Popular Posts!

Thursday, March 21, 2019

ျမန္မာ့႐ုပ္ရွင္ - မင္းသား သိန္း ၆၀၀၊ မင္းသမီး သိန္း ၃၀၀၊ မင္းသမီးေတြ ဘာေၾကာင့္ အရနည္းသလဲ?

ျမန္မာ့႐ုပ္ရွင္ - မင္းသား သိန္း ၆၀၀၊ မင္းသမီး သိန္း ၃၀၀၊ မင္းသမီးေတြ ဘာေၾကာင့္ အရနည္းသလဲ?



နာမည္ႀကီး မင္းသမီး ဝတ္မႈန္ေ႐ြရည္က လက္ရွိ မင္းသမီးေတြထဲမွာ အႏုပညာေၾကး အမ်ားဆုံးလို႔ ေျပာၾကပါတယ္။
ျမန္မာ့႐ုပ္ရွင္ေလာကမွာ ဇာတ္ေဆာင္မင္းသားက မင္းသမီးထက္ ကားရိုက္ခ ပိုရၾကတယ္လို႔ ႐ုပ္ရွင္ ေလာကသားေတြက ေျပာပါတယ္။
ေခတ္အဆက္ဆက္ မင္းသမီးေတြရတဲ့ အႏုပညာေၾကးထက္ မင္းသားေတြက ပိုရခဲ့ၾကတာပါ။
အခုေခတ္မွာဆိုရင္ အရင္ေခတ္ေတြထက္ေတာင္ မင္းသားက မင္းသမီးထက္ ကားရိုက္ခ ပိုရၾကပါတယ္။
႐ုပ္ရွင္ သ႐ုပ္ေဆာင္ အကယ္ဒမီ ေဒၚေဆြဇင္ထိုက္က သူ႕ေခတ္သူ႕အခါကဆိုရင္ နာမည္ႀကီးသ႐ုပ္ေဆာင္ခ်င္း အတူတူ မင္းသားက မင္းသမီးထက္ ၃၀ ရာခိုင္ႏႈန္း ပိုရၿပီး အခုေခတ္မွာ အဲဒီထက္ေတာင္ မင္းသားက ပိုရတယ္လို႔ သိရေၾကာင္း ေျပာပါတယ္။

၂၀၁၈ ခုႏွစ္က အကယ္ဒမီရတဲ့ မင္းသား ျမင့္ျမတ္က လက္ရွိ မင္းသားေစ်းကြက္မွာ ဦးေဆာင္ေနပါတယ္။

မင္းသားနဲ႕ မင္းသမီး ဘယ္ေလာက္ကြာ
ေခတ္အလိုက္ မင္းသားေရာ မင္းသမီးပါ သ႐ုပ္ေဆာင္ခေတြ တိုးလာေပမဲ့ ပရိသတ္ အႀကိဳက္ဆုံး နာမည္အႀကီးဆုံး မင္းသားနဲ႕ မင္းသမီးရဲ႕ ဝင္ေငြေတြက အခုခ်ိန္ထိ တန္းတူ မရၾကေသးပါဘူး။
ဒီေန႕ေခတ္မွာ ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကား ရိုက္ဖို႔ ကုန္က်စရိတ္က သိန္း ၁၅၀၀ ကေန သိန္း ၂၀၀၀ အထိ ရွိတတ္ၿပီး ထိပ္တန္း မင္းသားတစ္ေယာက္ရဲ႕ ကားရိုက္ခက တစ္ကားကို က်ပ္သိန္း ၄၀၀ ကေန သိန္း ၆၀၀ ေလာက္ အထိရွိတယ္လို႔ ၾကားရေၾကာင္း ေဒၚေဆြဇင္ထိုက္က ေျပာပါတယ္။
မင္းသမီး က်ေတာ့ သိန္း ၂၀၀ ကေန သိန္း ၃၀၀ ေက်ာ္ေလာက္ အထိပဲရတယ္လို႔ သူက ေျပာပါတယ္။
လက္ရွိ အမ်ားဆုံးရတဲ့ မင္းသား မင္းသမီးေတြထဲမွာ ျမင့္ျမတ္၊ ဝတ္မႈန္ေ႐ႊရည္နဲ႕ ေဖြးေဖြးတို႔ ပါဝင္ပါတယ္။
႐ုပ္ရွင္ေလာကသားေတြရဲ႕ အေျပာအရ ဝတ္မႈန္ေ႐ႊရည္က ဇာတ္ကားတစ္ကားကို သိန္း ၃၅၀ ေက်ာ္ ရတဲ့အခ်ိန္မွာ ျမင့္ျမတ္က သိန္း ၈၀၀ ကေန ၁၀၀၀ ေလာက္အထိ ရတယ္လို႔ ဆိုပါတယ္။

၂၀၁၇ အတြက္ အကယ္ဒမီ ဆုေပးပြဲ ပုံရိပ္မ်ား
MOI ရဲ႕ အကယ္ဒမီ တုံ႕ျပန္မႈ ကို ေဝဖန္
အကယ္ဒမီေဆြဇင္ထိုက္ဓာတ္ပုံ မူပိုင္GRACE SWE ZIN HTEIK FACEBOOK

နာမည္ႀကီးတာခ်င္း၊ ပါဝင္သ႐ုပ္ေဆာင္ရတဲ့ အေနအထားခ်င္း တူရင္ မင္းသား မင္းသမီး အတူတူရသင့္တယ္လို႔ အကယ္ဒမီေဆြဇင္ထိုက္က ယူဆပါတယ္။

မင္းသားေစ်းကြက္
ျမန္မာ့႐ုပ္ရွင္ေလာကမွာ ေစ်းကြက္ကို ေဖာ္ေဆာင္သူက မင္းသားေတြ ျဖစ္တယ္လို႔ က်ယ္က်ယ္ျပန့္ျပန့္ ခံယူထားၾကတာ ျဖစ္ပါတယ္။
၁၉၉၀ ျပည့္လြန္ ႏွစ္ေတြတုန္းက လွ်မ္းလွ်မ္းေတာက္ ေက်ာ္ၾကားခဲ့တဲ့ အကယ္ဒမီ မို႔မို႔ျမင့္ေအာင္က သူ သ႐ုပ္ေဆာင္ မျဖစ္ခင္ကတည္းက ျမန္မာ႐ုပ္ရွင္ေလာကမွာ မင္းသားဦးစားေပး ဇာတ္ကားေတြ ပိုရိုက္ခဲ့ၾကတယ္လို႔ ေျပာပါတယ္။
"မမို႔တို႔ မေပၚခင္ ဟိုးအရင္ေခတ္ကဆို မင္းသားအားနည္းတဲ့ ဇာတ္ဆိုရင္ မုဆိုးမဇာတ္လို႔ ေခၚၾကတယ္၊ မမို႔က အဲဒီ တစ္ေခတ္ကို လွန္ခ်လိဳက္တာပဲ" လို႔ ေဒၚမို႔မို႔ျမင့္ေအာင္က ဘီဘီစီကို ေျပာပါတယ္။
သူ႕ေခတ္မွာေတာ့ မင္းသမီ ဇာတ္ေတြကို ပိုဦးစားေပး ရိုက္ကူးခဲ့ၿပီး မင္းသားနဲ႕ တြဲေပး႐ုံ ဇာတ္လမ္းမ်ိဳးဆို သိပ္မရိုက္ဘဲ ကိုယ္ႀကိဳက္တဲ့ ဇာတ္လမ္းေတြကိုသာ လက္ခံ ၿပီး ႀကိဳးႀကိဳးစားစား ရိုက္ခဲ့တဲ့ အတြက္ မင္းသားနဲ႕ တန္းတူနီးပါး အႏုပညာေၾကး ရခဲ့တယ္ လို႔လည္း သူက ေျပာပါတယ္။
မင္းသားႀကီး ဦးေက်ာ္ဟိန္းက စတင္ စင္တင္ေပးခဲ့ၿပီး ၁၉၈၉ ခုႏွစ္ေလာက္က စလို႔ သ႐ုပ္ေဆာင္ ျဖစ္လာခဲ့တဲ့ ေဒၚမို႔မို႔ျမင့္ေအာင္က သူ႕ေခတ္ သူ႕အခါက နာမည္ႀကီး မင္းသားေတြနီးပါး အႏုပညာေၾကး ရတယ္ဆိုတာေတာင္ ပမာဏက အေတာ္ ကြာျခားပါေသးတယ္။
ေ႐ႊတစ္က်ပ္သားကို ၈၀၀၀ က်ပ္ ေစ်း ရွိခဲ့တဲ့ ၁၉၈၉- ၁၉၉၀ ခုႏွစ္ေတြတုန္းက ေခတ္ၿပိဳင္ နာမည္ႀကီး မင္းသား ကိုေက်ာ္သူက ႐ုပ္ရွင္ တစ္ကားကို ၄ သိန္း ရတဲ့ အခ်ိန္မွာ သူက ၃ သိန္းသာ ရခဲ့တယ္လို႔ ေဒၚမို႔မို႔ျမင့္ေအာင္က ေျပာပါတယ္။
အဲဒီ အခ်ိန္က က်န္တဲ့ မင္းသမီးေတြဆို ႏွစ္သိန္းေအာက္သာ ရၾကတယ္လို႔ သူက ေျပာပါတယ္။

ရန္ကုန္မွာရိုက္တဲ့ ေဟာင္ေကာင္႐ုပ္ရွင္ရဲ႕ ဝတ္စား ဆင္ယင္မႈ ဒီဇိုင္နာ

၂ဝ၁၆ အတြက္ ျမန္မာ့႐ုပ္ရွင္ အကယ္ဒမီ ဆုႏွင္းပြဲ ျမင္ကြင္း

အကယ္ဒမီ မို႔မို႔ျမင့္ေအာင္
Image caption
သူ႕ေခတ္ သူ႕အခါက မင္းသားေတြ နီးနီး အႏုပညာေၾကးရခဲ့ေပမယ့္ မင္းသားေတြနဲ႕တန္းတူ ရဖို႔က မျဖစ္နိုင္ဘူးလို႔ အကယ္ဒမီ မို႔မို႔ျမင့္ေအာင္က ေျပာပါတယ္။
မင္းသမီးေတြ ဘာေၾကာင့္ အရနည္း
အႏုပညာေၾကး တန္းတူမရတာက အမ်ိဳးသား အမ်ိဳးသမီး တန္းတူညီမွ်မႈ မရွိတာေၾကာင့္လို႔ ထင္ျမင္ ယူဆၾကသူေတြ ရွိေပမဲ့ မင္းသမီးေတြ ကိုယ္တိုင္က တန္းတူရဖို႔ မေတာင္းဆို ၾကတာလည္းပါတယ္လို႔ တခ်ိဳ႕က သုံးသပ္ပါတယ္။
ဒါဟာ ကိုယ့္အႏုပညာကို ေငြေၾကးနဲ႕ တန္ဖိုး မျဖတ္ခ်င္တာက တစ္ေၾကာင္း၊ အလုပ္ျဖစ္ပါေစ ဆိုတဲ့သေဘာနဲ႕ ထုတ္လုပ္သူေတြ ေပးတဲ့ ေၾကးကိုပဲ မင္းသမီးေတြက လက္ခံလိုက္ၾကတာက တစ္ေၾကာင္းေၾကာင့္ ျဖစ္တယ္၊ ဒါက အစဥ္အလာ ျဖစ္သြားတာလို႔ အကယ္ဒမီ ေဒၚေဆြဇင္ထိုက္က ေျပာပါတယ္။
မင္းသမီးေတြ ကိုယ္တိုင္က အမ်ိဳးသမီး ဦးေဆာင္တဲ့ ေစ်းကြက္တစ္ခု ျဖစ္ေအာင္ မလုပ္ခဲ့မိသလို ကိုယ့္အခြင့္အေရးကို ကိုယ္မေတာင္းခဲ့မိဘူးလို႔ ေဒၚေဆြဇင္ထိုက္က ေျပာပါတယ္။
တစ္ဘက္မွာလည္း ႐ုပ္ရွင္ၾကည့္ ပရိသတ္ အမ်ားစုက မိန္းကေလးေတြ ျဖစ္လို႔ မင္းသားကို အားေပးသူမ်ားတယ္လို႔ ဒါရိုက္တာ ၾကည္ျဖဴရွင္က ဘီဘီစီကို ေျပာပါတယ္။
ဒါေၾကာင့္ ထုတ္လုပ္သူေတြ ကလည္း ဇာတ္လမ္းေ႐ြးတာကအစ မင္းသားဦးေဆာင္တဲ့ ဇာတ္ကို ေ႐ြးၾကတာမ်ားတယ္လို႔ သူ ကေျပာပါတယ္။
ဒီလိုအစဥ္အလာ ျဖစ္ေနတဲ့ ေစ်းကြက္မွာ မင္းသားေတြနဲ႕ အႏုပညာေၾကး တန္းတူရဖို႔ က ျဖစ္နိုင္ေခ် မရွိဘူးလို႔ အကယ္ဒမီ မို႔မို႔ျမင့္ေအာင္ ကလည္း ေျပာပါတယ္။
ရင္ခုန္လႈပ္ရွား အကယ္ဒမီ ပုံရိပ္မ်ား
၂၀၁၄ နဲ႕၂ဝ၁၅ ခုႏွစ္ အတြက္ အကယ္ဒမီ ေပးပြဲဝတ္မႈန္ေ႐ႊရည္

တန္းတူရဖို႔ ဘာအေျပာင္းအလဲ လုပ္ဖို႔လိုလဲ
သ႐ုပ္ေဆာင္တဲ့ အပိုင္းမွာ တာဝန္ယူရတာခ်င္း အတူတူ ဆိုရင္ မင္းသားနဲ႕ မင္းသမီး တန္းတူ ညီမွ် အႏုပညာေၾကးရသင့္တယ္လို႔ ေဒၚေဆြဇင္ထိုက္က ေျပာပါတယ္။
တခ်ိန္က သူနဲ႕ မင္းသား ဦးေက်ာ္ဟိန္း ႐ုပ္ရွင္ကား အတူ ရိုက္ခဲ့ရာမွာ "ကြၽန္မတို႔က အထိုး အခုတ္ ဆိုတဲ့ ကားမ်ိဳးကိုလည္း ရိုက္ၾကတာပဲ၊ အေျပးအလႊား ကားမ်ိဳးကိုလည္း ရိုက္ၾကတာပဲ၊ သီခ်င္းလည္း ဆိုရတယ္၊ တခါတရံ စိတ္ဆိုးရင္ အိမ္မွာ ေျပာျဖစ္တယ္ေလ၊ ငါလည္းပဲ သူ႕လိုပဲ ထိုးဟယ္၊ ခုတ္ဟယ္ ေျပးဟယ္ လႊားဟယ္၊ သီခ်င္း ဆိုေတာ့လည္း ဆိုတာပဲ၊ ရယ္စရာေျပာေတာ့လည္း ေျပာရတာပဲ အဲဒီလို လုပ္ရက္သားနဲ႕ သူက ဘာတစ္ခု ငါ့ထက္ပိုသာ ေနတာလဲ၊ ဘာလို႔ သူက အခြင့္အေရးေတြ ပိုရေနတာလဲလို႔ ငယ္ငယ္က စိတ္နဲ႕ ေျပာခဲ့ဖူးပါတယ္"လို႔ ေဒၚေဆြဇင္ထိုက္က ေျပာပါတယ္။
အမ်ိဳးသမီးေတြရဲ႕ အခန္းက႑ကို ေလးစားတဲ့ ဝန္းက်င္ အသိုင္းအဝိုင္းတစ္ခု ထူေထာင္နိုင္မယ္ဆိုရင္ေတာ့ တန္းတူညီမွ်မႈရွိလာလိမ့္မယ္လို႔ ေဒၚေဆြဇင္ထိုက္က ေျပာပါတယ္။
''အခုလည္း တျဖည္းျဖည္းနဲ႕ အမ်ိဳးသမီး ထုတ္လုပ္သူေတြ ေပၚလာတယ္၊ အမ်ိဳးသမီး ဒါရိုက္တာေတြ ေပၚလာတဲ့ အတြက္ ေနာင္ ၁၀ ႏွစ္ေလာက္မွာေတာ့ ျဖစ္လာနိုင္မယ္''လို႔ သူက ေမွ်ာ္လင့္ပါတယ္။

လက္ရွိ နာမည္အႀကီးဆုံး မင္းသား မင္းသမီးေတြထဲမွာ ေဖြးေဖြးနဲ႕ ေနတိုးတို႔လည္း ပါဝင္ပါတယ္။
ရိုက္ကူးထုတ္လုပ္ေရးပိုင္းမွာ ပုံေသကုန္က်တဲ့ စရိတ္နဲ႕ ညွိႏွိုင္းလို႔ရတဲ့ အႏုပညာေၾကးပိုင္း ကုတ္က်စရိတ္ဆိုၿပီး ရွိပါတယ္။
အဲဒီ အႏုပညာေၾကးပိုင္းမွာ မင္းသားကို ကုန္က်စရိတ္ရဲ႕ ဘယ္ေလာက္ ရာခိုင္ႏႈန္းေပးမယ္လို႔ သတ္မွတ္ထားတဲ့ တြက္ခ်က္မႈပုံစံကို ေျပာင္းလဲဖို႔ လိုတယ္လို႔ ေဒၚေဆြဇင္ထိုက္က ေျပာပါတယ္။
အဲဒီလို ပုံစံထက္ ကန္ထရိုက္ထဲမွာ မင္းသားနဲ႕မင္းသမီး ပါဝင္ရိုက္ကူးရမယ့္ ဇာတ္လမ္းဇာတ္ကြက္ အခန္းစဥ္ကို အတိအက်ေဖာ္ျပၿပီး အခန္းဘယ္ေလာက္ပါရင္ ဘယ္ေလာက္ ေပးရမယ္ဆိုတဲ့ အေလ့အက်င့္မ်ိဳး လုပ္ဖို႔ ေကာင္းတယ္လို႔ လည္း သူက ေျပာပါတယ္။
အရင္ေခတ္က မင္းသမီးေတြအတြက္ ညီအစ္မေတြနဲ႕ မိခင္ေတြကသာ မန္ေနဂ်ာေတြ အျဖစ္ ေဆာင္႐ြက္ေပးၾကေပမဲ့ အခုေခတ္မွာေတာ့ မန္ေနဂ်ာေတြ ခန့္ထားလာတာ ရွိပါတယ္။
အဲဒီ မန္ေနဂ်ာေတြက စာခ်ဳပ္ ခ်ဳပ္တဲ့ အခ်ိန္မွာ မင္းသမီးေတြ တာဝန္ယူရိုက္ေပးရမယ့္ အခန္းေတြ၊ ေငြေၾကးကိစၥေတြကို ညွိႏွိုင္း ေဆာင္႐ြက္သင့္တယ္လို႔ လည္း ေဒၚေဆြဇင္ထိုက္က အႀကံျပဳပါတယ္။
ဒါေပမယ့္ အဲဒီမန္ေနဂ်ာေတြရဲ႕ အရည္အေသြးပိုင္း ျမင့္တက္ေအာင္ လုပ္ေဆာင္ၾကဖို႔လည္း လိုတယ္လို႔ သူက ေျပာပါတယ္။


မြန်မာ့ရုပ်ရှင် - မင်းသား သိန်း ၆၀၀၊ မင်းသမီး သိန်း ၃၀၀၊ မင်းသမီးတွေ ဘာကြောင့် အရနည်းသလဲ


နာမည်ကြီး မင်းသမီး ဝတ်မှုန်ရွေရည်က လက်ရှိ မင်းသမီးတွေထဲမှာ အနုပညာကြေး အများဆုံးလို့ ပြောကြပါတယ်။
Image captionနာမည်ကြီး မင်းသမီး ဝတ်မှုန်ရွေရည်က လက်ရှိ မင်းသမီးတွေထဲမှာ အနုပညာကြေး အများဆုံးလို့ ပြောကြပါတယ်။

မြန်မာ့ရုပ်ရှင်လောကမှာ ဇာတ်ဆောင်မင်းသားက မင်းသမီးထက် ကားရိုက်ခ ပိုရကြတယ်လို့ ရုပ်ရှင် လောကသားတွေက ပြောပါတယ်။ 

ခေတ်အဆက်ဆက် မင်းသမီးတွေရတဲ့ အနုပညာကြေးထက် မင်းသားတွေက ပိုရခဲ့ကြတာပါ။ 

အခုခေတ်မှာဆိုရင် အရင်ခေတ်တွေထက်တောင် မင်းသားက မင်းသမီးထက် ကားရိုက်ခ ပိုရကြပါတယ်။ 

ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က သူ့ခေတ်သူ့အခါကဆိုရင် နာမည်ကြီးသရုပ်ဆောင်ချင်း အတူတူ မင်းသားက မင်းသမီးထက် ၃၀ ရာခိုင်နှုန်း ပိုရပြီး အခုခေတ်မှာ အဲဒီထက်တောင် မင်းသားက ပိုရတယ်လို့ သိရကြောင်း ပြောပါတယ်။ 

၂၀၁၈ ခုနှစ်က အကယ်ဒမီရတဲ့ မင်းသား မြင့်မြတ်က လက်ရှိ မင်းသားစျေးကွက်မှာ ဦးဆောင်နေပါတယ်။
Image caption၂၀၁၈ ခုနှစ်က အကယ်ဒမီရတဲ့ မင်းသား မြင့်မြတ်က လက်ရှိ မင်းသားစျေးကွက်မှာ ဦးဆောင်နေပါတယ်။

မင်းသားနဲ့ မင်းသမီး ဘယ်လောက်ကွာ

ခေတ်အလိုက် မင်းသားရော မင်းသမီးပါ သရုပ်ဆောင်ခတွေ တိုးလာပေမဲ့ ပရိသတ် အကြိုက်ဆုံး နာမည်အကြီးဆုံး မင်းသားနဲ့ မင်းသမီးရဲ့ ဝင်ငွေတွေက အခုချိန်ထိ တန်းတူ မရကြသေးပါဘူး။ 

ဒီနေ့ခေတ်မှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ဖို့ ကုန်ကျစရိတ်က သိန်း ၁၅၀၀ ကနေ သိန်း ၂၀၀၀ အထိ ရှိတတ်ပြီး ထိပ်တန်း မင်းသားတစ်ယောက်ရဲ့ ကားရိုက်ခက တစ်ကားကို ကျပ်သိန်း ၄၀၀ ကနေ သိန်း ၆၀၀ လောက် အထိရှိတယ်လို့ ကြားရကြောင်း ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။ 

မင်းသမီး ကျတော့ သိန်း ၂၀၀ ကနေ သိန်း ၃၀၀ ကျော်လောက် အထိပဲရတယ်လို့ သူက ပြောပါတယ်။ 

လက်ရှိ အများဆုံးရတဲ့ မင်းသား မင်းသမီးတွေထဲမှာ မြင့်မြတ်၊ ဝတ်မှုန်ရွှေရည်နဲ့ ဖွေးဖွေးတို့ ပါဝင်ပါတယ်။ 

ရုပ်ရှင်လောကသားတွေရဲ့ အပြောအရ ဝတ်မှုန်ရွှေရည်က ဇာတ်ကားတစ်ကားကို သိန်း ၃၅၀ ကျော် ရတဲ့အချိန်မှာ မြင့်မြတ်က သိန်း ၈၀၀ ကနေ ၁၀၀၀ လောက်အထိ ရတယ်လို့ ဆိုပါတယ်။ 

အကယ်ဒမီဆွေဇင်ထိုက်ဓာတ်ပုံ မူပိုင်GRACE SWE ZIN HTEIK FACEBOOK
Image captionနာမည်ကြီးတာချင်း၊ ပါဝင်သရုပ်ဆောင်ရတဲ့ အနေအထားချင်း တူရင် မင်းသား မင်းသမီး အတူတူရသင့်တယ်လို့ အကယ်ဒမီဆွေဇင်ထိုက်က ယူဆပါတယ်။

မင်းသားစျေးကွက် 

မြန်မာ့ရုပ်ရှင်လောကမှာ စျေးကွက်ကို ဖော်ဆောင်သူက မင်းသားတွေ ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ခံယူထားကြတာ ဖြစ်ပါတယ်။ 

၁၉၉၀ ပြည့်လွန် နှစ်တွေတုန်းက လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ အကယ်ဒမီ မို့မို့မြင့်အောင်က သူ သရုပ်ဆောင် မဖြစ်ခင်ကတည်းက မြန်မာရုပ်ရှင်လောကမှာ မင်းသားဦးစားပေး ဇာတ်ကားတွေ ပိုရိုက်ခဲ့ကြတယ်လို့ ပြောပါတယ်။ 

"မမို့တို့ မပေါ်ခင် ဟိုးအရင်ခေတ်ကဆို မင်းသားအားနည်းတဲ့ ဇာတ်ဆိုရင် မုဆိုးမဇာတ်လို့ ခေါ်ကြတယ်၊ မမို့က အဲဒီ တစ်ခေတ်ကို လှန်ချလိုက်တာပဲ" လို့ ဒေါ်မို့မို့မြင့်အောင်က ဘီဘီစီကို ပြောပါတယ်။ 

သူ့ခေတ်မှာတော့ မင်းသမီ ဇာတ်တွေကို ပိုဦးစားပေး ရိုက်ကူးခဲ့ပြီး မင်းသားနဲ့ တွဲပေးရုံ ဇာတ်လမ်းမျိုးဆို သိပ်မရိုက်ဘဲ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းတွေကိုသာ လက်ခံ ပြီး ကြိုးကြိုးစားစား ရိုက်ခဲ့တဲ့ အတွက် မင်းသားနဲ့ တန်းတူနီးပါး အနုပညာကြေး ရခဲ့တယ် လို့လည်း သူက ပြောပါတယ်။ 

မင်းသားကြီး ဦးကျော်ဟိန်းက စတင် စင်တင်ပေးခဲ့ပြီး ၁၉၈၉ ခုနှစ်လောက်က စလို့ သရုပ်ဆောင် ဖြစ်လာခဲ့တဲ့ ဒေါ်မို့မို့မြင့်အောင်က သူ့ခေတ် သူ့အခါက နာမည်ကြီး မင်းသားတွေနီးပါး အနုပညာကြေး ရတယ်ဆိုတာတောင် ပမာဏက အတော် ကွာခြားပါသေးတယ်။ 

ရွှေတစ်ကျပ်သားကို ၈၀၀၀ ကျပ် စျေး ရှိခဲ့တဲ့ ၁၉၈၉- ၁၉၉၀ ခုနှစ်တွေတုန်းက ခေတ်ပြိုင် နာမည်ကြီး မင်းသား ကိုကျော်သူက ရုပ်ရှင် တစ်ကားကို ၄ သိန်း ရတဲ့ အချိန်မှာ သူက ၃ သိန်းသာ ရခဲ့တယ်လို့ ဒေါ်မို့မို့မြင့်အောင်က ပြောပါတယ်။ 

အဲဒီ အချိန်က ကျန်တဲ့ မင်းသမီးတွေဆို နှစ်သိန်းအောက်သာ ရကြတယ်လို့ သူက ပြောပါတယ်။ 

အကယ်ဒမီ မို့မို့မြင့်အောင်
Image captionသူ့ခေတ် သူ့အခါက မင်းသားတွေ နီးနီး အနုပညာကြေးရခဲ့ပေမယ့် မင်းသားတွေနဲ့တန်းတူ ရဖို့က မဖြစ်နိုင်ဘူးလို့ အကယ်ဒမီ မို့မို့မြင့်အောင်က ပြောပါတယ်။

မင်းသမီးတွေ ဘာကြောင့် အရနည်း

အနုပညာကြေး တန်းတူမရတာက အမျိုးသား အမျိုးသမီး တန်းတူညီမျှမှု မရှိတာကြောင့်လို့ ထင်မြင် ယူဆကြသူတွေ ရှိပေမဲ့ မင်းသမီးတွေ ကိုယ်တိုင်က တန်းတူရဖို့ မတောင်းဆို ကြတာလည်းပါတယ်လို့ တချို့က သုံးသပ်ပါတယ်။ 

ဒါဟာ ကိုယ့်အနုပညာကို ငွေကြေးနဲ့ တန်ဖိုး မဖြတ်ချင်တာက တစ်ကြောင်း၊ အလုပ်ဖြစ်ပါစေ ဆိုတဲ့သဘောနဲ့ ထုတ်လုပ်သူတွေ ပေးတဲ့ ကြေးကိုပဲ မင်းသမီးတွေက လက်ခံလိုက်ကြတာက တစ်ကြောင်းကြောင့် ဖြစ်တယ်၊ ဒါက အစဉ်အလာ ဖြစ်သွားတာလို့ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။ 

မင်းသမီးတွေ ကိုယ်တိုင်က အမျိုးသမီး ဦးဆောင်တဲ့ စျေးကွက်တစ်ခု ဖြစ်အောင် မလုပ်ခဲ့မိသလို ကိုယ့်အခွင့်အရေးကို ကိုယ်မတောင်းခဲ့မိဘူးလို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

တစ်ဘက်မှာလည်း ရုပ်ရှင်ကြည့် ပရိသတ် အများစုက မိန်းကလေးတွေ ဖြစ်လို့ မင်းသားကို အားပေးသူများတယ်လို့ ဒါရိုက်တာ ကြည်ဖြူရှင်က ဘီဘီစီကို ပြောပါတယ်။ 

ဒါကြောင့် ထုတ်လုပ်သူတွေ ကလည်း ဇာတ်လမ်းရွေးတာကအစ မင်းသားဦးဆောင်တဲ့ ဇာတ်ကို ရွေးကြတာများတယ်လို့ သူ ကပြောပါတယ်။ 

ဒီလိုအစဉ်အလာ ဖြစ်နေတဲ့ စျေးကွက်မှာ မင်းသားတွေနဲ့ အနုပညာကြေး တန်းတူရဖို့ က ဖြစ်နိုင်ချေ မရှိဘူးလို့ အကယ်ဒမီ မို့မို့မြင့်အောင် ကလည်း ပြောပါတယ်။ 

ဝတ်မှုန်ရွှေရည်

တန်းတူရဖို့ ဘာအပြောင်းအလဲ လုပ်ဖို့လိုလဲ

သရုပ်ဆောင်တဲ့ အပိုင်းမှာ တာဝန်ယူရတာချင်း အတူတူ ဆိုရင် မင်းသားနဲ့ မင်းသမီး တန်းတူ ညီမျှ အနုပညာကြေးရသင့်တယ်လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။ 

တချိန်က သူနဲ့ မင်းသား ဦးကျော်ဟိန်း ရုပ်ရှင်ကား အတူ ရိုက်ခဲ့ရာမှာ "ကျွန်မတို့က အထိုး အခုတ် ဆိုတဲ့ ကားမျိုးကိုလည်း ရိုက်ကြတာပဲ၊ အပြေးအလွှား ကားမျိုးကိုလည်း ရိုက်ကြတာပဲ၊ သီချင်းလည်း ဆိုရတယ်၊ တခါတရံ စိတ်ဆိုးရင် အိမ်မှာ ပြောဖြစ်တယ်လေ၊ ငါလည်းပဲ သူ့လိုပဲ ထိုးဟယ်၊ ခုတ်ဟယ် ပြေးဟယ် လွှားဟယ်၊ သီချင်း ဆိုတော့လည်း ဆိုတာပဲ၊ ရယ်စရာပြောတော့လည်း ပြောရတာပဲ အဲဒီလို လုပ်ရက်သားနဲ့ သူက ဘာတစ်ခု ငါ့ထက်ပိုသာ နေတာလဲ၊ ဘာလို့ သူက အခွင့်အရေးတွေ ပိုရနေတာလဲလို့ ငယ်ငယ်က စိတ်နဲ့ ပြောခဲ့ဖူးပါတယ်"လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။ 

အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို လေးစားတဲ့ ဝန်းကျင် အသိုင်းအဝိုင်းတစ်ခု ထူထောင်နိုင်မယ်ဆိုရင်တော့ တန်းတူညီမျှမှုရှိလာလိမ့်မယ်လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။ 

''အခုလည်း တဖြည်းဖြည်းနဲ့ အမျိုးသမီး ထုတ်လုပ်သူတွေ ပေါ်လာတယ်၊ အမျိုးသမီး ဒါရိုက်တာတွေ ပေါ်လာတဲ့ အတွက် နောင် ၁၀ နှစ်လောက်မှာတော့ ဖြစ်လာနိုင်မယ်''လို့ သူက မျှော်လင့်ပါတယ်။ 

လက်ရှိ နာမည်အကြီးဆုံး မင်းသား မင်းသမီးတွေထဲမှာ ဖွေးဖွေးနဲ့ နေတိုးတို့လည်း ပါဝင်ပါတယ်။
Image captionလက်ရှိ နာမည်အကြီးဆုံး မင်းသား မင်းသမီးတွေထဲမှာ ဖွေးဖွေးနဲ့ နေတိုးတို့လည်း ပါဝင်ပါတယ်။

ရိုက်ကူးထုတ်လုပ်ရေးပိုင်းမှာ ပုံသေကုန်ကျတဲ့ စရိတ်နဲ့ ညှိနှိုင်းလို့ရတဲ့ အနုပညာကြေးပိုင်း ကုတ်ကျစရိတ်ဆိုပြီး ရှိပါတယ်။ 

အဲဒီ အနုပညာကြေးပိုင်းမှာ မင်းသားကို ကုန်ကျစရိတ်ရဲ့ ဘယ်လောက် ရာခိုင်နှုန်းပေးမယ်လို့ သတ်မှတ်ထားတဲ့ တွက်ချက်မှုပုံစံကို ပြောင်းလဲဖို့ လိုတယ်လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။ 

အဲဒီလို ပုံစံထက် ကန်ထရိုက်ထဲမှာ မင်းသားနဲ့မင်းသမီး ပါဝင်ရိုက်ကူးရမယ့် ဇာတ်လမ်းဇာတ်ကွက် အခန်းစဉ်ကို အတိအကျဖော်ပြပြီး အခန်းဘယ်လောက်ပါရင် ဘယ်လောက် ပေးရမယ်ဆိုတဲ့ အလေ့အကျင့်မျိုး လုပ်ဖို့ ကောင်းတယ်လို့ လည်း သူက ပြောပါတယ်။ 

အရင်ခေတ်က မင်းသမီးတွေအတွက် ညီအစ်မတွေနဲ့ မိခင်တွေကသာ မန်နေဂျာတွေ အဖြစ် ဆောင်ရွက်ပေးကြပေမဲ့ အခုခေတ်မှာတော့ မန်နေဂျာတွေ ခန့်ထားလာတာ ရှိပါတယ်။ 

အဲဒီ မန်နေဂျာတွေက စာချုပ် ချုပ်တဲ့ အချိန်မှာ မင်းသမီးတွေ တာဝန်ယူရိုက်ပေးရမယ့် အခန်းတွေ၊ ငွေကြေးကိစ္စတွေကို ညှိနှိုင်း ဆောင်ရွက်သင့်တယ်လို့ လည်း ဒေါ်ဆွေဇင်ထိုက်က အကြံပြုပါတယ်။ 

ဒါပေမယ့် အဲဒီမန်နေဂျာတွေရဲ့ အရည်အသွေးပိုင်း မြင့်တက်အောင် လုပ်ဆောင်ကြဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။

Ref:https://www.bbc.com/burmese/burma-47612967?ocid=socialflow_facebook

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!