Popular Posts!

Tuesday, June 25, 2013

အစားအသောက်ထဲက အန္တရာယ်များ!

လူတယောက်ရဲ့ကျန်းမာရေးဟာ အလွန်အရေးကြီးပါတယ်? ဒါပေမဲ့ အမိမြန်မာပြည်အတွက်တော့  ဒီလို အသိပညာလေးတွေကို မသိကျသေးတာနှင့် နည်းနည်းစိမ်းနေပါလိုက်မယ်၊ ဒီက ရွှေဗမာတွေလဲဘဲ ပြီးခဲ့တဲ့   ရက်ပိုင်းကသူငယ်ချင်းတွေနှင့်ရက်ချိန်းတာကို  မအားလို့ ကျွှန်တော်ဆေးခန်းပြဆေးစစ်ဖို့ရှိတယ်လို့ သူငယ်ချင်တွေကိုပြောပြတော့ ဘာလုပ်မှာလဲ ပြောတယ်လေ ဒီလို ၉၀/၁၃၅ လောက်  သွေးတိုးရှိတာကို သူတို့ဘာမှ မပူကျဘူးလေ၊ သူတို့လဲ အဲဒီလောက်ရှိတယ်တဲ့ ဘယ်တော့မှာ ဆေးခန်းမပြဖူးဘူးတဲ့ ဒီလောက်ကျန်းမာရေးဗဟုသုတရှိကျတာလေ! ဒါတွေကြောင့်လဲ သွေတက်၊သွေးကျတာကို သူတို့က ပုံမှာဖြစ်နေကျရောဂါလိုထင်နေကျတာလေ၊ လူတိုင်းမှာရှိနေကျတဲ့ရောဂါတဲ့၊  ဒီသွေးတိုးသွေးကျကတာကို တသက်လုံးကုလို့မှ အပျောက်တာကိုး! ရောဂါကိုထိန်းထားလို့ဘဲ ရတာလေ၊
အဲ နည်းနည်းအစားသောက်သောင်းကျန်းလိုက်ရင်ဘဲ သွေးစစ်လိုက်ရင် အားလုံးတက်ကုန်လို့  ဆေးအသစ်တွေ ထပ်ပေးလာပါလိမ့်မယ်! ဆေး၂မျိုးကနေ ၃မျိုးလေ....ဟဲဟဲ လက်တွေ့ပါ.....
နောက်ပြီး ကျွှန်တော်ရဲ့ insurance ကလဲ ဒီသွေးတိုးနှင့်ကတ်သက်တဲ့ရောဂါတွေကို မကာကွယ်ပေးပါဘူးလေ! ဆေးရုံဆေးခန်းကုန်ကျငွေတွေကိုမပေးပါဘူး! ဒါတောင် ဟိုတလောက မျက်စိရေတိမဖြစ်လို့ခွဲတာ ကုန်ကျငွေအကုန်ပြန်ရလို့တော်သေးတယ်လေ......ဒါမျိုး အမိမြန်မာပြည်မှာ ကြားဖူးမှာမဟုတ်ပါဘူး!

ကျန်းမာနေမှ အလုပ်လုပ်နိုင်တာပါ အလုပ်လုပ်မှာ ငွေရမှာကိုး! ၀င်ငွေရှိမှာ ကိုယ်သုံးချင်တာတွေကို သုံးနိုင်စားနိုင်ကျမှာကိုး! ဒါပေမဲ့ ကျန်းမာရေးနှင့်ညီညွှတ်မျှတတဲ့ အစားအသောက်တွေကို စားတတ်မှပါ၊နို့မဟုတ်ရင် အစားအသောက် သောင်းကျန်းရင် အသက်အရွယ်ကြီးမှ မိမိသောင်းကျန်းခဲ့တဲ့ ဒဏ်တွေရဲ့အကျိုး သက်ရောက်မှုတွေကို ခံစားရမှာပါလေ၊ ငယ်ရွယ်သန်မာနေချိန်မှာ ဘာမှ မသိတာပေမဲ့ အသက်အရွယ်ကြီး အသက်ထောက် လာရင် ရောဂါတွေပေါ်လာပြီး ဆေးရုံဆေးခန်းတွေ၊ ဆေးကုဖို့တွေနှင့်လုံးချာလိုက်နေတဲ့အချိန်တွေပါဘဲ၊ အဲဒီအချိန်မှာ စုမိဆောင်းမိဖို့အလွန်အရေးကြီးပါတယ်၊ ပုံမှန်တွေအလုပ်ရှိနေဖို့လဲလိုအပ်ပါသေးတယ်၊ ဒီမှာ CPF က MediSave တွေနှင့် Insurance တွေရှိနေရင် အနည်းငယ်အသက်ရူချောင်ပေမဲ့ လောက်ငှာမှာတော့မဟုတ်ပါဘူး၊ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ရောဂါဆိုရင် သက်သာပေမဲ့ ရောဂါကြီးတွေဆိုရင် ရှာသလောက်ငှာမှာတော့ မဟုတ်ပါဘူးပြောရင်း....
'

ဒါတွေကြောင့် အွန်လိုင်းက တွေ့ရှိတာတွေကို တဆင့်ပညာပေးအဖြစ်ကူးယူးဖော်ပြလိုက်တာပါ...


 
လူတစ်ယောက်၏ ဘဝအတွက်အရေးအကြီးဆုံးသည် ကျန်း မာစွာနေထိုင်နိုင်ဖို့ ဖြစ်ပါသည်။ လူတစ်ယောက်သည် ငွေကြေးချမ်း သာနေပါလျှက်နှင့် မကျန်းမာဘူး ဆိုပါက ထိုသူအတွက်လောကကြီး တစ်ခုလုံးသည် သာယာဖွယ်မ ကောင်းနိုင်တော့ပါ။ ထို့ကြောင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ် ပါး အာရောဂျံပရမံလာဘံဟု ဆိုခဲ့ခြင်းဖြစ်နိုင်ပါသည်။ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် အခြား အကြောင်းအရာများရှိနေသေးသော် လည်း သန့်ရှင်းလတ်ဆတ်သော အစားအသောက်များ စားသုံးရ ခြင်းသည် ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် အဓိကအကြောင်းရင်း တစ်ရပ်ဖြစ်သည်ဆိုတာကိုတော့ မည်သူမှမငြင်းနိုင်ပါ။

အစားအသောက်များသည် လူတစ်ယောက်၏ ကျန်းမာရေး အတွက် ကောင်းကျိုးများကိုပေး စွမ်းနိုင်သည်ဆိုသော်လည်း အစား အသောက်ကြောင့် သည်ပင်လျှင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ချေလည်းရှိပါသည်။ အ ကြောင်းရင်းကတော့ ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေသော အစားအ သောက်များထဲတွင် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သော ဓါတု ပစ္စည်း အများအပြားပင် ပါဝင် လျက်ရှိပြီး ထိုသို့ ပါဝင်နေမှုကို စားသုံးသူအများစုက သတိမမူမိ သေးသောကြောင့် ဖြစ်သည်။
ယခုနှစ်များအတွင်း မြန်မာ နိုင်ငံ၌ အစားအသောက်များထဲတွင် အန္တရာယ်ရှိသော ဆိုးဆေးများ အ သုံးပြုခြင်း၊ အန္တရာယ်ရှိသော ဓါတု ပစ္စည်းများအသုံးပြုခြင်းတို့များစွာ မြင့်တက်လာလျှက် ရှိသည်။ ထိုသို့ မြင့်တက်လာမှုများထဲတွင် မြန်မာ တို့၏ ရိုးရာအစားအသောက်များ ဖြစ်သည့် လက်ဘက်ကို အဝတ် အထည်ဆိုးဆေးများအသုံးပြုခြင်း၊ ငပိကို ဓါတ်မြေသြဇာများနှင့် ရော နှောခြင်းတို့သည်စားသုံးသူ ပြည်သူ လူထုကို တုန်လှုပ်သွားစေသော ဓာတု ပစ္စည်းအသုံးပြုသည့် အဖြစ်အပျက်များဖြစ်ကြသည်။ ထို့ပြင် အီကြာကွေးပွအောင် ဓါတ်မြေသြဇာများမှာသုံးတဲ့ မိုးနီးယားထည့်သွင်းခြင်း၊ ပဲပြုတ်များတွင် အ၀တ် လျှော်ဆော်ဒါအသုံးပြုခြင်း နှင့် ပဲပြားများတွင် ဖော်မလင်ထည့်သွင်းအသုံးပြုခြင်းများထိအောင် စီးပွားရေးလောဘသားများ အတင့်ရဲသောင်းကျန်းလာကြပါသည်။

စားသောက်ကုန် ပစ္စည်းများကို အရောင်လှပလာရန်အတွက် ဆိုး ဆေးအသုံးပြုရလေ့ရှိပြီး ထိုသို့ ဆိုးဆေးအသုံးပြုရာတွင် မြန်မာ နိုင်ငံအစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှခွင့်ပြုထားသည့် ဆိုးဆေးအမျိုး ၂ဝ ကိုသာအသုံး ပြုရပါသည် သို့သော်လည်း ထို အစားအသောက်ဆိုးဆေးများသည် ဈေးနှုန်းကြီးမြင့်သည့်အပြင် အ ရောင်လှအောင်လည်း အများအ ပြားအသုံးပြုရသည့် အတွက်ကြောင့် စီးပွားရေးသမားများသည် ဈေးနည်း နည်းနှင့် အရောင်လှလှထွက်သည့် အဝတ်အထည်ဆိုးဆေးများကိုတွက် ခြေကိုက်အောင် အသုံးပြုလာ ကြသည်။
ထိုသို့ ဆိုးဆေးများအသုံးပြု သည့်အခါတွင် အစားအသောက် များသည် အရောင်အားဖြင့် လှပ လာသော်လည်း ကျန်းမာရေး အတွက်ကိုမူ အင်မတန်ကြီးမားသည့် ဆိုးကျိုးများကို ရရှိစေနိုင်ပါသည်။ ယခင်ကတော့ ဆိုးဆေးများကို အ သင့်စား အစားအသောက်များတွင် သာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင်တော့ လတ်ဆတ်သော အသီးအနှံများတွင်ပါ ထည့်သွင်း အသုံးပြုလာကြပါသည်။ ကျန်းမာရေးအသိပညာရှိသော သူများသည် အစားအသောက် စားသုံးရာတွင် ကျန်းမာရေးနှင့် ညီညွတ်အောင်ဟုဆိုကာ အသီး အနှံများကို ရွေးချယ်စားသုံးလာကြ ပါသည်။ သို့သော်လည်း ထိုသို့ ကျန်းမာရေးနှင့် ညီညွတ်ပါသည် ဆိုသော အသီးအနှံများတောင် ဆိုးဆေးနှင့် မလွတ်ကင်းတော့ သောအခါ မြန်မာပြည်သူများအဖို့ ကျန်းမာခြင်းဆိုသည့် လာဘ်ကြီး တစ်ပါးကို ဆုပ်ကိုင်မိဖို့ခက်ခဲ လာပါတော့သည်။

ထိုသို့အစားအသောက်များတွင် ထည့်သွင်းအသုံးပြုသည့် ဆိုးဆေး များ၊ ရောနှောသည့် ဓါဓုပစ္စည်းများသည် အချိန်ခဏ လေးအတွင်းမှာ ကျန်းမာရေး ဆိုးကျိုးများ ပေးနိုင်သည့်အပြင် အချိန်ကြာမြင့်လာသည့် အခါတွင် လည်း ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်ပွားနိုင်စေသည်။ ဆိုးဆေးများသည် အဓိအားဖြင့်တော့ ကျောက်ကပ်နှင့် အသည်းကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါသည်။ အသည်းနှင့်ကျောက်ကပ်သည် ခန္ဓာကိုယ်၏ရေစစ်သဖွယ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှအညစ်အကြေးများကို စွန့်ထုတ်ပေးရသည့်အဓိကအင်္ဂါအစိတ်အပိုင်းများဖြစ်သောကြောင့် စားသုံးလိုက်သည့်မသန့်သည့်အရာမှန်သမျှသည် အသည်းနှင့်ကျောက်ကပ်ကိုပျက်စီးစေပါတော့သည်။ ဆိုးဆေးပါတဲ့အစားအစာများကို စားသုံးတဲ့အခါတွင် ထိုဆိုးဆေးများသည် အသည်းနှင့်ကျောက်ကပ်တွင်စုပုံလာကာ ဆိုးရွားစွာပျက်ဆီးစေနိုင်ကာ ကင်ဆာရောဂါအမျိုးမျိုးကိုလည်း ဖြစ်ပွားနိုင်စေပါသည်။ ဆိုးဆေးနှင့် ဓာတုပစ္စည်းများသည် အသည်းနှင့်ကျောက်ကပ်အပြင် အစာအိမ်နှင့်အူလမ်းကြောင်းကိုလည်း ဆိုးရွားစွာထိခိုက်နိုင်စေပါသည်။ ရန်ကုန်ဆေးရုံကြီး၊ ကင်ဆာဌာန၏ စာရင်းဇယားများအရတော့ လွန်ခဲ့သည့် ၈နှစ်အတွင်း မြန်မာနိုင်ငံမှာ ကင်ဆာရောဂါဖြစ်ပွားနှုန်း ၂ဆကျော်တက်လာတာကိုတွေ့မြင်ရပါသည်။ ထူးခြားချက်အနေဖြင့် အမျိုးသမီးများသည် ကင်ဆာရောဂါများ၏ နှိပ်စက်မှုကို ပိုမိုခံစားရလေ့ရှိပြီး ကျား မ အချိုး ၂ဆကျော်ကွာနေတတ်ပါသည်။

လူနေမှုပုံစံများပြောင်းလဲလာမှုများကလည်း မြန်မာနိုင်ငံ၏ ကင်ဆာဖြစ်ပွားမှု နှုန်းမြင့်တက်စေရတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ လှုပ်ရှားမှုနည်းပါးခြင်းအပြင် ကိုရီးယားယဉ်ကျေးမှုလွှမ်းမိုးခြင်းကြောင့် ကမ်ချီနှင့် အကင်အမျိုးမျိုးစားသုံးလာမှုကလည်း လူငယ်များတွင်ပင် အူမကြီးကင်ဆာလိုရောဂါမျိုးတွေ အဖြစ်များလာစေပါသည်။ အကင်များကို မီးသွေးနှင့်ကင်တဲ့အခါမှာ မီးကျွမ်းတာအပြင် မီးသွေးမှုန်အများအပြား အကင်များတွင်ကပ်ညိနေတတ်ပါသည်။ ထိုသို့မီးသွေးအမှုန်များပါနေတဲ့ အကင်များကိုကာလကြာရှည်စားသုံးခြင်းဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုကိုအားပေးစေနိုင်ပါသည်။ ယခုလက်ရှိအချိန်ထိမြန်မာလူမျိုးအများစုမှာ အစားအသောက်၏အပြင်ပန်းပုံသဏ္ဍန်ကိုသာ ဦးစားပေးရွေးချယ်နေတတ်ပြီး ထို့အတွက်ကြောင့် အရောင်လှအောင်ဆိုးသော ဆိုးဆေးများ၊ တာရှည်ခံအောင်သုံးတဲ့ဆေးများ၊ အသီးအနှံများကို ကြီးထွားအောင် အချိန်မတိုင်ခင်မှည့်အောင် ထိုးတဲ့ထိုးဆေးများ၊ အရောင်ချွတ်ဆေးများ အစရှိသည့် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေသည့် အန္တရာယ်ရှိသည့်ပစ္စည်းများကို ပိုက်ဆံပေးဝယ်ယူနေရသလိုဖြစ်နေပါသည်။

အန္တရာယ်ရှိသော ဆိုးဆေး များနှင့် ဓါတုပစည်းများ အသုံးပြု ရောနှောမှုများကို အများအပြားစစ်ဆေးတွေ့ရှိနေရသော်လည်း ထိရောက်စွာအရေးယူမှု အားနည်းနေခြင်းက အစား အသောက်ထဲမှအန္တရာယ်ကို သံသရာ ရှည်နေစေသည်။ မြန်မာနိုင်ငံ အမျိုးသားအစားအသောက် ဥပဒေ အရ ထိုသို့ အန္တရာယ်ရှိဆိုးဆေး များနှင့် ဓါတုပစည်းများရောနှော ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၅နှစ်ထိဖြစ်စေ၊ ဒဏ်ငွေ ၅သိန်းဖြစ်စေ ပေးဆောင်ရမည်ဟု သတ်မှတ်ထားသော်လည်း ဥပဒေလက်တစ်လုံးခြားလုပ်ကာ ဒဏ်ငွေ သာ ချမှတ်နေမှုက လောဘသား များကိုနောင်မကျဉ်စေဘဲရှိစေသည်။ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံတွင်ပင် အစားအသောက်များကို အန္တရာယ်ရှိသည့် ဓါတ်ပစ္စည်းများရောနှောသည့် စီးပွားရေးသမားများကို သေဒဏ်ပေးသည့်အလေ့အထမျိုးရှိနေသော်လည်း မြန်မာနိုင်ငံတွင်တော့ ငွေဒဏ်သာချမှတ်နေသေးပါသည်။

ထိုသို့ နေ့စဉ်စားသောက်နေသော အစားအသောက်အများစုတွင် ဓာတုပစ္စည်းများပါဝင်နေသည့်အတွက် လုံးဝကင်းအောင် မရှောင်နိုင်သော်မှ တတ်နိုင်သမျှ သတိထားနိုင်သည့် နည်းလမ်းများတော့ ရှိနေပါသည်။ အဓိကအားဖြင့် ၀ယ်သူဘက်မှ သတိထားဝယ်ယူနိုင်ပါသည်။ ၀ယ်သူမရှိလျှင်ရောင်းသူဆိုတာလည်း အလိုအလျှောက်ပျောက်ကွယ်သွားနိုင်ပါလိမ့်မည်။ အစားအသောက်များကို ၀ယ်ယူရာတွင် အပေါ်ယံအမြင်ကို ကြည့်ဝယ်တာမျိုးကိုရှောင်ပြီး ဆေးဆိုးမှုအနည်းဆုံးကိုရှာဝယ်ပါ။ ဥပမာအားဖြင့် မျှစ်သည်ပုံမှန်အားဖြင့် အရောင်ခပ်ဖျော့ဖျော့သာရှိသော အရာဖြစ်သည်၊ ထိုသို့ဖြူဖျော့ဖျော့ဖြစ်မနေဘဲ ၀ါ ထိန်နေမယ်၊ နီရဲနေမယ်ဆိုရင် ဒါဟာဆေးဆိုးထားတာမှန်းသိသာတဲ့အတွက် ၀ယ်ယူခြင်းမပြုသင့်ပါ။ ထိုသို့ပင် အသီးအရွက်များဝယ်ယူရာတွင်လည်း ပိုးသတ်ဆေးအများကြီးသုံးထားလို့ ပိုးပေါက်လုံးဝကင်းစင်တာမျိုးကိုရှာဝယ်မယ့်အစား ပိုးပေါက်အနည်းငယ်ပါတဲ့အသီးအရွက်လေးများကိုရွေးချယ်ဝယ်ယူပါ။ ဖြစ်နိုင်သမျှ အစိမ်းစားခြင်းကိုရှောင်ပြီး အစိမ်းစားမှဖြစ်မယ့် အသီးအရွက်များကို ရေဖြင့် ထပ်ခါထပ်ခါဆေးကြောပေးပါ။ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်လုပ်ပြီး အသင့်စားအစားအသောက်များနှင့် အကင်များ အချဉ်သိပ်အစားအစာများကို ဖြစ်နိုင်သမျှရှောင်ကြဉ်ပါ။

လူတစ်ယောက်နေ့စဉ်ရှင်သန် သွားလာနိုင်နေဖို့အတွက် အစား အသောက်ဆိုသည်ကတော့ မဖြစ်မနေအရေးပါနေဦးမည်ဖြစ် သည်။ ကျန်းမာစွာနေထိုင်နိုင်ဖို့ အတွက် အစားအသောက်သည် အရေးပါသလို မသန့်ရှင်းသော အစားအသောက်များကြောင့်လည်း ရောဂါအမျိုးမျိုးကို ဖိတ်ခေါ် နေသလိုဖြစ်နေသည်ဆိုတာကို နားလည်လာဖို့လည်းအထူးပင် လိုအပ်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် အစားအသောက် များတွင် ဆိုးဆေးများ ဓာတု ပစ္စည်းများ ထည့်သွင်းရောင်း ချနေသော စီးပွားရေးသမားများကို ပြင်းထန်စွာ အရေးယူခြင်းများ ပြုလုပ်သင့်ပါသည်။ ထို့အတူ ပြည်သူများအနေဖြင့်လည်း အစားအသောက်များကို ဝယ်ယူ စားသုံးရာတွင် အသိရှိရှိနှင့် အပေါ်ယံအမြင်ကိုပဲမကြည့်ဘဲ ဂရုတစိုက် ဝယ်ယူစားသုံးကြရန် လိုအပ်ပါသည်။ ထိုသို့ အစိုးရနှင့် ပြည်သူနှစ်ဘက်လုံး ပူးပေါင်း လုပ်ဆောင်သွားမည်ဆိုပါလျှင် ပြည်သူများအနေဖြင့် အစား အသောက်မဟုတ်ဘဲ ရောဂါများကို ငွေကြေးအကုန်အကျခံ ဝယ်ယူ သလိုဖြစ်နေရသည့်အခြေအနေမှ လွတ်မြောက်နိုင်ပါလိမ့်မည်။
 
Refးacademicmedicines.blogs


တွဲဖက်၍ မစားသင့်သော အစာများ

 က
ကကတစ် နှင့် ကြာဟင်း
ကုန်းကျေး နှင့် ပုစွန်
ကန့်ချုပ်နီ နှင့် သေရည်သေရက်အမျိုးမျိုး
ကျွဲခေါင်းသီး နှင့် အချဉ်အမျိုးမျိုး(သံပုရာသီး)
ကျွဲခေါင်းသီးနှင့် လက်ဖက်
ကြေးခွက် နှင့် အချဉ်အမျိုးမျိုး
ကုန်းငှက်သား နှင့် ကြက်ဆူဆီ
ကန်စွန်းမြစ် နှင့် နှမ်းမှုန့် 
ကြာစွယ် နှင့် ဝက်သား
ကြက်ဆူဆီ နှင့် ခါသား
ကြက်ဆူသီး နှင့် ငှက်သား
ကောက်ညှင်း နှင့် ရေငန်သီး
ကတိုး နှင့် သရက်သီး
ကြံတင်လဲ နှင့် နှမ်းမှုန့် ဆုပ်
ကင်းပုံရွက်/သီး နှင့် နှမ်းဆီ
ကင်းပိတ်ရွက် နှင့် နှမ်းဖတ်ချဉ်နှမ်းဆီ
ကြာပဒုမ္မာစေ့ နှင့် ငှက်တော်သား
ကျောက်ဖရုံ နှင့် အိုးမဲ
ကြောင်လျှာသီး နှင့် ငါးသေတ္တာ
ကြောင်လျှာသီး နှင့် ကြက်သား
ကျေးသား နှင့်ဘူးသီး
ကျွဲသား နှင့် ကြာစွယ်ကြာဥ
ကြက်သွန်ဖြူ နှင့် နို့ ရည်
ကြံ့သား နှင့် ငါးခူ ငါးဒန်
ကြက်သား နှင့် အင်ဖူး
ကြက်ဟင်းခါးသီး နှင့် မှို
ကြက်ဟင်းခါးသီး နှင့် ကြက်သား
ကိုင်းဥ နှင့် ပုဇွန်ချဉ်
ကြက်ဥ နှင့် ခံသီးး
ကြက်ဥ နှင့် တမာရွက် တမာဖူး

ချင်း နှင့် သဘောင်္သီး သဘောင်္ပွင့် 
ချောကလက် နှင့် စောင်းလျား ချောကလက် နှင့် ပဲမြစ်
ချိုချဉ် နှင့် ပဲငါးပိ
ချဉ်ဆီ နှင့် ထောပတ်
ခရမ်းပိမ့် သီး နှင့် နို့ ရည်
ခရု နှင့် အမဲသား
ခိုသား နှင့် ချင်းစိမ်း
ခိုသားနှင့် ခြေလေးချောင်းသား
ခိုသား နှင့် မုန်ညင်းဆီ
ခံသီးနှင့် ငရုတ်ကောင်း
ခံသီးနှင့် နို့ ရည်
ချီးသီး နှင့် နို့ ရည်
ခံသီးနှင့် ပီလောပီနံဥ
ချိုချဉ်သကြားလုံး နှင့် စိမ်းစားဥ
ခါးနာပျောက်ဆေး ဖီနိုင်ဗျူတာဇုန် ကိုအစာခံမရှိဘဲ မသောက်ရ၊

ဂွးရွက် နှင် နို့ ရည်
ဂွေးသီး နှုင့် အာတာလွတ်ဥ
ဂွေးသီးနှင့် နို့ အေးချောင်း
ဂွေးသီးနှင့်ပီလောပီနံဥ
ဂျယ်လီ နှင့် ကော်ဖီ

ငရုပ်ကောင်း နှင့် ခံသီး
ငွေ နှင့် ရှိန်းခို
ငါးချက်သောအိုး နှင့် ပိတ်ချင်းရွက်
ငါးဆီ နှင့် ပိတ်ချင်းရွက်
ငှက်ပျောသီး နှင် မှို
ငါးရံ့ သား နှင့် ပွေးသား
ငုံးသား နှင့် စောင်းလျား
ငုံးသား နင့် ခိုသား
ငှက် သား နှင့် ကြက်ဆူဆီ
ငါးပူတင်းဥများ
ငှက်ပျောသီး စားပြီ ရေအေးသောက်ခြင်း
      
စတော်ဘယ်ရီ နှင့် သီးသီး
စားတော်ပဲ နှင့် သီးသီး
စိန် နှင့် သံပုရာသီး
စိမ်းစားဥ နှင့် ချောကလက်
စိမ်းစားဥ နှင့်  ရေခဲချောင်း
စပါးကြီးမြွေသား နှင့် ကြောင်လျှာသီး
စောင်းလျားသီး နှင့် ခိုသား
စောင်းလျားသီး နှင့် ရှောက်သီး

ဆေးခြောက် နင့် နနွင်းရည်
ဆီ နှင့် ဆီခဲစပ်တူ
ဆင်သမနွယ်ရွက် နှင့်  နို့ ရည်
ဆောင်မေခါးရွက် နှင့် နို့ ရည်
ဆိတ်ဖူး နှင့် ငှက်ပျောဖူး
ဆိတ်သား နှင့်  ကျွဲသား
ဆတ်သားနှင့်  ဆူးပန်းရွက်
ဆတ်သား နှင့် နို့ ရည်
ဆိတ်နို့ နှင့် ဆူးပန်းရွက်
ဆပ်ပြာ နှင့် အုန်းရည်
ဆပ်ပြာနှင့် အချဉ်မျိုး
ဆိတ်နို့ ဆိတ်သား နှင့် ငါးကြီးဆီ

ဇောင်းလျားသီး နှင့် ပီလောပီနံဥ
ဇာဒင်း(Zadine) နှင့် အရက်

ဥာဏ်ရွက် နှင့် သေရက် အမျိုးမျိုး

တလည်းသီး နှင့် နို့ ရည်
တလည်းသီးနှင့် ပဲကြီး
တောပဲရိုင်း နှင့် နို့ 
တောင်ပိန္နဲ သီး နှင့် နို့ ရည်
တေဇောဘမ်းနှင့် ခါချဉ်ကောင်ကိုက်သည်ကိုမလိမ်းရ၊
 
ထနောင်းရွက် နှင့်  မန်ကျည်းသီးမှည့် 
ထုံး နှင့် မြင်းသား
ထန်းလျက် နှင့် နလင်ကျော်
ထန်းလျက် နှင့်  သပြေသီး
ထန်းရည်ချို နှင့်  ၀က်သား
ထန်းသီး နှင့် နို့ မျိုး ချဉ်
ထန်းလျက် နှင့် သပြေသီး
ထောပတ်နှင့်  ကြေးခွက်
ထောပတ် နှင့် ဆီခဲအမျိုးမျိုး
ထုံးရေတို့ တွင် ဖြစ်သောငါး လိပ်အစရှိသည် နှင့် နို့ရည်
ထန်းရည်ကိုငှက် ပျောသီး စားပြီး သောက်ခြင်း
ထန်းသီးကိုငှက်ပျော သီးစားပြီး စားခြင်း

ဒန့် သလွန်ရွက် နှင့် နို့ ရည်
ဒန့် သလွန်သီး နှင့် ကလောဥ
ဒိန်ချဉ် နှင့် ထန်းသီးမု န့် 
ဒုတ္တာ နှင့် အချဉ် မျိုး ၂
ဒူးရင်းသီး နှင့်ရှိန်းခို့ 
ဒေါင်းသား နှင့်နို့ ချဉ်
ဒေါင်းသား နှင့် ပီလောပီနံ

နလင်ကြော် နှင့် ထန်းလျက်
နလင်ကြော် နှင့် အချဉ်
နို့ ခဲပျက် နှင့်ပဲဒလက်
နို့ မျိုး နှင့် ဆား
နို့ မျိုး ချဉ် နှင့် ပီလောပီနံဥ
နို့ စိမ်း နှင့် အချဉ်မျိုး
နို့ ရည် နင့်စောင်းလျားသီး
နို့ ရည် နှင့်ကုလားပဲ
နို့အေးချောင်း နှင့် သခွားသီး
နို့ အေးချောင်း နှင့် ဘူးသီး
နှမ်းမှုန့် ဆုပ် နှင့် တလည်းသီး

ပတဲကော နှင့် သံပုရာသီး
ပဒုမ္မာကြာရွက်နု နှင့် ပျားရည်
ပဲကြီး နှင့် မုန် လာ
ပဲဒလက်စေ့ နှင့်  ဆူးပန်း
ပဲလင်းမြွေသီး နှင့် လင်းမြွေသား
ပဲဒလက်စေ့ နင့် ဆိတ်သား
ပဲစိမ်းစားဥ နှင့် ချိုချဉ်အမျိုးမျိုး
ပိန္နဲသီးနှင့်ပျားရည်
ပီလောပီနံ နှင့် ပျားရည်
ပီလောပီနံ နှင့် ပေအူ
ပေရည် နှင့်  ငှက်သား
ပျားရည် နှင့် သင်္ကန်းဖွယ် ငှက်သား
ပျားရည် နှင့် မိုးရည်
ပျားရည် နှင့် ကင်းပိတ်ရွက်
ပျားရည် နှင့် ရှားစောင်း
ပျားရည် နှင့် ပိတ်ချင်းရွက်
ပုန်းရည် နှင့် ဗျိုင်းအောက်သား
ပြောင်းသား နှင့်နို့ ရည်
ပိုင်ရီတွန် (Piriton) နှင့်အရက်

ဖရဲသီး နှင့် နို့ မျိုး
ဖရဲသီး နှင့် ဘဲဥ
ဖရုံ သီးနှင့် နို့မျိုး
ဖားသားနှင့်မှို
ဖွတ်သား နှင့် ကြက်ဆူဆီ
ဖောင်စီးဂဏန်း နှင့်မှို
ဖန်ခါးသီး နှင့် ပုဒမ္မာကြာရွက်
ဖန်ခါးသီး နှင့် ပီလောပီနံဥ

ဗုံလုံသီး နှင့် ပီလောပီနံ
ဗျိုင်းသား နှင့်ဝက်ဆီ
ဗျိုင်းအောက်သား နှင့် ဝက်ဆီ
ဗျိုင်းနှမ်းနှင် သေရည်

ရေငန်သီး နှင့် လက်ဖက်
ရှားစောင်းချဉ် နှင့် အမဲသား
ရှားစောင်း နှင့် ကုလားဗရာကြော်
ရှောက်သီး နှင့် စောင်းလျားသီး
ရှောက်သီး နှင့် ပီလောပီနံေ
ရှောက်သီး နှင့် ပဲစိမ်းစားဥ
ရှောက်သီး နှင့် ခိုသား
ရှောက်သီး နှင့် နို့ရည်

လိမ်းဆေးပရုတ်ဆီ နှင့်ကရင်နီကောင်ကိုက်သည့် နေရာကို မလိမ်းပါနှင့် 

ဝက်သားချဉ် နှင့် မဲနယ်အိုး
ဝက်သား နှင့် ဒိန်ချဉ်
ဝက်သား နှင့် နွားနို့ 
ဝမ်းဘဲဥ နှင့် ဖရဲသီး
ဝမ်းဘဲဥ နှင့် ပေသီးပေရည်
ဝါစေ့/၀ါဆီ နှင့် သမင်သား
ဝါးမျှစ် နှင့် အင်ဥ

သမုန်းမြစ် နှင့် အချဉ်ချက်သောအိုး
သမုန်းရွက် နှင့် ငါးချက်သောအိုး
သကြားပြာ နှင့် ပျားရည်
သမင်သား နှင့် ၀ါရွက်
သပြေသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် ပီလောပီနံ
သံပရာသီး နှင့် နို့ ရည်
သံပရာသီး နှင့် စိမ်းစားဥ
သားငါးအဆီ နှင့် ထောပတ်
သားငါးတို၏အဆီ နှင့် ချဉ်ဆီ
သားမျိုးဟင်း နှင့် နှမ်းမှုန့် 
သေရက်မျိုး နှင့် သမုန်း ဧကရာဧ်
သေရည်သေရက် နှင့် နှမ်းမှုန့် ဆုပ်
သေရက်မျိုး နှင့် ပိတ်ချင်းရွက်
သေရည် နှင့် ဗျိုင်းအောက်သား
 

အတူတွဲစားရင်သေတတ်သောအစားအစာများ

အမဲသား + ခရု = သေ
ဂွေးသီး + အာတာလွတ် = သေ
နို့ဆီ + ကိုးပါးဆေး = သေ
တညင်းသီး + ရှိန်းခို = သေ
အုန်းနို့ခေါက်ဆွဲ + ပက်ပစီ = သေ
ကိုင်းဥ + ပုစွန်ချဉ် = သေ
နွားနို့ + အချဉ်အမျိုးအမျိုး = သေ
သိုးသား + စောင်းလျားသီး = သေ
ကျွှဲခေါင်းသီး + သံပုရာသီး = သေ
နွားနို့ + မှို = သေ
မှို + ဖားသား = သေ
မှို + လယ်ကဏန်း = သေ
ဝက်သား + ထန်းရည်ချို =သေ
ဝက်သား + ဗျိုင်းသား = သေ
ဝက်သား + ကြာရိုးကြာစွယ် =သေ
ပျားရည် + သြဇာသီး =သေ
ပျားရည် + အုန်းသီး =သေ
ပျားရည် + ဥသျှစ်သီး =သေ
ခိုသား + ချင်း =သေ
ခိုသား + ဖရုံသီး =သေ
ကြောင်လျှာသီး + ငါးသေတ္တာ =သေ
ကြောင်လျှာသီး + ပဲဒလက် =သေ
ကြောင်လျှာသီး + စပါးကြီးမြွေ =သေ
ပီလောပီနံ + ပဲကြားလှော် =သေ
ပီလောပီနံ + မျှစ်ချဉ် =သေ
ပီလောပီနံ + ဒေါင်းသား =သေ
ပီလောပီနံ + အချဉ်အမျိုးမျိုး =သေ
နို့အေးချောင်း + ဂွေးသီး = သေ
ချောကလက် + စောင်းလျားသီး =သေ
ချောကလက် + ပဲမြစ် =သေ
ရှောက်သီး + နွားနို့၊ နို့ရည် =သေ
ထန်းလျက် + နလင်ကျော် =သေ
ထန်းလျက် + ၂၇ ပါးဆေး =သေ
ကျွဲကောသီးး + သံပုရာသီး =သေ
သပြေသီး + ထန်းလျက် =သေ
ငှက်ပျောသီး + ထန်းသီး =သေ

ဘူးသီး နှင့်ကြက်တူရွေးသား
ဘာစပရိုဆေးပြား နှင့် သံပရာသီး
ဘာမီတွန်ဆေးပြား နှင့်ထန်းလျက်ခဲ
ဘာမီတွန် နှင့် တစ်ဖီအစိမ်းရောင် ကတ်
ဘီလုံးငှက် သား နှင့်ကြက်ဆူဆီ
ဘာစပရိုဆေးပြားကို အစာခံမရှိဘဲမသောက်ရ၊

မဲနယ်အိုး နှင့် သားငါး
မဲဇလီဖူးရွက် နှင့် လက်ဖက်သုပ်
မိချောင်းသား နှင့်နနွင်း
မန်ကျည်းသီး နှင့်နို ရည်
မင်းကွတ်သီး နှင့် သကြား
မတ်ပဲ နှင့် တင်လဲ
မတ်ပဲ နှင့် မုန်လာ
မုန်ညှင်းဆီ နှင့် သင်္ကန်းဖွက်ငှက်
မုန်လာမြစ် နှုင့် ပျားရည်
မုန်လာ နှုင့် မတ်ပဲ
မှို နှင့် ရှားစောင်း
မြေပဲဆန် နှင့် ကြက်ဟင်းခါးသီး
မြေဇာဥ နှင့် သစ်ကြားသီး
မျောက်တည်သီး နှင့် နို့ရည်
မြွေသား နှင့် ငါးရံသား
မြန်မာလျက်ဆား နှင့်  သွားတိုက်ဆေး
မြင်းခွာရွက် နှင့် သခွားသီး
မက်ထရိုနီဒါဇော(meronidazole)နှင့် အရက်

ယုန်သား နှင့်မှို
ယင်နားစားများကို မစားပါနှင့်

ရာဘာချဉ် နှင့် ဆိတ်သား
ရှာလကာချဉ် နှင့် ပီလောပီနံ
ရိုးနီပီလောပီနံ နှင့် အချဉ်မျိုး
ရေခဲသုပ် နှင့် ချင်းသုပ်

သေရည်သေရက် နှင့် နို့ အမျိုး၂
သစ်ကြားသီး နှင့် ဝက်မြေဇာဥ
သည်းခြေ နှင့် သားဟင်းမျိုး

ဟင်းငန်ရွက် နှင့် နှမ်းဖတ်
ဟစ်တမင်း (histamine) နှင့် အရက်

အင်ဥ နှင့်  ပြောင်းဆန်
အမဲသားချဉ် နှင့် မဲနယ်အိုး
အရက် နှင့် ဘိန်း
အရက် နှင့် ဘာမိတွန်
အချဉ်မျိုး နှင့် နို့ မျိုး
အိမ်ဆီးချို နှင့် နို့ရည်
အုန်းသီး နှင့်နိုရည်
အုန်းရည် နှင့် ပျားရည်
အုံတုံဆံ နှင့် ကလောဥ


ဥသျှစ်သီး နှင့် ပျားရည်
ဥဒေါင်းသား နှင့် ကြက်ဆူဆီ
ဥမျိုး နှင့် ကြက်ဆူဆီ
ဥသျှစ်သီး နှင့် ကင်းပိတ်ရွက်
သြဇာသီး နှင့် ပျားရည်

တွဲဖက်စားလျှင်သေစေနိင်သောအစားအစာများ


ချင်း + သဘောင်္သီး = သေ
ကြက်ဆူသီး + ငှက်သား = သေ
မင်းကွတ်သီး + သကြား = သေ မှို + တညင်းသီး = သေ
မိုင်လို + ပဲမြစ် = သေ
ရေခဲမုန့် + ချင်းသုပ် = သေ
ကျေးသား + ဘူးသီး = သေ
မှို + ယုန်သား = သေ
လက်ဖက် + ကျွဲခေါင်းသီး = သေ

Ref;shwemyotaw

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!