Popular Posts!

Monday, June 17, 2013

အမှန်တကယ်ရင်းနှီးမြှပ်နှံသင့်တဲ့ အိမ်ခြံမြေဈေးကွက်လား!

    အမိမြန်မာပြည်မှာ သန်းကြွယ်သူဌေးတွေပေါများနေပါလား? အမှန်တကယ်ဈေးတွေမှဟုတ်ရဲ့လားလို့တောင်ထင်ရလောက်အောင် အိမ်ခြံမြေဈေးတွေ တက်နေလိုက်ကျတာဗျာ... လုံးဝမထင်ထားတဲ့ ဈေးတွေပါ! လက်ရှိဖွံ့ဖြိုးနေတဲ့ အိမ်နီးချင်းအာရှနိုင်ငံတွေထက်တောင် ဈေးပိုများနေပါလား...ဒါတောင် ဘယ်နိုင်ငံခြားရင်းနှီးမှုမှအလုံးအရင်းဝင်မလာသေးပါဘူး! ဒီလောက်ဈေးများနေရင် မီးမရှိ နည်းပညာမရှိတဲ့ အမိမြန်မာပြည်ကိုဘယ်နိုင်ငံခြားရင်နှီးသူတွေလာပြီးစွန့်စားတော့မလဲ? နိုငိငံတကာရင်နှီးမြှပ်နှံသူတွေက သက်သာပြီး ပေါချောင်ကောင်းနေရာတွေရှိတဲ့ တခြားအာရှနိုင်ငံတွေဆီကိုသွားတော့မှာပေါ့.....အမိမြန်မာဆီက ပေါကြွယ်ဝတဲ့ မျက်လောက်စရာဆိုလို့ သဘာဝအရင်းအမြစ်ဖြစ်သော ကျောက်မျက်နှင့် ရေနံ၊သဘာသဓာတ်ငွေ့တွေ ဘဲရှိပါတယ်လေ...
လက်ရှိအရမ်းလိုအပ်နေတဲ့ ဟိုတယ်လုပ်ငန်းတွေနှင့် အရမ်းမြတ်တဲ့အရက်နှင့်အချိုရည်လုပ်ငန်းများ၊ဘယ်နိုင်ငံတကာကလက်မခံတော့တဲ့ စီးကရက် လုပ်ငန်းတွေနှင့်   သဘာဝအရင်းအမြစ်ဖြစ်သော သဘာဝဓာတ်ငွေ့၊ရေနံ၊ကျောက်မျက်တွေလောက် မှာဘဲလာရောက်ရင်းနှီးမြှပ်နှံကျပြီး၊  အမှန်တကယ်နိုင်ငံတော် နှင့်လူထုတွေကိုအကျိုးရှိတိုးတက်စေမဲ့ စက်မှုပိုင်းနှင့်နည်းပညာပိုင်းတွေမှာ လာရောက်မြှပ်နှံမှုမရှိ သလောက်ဖြစ်နေတာကိုတွေ့မြင်နေရပြီး၊  မတည်ငြိမ်သေးတဲ့  နိုင်ငံရေး အခြေအနေတွေကို အားလုံး စောင့်ကြည့်ကျတဲ့ အချိန်အခါပါဘဲ! ၂၀၁၅ခုနှစ်မှာ ဂျပန်ဦးစီးတဲ့သီလ၀ါစက်မှုဇုန်အောင်မြင်မှ အမှန်တကယ် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဝင်ရောက် လာဖို့များပါတယ်လို့၊ နောက်ထပ် ၂နှစ်စောင့်ကြည့် ရမဲ့အချိန်အခါတွေပါ...အဲ! ငွေပိုငွေလျှံရှိကျတယ်သူတွေကတော့ တက်ဈေးတွေကိုလိုက်ဝယ် နေအုံးမှာဘဲ၊တက်နေအုံးမဲ့အိမ်ခြံမြေဈေးတွေပါဘဲ....
အားလုံးမျှော်လင့်နေကျတဲ့ ၂၀၁၅ ခုနှစ်မှာစတင်ကျမဲ့ စီမံကိန်းကြီးတွေ အောင်မြင်မှာပါ၊ မဟာရန်ကုန်စီမံကိန်းနှင့် ဂျပန်ဦးစီးတဲ့ သီလ၀ါစက်မှုန်ဇုံစီမံကိန်း နှင့်ဟံသာဝသီနိုင်ငံတကာလေယာဉ်ကွင်း စီမံကိန်းတွေအမှန်တကယ်ပြီးစီးအောင်မြင်မှပါ.......တကယ်ဖြစ်မလာရင်တော့ဘယ်လိုဆက်စခန်းသွားကျမလဲ! အခုလောလောဆယ်ထားဝယ်စီမံကိန်းက အခြေမနေမကောင်းတော့ ဘူးလေ! ပြောတုန်းကတော့ ဆင်ဖမ်းမယ်ကျားဖမ်းမယ်နှင့် အခုတော့ မရှိဆင်းရဲတဲ့ အများပြည်သူလူထုတွေဘဲ လယ်သိမ်းမြေသိမ်း ဒုက္ခရောက်နေရပြီလေ၊  ရန်ကုန်တိုင်းတခု ထဲမှာတင် လယ်မြေဧက ၂သိန်းခွဲ လောက်ရှိတယ်လို့သိရတယ်၊ လယ်မြေတွေသိမ်းတုန်းကတော့ စက်မှုဇုန်လုပ်ဖို့သိမ်းပြီး စက်မှုဇုန်တွေဖြစ်မလာဘဲ မိမိကိုယ်ကျိုးမြေကွက်ချရောင်းစားနေကျတာက ဘယ်သူတွေလဲမသိ? တောက်လျှောက် ဈေးတက်နေတဲ့ လူနေမှုစရိတ်တွေ နှင့် အိမ်ခြံမြေဈေးတွေကြောင့် ပြည်သူလူထုတွေ အရင်အနှစ် ၄၀ ခုနှစ်က အစိုးရ လက်ထက်ကထက် ပိုပြီးဆင်းရဲချမ်းသာကွာဟမှု တွေပိုများလာပြီး ပိုပြီးဒုက္ခရောက်လာ ကျတာကို ပိုပြီးတွေ့မြင်နေရပါကြောင်း နှင့် အခုလိုခေတ်ကူး ပြောင်းကာလတွေမှာ ပိုင်ရာဆိုင်ရာ ခရိုင်နီဆွေမျိုးသားချင်းလေးတွေအမြတ်ထုတ် အနိုင်ပိုင်းပြီး ပိုချမ်းသာလာတဲ့ ခေတ်တခုသာဖြစ်ပြီး အများပြည်သူတွေအတွက် ဘာတခုမှအကျိုးကျေးဇူး ရရှိတာကိုမတွေ့ရပါဘူးလို့ပြောချင်တာပါ...
လူနေမှုစရိတ်တွေတက်တဲ့နှုန်းတွေက ဖွံဖြိုးခေတ်မှီတဲ့နိုင်ငံတွေ အမှီလိုက်တက်နေကျတော့   နိုင်ငံတော်ရဲ့ဖွံဖြိုးတိုးတက်မှုနူန်းထားက အမှီမလိုက်နိုင်တာကိုတွေ့မြင်နေရပြီး ဒီအတိုင်းနှစ်အနည်းငယ် ဆက်လက် သွားနေရင် အများဖြစ်တဲ့ဆင်းရဲတဲ့ ပြည်သူလူထုတရပ်လဲ ဆက်ဒုက္ခရောက်ရမဲ့အခြေအနေတွေပါ..ဒါတွေကိုမြင်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောနေတာပါ... ဘာမှပြောင်းလဲမှုမရှိပါဘူးလို့....နိုင်ငံတကာမှာ မျောက်ပြဆန်တောင်းနေရတဲ့ ဖြစ်ရပ်မှန်တွေပါ....ဒါကို နိုင်ငံရေးအရဘာသာရေးတွေကို လူမှုရေးအသွင် ပဍိပက္ခအတွင်ဖြစ်အောင် ကူးပြောင်းလုပ်ဆောင်နေတာကိုတွေရပါလိမ့်မယ်.. သတင်းအမှားတွေကို ဖွဘုတ်မှ နာမည်ကြီးတဲ့ ဖွဘုတ်ဆရာကြီးတွေ ဆက်လက်မဖွသင့်ပါဘူးလို့ပြောချင်ပါတယ်၊ မိမိစာဖတ်ပရိတ်သတ်တွေကို အဆိပ်ကျွှေးပြီး သတင်အမှားတွေကိုလင့်ချိတ်ပြီး သတင်းမဖြန့်သင့်ပါကြောင်းသတိပေးလိုက်ပါရစေ၊ ဆက်လက်ပြီး အများပြည်သူတွေကလဲ သတင်းမှား၊မှန်တွေကို သတိထားဆင်ခြင်စဉ်းစားနိုင်မှ သင့်တော်ပါလိမ့်မယ်လို့သတိပေးလိုက်ပါရစေနော်.....
 
အခုဒီရွှေအိမ်ခြံမြေဆီမှာတွေ့လို့ ကူးယူဖော်ပြလိုက်တာပါ..

အရောင်းအဝယ်အေးလျက်ရှိသော်လည်း မြောက်ဥက္ကလာပ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားစွာ ခေါ်ယူနေ

အရောင်းအဝယ် အေးလျက်ရှိသော်လည်း မြောက်ဥက္ကလာပ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားစွာ ခေါ်ယူနေအရောင်းအဝယ် အေးလျက်ရှိသော်လည်း မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်မားစွာ ခေါ်ယူမှုများ ရှိနေကြောင်း မြောက်ဥက္ကလာပမြို့နယ်အတွင်း ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
 
မြောက်ဥက္ကလာပမြို့နယ်၊ ဓမ္မာရုံမှတ်တိုင်အနီး သီရိမင်္ဂလာအဝေးပြေး ကုန်တင်ယာဉ်ရပ်နား စခန်း ဆောက်လုပ်မှုဖြင့် ဓမ္မာရုံမှတ်တိုင်အနီး ရပ်ကွက်များရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ပေ ၂၀ x ၆၀ တစ်ကွက်လျှင် ငွေကျပ်သိန်း ၂၅၀၀(S$ 3M) အထိရှိကြောင်း၊ ယင်းယာဉ်ရပ်နားစခန်းအနီး ဝန်းကျင်သာမက ခြောက်ကွေ့မှစ၍ ကန်သာယာ၊ သုနန္ဒာရပ်ကွက်များထက် ပေ ၂၀ x ၆၀ များသာ အရောင်းအဝယ်ဖြစ်ကြောင်း အထက်ပါ အကျိုးဆောင်များထံမှ သိရသည်။

အမှတ် (၃) လမ်းမကြီး ခင်းကျင်းလိုက်သည့်အတွက် ယင်းလမ်းမကြီးတစ်လျှောက် မေးတင် ပေ ၄၀ x ၆၀ မြေကွက်များမှာ ငွေကျပ်သိန်းလေးသောင်းကျော် (S$5Mနီးပါး) အထိပေါက်ဈေးရှိပြီး အတွင်းရပ်ကွက် လမ်းမများတွင် ငွေကျပ်သိန်း လေးရာမှတစ်သောင်းကျော် (S$0.5-1.4Mနီးပါး) အထိပေါက်ဈေးရှိကြောင်း၊ မြောက်ဥက္ကလာပအဝိုင်း၊ ကျောက်ရေတွင်းနှင့် ဘုန်းကြီးလမ်းတစ်လျှောက်တွင် အဝယ်လိုက်သော်လည်း မြေကွက်ရောင်းချမှု မရှိသလောက် နည်းပါးကြောင်း သိရသည်။

“အကျိုးဆောင်လုပ်ငန်းတွေ အလုပ်မဖြစ်တာ ငါးလ၊ ခြောက်လ လောက်ရှိပြီ၊ ဝယ်မယ့်သူက ရှားနေပေမဲ့ ရောင်းမယ့်သူတွေက ဈေးနှုန်းတွေကို စွတ်အော်နေကြတယ်၊ တဖြည်းဖြည်းနဲ့ မြေကွက်တစ်ကွက် ရဖို့တောင်မလွယ်တော့ဘူး၊ မြေဈေးနှုန်းကို စွတ်အော်နေတော့ ဝယ်မယ့်သူကလည်း မလိုက်နိုင်တော့ဘူး၊ အမှန်တော့ ပေါက်ဈေး အဲဒီလောက်မရှိဘူး၊ အဲဒါကြောင့် လုပ်ငန်းပါးပြီး အရောင်းအဝယ် အေးနေတယ်၊ မြောက်ဥက္ကလာပမှာမှ မဟုတ်ဘူး၊ ကျန်တဲ့မြို့နယ်တွေလည်း ဒီလိုပဲ”ဟု မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာရပ်ကွက်ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။

လွန်ခဲ့သည့် သုံး၊ လေး၊ ငါးလမှစ၍ အိမ်၊ ခြံ၊ မြေ ဈေးနှုန်း မြင့်မားစွာ ခေါ်ယူမှုကြောင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် အေးလျက်ရှိပြီး ဈေးနှုန်းမြင့်မားစွာ ခေါ်ထားသော်လည်း ဝယ်လက်နည်းပါးကြောင်း၊ အဆိုပါမြို့နယ်အတွင်း၌ အမှတ်(၃) လမ်းမခင်းကျင်းခြင်းနှင့် သီရိမင်္ဂလာ အဝေးပြေးကုန်တင်ယာဉ် ရပ်နားစခန်းတည်ဆောက်ခြင်းကြောင့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ မြင့်တက် သွားခဲ့ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သိရသည်။
Ref : Myanmar Property

- Posted using BlogPress from my iPhone5

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!