Popular Posts!

Thursday, June 22, 2017

Singapore-Myanmar Vocational Training Institute စင်္ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာသင်ကျောင်း


မန်မာနိုင်ငံအတွင်းတွင် ရှိသော လူငယ်လူရွယ်များသည် အလုပ်အကိုင် အခွင့်အလမ်းများပိုမို ရရှိလာစေရန် လိုအပ်နေသော အရည်အသွေးများ ဖြည့်တင်းရေးအတွက် ရန်ကုန်မြို့တွင် ရှိသော ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွင့်လှစ်သည့် စင်္ကာပူ-မြန်မာ အသက်မွေး ဝမ်းပညာ သင်ကျောင်းသို့ သွားရောက်၍ ပညာရပ်များ အခမဲ့ သင်ကြားနိုင်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းတွင် ယခုကဲ့သို့ အခြားနိုင်ငံမှ လာရောက်၍   အသက်  မွေးဝမ်း ပညာသင်ကျောင်း ဖွင့်လှစ်နိုင်ခြင်းသည် ယခုအကြိမ်မှာ ပထမဦးဆုံး အကြိမ်ဖြစ်ပါတယ်။ 
ပညာသင်ကျောင်း ပေါ်ပေါက်လာခြင်းသည် လူငယ်လူရွယ်များ အကြား အလုပ်အကိုင် ခွင့်အလမ်းများ ပိုမိုရရှိစေရန် အရည်အချင်းများ ပြည့်မီစေရေးအတွက် မကြာသေးမီက စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ နှစ်နိုင်ငံကြား ထားရှိသော သဘောတူညီမှုများကြောင့်ဖြစ်ပါတယ်။ ဟိုတယ်နှင့်ခရီးသွားလာရေး ပညာရပ်များ နှင့် အင်ဂျင်နီယာ၊ နည်းပညာနှင့်ပတ်သက်သော ပညာရပ်ပေါင်း (၁၀) မျိုး သင်ကြားနိုင်မှာ ဖြစ်ပါတယ်။
စင်္ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာသင်ကျောင်း (Singapore-Myanmar Vocational Training Institute) ရဲ့ တတိယအသုတ် ဝင်ခွင့်ကို စက်တင်ဘာလကုန်လောက်မှာ စုံစမ်းနိုင်ပြီး နိုဝင်ဘာလတွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
သင်တန်းကာလမှာ ၆ လ ဖြစ်ဖြစ်ပြီး တနင်္လာ မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တက်ရောက်သင်ယူရမှာ ဖြစ်ပါတယ်။
သင်တန်း အမျိုးအစားများမှာ-
-Hotel & Tourism-
1-Front Desk Operation
2-Food and Beverage
3-House Keeping
4-Retail

-Engineering & Technology-
1-Computer Networking
2-Electrical Appliances and Special Installations
3-Residental Air Conditioning
4-Building Fixtures and Equipment
5-Mechatronic (Basic Services)
6-General Welding
အဆိုပါသင်တန်းများကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၁၆နှစ် ပြည့်ပြီးသူများ လျှောက်ထားနိုင်ပါတယ်။
လူတွေ့အင်တာဗျူး ဖြေဆိုကြရမှာ ဖြစ်ပြီး အောင်မြင်မှသာ သင်တန်းတက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ (၆) လ သင်တန်း   တစ်သုတ်လျှင် သင်တန်းသား (၄၀ဝ) ခန့် ရွေးချယ်ခေါ်ယူနေပါတယ်။
လိုအပ်သောစာရွက်စာတန်းများ>>>
၁- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ
၂- တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းမိတ္တူ
၃- မိခင်ဖခင်မှတ်ပုံတင်
၎- အိမ်ထောင်စုစာရင်း
၅- ရဲစခန်းထောက်ခံစာ
၆-မှတ်ပုံတင် မိတ္တူ ၁ပုံ
သင်တန်းပြီးဆုံးပြီး အောင်မြင်ပါက SMVTI Certificate သ.ပ.န အသိအမှတ်ပြု (accredited by Ministry of Science and Technology (MOST)) ရရှိမှာ ဖြစ်ပါတယ်။
ဆယ်တန်းအောင်ပြီး အဝေးသင်တဖက်နဲ့ သက်မွေးပညာတစ်ခုခုကို ဆည်းပူး လုပ်ကိုင်လိုသူများအတွက် အထူးသင့်လျော်တဲ့ လက်တွေ့အသားပေး သင်တန်း ဖြစ်ပါတယ်။ သင်ရိုးနဲ့ သင်ထောက်ကူပစ္စည်းများလည်း ပြည့်စုံကောင်းမွန်ပါတယ်။
စင်္ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာသင်ကျောင်းလိပ်စာ- 
အမှတ် ၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန်ဖုန်း - ဝ၉၇၈၁၀ဝ၂၅၇၁ ၊ ဝ၉ ၇၈၁၀ဝ ၂၅၇၂ နှင့် ဝ၉ ၇၈၁၀ဝ ၂၅၇၃  email:smvti.fb@gmail.com

အသေးစိတ်သိရှိလိုသူများ https://www.facebook.com/SMVTI.Ygn/ ကိုသွားရောက်ကြည့်ရှုနိုင်ပါတယ်။

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!