Popular Posts!

Monday, June 24, 2013

ဘာသာစကား ၃၂ မျိုးကိုဘာသာပြန်ပေးနိုင်မယ့် COMET Talking Translator



ဘာသာစကား ၃၂ မျိုးကို အပြန်အလှန်ဘာသာပြန်ပေးနိုင်သော COMET အမှတ်တံဆိပ် Talking Translator ပြည်တွင်းသို့ရောက်ရှိလာပါပြီ။ ၄င်း Translator သည် မြန်မာ၊ မလေးရှား၊ တရုတ်၊ စပိန်၊ ကိုရီးယား၊ ဂျပန်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း အပါအ၀င် ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဘာသာစကား အများဆုံး ဘာသာပြန်ပေးနိုင်တဲ့ ပထမဆုံး Mobile Electronic ပစ္စည်း မျိုးဆက်သစ် တစ်ခု ဖြစ်ပါတယ်။ ဘာသာပြန်ပေးနိုင်မယ့်အပြင် Dictionary အဖြစ်လည်း အသုံးပြုနိုင်ပြီး ဘာသာစကားများကို လေ့လာ သင်ယူနိုင်မှာဖြစ်ပါတယ်။

ဧည့်လမ်းညွှန်များ၊ နိုင်ငံတကာနှင့် အဆက်အသွယ်ပြု လုပ်ကိုင်နေရသည့် သဘောင်္သားများ၊ နိုင်ငံခြား ပညာသင် ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်သူများ၊ ဘာသာစကား ကို လေ့လာ နေသူများအတွက် အထောက်အကူပေးမယ့် စက်ကလေးပါ။

အဆိုပါ COMET Talking Translator လေးကိုတော့ KMD မှ မြန်မာပြည်တရားဝင် ကိုယ်စား လှယ် အဖြစ် တင်သွင်း ဖြန့်ဖြူးနေတာဖြစ်ပြီး ဈေးနှုန်းကတော့ ကျပ် ၈၄,၀၀၀ (ကျပ်ရှစ်သောင်း လေးထောင်) ဖြစ်ပါတယ်။ ဆက်သွယ်ဝယ်ယူချင်တယ် ဆိုရင်တော့ ၀၁-၃၈၅-၀၇၇ နှင့် ၀၁-၃၇၈-၄၃၁ ကို ဆက်သွယ်နိုင်ပါတယ်။

Source by :Myanmar ICT

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!