Popular Posts!

Thursday, June 13, 2013

စကာၤပူမွ အလုပ်ရှာရန်တဖြေးဖြေးပိုခက်ခဲလာသလို ဆက်လက်နေထိုင်ရင်လဲ ပိုခက်ခဲလာတဲ့နှစ်တွေပါ!

Credit@ Ko Nge
Spass သမား တွေမပြောနှင့် လက်ရှိ စကာင်္ပူတွေနှင့် PR တွေတောင် ကုမ္မဏီအတော်များများ ကန်ထရိုက်တွေ ဆက်မရကျလို့ လက်ရှိအလုပ်တွေမှာ  ၀န်ထမ်းတ၀က် လောက်ကိုအလုပ်ဖြုတ် လိုက်ကျ ပါတယ်၊(ဖြတ်ညှပ်ကပ်လုပ်နေတာမနှစ်ကတည်းကျပါ) အရင်နှစ်တွေမှာ ကျွန်တော်အလုပ်လုပ်တဲ့ လေဆိပ်မှာ ရွှေတွေအများကြီးတွေရတယ် အခုနှစ်မှာ မတွေ့ရသလောက်ဘဲ! ဒါတွေကြောင့် ဒီကလူတော်တော်များများ မကြိုက်ကျတာက အလုပ်မမြဲလို့ပါဘဲ! အလုပ်အများဆုံးကကန်ထရိုက်စနစ်ဖြစ်နေကျပြီး အလုပ်တခုမှာ ၃နှစ် ၅နှစ် လောက်ဘဲ၊ပြီးရင် နောက်အလုပ်တခုကိုပြောင်းရပြီလေ! အလုပ်တခုရဖို့လွယ်သလိုပြုတ်ဖို့လဲအရမ်းကို လွယ်ပါတယ်၊ ဒါကြောင့် နှစ်ကုန်ရင် ရင်တထိပ်ထိပ်နှင့် ဘောက်နပ်တွေ မရတဲ့အပြင် အလုပ်မပြုတ်ဖို့က အဓိကဖြစ်နေရပါတယ်၊ အဲ! လစာပိုလိုချင်ရင် တခြားအလုပ်ပြောင်းမှ ပိုရတာပါ၊ လက်ရှိကုမ္မဏီက တိုးပေး ရင် ၅%လောက်ဘဲဖြစ်တတ်ပါတယ်။
လက်ရှိစကာင်္ပူစီးပွားရေး ကောင်းနေတာမဟုတ်ပါဘူး စီးပွားရေးအကျဖက်များနေပါတယ်၊ ၂၀၁၃ခုနှစ်မှာ ၂.၃% ကျဆင်းနေပါတယ်၊လို့ Chennelnewasia သတင်းစာမှာရေးထားတာပါတယ်၊ Economists cut Singapore's 2013 growth forecast to 2.3%Private sector economists expect the  Singapore economy to grow by 2.3 per cent this year -- down from their previous estimate of 2.8 per cent in March.
နောက်ပြီးကုန်ဈေးနှုန်းတွေကလဲ လစာတက်တာထက် ပိုတက်နေကျတာကြောင့် လူထုတွေအော်နေကျ တာပေါ့၊ လက်ရှိယူထားတဲ့ ဘဏ်ကြွေးတွေကလဲရှိနေကျတော့ အလုပ်မပြောင်းရင် အိမ်စရိတ်အပို ဆိုတာမရှိနိုင်ပါဘူးလေ! ကဲ! လာချင်သေးလား စကာင်္ပူကို!....း(
ဒီမှာ ဆက်ကြည့်လိုက်ပါ>>>တက်နေတဲ့ လူနေမှုစရိတ်တွေကိုတွက်ချက်နှိုင်းယှဉ်ကြည့်ခြင်း!

Spass သမားတွေအတွက် ပိုမိုတင်းကျပ်တဲ့ ဥပဒေကို  ဇူလိုင်လမှစပြီ...
ဒီတစ်ခါတော့ ဂျူလိုင်လ တစ်ရက်နေ့ကစပြီး စင်ကာပူမှာ အလုပ်လာရောက်လုပ်ကိုင်နေတဲ့ အလယ်အလတ်တန်းစား Spass သမားတွေအတွက် ပိုမိုတင်းကျပ်တဲ့ ဥပဒေကို စင်ကာပူ လူ့စွမ်းအားဝန်ကြီးဌာနကနေပြီးတော့ တရားဝင် သတ်မှတ်သွားမှာဖြစ်ပါတယ်.။ နောက်ပြီး အဆင့်မြင့် အလုပ်လုပ်ကိုင်ခွင့်ဖြစ်တဲ့ EPass ကိုလဲ တင်းကျပ်သွားမယ်လို့ သိရပါတယ်.။ ဒီနှစ် ဂျူလိုင်လ တစ်ရက်နေ့ကနေစပြီးတော့ Spass သမားများအတွက် အခြေခံလစာကို မူလ ၂၀၀၀ ပြဌာန်းရာကနေ ၂၂၀၀ ကို တရားဝင် တိုးမြင့်မယ်လို့ သိရပါတယ်.။ DRC (Dependency Ration Ceiling) ကိုလဲ ၂၀% ကနေ ၁၅%ကို လျှော့ချတော့မှာ ဖြစ်ပါတယ်..။ ကျွန်တော်တို့ အသုံးများတာကတော့ ကိုတာပေါ့..။ ၂၀% မှာတောင် စင်ကာပူနယ်ခံ ငါးယောက်ရှိမှ နိုင်ငံခြားသားတစ်ယောက် ခန့်အပ်ခွင့်ရတာပါ..။ အခု ၁၅%ကို လျှော့ချလိုက်တော့ စင်ကာပူနယ်ခံခုနှစ်ယောက်မှ နိုင်ငံခြားသားတစ်ယောက် ခန့်နိုင်တော့မှာ ဖြစ်ပါတယ်။ ပိုပြီးတော့ ကိုတာကို လျော့နည်းအောင် လုပ်လိုက်တာပါ.။ အသက်အရွယ်အပိုင်းအခြားနဲ့လဲ လစာလိုအပ်မှု အခြေခံနှုန်းထားကို သတ်မှတ်မယ်လို့ဆိုပါတယ်။ အသက်ကြီးလေ လစာများများ ပြရလေဖြစ်မှာပါ.။ ဒီလိုလုပ်ရတာဟာ ကုမ္ပဏီအကြီးတွေအနေနဲ့ အလုပ်ခန့်အပ်ရာမှာ စင်ကာပူ နယ်ခံတွေကို ပိုမိုထည့်သွင်းစဉ်းစားစေချင်လို့လို့ တာဝန်ရှိသူက ဆိုပါတယ်။ ဒီဥပဒေသစ်က တစ်ချို့ ကုမ္ပဏီကြီးတွေကို အထိနာစေပါတယ်။ စင်ကာပူနယ်ခံအများစုက မန်နေဂျာရာထူးလောက် မှန်းနေတဲ့အချိန်မှာ နိုင်ငံခြားသား စွမ်းဆောင်နိုင်သူတွေက ပင်မအလုပ်တွေကို လုပ်ကိုင်နေကြလို့ဖြစ်ပါတယ်။ ဒါကတော့ Spass နဲ့ပတ်သက်တဲ့ သတင်းအကျဉ်းချုပ်ပါ.။
မူရင်းကတော့ အောက်က လင့်ခ်မှာ ဝင်ဖတ်လိုက်ပါ. ။
Link- asiaone က သတင်းလေးပါ>>> S Pass quotas to be cut, criteria tightened

Ref:https://www.facebook.com/#!/SingaporeJobsVacanciesForMyanmarCitizens
 
Local employment rose faster in 2012, as foreign employment growth slowed amid tighter foreign manpower controls. With high employment creation, unemployment remained low, despite a rise in layoffs. Vacancies eased in December 2012, although there were still more job openings than job seekers available.


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!