Popular Posts!

Tuesday, June 25, 2013

သွေပေါင်တက်ခြင်း Hypertension နှင့်သွေးပေါင်ကျခြင်း Hypotension ရောဂါဖြစ်ရသော အခြေခံအကြောင်းအရင်းကတော့ တူညီပါသည်! အတူတူအန္တရယ်များပါတယ်!

 
  ဘာလို့ဒီသွေးပေါင်တက် Hypertension နှင့်သွေးပေါင်ကျ Hypotension ခြင်းနှင့် ပတ်သက်နေတဲ့ရောဂါတွေကို ကျွှန်တော်တို့ ရွှေဗမာတွေ တော်တော်ကို ပေါ့ပေါ့တန်တန် ထားတတ်လို့  အခုလိုလက်တွေ့ဘ၀မှာလက်ရှိဖြစ်နေတာကို သတိပေးချင်လို့ ရေးလိုက်တာပါ...
 
သွေးတိုးစဖြစ်တာကလဲ ဒီစကာင်္ပူကဘတ်စ်ကား ပေါ်တက်လိုက်ရင် မူးချင်သလိုဖြစ်နေလို့ အပြင် ဆေးခန်း ကိုသွားပြကြည့်လိုက်တာ ၉၄/၁၃၅  သွေးတိုးရောဂါစတိုးနေပြီတဲ့လေ! ဘာမှခေါင်းကိုက် ခြင်းမရှိပါဘူး၊ ဒါတောင်သွေးတိုး ရှိနေပြီလေ.... အပြင်ဆေးခန်းမှာပြတာ ၃လစာဆေးဖိုး $၂၄၀လောက်ရှိတော့ မခံနိုင်ဘူးလေ၊ ဒါကြောင့် အစိုရရဲ့ Polycliniမှာ တောက်လျှောက်ပြရတယ် ကောင်းတဲ့အချက်က အရေးပေါ်ဆေးရုံတက်ရင် အပြင်ဆေးခန်းက ရက်ချိန်ကြာတတ်ပြီး Polyclinic ကချက်ချင်းတင်လို့ရပြီး မိမိရဲ့ဆေးမှတ်တမ်းတွေကိုအဆင်သင့်ကြည့်လို့ရတာတွေကွာခြားပါကြောင်း အသိပေးလိုက်ရပါတယ်၊ အပြင်ဆေးခန်းက ဆရာဝန်စောင့်ရတာ အချိန်မကြာတတ်လို့ပိုက်ဆံရှိတဲ့ရွှေဗမာသူဌေး လူတော်တော် များများကတော့ပြလေ့ရှိပါတယ် ၊ Polyclinic က တော့ မရှိဆင်းရဲသားတွေပြတဲ့နေရလို့ဘဲဆိုမလား!
    နောက်ပြီးပြောချင်သေးတာက တရက်ဆေးခန်းပြဖို့ သွားရအုံးမယ်ဆိုတာကို သူငယ်ချင်းတယေက်က ပြော မေးသေးတယ် ၊ သွေးဖိအားက  ၉၀/ ၁၃၀ လောက်သွေးတက်နေတာကို သူတို့လဲ အဲဒီလောက်ရှိတာဘဲတဲ့ ဆေးခန်းပြဖို့လိုလို့လားတဲ့လေ! ရေရည်ကုရတဲ့ သွေးတိုးရောဂါက ဘယ်လိုမျိုးလဲဆိုတာမသိကျပါဘူး၊ ဒါကိုကြည့်လိုက်ရင် ကျွှန်တော်တို့ရွှေဗမာတွေမှာ ကျမ်းမာရေးနှင့် ပတ်သက်ပြီးအသိပညာလေးတွေတော်တော်ကိုနည်းပါသေးပါလားလို့တွေးမိတယ်လေ....
ဒါက ကျွှန်တော် ဆေးခန်းပြထားတဲ့ နှစ်က သွေးစစ်ထားတဲ့မှတ်တမ်းလေးတွေပါ၊ ဆေးစစ်တာ အခြေနေကောင်းတဲ့ Feb 16,12 ကဆေးစစ်တာအခြေနေကောင်းလို့ ၆လစားဆေးပေးနေရက နောက် ၈လကြာ Nov 20,12 အနီရောင်ဝိုင်းထားတကာက အရက်သောက်စားထားတုံးက ဆေးစစ်ထားတာကိုကြည့်ပြီး ဆရာဝန် ပြောတယ် ဘယ်မှာအသောက်စားမဆင်ခြင်လို့ အားလုံးတက်တယ်တဲ့! ဒီတခေါက် ဆေးစစ်တာ အခြေနေကောင်းရင် တနှစ်မှတခါဘဲလာပြဖို့စောင့်ကြည့်နေတာတဲ့လေ! အခုတော့ အားလုံးတက်တော့ အခြေနေမကောင်းလို့ ဆေးခန်းကို ၃လ တခါလာပြခိုင်းပါတော့တယ်၊ သွေးကျဆေးလဲ ၂မျိုးကနေ ၃မျိုးဖြစ်သွားပါတယ်၊ ဟီးဟီး! ဒါနှင့် အသောက်အစားရှောင်ပြီး နောက်ဆုံးအခု  Jun 25,13 မှာထပ်စစ်လိုက်တာ နည်းနည်းပြန်ကျ သွားပါတယ်လေ..... ဒါကိုကြည့်လိုက်ရင် သောက်စားနေရင် ပိုဆိုးတာကိုပြောချင်တာပါ....နောက်ပြီးအရေးကြီးဆုံး ပြောချင်တာက လက်ရှိရေတိမ် Glaucoma ဖြစ်လို့မျက်စိခွဲလိုက်ရတာ သွေးတိုးဖြစ်ရင် မျက်စိထိခိုက်တတ်မှန်း သတိမပြုမိပါဘူး! ဖြစ်တော့မှာ ဆရာဝန်မေးတော့မှ သွေးတိုးရောဂါအခံနှင့်လဲ ဆိုင်တယ်လို့သိလိုက်ရပါတယ်လေ... တော်သေးတာက Insurance  အကုန်ပြန်လျှော်ပေးပေလို့!ဒါကြောင့် သွေးတိုးရောဂါဖြစ်ရင် တောက်လျှောက်တခုပြီးတခုထပ်ရောဂါ တွေထပ်ဖြစ်နိုင်တယ်ဆိုတာပါဘဲ!

နောက်အသိစကာင်္ပူအဖြစ်ခံယူသွားတဲ့ အရင်ရွှေဗမာတွေထဲကလဲ သွေးတက်လို့ခေါင်းကိုက်ကိုက် နေတာ ကို  သွေးတက်လား မျက်စိမှုန်လို့ခေါင်းကိုက်လားမသိ၊ ရှိတဲ့ဆေးနှင့်သောက် မပျောက်ဘူးဖြစ်နေတာကို ဆေးခန်းမသွားခြင်သေးဘူးတဲ့လေ!အလုပ်မအားလို့အကြောင်းပြပြီး ဆေးခန်းသွားဖို့ဝန်လေးနေ တတ်ကျ ပါတယ်၊ ဆေးဖိုးကုန်မှာဆိုးလို့လား ၊ ရောဂါအသစ်ပေါ်လာလို့ Insurance က အဲဒီရောဂါနှင့် ပတ်သက်တာတွေ လျှော်မပေးမှာဆိုးလို့လားမသိပါဘူး!
    နောက်အသိ သူငယ်ချင်းတွေဆို ပိုဆိုးသေးတယ်၊ သွေးပေါင်ချိန်လိုက်တိုင်း ပုံမှန် ၁၀၀/၁၅၀ လောက်ရှိ နေပြီး သွေးတက်နေတာကို သူတို့ကိုသူတို့သွေးအားကောင်းတယ်လို့ထင်နေကျ တာ တွေရှိနေပါသေးတယ်၊ (သွေးပေါင်စက်ဘဲ ပျက်နေသလို)ဘာလို့လဲဆိုတော့ တပတ်တခါ
သောက်စားတတ်လို့ သွေးအားကောင်း နေတယ်လို့ထင်နေကျတယ်လေ၊  နောက်အမျိုးသမီးဆို သွေးအားကျနေတာကိုပြောတော့  သွေးတိုးတာ နှင့်ရောဂါရပ်ခြင်း အတူတူဘဲပြောတာကို လက်မခံဘူး လေ!  လေတခြမ်းဖြတ်ချင်သလိုဖြစ်သွားလဲ သွေးကြောကျဉ်း၍ cholesterol များ ပိတ်ဆို့နေခြင်းကလဲ  သွေးပေါင်ကျခြင်းအဓိကအချက်ပါဘဲ!  ဒါတွေကို အမှန်သိစေချင်ပါတယ်လေ၊ ကိုယ်ဘာတွေဖြစ်နေလဲဆိုတာ....

 What Is the Difference Between Hypertension and Hypotension?

Hypertension is the medical term for high blood pressure, while hypotension is the word for low blood pressure. When it comes to medical issues like hypertension and hypotension, it is important to know that the two may be opposite, but they are both dangerous. Most people find out whether they have normal or abnormal blood pressure at regular doctor appointments, as both hypertension and hypotension are considered serious enough for most doctors to regularly check blood pressure. Unfortunately, some only find out after the issue has already caused either symptoms that are impossible to ignore, or serious medical conditions that are related to hypertension and hypotension.
Many people suffer from hypertension, as their resting blood pressure is consistently higher than it should be. Unfortunately, most people do not find out about their hypertension for years because there are few definitive symptoms associated with it, especially in mild cases. Symptoms of accelerated hypertension include vision issues, fatigue, headaches, and vomiting, though only a minority of patients are diagnosed with this type, or experience any of these signs. Instead, hypertension can go undetected for years, often leading to stroke, heart failure, aneurism, or kidney failure. Even without these complications, having consistently high blood pressure can lead to shorter life expectancy.
 Ref:wisegeek
 
ဒီနေ့ပိုလီဆေးခန်းပြတာ မြန်မာဆရာဝန်နှင့်တွေ့ရတယ် ဆရာက ပြောတယ် ပြီခဲ့တဲ့ အပတ်က သွေးစစ်ထားတဲ့ ဆေးစာကိုကြည့်ပြီးတော့ LDL-C က 3.41 ဆိုတော့ Borderline hight 3.4-4.0 mmol/L နှင့် triglycerides က 2.39 Hight 2.3-4.4 mmol/L ရှိသေးတယ်  ပြန်ချနိုင်အောင် ကြိုးစားလုပ်ပါတဲ့၊  မြေပဲတွေကိုရှောင်ပေးပါ မစားပါနှင့်တဲ့ ! ဒါကြောင့်ထင်တယ်   မြေပဲနှစ်တွေ နှင့် ဆိုတော့ ဆာတေးစားလိုက်ရင် Gout ပြန်ထ လာကိုသတိထားမိတယ်လေ၊ ဒီ Gout က ၂၀၀၇ခုနှစ်တုန်းက Taiwan ကညီမလေးဆီသွားတုန်းက
ထိုင်ဝမ်မှာရှိတဲ့ဦးလေးတွေနှင့် အမျိုးတွေနေ့တိုင်း ညစာထမင်းကျွှေးလို့ အသားစားများတာနှင့် ဦးလေးငယ် က သတ်သတ်လွတ်ဘူဖေးဆိုင်က ပဲအနက်တွေဈေးကြီးတယ် များများစားဆိုတာနှင့် စားလိုက်မိပါတယ် ပြန်ခါနီးတရက်မှာ ခြေထောက်နာလာတယ်လေ၊ ဒါကိုခြေထောက်ခေါက်ပြီး ခြေထောက် မျက်တာဘဲ ထင်ပြီး ဆေးလိမ်းတာ ပြန်တဲ့အထိပါဘဲ၊ စင်ကာင်္ပူရောက်တော့ နာတာမခံနိုင်တာနှင့် ဆေးခန်းပြကြည့်တော့မှ Gout ရောဂါဖြစ်နေတာတဲ့ ဆေးထိုးဆေးစားလို့ပြန်ကောင်းလာပါတယ်၊ တခါတခါအစားမှားရင် တနှစ်တခါ လောက်ပြန်ဖြစ်တတ်ပါသေးတယ်၊

သွေးတိုး . . . .

သွေးပေါင်ချိန်ဆိုသည်မှာ သွေးကြောတစ်လျှောက် သွေးစီးသွားစဉ် သွေးကြော နံရံပေါ် သက်ရောက်သောဖိအားကို ခေါ်သည်။
အပေါ်သွေး (Systolic blood pressure) ဆိုသည်မှာ နှလုံးကသွေးညှစ်နေခိုက် သွေးကြောအတွင်းရှိ အမြင့်ဆုံးဖိအားကို ခေါ်ဆိုပြီး
အောက်သွေး (Diastolic blood pressure) ဆိုသည်မှာ နှလုံးသွေးဖြည့်နေခိုက် သွေးကြောအတွင်းရှိ အနိမ့်ဆုံးဖိအားကို ခေါ်ဆိုပါသည်။
ခေတ်သစ်ဆေးပညာတွင် သွေးပေါင်တက်သည်ကို ရောဂါတစ်ခုအဖြစ် သတ်မှတ်ထားပြီး မြန်မာအများစုတွင် တွေ့ရတတ်သော သွေးပေါင်ကျခြင်းကို ရောဂါတစ်ခုအနေဖြင့် မသတ်မှတ်ထားပါ။ သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းသည်လည်း မတူညီပါ။ သွေးပေါင်ကျခြင်းဆိုသည်မှာ အပေါ်သွေးနှင့် အောက်သွေးကို တိုင်းတာပါက ရှိသင့်သော သွေးပေါင်ချိန်ထက် နည်းနေသည်ကို ခေါ်ဆိုပြီး သွေးအားနည်းခြင်းဆိုသည်မှာ သွေးအတွင်းရှိ သွေးနီဥများတွင် ပါဝင်သော ဟီမိုဂလိုဗင်ဓာတ်(Haemoglobin) အားနည်းခြင်းကို ဆိုလိုပါသည်။ ထိုအခြေအနေနှစ်ခုသည် မတူညီသော်လည်း ရောဂါဖြစ်ရသော အခြေခံ အကြောင်းအရင်းကတော့ တူညီပါသည်။ ၎င်းမှာ အသားဓာတ်နှင့် သံဓာတ်ကို ပြည့်စုံလုံလောက်အောင် မစားသောက်သောကြောင့် ဖြစ်ပါသည်။
သွေးတိုးရောဂါ အဆင့် သတ်မှတ်ချက်
လူတစ်ယောက်အတွက် သွေးပေါင်ချိန်သည် အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိပါက ပုံမှန်သွေးပေါင်ချိန်ဟု ပြော၍ ရပါသည်။ အပေါ်သွေးနှင့် အောက်သွေးကို အတိုကောက်အားဖြင့် ၁၂၀/၈၀ ဟု ဖော်ပြပါသည်။
အပေါ်သွေးသည် ၁၂၀ နှင့် ၁၃၉ ကြားရှိပြီး အောက်သွေးသည် ၈၀ နှင့် ၈၉ ကြားရှိပါက pre hypertension အကြိုသွေးတိုးခြင်းဟုခေါ်သည်။ သွေးတိုး ရောဂါ ကနဦးပေါ့ဗျာ။
အပေါ်သွေးသည် ၁၄၀ နှင့် ၁၅၉ ကြားရှိပြီး အောက်သွေးသည် ၉၀ နှင့် ၉၉ ကြားရှိပါက hypertension stage 1 အဆင့်တစ် သွေးတိုးခြင်းဟုခေါ်သည်။
အပေါ်သွေးသည် ၁၆၀ နှင့် အထက် ရှိပြီး အောက်သွေးသည် ၁၀၀ နှင့် အထက် ရှိပါက hypertension stage 2 အဆင့်နှစ် သွေးတိုးခြင်းဟုခေါ်သည်။
သွေးတိုးရောဂါဖြစ်အောင် အားပေးသောအချက်များ
  • သွေးတွင်း အဆီနှင့် ကိုလက်စတရော (Cholesterol)ဓာတ်များခြင်း
  • အဆီအဆိမ့် အစားများခြင်း
  • အ၀လွန်ခြင်း
  • ကိုယ်လက်လှုပ်ရှားမှု အားနည်းခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အရက်သောက်ခြင်း
  • ဆီးချိုရှိခြင်း
  • ဆိုဒီယမ်များသော အစာများ (ဆား၊ ဟင်းချိုမှုန့်၊ ဆိုဒါ) အလွန်အကျွံစားခြင်း
သွေးတိုးရောဂါ လက္ခဏာများ
သွေးတိုးသောလူနာအများစုတွင် သွေးတိုးရောဂါသည် ရောဂါလက္ခဏာ အမြဲတမ်းမပြတတ်ပါ။ တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးခြင်း၊ အမြင်မကြည်လင်ခြင်း အစရှိသော လက္ခဏာများကို တစ်ခါတစ်ရံ ပြသတတ်ပါသည်။ တစ်ခါတစ်ရံတွင်မှ ရောဂါလက္ခဏာပြသောကြောင့် တစ်ခါတစ်ရံတွင်သာ သွေးတိုးတတ်သည်မဟုတ်ပါ။ သွေးတိုးဟူသည် ရောဂါစဖြစ်ပါက ဆက်တိုက် သွေးတိုးသွားဖို့သာ ရှိပါသည်။ ပြန်ကောင်းသွားစရာ မရှိပါ။ ရောဂါလက္ခဏာ ပေါ်သည်နှင့် မပေါ်သည်သာ ရှိပါသည်။ ထို့ကြောင့် လက္ခဏာပေါ်လျှင် ဆေးသောက်မည် မပေါ်လျှင် ဆေးမသောက်ဘဲနေ၍ မရပါ။
မည်သည့်ရောဂါလက္ခဏာ မျှ မပြဘဲနှင့်လည်း သွေးတိုးရောဂါ ဆိုးဆိုးရွားရွားရှိနေနိုင်သည်ကို သတိပြုပါ။
သွေးတိုး၏ နောက်ဆက်တွဲ ရောဂါ လက္ခဏာများ
နှလုံး ကြွက်သားထူပြီး နှလုံးအလုပ်ထိခိုက်ခြင်း၊ နှလုံးအားနည်းလာခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ ပိတ်ခြင်း၊ ဖောခြင်း။ ဦးနှောက်သွေးကြော ပေါက်ခြင်း၊ ပိတ်ခြင်း။ အမြင်အာရုံချိုတဲ့၍ မျက်စိကွယ်နိုင်ခြင်း။ ကျောက်ကပ်ပျက်စီးပြီး ဆီးဆိပ်တက်ခြင်းတို့ ဖြစ်တတ်ပါသည်။
သင့်တွင် သွေးတိုးရောဂါရှိနေလျှင်
၁။ အပေါ်သွေးကို ၁၀-၄၀ ချရုံမျှဖြင့် (၀ါ) အောက်သွေးကို ၅-၆ ချရုံမျှဖြင့် လေဖြတ်ခြင်း အန္တရာယ်မှ ၄၀ % သက်သာပြီး နှလုံးသွေးကြော ရောဂါအန္တရယ်မှ ၁၆% သက်သာနိုင်ကြောင်း သတိပြုပါ။
၂။ အနေအထိုင် အစားအသောက်ဆင်ခြင်ပါ။

  • ဆေးလိပ်ဖြတ်ပါ။

  • အရက်တစ်နေ့ နှစ်ပက်ထက် ပိုမသောက်ပါနှင့်။

  • အသားဆီ၊ အုန်းဆီ မစားပါနှင့်။

  • အငန်၊ ချက်ထားသော ဆီ၊ ဟင်းချိုမှုန့်လျှော့ပါ။

  • ငါးဟင်း တစ်ပတ် ၃ ရက်စားပါ။

  • သစ်သီးဝလံ တစ်နေ့ တစ်လုံးစားပါ။

  • တစ်ပတ် ၃ ရက်၊ တစ်ရက်နာရီဝက် ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ပါ။

  • ကိုယ်အလေးချိန်များလျှင် စနစ်တကျလျော့ချပါ။

  • ပူပင်သောကနည်းအောင်နေပါ။ တရားထိုင်ပါ။

၃။ သွေးပေါင်ကျဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း တိကျစွာ သောက်ပါ။ (သင်ခံစားနေရသော ရောဂါ လက္ခဏာပေါ်မူတည်၍ သင့်ဖာသာ ဆေးအတိုးအလျော့ မလုပ်ပါနှင့်)
သွေးပေါင်တိုင်းခြင်းနှင့် ပတ်သက်၍
၁။ မတိုင်းမီ နာရီဝက်အတွင်း အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း နှင့် လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်သင့်ပါ။
၂။ ၀မ်းနည်းဝမ်းသာ၊ စိတ်လှုပ်ရှားချိန်တွင် မတိုင်းသင့်ပါ။
၃။ မတိုင်းမီ ၁၀ မိနစ် ကိုယ်ရောစိတ်ပါ ဖြေလျှော့အနားယူပါ။
၎။ လက်မောင်းပတ်လေအိတ်နှင့် နှလုံး ရေပြင်ညီ တတန်းတည်း ရှိပါစေ။
၅။ တိုင်းနေစဉ် ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊ မလှုပ်ပါနှင့်။
မေမွန်ကျော်

What are triglycerides?

Triglycerides are a type of fat found in your blood. Your body uses them for energy.
You need some triglycerides for good health. But high triglycerides can raise your risk of heart disease and may be a sign of metabolic syndrome.
Metabolic syndrome is the combination of high blood pressure, high blood sugar, too much fat around the waist, low HDL ("good") cholesterol, and high triglycerides. Metabolic syndrome increases your risk for heart disease, diabetes, and stroke.
A blood test that measures your cholesterol also measures your triglycerides. For a general idea about your triglycerides level, compare your test results to the following:
     
  • Normal is less than 150.
  • Borderline-high is 150 to 199.
  • High is 200 to 499.
  • Very high is 500 or higher.
     

What causes high triglycerides?

High triglycerides are usually caused by other conditions, such as:
  • Poorly controlled diabetes.
  • An underactive thyroid (hypothyroidism).
  •  
  • Kidney disease.
  • Regularly eating more calories than you burn.
  • Drinking a lot of alcohol.
Certain medicines may also raise triglycerides. These medicines include:
In a few cases, high triglycerides also can run in families.

What are the symptoms?

High triglycerides usually don't cause symptoms.
But if your high triglycerides are caused by a genetic condition, you may see fatty deposits under your skin. These are called xanthomas (say "zan-THOH-muhs").

How can you lower your high triglycerides?

You can make diet and lifestyle changes to help lower your level
  • Stay at a healthy weight.
     
  • Limit fats and sugars in your diet.
  • Be more active.
     
  • Quit smoking.
  • Limit alcohol.
You also may need medicine to help lower your triglycerides, but your doctor likely will ask you to try diet and lifestyle changes first.
Frequently Asked Questions
Learning about high triglycerides:
  • What are high triglycerides?
  • What causes them?
  • How is metabolic syndrome related to high triglycerides?
Being diagnosed:
  • What are the symptoms of high triglycerides?
  • How do I know if I have them?
  • When should I get a cholesterol and triglycerides test?
Getting treatment:
  • What is the treatment for high triglycerides?
Ongoing concerns:
  • What are familial lipid disorders?
Living with high triglycerides:
  • How can I eat a healthier diet that is low in saturated fat?
  • How can I eat fewer calories to lower my triglycerides?
  • How can I count carbohydrate grams in my diet?
 
 
 

How Food Affects High Triglycerides

For those diagnosed with high triglycerides, it's important to take action to lower your levels and improve your heart health.


High Triglycerides, Food CuresTriglyceride is just a fancy word for fat — the fat in our bodies is stored in the form of triglycerides. Triglycerides are found in foods and manufactured in our bodies. Normal triglyceride levels are defined as less than 150 mg/dL; 150 to 199 is considered borderline high; 200 to 499 is high; and 500 or higher is officially called very high. To me, anything over 150 is a red flag indicating my client needs to take immediate steps to get the situation under control.
High triglyceride levels make blood thicker and stickier, which means that it is more likely to form clots. Studies have shown that triglyceride levels are associated with increased risks of cardiovascular disease and stroke — in both men and women — alone or in combination with other risk factors (high triglycerides combined with high LDL cholesterol can be a particularly deadly combination). For example, in one ground–breaking study, high triglycerides alone increased the risk of cardiovascular disease by 14 percent in men, and by 37 percent in women. But when the test subjects also had low HDL cholesterol (that’s the good cholesterol) and other risk factors, high triglycerides increased the risk of disease by 32 percent in men and 76 percent in women.
Fortunately, triglycerides can often be easily controlled with several diet and lifestyle changes — many of the same changes that I outlined in my High Blood Pressure and High Cholesterol sections.
 
What Factors Can Increase Triglycerides?
As with cholesterol, eating too much of the wrong kinds of fats will raise your blood triglycerides. Therefore, it’s important to restrict the amounts of saturated fats and trans fats you allow into your diet. Triglyceride levels can also shoot up after eating foods that are high in carbohydrates or after drinking alcohol. That’s why triglyceride blood tests require an overnight fast. If you have elevated triglycerides, it’s especially important to avoid sugary and refined carbohydrates, including sugar, honey, and other sweeteners, soda and other sugary drinks, candy, baked goods, and anything made with white (refined or enriched) flour, including white bread, rolls, cereals, buns, pastries, regular pasta, and white rice. You’ll also want to limit dried fruit and fruit juice since they’re dense in simple sugar. All of these low–quality carbs cause a sudden rise in insulin, which may lead to a spike in triglycerides.
Triglycerides can also become elevated as a reaction to having diabetes, hypothyroidism, or kidney disease. As with most other heart–related factors, being overweight and inactive also contribute to abnormal triglycerides. And unfortunately, some people have a genetic predisposition that causes them to manufacture way too much triglycerides on their own, no matter how carefully they eat.
 
How Can You Lower Your Triglyceride Levels?
If you are diagnosed with high triglycerides, it’s important to take action. There are several things you can do to help lower your triglyceride levels and improve your heart health:
  1. Lose weight if you are overweight. There is a clear correlation between obesity and high triglycerides — the heavier people are, the higher their triglyceride levels are likely to be. The good news is that losing weight can significantly lower triglycerides. In a large study of individuals with type 2 diabetes, those assigned to the “lifestyle intervention group” — which involved counseling, a low–calorie meal plan, and customized exercise program — lost 8.6% of their body weight and lowered their triglyceride levels by more than 16%. If you’re overweight, find a weight loss plan that works for you and commit to shedding the pounds and getting healthier.
  2. Reduce the amount of saturated fat and trans fat in your diet. Start by avoiding or dramatically limiting butter, cream cheese, lard, sour cream, doughnuts, cakes, cookies, candy bars, regular ice cream, fried foods, pizza, cheese sauce, cream–based sauces and salad dressings, high–fat meats (including fatty hamburgers, bologna, pepperoni, sausage, bacon, salami, pastrami, spareribs, and hot dogs), high–fat cuts of beef and pork, and whole-milk dairy products. Other ways to cut back:
    • Choose lean meats only (including skinless chicken and turkey, lean beef, lean pork), fish, and reduced–fat or fat–free dairy products. Experiment with adding whole soy foods to your diet. Although soy itself may not reduce risk of heart disease, it replaces hazardous animal fats with healthier proteins. Choose high–quality soy foods, such as tofu, tempeh, soy milk, and edamame (whole soybeans).
    • Always remove skin from poultry.
    • Prepare foods by baking, roasting, broiling, boiling, poaching, steaming, grilling, or stir–frying in vegetable oil.
    • Most stick margarines contain trans fats, and trans fats are also found in some packaged baked goods, potato chips, snack foods, fried foods, and fast food that use or create hydrogenated oils. (All food labels must now list the amount of trans fats, right after the amount of saturated fats — good news for consumers. As a result, many food companies have now reformulated their products to be trans fat free…many, but not all! So it’s still just as important to read labels and make sure the packaged foods you buy don’t contain trans fats.) If you use margarine, purchase soft-tub margarine spreads that contain 0 grams trans fats and don’t list any partially hydrogenated oils in the ingredients list. By substituting olive oil or vegetable oil for trans fats in just 2 percent of your daily calories, you can reduce your risk of heart disease by 53 percent. There is no safe amount of trans fats, so try to keep them as far from your plate as possible.
  3. Avoid foods that are concentrated in sugar (even dried fruit and fruit juice). Sugary foods can elevate triglyceride levels in the blood, so keep them to a bare minimum.
  4. Swap out refined carbohydrates for whole grains. Refined carbohydrates — like white rice, regular pasta, and anything made with white or “enriched” flour (including white bread, rolls, cereals, buns, and crackers) — raise blood sugar and insulin levels more than fiber-rich whole grains. Higher insulin levels, in turn, can lead to a higher rise in triglycerides after a meal. So, make the switch to whole wheat bread, whole grain pasta, brown or wild rice, and whole grain versions of cereals, crackers, and other bread products. However, it’s important to know that individuals with high triglycerides should moderate even their intake of high–quality starches (since all starches raise blood sugar) — I recommend 1 to 2 servings per meal.
  5. Cut way back on alcohol. If you have high triglycerides, alcohol should be considered a rare treat — if you indulge at all, since even small amounts of alcohol can dramatically increase triglyceride levels.
  6. Incorporate omega-3 fats. Heart–healthy fish oils are especially rich in omega–3 fatty acids. In multiple studies over the past two decades, people who ate diets high in omega–3s had 30 to 40 percent reductions in heart disease. Although we don’t yet know why fish oil works so well, there are several possibilities. Omega–3s seem to reduce inflammation, reduce high blood pressure, decrease triglycerides, raise HDL cholesterol, and make blood thinner and less sticky so it is less likely to clot. It’s as close to a food prescription for heart health as it gets. If you have high triglycerides, I recommend eating at least three servings of one of the omega–3–rich fish every week (fatty fish is the most concentrated food form of omega three fats). If you cannot manage to eat that much fish, speak with your physician about taking fish oil capsules, which offer similar benefits. The best foods for omega–3 fatty acids include wild salmon (fresh, canned), herring, mackerel (not king), sardines, anchovies, rainbow trout, and Pacific oysters. Non-fish sources of omega–3 fats include omega–3–fortified eggs, ground flaxseed, chia seeds, walnuts, butternuts (white walnuts), seaweed, walnut oil, canola oil, and soybeans.
  7. Quit smoking. Smoking causes inflammation, not just in your lungs, but throughout your body. Inflammation can contribute to atherosclerosis, blood clots, and risk of heart attack. Smoking makes all heart health indicators worse. If you have high cholesterol, high triglycerides, or high blood pressure, smoking magnifies the danger.
  8. Become more physically active. Even moderate exercise can help improve cholesterol, triglycerides, and blood pressure. Aerobic exercise seems to be able to stop the sharp rise of triglycerides after eating, perhaps because of a decrease in the amount of triglyceride released by the liver, or because active muscle clears triglycerides out of the blood stream more quickly than inactive muscle. If you haven’t exercised regularly (or at all) for years, I recommend starting slowly, by walking at an easy pace for 15 minutes a day. Then, as you feel more comfortable, increase the amount. Your ultimate goal should be at least 30 minutes of moderate physical activity, at least five days a week.
 

သွေးတိုး ရောဂါ အကြောင်း သိကောင်းစရာ

သွေးတိုး ရောဂါဟာ လေဖြတ်ရောဂါ (Stroke) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းရင်း ဖြစ်ပြီး နှလုံးရောဂါ (နှလုံး သွေးကြော ကျဉ်းခြင်း/ သွေးကြော ပိတ်ခြင်း၊ နှလုံးကြီးခြင်း) ဖြစ်ခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ပါတယ်.. ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်၌ သွေးတိုး ရောဂါ ခံစား နေကြရပြီး နှစ်စဉ် ၇.၁ သန်း သေဆုံး စေပါတယ်.. ကျွမ်းကျင် ဆေးပညာရှင် များက သွေးတိုးရောဂါကို တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်..

သွေးဖိအားကို မီလီမီတာ မာကျူရီ ယူနစ်ဖြင့် တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြော အတွင်း ဖြစ်ပေါ်နေသော ဖိအားကို အပေါ်သွေး (Systolic Blood Pressure) ဟု ခေါ်ပြီး၊ နှလုံးကြွက်သား မူလအတိုင်း ပြန်ဆန့်စဉ် ဖြစ်ပေါ်သော ဖိအားကို အောက်သွေး (Diastolic Blood Pressure) ဟုခေါ်ပါတယ်.. သွေးတိုးရောဂါ ရှိမရှိကို နားလည် တတ်ကျွမ်းသော ကျန်းမာရေး ဝန်ထမ်းများဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီး အစားအသောက် အနေအထိုင် ပြုပြင်၍ ဆေးဝါး စနစ်တကျ သုံးစွဲပါက ရောဂါကို ထိန်းချုပ် နိုင်ပါတယ်.. "The Seventh Report of the Joint National Committee on Prevention, Detection, Evaluation, and Treatment of High Blood Pressure" (JNC7) ၏ ထုတ်ပြန်ချက် အရ သွေးတိုးရောဂါ ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ် ထားပါတယ်..


သွေးဖိအား အခြေအနေ အသက် (၁၈)နှစ် နှင့် အထက် လူကြီး
အပေါ်သွေး (Systolic BP in mmHg)
အောက်သွေး (Diastolic BP in mmHg)


  • ပုံမှန် (Normal) ၁၂၀ အောက် နှင့် ၈၀ အောက်
  • ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ (Prehypertension) ၁၂၀ မှ ၁၃၉ (သို့) ၈၀ မှ ၈၉
  • အဆင့်(၁) သွေးတိုး (Stage-1, Hypertension) ၁၄၀ မှ ၁၅၉ (သို့) ၉၀ မှ ၉၉
  • အဆင့်(၂) သွေးတိုး (Stage-2, Hypertension) ၁၆၀ နှင့် အထက် (သို့) ၁၀၀ နှင့် အထက်


သွေးတိုးရောဂါ ရှိသူများ၏ ၉၀-၉၅% ဟာ အကြောင်းရင်း တိတိကျကျ မသိရဘဲ သွေးတိုးကြပြီး (Essential Hypertension) ဟု ခေါ်ပါတယ်.. ကျန် ၅-၁၀% ကသာ ခန္ဓာကိုယ်တွင်း ရောဂါ တစ်မျိုးမျိုးကြောင့် သွေးတိုးရောဂါ (Secondary Hypertension) ခံစားနေရပါတယ်.. ၎င်းရောဂါများမှာ ကျောက်ကပ်ရောဂါများ (Renal Diseases)၊ ကျောက်ကပ် သွေးကြောကျဉ်း ရောဂါ (Renovascular Hypertension)၊ သွေးကြောမကြီး ရောဂါ(Coarctation of Aorta)၊ အဒရီနယ်ဂလင်း ရောဂါများ (Primary Aldosteronism, Cushing Syndrome, Pheochromocytoma...)၊ သိုင်းရွိုက် ဟော်မုန်း အထွက်လွန်ကဲသော ရောဂါ (Hyperthyroidism)၊ ကိုယ်ဝန်ဆောင် ခြင်းကြောင့် သွေးတိုးခြင်း (PIH)၊ သွေးတိုး စေသောဆေး (Cocaine, Cyclosporin, Erythropoietin, Adrenergic medications,...) သုံးစွဲနေရခြင်း နှင့် အရက် သောက်သုံးခြင်း (Alcoholism) တို့ဖြစ်ပါတယ်..
သွေးဖိအား 115/75 mmHg ကို ပုံမှန်ထား၍ အပေါ်သွေး 20 (or) အောက်သွေး 10 mmHg စီ တိုးတိုင်း နှလုံးနှင့် ပတ်သက်သော ရောဂါ ဖြစ်နိုင်ခြေ (Cardiovascular Disease Risk) နှစ်ဆ စီ တိုးလာပါတယ်.. အမေရိကန် နိုင်ငံ National Health and Nutrition Examination Surveys ၂၀၀၅-၂၀၀၆ ခုနှစ် စစ်တမ်းမှ အချက် အလက်များကို ထုတ်နုတ် တင်ပြရလျှင်

အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၂၉% မှာ သွေးတိုးရောဂါ ခံစားနေရပြီး အသက်အရွယ် ကြီးလာသည်နှင့် အမျှ ဖြစ်ပွားနှုန်း မြင့်မားနေပါတယ်.. ၎င်းတို့ထဲတွင် ၇% မှာ အသက် ၁၈ နှစ် မှ ၃၉ နှစ်အတွင်း ဖြစ်ပြီး၊ ၆၇% မှာ အသက် ၆၀ နှစ်နှင့် အထက် ဖြစ်ပါတယ်..
အသက် ၁၈ နှစ်နှင့် အထက် အမေရိကန်များ၏ ၃၇% မှာ ပုံမှန်ထက် သွေးဖိအား မြင့်မားနေပြီး (Prehypertension) ၃၀% မှာ ၁၈နှစ် မှ ၃၉နှစ် အတွင်း ဖြစ်ပြီး ၃၈% မှာ ၆၀နှစ် နှင့် အထက် ဖြစ်ပါတယ်..

သွေးတိုးရောဂါ လက္ခဏာများ
သွေးတိုးရောဂါ ရှိသူများ၏ သုံးပုံတစ်ပုံ ခန့်မှာ မိမိတွင် သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်.. များသောအားဖြင့် သွေးတိုး လက္ခဏာ မခံစားရသူ၊ ဘာလက္ခဏာမှ မပြသူ များပါတယ်.. ခံစားရသူ အချို့တွင် ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူ မြန်လာခြင်း၊ အမြင် ဝေဝါးလာခြင်း တို့ ဖြစ်တတ်ပါတယ်.. အချို့မှာ ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး လက္ခဏာ (Complications) များဖြင့် ပြတတ်ကြပါတယ်.. ရင်ဘတ်အောင့်ခြင်း (နှလုံး သွေးကြော ကျဉ်းခြင်း)၊ လေဖြတ်ခြင်း (ဦးနှောက် သွေးကြော ပိတ်ခြင်း/ ပေါက်ခြင်း)၊ မော၍ ဖောယောင်ခြင်း (နှလုံး ညှစ်အား နည်းခြင်း- Heart Failure)၊ မျက်နှာ ယောင်အမ်း လာခြင်း (ကျောက်ကပ် ပျက်စီးခြင်း-Renal Failure)၊ မျက်စိ အမြင် ချို့ယွင်းလာခြင်း (Hypertensive Retinopathy) တို့ ဖြင့် လက္ခဏာ ပြတတ် ကြပါတယ်..


သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
သွေးတိုး ရောဂါကြောင့် နှလုံးသွေးကြောများ ထူအမ်း မာကျောလာပြီး (Atherosclerosis) နှလုံး သွေးကြော ကျဉ်းခြင်း/ ပိတ်ခြင်း (Heart Attack)၊ နှလုံးကြွက်သားများ ထူထဲလာပြီး (LVH) နှလုံးညှစ်အား လျော့နည်းလာခြင်း (Heart Failure) တို့ ဖြစ်ပေါ်လာ တတ်ပါတယ်..
ဦးနှောက် သွေးကြော ပိတ်ခြင်း (Ischemia)၊ သွေးကြော ပေါက်ခြင်း (Haemorrhage) တို့ဖြစ်ပေါ် စေပြီး လေဖြတ်ရောဂါ (Stroke) ဖြစ်ပေါ်လာ တတ်ပါတယ်..
သွေးတိုးရောဂါ တာရှည်လာပါက ကျောက်ကပ် ပျက်စီးပြီး (Nephrosclerosis) ကျောက်ကပ် လုပ်ငန်း ယိုယွင်းခြင်း (Renal Failure) ဖြစ်ပေါ် လာတတ် ပါတယ်
မျက်စိတွင်းရှိ မြင်လွှာ (Retina) သွေးကြောများ ထိခိုက် ပျက်စီးပြီး အမြင်အာရုံ (Hypertensive Retinopathy) ထိခိုက်လာ တတ်ပါတယ်..

သွေးတိုးရောဂါကို ထိန်းချုပ်နိုင်မည့် နည်းလမ်းများ
JNC7 မှ ထုတ်ပြန်ချက်အရ သွေးတိုးရောဂါ ရှိသူများသည် သွေးဖိအားကို 140/90 mmHg အောက် နှင့် ဆီးချို၊ ကျောက်ကပ် ရောဂါ ရှိသူများ အနေဖြင့် 130/80 mmHg အောက် ရှိနေစေရန် ညွှန်ကြား ထားပါတယ်.. သွေးတိုး ရောဂါကို ထိန်းချုပ်နိုင်ရန် အောက်ပါ အတိုင်း လိုက်နာ သင့်ပါတယ်..

ကိုယ်အလေးချိန် အဝ မလွန်စေရန် ထိန်းသိမ်း ထားရမည်.. Body Mass Index (BMI) ကို ၁၈.၅ မှ ၂၄.၅ အတွင်း ရှိနေစေရန် ထိန်းထားရမည်..
လမ်းမြန်မြန် လျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း ကဲ့သို့သော ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ကို ပုံမှန် တစ်နေ့ မိနစ် ၃၀ လုပ်ရမည်..
Dietary Approaches to Stop Hypertension (DASH) Eating Plan အရ သစ်သီး ဝလံများ၊ ဟင်းသီး ဟင်းရွက်များ၊ အဆီ ထုတ်ထားသော နို့နှင့် နို့ထွက် ပစ္စည်းများကို များစွာ စားသုံးပါ.. ဆား (ဆိုဒီယမ်) နည်းသော အစာများကို ရွေးချယ် စားသုံးပါ.. အထားခံသော အစာများ (Preserved Food)၊ ပြုပြင်ထားသော အစာများ (Processed Food) သည် ဆားပါဝင်မှု များပြား ပါတယ်.. ငါးများ၊ အဆီမပါသော အသားများကို စားသုံးပါ.. ကိုလက်စထရော များသော အဆီ၊ အဆိမ့်၊ အချိုများကို
ရှောင်ပါ..
အရက် အလွန်အကျွံ သောက်သုံးခြင်းသည် သွေးတိုး စေတတ်သဖြင့် ရှောင်ကြဉ်ပါ..
သွေးတိုးရောဂါ အတွက် ဆရာဝန် ညွှန်ကြားထားသော သွေးကျဆေးများကို တိတိကျကျ သုံးစွဲရမည်..
 
Ref:lapyaelynn.blogs

သွေးတိုး ရောဂါ ထိန်းသိမ်း နည်း(၇)ချက်

သွေးတိုး ရောဂါသည် တိတ်တစ်စိတ် လာ၍ လူကို သတ်နိုင်သော ရောဂါကြီး တစ်ခု ဖြစ်သော် လည်း ကမ္ဘာ့ လူသားများ အားလုံး သွေးတိုးရောဂါ ရှိမှန်း မသိပဲ ရုတ်တရက် ရုတ်တရက် အသတ်ခံခဲ့ကြရ သည့် တိတ်တစိတ် လူသတ်သမားဟု ခေါ်ဝေါ်သုံးစွဲနေရ သော ရောဂါကြီး၊ မဆန်းသော ရောဂါ ပင်ဖြစ်သည်။ များသော အားဖြင့် အစား အသောက်၊ အနေအထိုင် မဆင်ခြင်ရာမှ ရုတ်တရက် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ် ၍သေဆုံးခြင်း တို့ကြောင့် အဖြစ်များ အသေများသည်။ ထို့ကြောင့် မည်သည့်အသက် အရွယ်တွင်မဆို မိမိသွေးတိုးရောဂါ ရှိမရှိ ဂရုစိုက် ဆရာဝန်နှင့် စစ်ဆေးကာ အဖြစ်ဆိုးမျိုး ကာကွယ် သင့်သည်။ မိမိခန္ဓာ ကိုယ်တွင်း သွေးဖိအား Blood Pressure အားလျှော့ချရန် နည်းလမ်း (၇) လမ်းကို ဖော်ပြပေးပါမည်။

၁။ နေ့စဉ်လမ်းလျှောက်ထွက်ခြင်း

မနက်စောစော အိပ်ယာထပါက နေမပူခင် ၁၅ မိနစ်ခန့် လမ်းလျှောက် ပေးရပါသည်။ အမှန်တကယ် တော့ Exercise ကို ပြင်းထန်စွာ လုပ်ရန်မလိုအပ် ချေ။ သင်၏ Blood Pressure ကို Exercise ပြင်းထန်စွာလုပ်ခြင်းဖြင့် ပို၍သွေးတိုးစေသည်။ Japan သုတေသီများက လူနာ ၁၆၈ဦးအား စမ်းသပ်ချက်အရ တစ်ပတ်လျှင် မိနစ် ၃၀ မှ ၉၀ အတွင်းသာ လမ်းလျှောက်ခြင်း၊ မပြင်းထန်သော Exercise လုပ်ခြင်းပြုလုပ်သော လူနာများ သည် တစ်ပတ်လျှင် မိနစ် ၉၀ ထက်ပို၍ လမ်းလျှောက်သော လူနာများထက် ပို၍ သွေးပေါင်ချိန်လျော့ နည်းစွာ ထိန်းထားနိုင်သည်ကို တွေ့ရသည်။ “တန်ဆေး၊ လွန်ဘေး” စကားပုံ ကဲ့သို့ပင် ဖြစ်နေသည်ကို တွေ့ရ ပေသည်။

၂။ ဆေးမှန်မှန်သောက်ခြင်း

ဆရာဝန်ပေးထားသောဆေး သောက်ဖို့မမေ့ရန် သင်၏ ပြက္ခဒိန်တွင် နေ့စဉ်အမှတ်အသား လုပ်ထား ပြီး မှန်မှန်ဆေးသောက်ပါ။ နေ့တစ်နေ့၏ ၂၅ ရာခိုင် နှုန်းအချိန် (ဥပမာ တစ်နေ့ ၆ နာရီ) သည် သွေးပေါင် ချိန်များနေပါက သင်ဆေးသောက်ရန် မေ့နေကြောင်း သိရှိရမည်။ သွေးတိုးရာဂါ ဖြစ်ပြီး သွားပါက သွေး ပေါင်ချိန်ထိန်းညှိဆေးကို မိမိဘဝတစ်လျှောက်လုံး သောက်သွားရ မည်ဖြစ်ရာ ဆေးဖြတ်၍ မရနိုင်တော့ ပါ။ ဆေးသောက်ရန် မမေ့သင့်ပဲ မှန်မှန် သောက်ပေး မှသာ သင်၏ Blood Pressure ကို Normal Range အတွင်း ထိန်းထားနိုင်မည်ဖြစ်သည်။

၃။ Monitor Your Blood Pressure

မိမိအိမ်၌ Home Blood Pressure Kit ကို သိမ်းထားသင့်သည်။ မိမိအိမ်၌ ပုံမှန်မိမိ၏ သွေးဖိ အားကို တိုင်းတာ၍မှတ်တမ်းတင်ကြည့်ရှုမှတ်သား ထားခြင်းသည် ဆရာဝန်နှင့် တွေ့ပြီးတိုင်းတာခြင်းမှ ရသော အဖြေထက်ပို၍ အကျိုးရှိသည်ကိုတွေ့ရ ကြောင်း U.S.A မှ သုတေသီများက ဆိုသည်။ အမေရိကန် သုတေသီများက ဆိုရာတွင်ဆရာဝန်၏ ဆေးခန်းတွင် Blood Pressure တိုင်းတာရာတွင် လူနာများ၏ ၁၃ ရာခိုင်နှုန်းမှာ Blood Pressure မြင့်မား နေပြီး အိမ်တွင် သွေးတိုးမရှိဘဲ ကျနေသည်ကို လေ့လာတွေ့ရှိသဖြင့် ထို Result အရ ဆေးပေး မိလျှင်သွေးပိုကျကာ အန္တရာယ်ရှိသည်ဟု ဆိုသည်။

ဆရာဝန်နှင့် တွေ့စဉ် စိတ်လှုပ်ရှားမှု ကြောင့် သွေးတိုးတတ်ပြီး ၎င်းကို ''White-Coat Hypertension" ဟုခေါ်သည်။ အလားတူပင်လူနာများ၏ (၉) ရာခိုင်နှုန်း မှာ ဆရာဝန်၏ ဆေးခန်းတွင် တိုင်းတာစဉ် သွေးကျနေ သော်လည်း အိမ်တွင် သွေးတိုးနေတတ်သည်ကိုလည်း သိရှိရသည်။ ၂၀ဝ၄ ခုနှစ်က ဥရောပ ဆရာဝန်များ သမ္မဂ သုတေသန အစည်းအဝေးတွင် အိမ်တွင် မိမိ၏ သွေးပေါင်ချိန်ကို ပုံမှန်စစ်ထားသော လူနာများသည် ဆရာဝန်၏ ဆေးခန်းရောကမှ သွေးတိုင်း သော လူနာများထက် ပို၍ သွေးပေါင်ချိန်ကို ထိန်းညှိနိုင် ကြောင်း တွေ့ရသဖြင့် ဒေါ်လာ ၁၀ဝ အောက်မျှသာ ရှိသော "Home Blood Pressure Kit" ကို အိမ်၌ ဆောင်ထားသင့်သည်ဟု ပြောဆိုခဲ့သည်။

၎။ Eat More Fiber

Omega -3 Fatty Acids များ ပါဝင်သော အမျှင်ဓာတ်များသော အစား အစာများစားပေးခြင်း၊ အသီးအနှံများများ စားပေးခြင်း၊ ကောက်ပဲသီးနှံမှ ထုတ်လုပ် သော အစားအစာ များများ စားပေးခြင်းသည် သွေးဖိအား လျှော့ချ ပေးသည်။ အမြှင်ဓာတ်ပါဝင်မှုများ သော အစားအစာများတွင် Flaxseed များစွာ ပါဝင်ပြီး ၎င်းဆေး အား ထမင်းစားဇွန်း ၂ ဇွန်းခန့် သင်စားမည်။ ဒိန်ချဉ်၊ ရေခဲမုန့်၊ Spaghetti, Sauce နှင့် တခြားအစား အစာများနှင့် ရောနှောထားသော သွေးဖိအား ကျအောင်ထိနူ်းပေးနိုင်သည်။ အထူး သဖြင့် နှလုံးရောဂါသည်များတွင် တွေ့ရသော Systolic Blood Pressure ကို ကျအောင် စွမ်း ဆောင်နိုင်သည်။

၅။ ကော်ဖီသောက်သုံးမှုလျှော့ချခြင်း

ကော်ဖီ သောက်သုံးခြင်းကို လျော့ချပြီး သွေးတိုး နှလုံးရှိသောသူများအနေဖြင့် ကောဖီသောက်ခြင်းဖြင့် ပို၍ရောဂါ တိုးစေသည်။ ကော်ဖီအစာွးှနေ ကို အစားထိုး၍ သောက်သုံးရန် သုတေသီ များက အကြံပြုထားသည်။ လက်ဖက် ရည် (နို့ဆီသကြားမပါ) ကြမ်းကို ပိုသောက်သုံးခြင်းဖြင့် သွေးတိုးရောဂါ ရှင်များ၏ Systolic Blood Pressure (အပေါ်သွေး) ၂ မှတ်မှ ကြာစေပြီး Diastolic Blood Pressure အား One Point မှ ကျဆင်းစေသည်ကို တွေ့ရှိရ သည်ဟု သုတေသီများကဆိုခဲ့ပြီး လက်ဖက်ရည်ကြမ်း ကို တနေ့လေးခွက်ထက်ပိုသောက်လျှင်တော့ အဆိုပါ ကျေးဇူးများ မရနိုင်တော့ချေ။

၆။ ထောပတ်သီးစားသုံးခြင်း

မြန်မာနိုင်ငံတွင် များစွာရနိုင်သော Avocados ထောပတ်သီးတွင် Blood Pressure ကို ကျစေသော Potassium ဓာတ် ပိုမိုပါဝင်သည်ကိုတွေ့ရှိရသည်။ လူ၏ ခန္ဓာကိုယ်တွင် Potassium ဓာတ် တစ်နေ့ (၄.၅) ဂရမ် လိုအပ်ပြီး အမေရိ ကန် သုတေသီများ၏ သုတေသန လုပ်ချက်များအရ သိရှိရပြီး ၎င်း Postassium ဓာတ်က သွေးဖိအား ကျဆင်းစေ ကြောင်း တွေ့ရသည်။ အဆိုပါဓာတ်သည် ထောပတ် သီး သာမကဘဲ တခြားသော အသီးအနှံများ ဟင်း သီးဟင်းရွက်များနှင့် ငှက်ပျောသီးတွင်လည်း ပါရှိ ပေသည်။

၇။ ချောကလက်အမည်းစားသုံးခြင်း

ယနေ့ကမ္ဘာတွင် ခေတ်စားလာ သော Cocoa ပါဝင်သော Dark Chocolate ကို ပုံမှန်စားသုံးနိုင်ပါက သင်၏သွေးဖိအားကို လျှော့ချပေးနိုင်ကြောင်းတော့ ရှိရသည်။ ချောကလက်ဟု ဆိုရာတွင် နွားနို့နှင့် သကြားများစွာပါဝင် သော ချောက လက်ကို မဆို လိုပဲ ဃသခသေ တစ်မျိုးတည်းဖြင့် သီးသန့်ပြုလုပ်ထား သော ခါးသော အရသာ ရှိသည့် ညိုမဲရောင်ရှိချောက လက်ကို ဆိုလိုသည်။ Dark Chocolate သည် Flavonoids ဓာတ်များပါဝင်ပြီး သင်၏သွေးကြော များ ကိုပျော့ပြောင်း စေပြီး မာကြော သောသွေး ကြောများကြောင့် ဖြစ်ပွားရသော သွေးဖိအားမြင့်မား မှုကို လျော့ချပေးသည်။ ပနားမားရှိ အင်ဒီးယန်း လူမျိုးများမှ ဆားငန်သော အစားအစာများ သော် လည်း Dark Chocolate များများစားပေးခြင်းဖြင့် သွေးဖိအားကို ပုံမှန်ဖြစ်နေစေရန် ထိန်းသိမ်းပေးထား နိုင်သည်ကိုတွေ့ရသည်။

အမေရိကန် ဆေးပညာ သုတေသီများ၏ တွေ့ ရှိချက်အရ တစ်နေ့လျှင် Dark Choclolate (၃) အောင်စမျှ စားပေးခြင်းဖြင့် "Isolated Systolic Hypertension" ရောဂါဖြင့် အသက်ရှင် နေသူလူကြီး များတွင် (အပေါ်သွေးအ တက်များသောသွေးတိုး ရောဂါရှင်များ) ပေါ်သွေးကို ကျဆင်းစေရန် စွမ်း ဆောင်နိုင် ကြောင်းတွေ့ရသည်။ "Flavonoids" ဓာတ်ကို လက်ဖက်ရည်ကြမ်း "Tea" နှင့် Wine များတွင်လည်းကောင်း၊ သီးနှံမျိုးစုံနှင့် ဟင်းသီး ဟင်းရွက်များ တွင်လည်း ပါဝင်ပေသည်။ သွေးတိုး ရောဂါရှင်များ သွေးမတက်အောင် ထိန်းသိမ်းနေ တတ်ရန်ရည်ရွယ်လျက်......
ဒေါက်တာကောင်း (U.S.A)
Ref:co2discovery.blogs

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!