Popular Posts!

Saturday, March 25, 2017

EPS စနစ္အလုပ္အကိုင္အခြင့္အလမ္း(ကိုရီးယား)

EPS စနစ်အလုပ်အကိုင်အခွင့်အလမ်း(ကိုရီးယား)  EPS စနစ္အလုပ္အကိုင္အခြင့္အလမ္း(ကိုရီးယား)

https://www.eps.go.kr/ph/index.html



  Registration by Visitng


  • The purpose of test
    • Promoting adaptation to Korean life by leading entrance of foreign worker who has basic understanding on Korea and evaluation of the level of Korean language skills of foreign job seekers and Korean Society, It can be used as objective selection criteria for the list of foreign job seekers.
  • Test hour

    • 1 hour 10 minutes (listening 30 minutes, reading 40 minutes) 


အမှတ်ပေးစနစ်ဖြင့် အလုပ်ခန့်ထားမည့်စနစ်(Recruitment Point System) ဖြင့် ကိုရီးယားဘာသာအရည်အချင်းစစ် (EPS-TOPIK , Computer Based Test) စာမေးပွဲ၊ ကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း (Skills Test)နှင့် လုပ်ကိုင်နိုင်မှုအရည်အသွေးစစ်ဆေးခြင်း(Competency Test ) များ ကျင်းပမည့်အစီအစဉ်များနှင့်ပတ်သက်၍ ကြေညာထားပါသည်။

ကိုရီးယားသမ္မတနိုင်ငံတွင် EPS စနစ်အရ အလုပ်လျှောက်ထားရန် 4-5-2016 မှ 9-5-2016 ရက်နေ့အထိ လျှောက်လွှာတင်ထားသူများ၏ ပထမအဆင့် EPS-TOPIK (Computer Based Test) စာမေးပွဲ အချိန်စာရင်း ကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ  မှ ထုတ်ပြန်ကြေညာထားပါသည် . . . . . ။

သတိပြုရန် –     စာမေးပွဲခုံနံပါတ်ကို မိမိတို့၏ လျှောက်လွှာနံပါတ်များမှ ရှေ့ဆုံးဂဏန်း နှစ်လုံးဖြစ်သည့် 90 အစား 50 ဟု ကြည့်ရှုပါရန်၊ ဥပမာ  မူလ လျှောက်လွှာနံပါတ်    90500001 သည် 50500001 အဖြစ်ကြည့်ရှုပါရန် ဖြစ်ပါသည်။  


ကိုရီးယား ဘာသာအရည်အချင်းစစ် (EPS – TOPIK) စာမေးပွဲ အောင်မြင်သူများမှ Compentency Test ဖြေဆိုမည့် သူများအတွက် အထောက်အထား ပုံစံများ ရယူနိုင်ပါသည် – – – – – – – ပုံစံ အပြည့်အစုံ . . . . . (1204)

ကိုရီးယားဘာသာအရည်အချင်းစစ် (EPS-TOPKIT) စာမေးပွဲ (ကုန်ထုတ်လုပ်ငန်း၊စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း) စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန၊ နေ့ရက်၊ အချိန် ထုတ်ပြန်ကြေငြာခြင်းအျပည္႔အစံုသိရွိရန္....... (1362)

အဌမအကြိမ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အောင်စာရင်း ထုတ်ပြန်ခြင်း
အစိုးရပြည့်အလုပ်အကိုင်အေဂျင်စီမှ စစ်ဆေးခဲ့သည့် အဌမအကြိမ်၊ ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အောင်စာရင်း အား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ မှ ထုတ်ပြန်ကြေညာထားပါသည် . . .

အဌမအကြိမ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) ကျင်းပမည့် စာစစ်ဌာန နှင့် နေ့ရက် ၊ အချိန် ထုတ်ပြန်ခြင်း
အဌမအကြိမ်၊ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ စစ်ဆေးရန်အတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ မှ ထုတ်ပြန်ကြေညာထားပါသည် . . .စာမေးပွဲ အချိန်စာရင်း အား အပြည့်အစုံ သိရှိရန် . . . . . (899)

EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် မည့်သူများ အတွက် လေယာဉ်ခရီးစဉ်များ

ENTRY 18 APR WITH THAI AIRWAYS (TG) YANGON – BANGKOK – INCHEON . .(၂၀) ဦး စာရင်း အပြည့်အစုံ . . . . . . (471)
ENTRY 18 APR WITH THAI AIRWAYS (TG) YANGON – BANGKOK – INCHEON . . (၂၆) ဦး စာရင်း အပြည့်အစုံ . . . . . . (280)
ENTRY 18 APR WITH KOREAN AIRLINES (KE) YANGON – SEOUL . . . . .(၅၀) ဦး စာရင်း အပြည့်အစုံ . . . . . . (370)

EPS စနစ် ဖြင့် ကိုရီးယားနိုင်ငံ သို့ သွားရောက်အလုပ်အလုပ်ကိုင်ခဲ့သည့် မြန်မာအလုပ်သမားများ၏ ရသင့်ရထိုက် သည့်ခံစားခွင့်ငွေများ ပြန်လည်ထုတ်ယူရန် ကြေညာခြင်း . . . . . . . . အပြည့်အစုံသိရှိရန်

EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် မည့်သူများ အတွက် ၂-၁၀-၂၀၁၄ ရက်နေ့ အလုပ်ခေါ်စာရရှိသူများစာရင်း
EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် မည့်သူများ အတွက် ၁-၁၀-၂၀၁၄ ရက်နေ့ အလုပ်ခေါ်စာရရှိသူများစာရင်း
EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် မည့်သူများ အတွက် ၃၀-၉-၂၀၁၄ ရက်နေ့ အလုပ်ခေါ်စာရရှိသူများစာရင်း

EPS စနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင် မည့်သူများ အတွက် လေယာဉ်ခရီးစဉ်များ
ENTRY 30 SEP WITH KOREAN AIRLINES (KE) YANGON-SEOUL . . . . . အပြည့်အစုံ သိရှိရန် . . (1428)
ENTRY 29 SEP WITH THAI AIRLINES (TG) YANGON-BANGKOK-INCHEON အပြည့်အစုံ သိရှိရန် . . (955)
ENTRY 01 SEP WITH SINGAPORE AIRLINES (SQ) YANGON-SINGAPORE-INCHEON
ENTRY 01 SEP WITH KOREAN AIRLINES (KE) YANGON-SEOUL
ENTRY 02 SEP WITH KOREAN AIRLINES (KE) YANGON-SEOUL . . အပြည့်အစုံ သိရှိရန် . . . . . . (718)

သတ္ထမအကြိမ် ကိုရီးယားဘာသာ EPS-TOPIK စာမေးပွဲအောင်မြင်သူများစာရင်း အပြည့်အစုံ သိရှိရန်
EPS စနစ်ဖြင့် အလုပ်လျှောက်ထားသူများအနက်မှ အလုပ်ခေါ်စာရရှိသူများစာရင်း
၅-၆-၂၀၁၄ ရက်နေ့စာရင်း အပြည့်အစုံ သိရှိရန် . . . . . (1889)
၃-၆-၂၀၁၄ ရက်နေ့စာရင်း အပြည့်အစုံ သိရှိရန် . . . . . (693)
၂-၆-၂၀၁၄ ရက်နေ့စာရင်း အပြည့်အစုံ သိရှိရန် . . . . . (580)
၃၀-၅-၂၀၁၄ ရက်နေ့စာရင်း အပြည့်အစုံ သိရှိရန် . . . . . (533)
၂၉-၅-၂၀၁၄ ရက်နေ့စာရင်း အပြည့်အစုံ သိရှိရန် . . . . . (571)
၂၈-၅-၂၀၁၄ ရက်နေ့စာရင်း အပြည့်အစုံ သိရှိရန် . (896)
—————————————————————————————
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတ နိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနတို့သည် နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာအရနိုင်ငံခြားသားလုပ်သားခေါ်ယူမှု စနစ် ဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိသော လုပ်သားများ အားလုံးသည် ကိုရီးယားအလုပ် သမားဝန်ကြီးဌာန၏ သတ်မှတ်ချက်အရ ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ စီစဉ်ကျင်းပသော ကိုရီးယား ဘာသာအရည်အချင်းစစ် စာမေးပွဲအား အောင်မြင်ရမည်ဖြစ်ပြီး ထိုစာမေးပွဲအောင်မြင်သူ သာလျှင် နိုင်ငံခြားသား လုပ်သားခေါ်ယူမှုစနစ်အရ အလုပ်လျှောက်လွှာတင်ခြင်း စသည့်လုပ်ငန်းစဉ် များ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားလုပ်ငန်းခွင်ထိခိုက်မှု လျော်ကြေးရရှိပြီး. . . . . . . အပြည့်အစုံ ဖတ်ရှုရန်
ပဥ္စမအကြိမ် EPS-TOPIK စာမေးပွဲအောင်မြင်သူများအားကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးမည့်အစီအစဉ် များ
အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီနှင့် ကိုရီးယားသမ္မတ နိုင်ငံ အလုပ်သမားဝန်ကြီးဌာန လူ့စွမ်းအားဖွံ့ဖြိုးမှုအဖွဲ့အစည်းတို့မှ ပူးပေါင်း၍ (၁၈-၅-၂၀၁၃)ရက်နေ့နှင့် (၁၉-၅-၂၀၁၃)ရက်နေ့များတွင်ကျင်းပခဲ့သော ပဥ္စမအကြိမ်ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ(ကုန်ထုတ်၊ စိုက်ပျိုးရေး၊မွေးမြူရေး/ဆောက်လုပ်ရေးလုပ်ငန်း) အောင်မြင်သူများအား တတိယအကြိမ်မြောက် ကျွမ်းကျင်မှု စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများသည် ………………..
ပဥ္စမအကြိမ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) ကျင်းပမည့် စာစစ်ဌာန နှင့် နေ့ရက် ၊ အချိန် ထုတ်ပြန်ခြင်း
ပဥ္စမအကြိမ်၊ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ စစ်ဆေးရန်အတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ မှ ထုတ်ပြန်ကြေညာထားပါသည် . . .
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ကျင်းပမည့် Computer Based Test (CBT)စနစ်ဖြင့် ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲကြေညာချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့်အလုပ်သမားဝန်ကြီးဌာနတို့သည် နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာအရ နိုင်ငံခြားသား လုပ်သား ခေါ်ယူမှုစနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင်အလုပ်လုပ်ကိုင်ရန်ဆန္ဒရှိသော မြန်မာလုပ်သားများ အတွက်အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုအခါ ကိုရီးယားသမ္မတနိုင်ငံတွင် အနိမ့်ဆုံး(၃)နှစ်ထက်ပို၍ တရားဝင်ကောင်းမွန်စွာ နေထိုင်အလုပ် လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်းပြန်လည်ရောက်ရှိခဲ့သောကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်း၊ဆောက်လုပ်ရေး လုပ်ငန်းတို့တွင် လုပ်ကိုင်ခဲ့ကြသည့် အလုပ်သမားများအတွက်ထပ်မံသွားရောက်အလုပ်လုပ် ကိုင်နိုင်ရေး ရည်ရွယ်ပြီး Computer Based Test(CBT)စနစ်ဖြင့်သီးသန့်ပြုလုပ်ပေးသောပထမအကြိမ်ကိုရီးယား ဘာသာ အရည်အချင်းစစ်အထူးစာမေးပွဲ ဖြစ်ပါသည်။ ထိုစာမေးပွဲအောင်မြင်သူများသာလျင် နိုင်ငံခြားသားလုပ်သား ခေါ်ယူမှု စနစ်အရ အလုပ်လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ် များဆောင်ရွက်နိုင်မည်ဖြစ်ပါသည် . . . . . . .
ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများအတွက် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် EPS-TOPIK စာမေးပွဲကျင်းပပြုလုပ်မည့်ကိစ္စနှင့် စာမေးပွဲအတွက် ရည်ညွှန်းကိုးကားရန် Text book နှင့် Webpage လိပ်စာများအသိပေးခြင်း
ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်ဌာနမပြောင်းဘဲ တစ်ဆက်တည်း အနည်းဆုံး(၄)နှစ် (၁၀)လ လုပ်ကိုင်ခဲ့သူများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး (၃)လအကြာတွင် မူလအလုပ်လုပ် ကိုင်ကြရန်  ကိုရီးယားသမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာ
ကိုရီးယားသမ္မတနိုင်ငံတွင် EPS စနစ်အရ နိုင်ငံခြားသားအလုပ်သမားများ လက်ခံ ဆောင်ရွက်လျက်ရှိရာ တရားမဝင် အလုပ်လုပ်ကိုင်နေထိုင်ခြင်းများ လျော့နည်းပပျောက်စေရန်၊ ကိုရီးယားလုပ်ငန်းရှင်များအတွက် အလုပ်လုပ်ကိုင်ခွင့် သတ်မှတ်ခွင့်ပြုကာလအများဆုံး (၄)နှစ် (၁၀)လတိုင်တိုင် လုပ်ငန်းဌာနပြောင်းရွှေ့ခြင်းမပြုဘဲ လုပ်ကိုင်ခဲ့ကြသည်‌့ လုပ်သားများဆုံးရှုံးမှုမရှိ စေဘဲ နှစ်ဦးနှစ်ဖက် သဘောတူပါက ပြန်လည်လုပ်ကိုင်ခွင့်ရရှိစေရန်  Re-entry process of committed workers စနစ်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့မှစ၍ သတ်မှတ်ဆောင်ရွက် လျက်ရှိပါသည်။
ထိုစနစ်အရ သတ်မှတ်ချက်နှင့်အကျုံးဝင်သည်‌့ လုပ်သား(၈၂)ဦးသည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ၊ စက်တင်ဘာလ၊ အောက်တိုဘာလတို့တွင်၎င်းတို့၏ဆန္ဒအရ ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ထိုလုပ်သားများသည် မြန်မာနိုင်ငံသို့ရောက်ရှိပြီး အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီ(POEA)သို့ နိုင်ငံကူးလက်မှတ်၊ မူလအလုပ်ရှင်နှင့်ချုပ်ဆိုခဲ့သော အလုပ် အကိုင်ဆိုင်ရာ သဘောတူစာချုပ် (Standard Labour Contract) စာရွက်စာတမ်းများနှင့်တကွ သတင်းပို့ခဲ့ပါသည်။ HRD-Korea မှလည်း အဆိုပါစနစ်တွင် အကျံုးဝင်သည်‌့ လုပ်သားများအား ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာလာမှုအခြေအနေကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီသို့ Online ဖြင့်အကြောင်းကြားပေးပို့ပါသည်။ POEA မှလည်း အဆိုပါလုပ်သားများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ရက်သတ္တတစ်ပါတ်အတွင်း လာရောက်သတင်းပေးပို့မှုကို အချိန်နှင့်တပြေးညီ Online ဖြင့် ပြန်လည်အကြောင်းကြား ပေးပို့ခဲ့ပါသည်။ အဆိုပါလုပ်သားများသည် ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည်‌့အချိန်မှ (၃)လပြည့်သည်နှင့် မြန်မာနိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်သည်‌့ အခွင့်အလမ်းရရှိကြပြီး၊ ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန်လည်း ကင်းလွတ်ခွင့်ရရှိကြပါသည်။ ယခုထိ ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာ လာသူ(၈၂)ဦးရှိပြီး၊ POEA သို့ သတင်းပေးပို့ခဲ့ သူ(၇၁)ဦးရှိပါသည်။
၎င်းတို့အနက်(၃)လကြာ မြန်မာနိုင်ငံတွင် နေထိုင်ပြီးနောက် ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာရန် လုပ်ငန်းစဉ်များဆောင်ရွက်ပြီး HRD-Korea မှ သတ်မှတ်ပေးသည်‌့နေ့ရက်များအရ ပထမအသုတ်အဖြစ် ၂၄-၁၀-၂၀၁၂ ရက်နေ့တွင် Re-entry System ဖြင့် ကိုရီးယားသမ္မတနိုင်ငံ သို့ ပြန်လည်ဝင်ရောက်မည်‌့လုပ်သား(၇)ဦးသည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြပါသည်။
ကျန်ရှိသော လုပ်သားများအတွက် HRD-Korea မှ အကြောင်းကြားလာသည်‌့နေ့ရက်များ တွင်မြန်မာနိုင်ငံမှထွက်ခွာနိုင်ရန်အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှဆောင်ရွက်လျက်ရှိပါသည်။

Re-entry process of committed workers များအတွက် ဆောင်ရွက်ရမည်‌့ လုပ်ငန်းစဉ်များ နှင့်ယေဘူယျအချက်အလက်များ
– EPS စနစ်အရ ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသား လုပ်သားများအနက် အလုပ်လုပ်ကိုင်ခွင့် သဘောတူထားသည်‌့ ကာလအများဆုံး(၄)နှစ်(၁၀)လ ရှိပြီး၊ အလုပ်ဌာနပြောင်းလဲခြင်းမရှိသည်‌့ လုပ်သားများအတွက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန်မလိုဘဲ ကိုရီးယားနိုင်ငံမှ ထွက်ခွာခဲ့သည်‌့နေ့မှ (၃)လ အတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အလုပ်ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်သည်‌့ အခွင့်အရေး တစ်ရပ်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့မှစ၍ သတ်မှတ်ဆောင်ရွက်လျက်ရှိပါသည်။
– ထိုစနစ်အရ သတ်မှတ်ချက်နှင့်အကျုံးဝင်သည်‌့ နိုင်ငံခြားသားအလုပ်သမားသည် ကိုရီးယား သမ္မတနိုင်ငံမှ မိမိဆန္ဒအလျောက် မိခင်နိုင်ငံသို့ တရားဝင်ပြန်လည်ထွက်ခွာရပါမည်။
– မထွက်ခွာမီ မိမိအလုပ်လုပ်ကိုင်နေသော အလုပ်ရှင်နှင့်အလုပ်အကိုင်ဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ရပါမည်။ စာချုပ်မိတ္တူရယူခဲ့ရန် သတိပြုရပါမည်။
– မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် အင်ချွန်းလေဆိပ်၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာန၌မိမိ၏လက်ရှိ နိုင်ငံခြားသားအလုပ်သမားကတ်ပြားကို အပ်နှံခဲ့ရန်လိုပါသည်။
– မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်နှင့် ရက်သတ္တ တစ်ပါတ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ နဂါးရုံဘုရားလမ်းရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)သို့လူကိုယ်တိုင်သတင်းပေးပို့ ရပါမည်။
– ထိုသို့သတင်းပေးပို့ရာတွင် နိုင်ငံကူးလက်မှတ်အမှတ်၊ မိမိအလုပ်ရှင်နှင့် ချုပ်ဆိုခဲ့သော အလုပ်အကိုင်ဆိုင်ရာ သဘောတူစာချုပ် Standard Labour Contract ၊ နိုင်ငံသားစိစစ် ရေးကတ်၊ အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ၊ ပတ်စပို့အရွယ် ဓါတ်ပုံ(၂)ပုံစသည်‌့ စာရွက် စာတမ်းများ ယူဆောင်လာရန်လိုအပ်ပါသည်။
– POEA တွင် သတင်းပို့ပြီးပါက POEA က ထိုအလုပ်သမား ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာခဲ့သည်‌့နေ့ရက်မှ (၃)လပြည်‌့ပြီးသည်နှင့် ကိုရီးယားနိုင်ငံသို့ ထွက်ခွာရမည်‌့ နေ့ရက်များတို့ကို အလုပ်သမားပေးထားသည်‌့ လိပ်စာ၊ ဖုန်းနံပါတ်များသို့ ဆက်လက်အကြောင်းကြား ဆောင်ရွက် ပေးမည်ဖြစ်ပါသည်။
– မြန်မာနိုင်ငံတွင် နေထိုင်သည်‌့ကာလ (၃)လမပြည်‌့မီ(၂)ပတ်အလိုတွင် POEA နှင့် HRD-Korea တို့ အသိအမှတ်ပြုထားသည်‌့ သတ်မှတ်ထားသည်‌့ ဆေးခန်းများတွင် ဆေးစစ်ရပါမည်။ ဆေးအောင်ပါက ဝန်ဆောင်စရိတ်ပေးသွင်းပြီး ဗီဇာလျှောက်ထားရပါမည်။
– ဗီဇာလျှောက်ထားရန်အတွက် ပြစ်မှုတစ်စုံတစ်ရာမရှိကြောင်း သက်ဆိုင်ရာရဲစခန်း၏ ထောက်ခံချက်နှင့် အိမ်ထောင်စုစာရင်း မူရင်းတို့အား နိုတြီဘာသာပြန်ဆိုချက်တို့ အချိန်မီပြုလုပ်ရန် လိုအပ်ပါမည်။
– ထွက်ခွာရက်သိရှိသည်နှင့် ထိုရက်မတိုင်မီ တစ်ပါတ်အလိုတွင် မိဘ(သို့မဟုတ်) အုပ်ထိန်းသူ (သို့မဟုတ်) ဆွေမျိုးရင်းချာ(၂)ဦးတို့မှ ခံဝန်ကတိလက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ရပါမည်။ ထိုခံဝန်ကတိပြုလုပ်ခြင်းနှင့် ပတ်သက်သည်‌့ကိစ္စများအား POEA မှတာဝန်ရှိဝန်ထမ်း များက အသေးစိတ်ဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။
– အသေးစိတ်သိရှိလိုသည်များရှိပါက အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီရုံး၊ ဖုန်းအမှတ်-(ဝ၁) ၆၆၇၇၅၄ နှင့် (ဝ၁)၆၅၆၈၄၃ သို့ ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။
Published on: Aug 31, 2012
EPS စနစ်အရ ကိုရီးယားသမ္မတနိုင်ငံသို့ အထွေထွေလုပ်သားများအဖြစ်သွားရောက် အလုပ်လုပ်ကိုင် မည့်သူများနှင့် အများပြည်သူသိရှိရန် အစိုးရပြည်ပအလုပ်အကိုင်အဂျင်စီမှ သတင်းထုတ်ပြန်ထားပါသည်. . . အပြည့်အစုံဖတ်ရှုရန်.
Published on: Aug 28, 2012
စတုတ္ထအကြိမ် EPS-TOPIK စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများအနက် ၁၁-၈-၂၀၁၂ မှ ၁၅-၈-၂၀၁၂ ရက်နေ့ထိ အခြေခံကျွမ်းကျင်မှုစမ်းသပ်စစ်ဆေးခြင်း ခံယူခဲ့သူများ၏ အောင်စာရင်း အား အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ ထုတ်ပြန်ထားပါသည် – – –အပြည့်အစုံသိရှိရန် . . .
စတုတ္ထအကြိမ်ကိုရီးယားဘာသာ EPS-TOPIK စာမေးပွဲအောင်မြင်သူများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်ကိုရီးယားဘာသာ EPS-TOPIK(စိုက်ပျိုးရေး၊မွေးမြူရေး/ဆောက်လုပ်ရေးလုပ်ငန်း)စာမေးပွဲအောင်မြင်သူများအတွက်အလုပ်လျှာက်လွှာ (Job Application Form)များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်နေ့မှစ၍ ယှဉ်တွဲပါရက်များနှင့် ခုံနံပါတ်များ အတိုင်း နေ့စဉ်(ဝ၉း၃၀)နာရီမှ(၁၇းဝဝ)နာရီအထိလျှောက်လွှာများရောင်းချခြင်း/လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည် . . . . .အပြည့်အစုံဖတ်ရှုရန်. . .
Skill Test ဖြေဆိုရန် စာမေးပွဲအချိန်စာရင်းထုတ်ပြန်ခြင်း
စတုတ္ထအကြိမ်၊ ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ အောင်မြင်သူများအနက် Skill Test(ကျွမ်းကျင်မှု စမ်းသပ်စစ်ဆေးခြင်း) ဖြေဆိုမည့်သူ (၈၆၃)ဦး နှင့် စာမေးပွဲအချိန်စာရင်းအား အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ မှ ထုတ်ပြန်ကြေညာခဲ့ပါသည် . . . အပြည့်အစုံဖတ်ရှုရန်
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ Employment Permit System ဖြင့် (၃၀-၆-၂၀၁၂)ရက်နေ့အထိ အလုပ်သမားများစေလွှတ်မှု အခြေအနေ

EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု အပြည့်အစုံ ဖတ်ရှုရန် . . . (2516)






No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!