အိမ်မှာ ၀က်သားတုတ်ထိုးလုပ်စားချင်သူတွေအတွက်ပါ....
ဝက်သားတုတ်ထိုးက မခက်ပါဘူး... နည်းပညာ လေးတော့..လိုအပ်တာပေါ့။
ဝက်သားတုတ်ထိုးရောင်းတဲ့သူတွေလိုပဲ ၀က်ရဲ. အတွင်းကလီစာအစုံမှာ ကျောက်ကပ်ကို တော့
ရှောင်ပါတယ်....။
လူတွေကြိုက်တတ်တဲ့ အချင်းတိုင်၊ အူပါး၊လျှာ၊ နို့အုံသား၊ပါးစောင်သားအရိုးနုတို့တော့ များများ ၀ယ်ရပါတယ်...၀က်သားတုတ်ထိုးမှာ..ဘဲဥကလည်း.. မပါမဖြစ်ပါ...။
ဝယ်လာတဲ့ဝက်အတွင်းကလီစာတွေကို..သန်.စင်နေအောင်ရေအရင်ဆေးပါ။
မန်ကျည်းသီးမှည့်ကိုရေနွေးလေးစိမ်ထားပြီး..ဆားအနည်းငယ်နဲ.ရောပြီး(၃)ကြိမ်မှ(၅)ကြိမ်လောက်ထိရေ
ဆေးလိုက်ရင်..၀က်အတွင်းကလီစာဆိုတာ..ဘာအနံ.မှမရှိတော့အောင်စင်ကြယ်သန်.ရှင်းသွားပါတယ်...။
အူပါးတွေကိုတော့..တုတ်တံတစ်ချောင်းနဲ.၅ခုလောက်ကို..အထပ်ထပ်ဖြစ်အောင်ထပ်ပေးရပါမယ်...။ဆေးကြာပြီးရင်တော့..အားလုံးကိုရေစစ်ထားပါ...။
ရေစစ်သွားတဲ့..၀က်သားတွေကို ဆား၊ ပာင်းခတ်မှုန်. ၊ ပဲငံပြာရည်အပျစ်( အကောင်းစားတံဆိပ်) နာနတ်ပွင့်ကိုလှော်ပြီးထောင်းထားတဲ့အမှုန်.( တရုတ်လို ပါကော့ ခေါ်ပါတယ်) ၊ အစားအသောက်သုံး အရောင်( လိမ္မော်) အနည်းငယ်၊ ၀ိုင်အရက်(သို.) အရက်ပြင်းအနည်းငယ်တို့နှင့်ရောနယ်ပြီး... နာရီဝက်ခန်.နှပ်ထားပေးရပါမယ်။
ဘဲဥတွေကိုလည်း..ပြုတ်ပြီးအခွံခွာထားပါ...။
ဒယ်အိုးတစ်လုံးမှာ...
ဆီအနည်းငယ် နှင့် သကြားတို့ကိုရောပြီး အပူပေးလျှင်သကြားတွေပာာ..
ဆီအနည်းငယ်ပူလာတာနဲ့အရည်ပျော်ပြီးရွှေညိုရောင်လေးပြောင်းလာပြီဆိုရင်...
မီးဖုတ်ပြီးဓါးပြားရိုက်ထားတဲ့..နာနတ်ပွင့် ၊ ချင်း၊ ငရုတ်ကောင်းတို့ ကိုထည့်ပြီး...
တစ်ခုပြီး တစ်ခု ဆီသတ်ပေးပြီးစစ်ယူထားပါ...။
ထို.နောက်...အမာဆုံးအစိတ်အပိုင်းတွေ..ဥပမာ နားရွက် ၊ လျှာ အူမစသည်တို.ကိုအရင်ဆုံးပြုတ်ပေးပါ... ထိုအရာများတစ်ဝက်လောက်ကျက်ပြီဆိုမှအသည်း၊ နှလုံးလို ဒုတိယ တန်းစားတွေကို ထည့်ပေးပါ..။
နောက်ဆုံးမှ....အူချိုတို.လိုအနုဆုံးအပိုင်းတွေကို ထည့်ပြုတ်ပါ....။
အရသာကို မြည်းစမ်းပြီး..နှူးအိပြီဆိုရင်..ရေ သုံးပုံတစ်ပုံကျန်လောက်မှ..စစ်ယူထားပါ...
လှီးဖြတ်ပေးပြီးပန်းကန်နဲ.ကြိုက်သူကို ပန်းကန်နဲ.ထည့်ဧည့်ခံနိုင်သလို..၀ါးတုတ်လေးထိုးပြီးမှ... စားချင်သူများကိုလည်း..နှစ်သက်သလိုဧည့်ခံပေးလို.ရပါတယ်....။
တွဲဖက်ဆော့စ်ကိုတော့..
မန်ကျည်းသီး၊ ထန်းလျက်ရည်၊ သကြား၊ ကြက်သွန်ဖြူ ၊ငရုတ်သီးစိမ်း၊ နံနံပင် ၊ ဗမာငရုတ်ဆီ တို.နဲ.မိမိနှစ်သက်သလို ရောစပ်နိုင်ပါတယ်။
Ref:Cooking Master Myanmar
Credit @ Ko Nge
No comments:
Post a Comment