများဆိုပါက ယာယီမှတ်ပုံတင်ကြေးအား ကားမူရင်း တန်ဖိုး ပေါ်တွင် ၁၀၀ ရာခိုင်နှုန်း၊ ကားတင်သွင်းလာသည့်အခါ အကောက်ခွန်မှာ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ဘတ်စ်ကားများဆိုပါက ယာယီမှတ်ပုံတင်ကြေးအား ကားမူရင်းတန်ဖိုးပေါ်တွင် ၃၀ ရာခိုင်နှုန်း၊ ကားတင်သွင်းလာသည့်အခါ အကောက်ခွန်မှာ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်းသိရသည်။

မီးသတ်ယာဉ်ကဲ့သို့ လှူဒါန်းနိုင်သည့်ကားများဆိုပါက ယာယီမှတ်ပုံတင်ကြေးအား ကားမူရင်းတန်ဖိုးပေါ်တွင် ၁ ရာခိုင်နှုန်း၊ ကားတင်သွင်းလာသည့်အခါအကောက်ခွန်မှာ ၄၀ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင် နှုန်းကောက်ခံမည်ဖြစ်ကြောင်းသိရသည်။

"ဒေါ်လာ ၃၅၀၀ ထက်မပိုတဲ့ အိမ်စီးကားသွင်းဖို့ သတ်မှတ်ထားတယ်။ ၃၅၀၀ တန်အိမ်စီးကားတစ်စီးသွင်းရင် ဥပမာ-မူရင်းတန်ဖိုး ၃၅၀၀ အမေရိကန်ဒေါ်လာ၊ အကောက်ခွန်က ၄၀ ရာခိုင်နှုန်းဆိုတဲ့အတွက် ၁၄၀၀ ဒေါ်လာပေးဆောင်ရမယ်ဆိုရင် ကားတစ်စီး ကုန်းပေါ်ရောက်တန်ဖိုးက ဒေါ်လာ ၄၉၀၀ ရှိသွားပြီ။ အဲဒီ ကုန်းပေါ်ရောက်တန်ဖိုး ပေါ်မှာပဲ ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာ ခိုင်နှုန်းပေးဆောင်ရမယ်မှာဖြစ်လို့ ဒေါ်လာ ၄၉၀၀ ရဲ့ ၂၅ ရာခိုင်နှုန်းက ဒေါ်လာ ၁၂၂၅ ဆိုတဲ့အတွက် ကားတစ်စီးတင်သွင်းလာပြီး ကုန်သွယ်လုပ်ငန်းခွန်ဆောင်ပြီးတဲ့အထိ ဒေါ်လာ ၆၁၂၅ ဒေါ်လာရှိတယ်။ အဲဒါပြီးရင် ယာယီမှတ်ပုံတင်ကြေးက မူရင်းကား တန်ဖိုးအပေါ် ၁၀၀ ရာခိုင်နှုန်းဆိုတဲ့အတွက် ၃၅၀၀ ဒေါ်လာ။ အဲဒါကို ၆၁၂၅ နဲ့ပေါင်း ၉၆၂၅ ဒေါ်ဆိုတာ အခွန်အားလုံးပါပြီးဖြစ်ပြီ။ သယ်ယူစရိတ် ဒေါ်လာ ၂၀၀၀ ထည့်ပေါင်းရင် ၁၁၆၂၅ ဒေါ်လာရှိတယ်။ ဒီနေ့ငွေလဲနှုန်းက တစ်ဒေါ်လာကို ၇၈၀ ၀န်းကျင်ဖြစ်လို့ ကားတစ်စီးတင်သွင်းပြီး အခွန်အရပ်ရပ်ဆောင်ပြီးတဲ့အထိ ကုန်ကျစရိတ်က ကျပ်ငွေနဲ့ဆို ကျပ် သိန်း ၉၀ ၀န်းကျင်ကျသင့်ပါတယ်။ မူရင်း ကားဟောင်းတန်ဖိုးမပါ၊ တင်သွင်းပေးတဲ့ ကားကုမ္ပဏီဝန်ဆောင်စရိတ်မပါဘူး"ဟု ကားလုပ်ငန်းရှင်တစ်ဦးက ရှင်းပြခဲ့သည်။ အမည်ပေါက်ကိုယ်တိုင် လဲလှယ်ပါက အခွန်စုစုပေါင်းမှ ၃၀ ရာခိုင်နှုန်းဝန်းကျင် ပြန်လည်လျှော့ချပေးမှုရရှိနိုင်ရန်၊ အခြားအမည်ဖြင့် ဆိုပါက အခွန်စုစုပေါင်းမှ ၁၀ ရာခိုင်နှုန်း ၀န်းကျင်လျှော့ပေါ့ခွင့်ရရှိနိုင်ရန် ဆွေးနွေးထားကြောင်းသိရသည်။

Ref:weeklyeleven

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!