Popular Posts!

Friday, January 18, 2019

စကၤာပူက လြမ္းေမာဖြယ္ ရြာေလးတစ္ရြာ (သုိ႔) အူဘင္ကၽြန္းေပၚက ဧရာမ ေရကန္ၾကီးမ်ား

••• စကၤာပူက လြမ္းေမာဖြယ္ ရြာေလးတစ္ရြာ (သုိ႔) အူဘင္ကၽြန္းေပၚက ဧရာမ ေရကန္ၾကီးမ်ား •••



စကၤာပူကို လာေရာက္လည္ပတ္သူတုိင္း အဲဒီကၽြန္းေလးကို တစ္ခါတစ္ေခါက္ေတာ့ အေရာက္သြားၿဖစ္ၾကတာမ်ားပါတယ္။ Pulau Ubin ဆိုတာ ဂ်ာဗားနီးစ္ဘာသာစကားက ဆင္းသက္လာတာၿဖစ္ၿပီး Pulau က ကၽြန္းလို႔ အဓိပၸာယ္ေဆာင္ၿပီး Ubin ကေတာ့ ေလးေထာင္းပုံေက်ာက္တုံးလို႔ အဓိပၸာယ္ရပါတယ္။ ဒါဆုိ ေလးေထာင့္ပုံေက်ာက္တုန္းသ႑ာန္ရွိေသာကၽြန္းေပါ့။ အဲဒီကၽြန္းေလးကေတာ့ စကၤာပူရဲ ႔ အေရွ ႔ေၿမာက္ ကမ္းရုိးတန္းအရပ္မွာ တည္ရွိၿပီး စကၤာပူရဲ ႔ တစ္ခုတည္းက်န္ရွိေသာ ကၽြန္းရြာေလး တစ္ရြာပဲၿဖစ္ပါတယ္။

ဟိုးတစ္ခ်ိန္တစ္ခါက ႏွမ္းဖက္ေက်ာက္ တူးေဖာ္ၿခင္းလုပ္ငန္းဟာ အူဘင္ကၽြန္းရဲ ႔ အဓိက စက္မႈလုပ္ငန္းတစ္ခု ၿဖစ္ခဲ့ပါတယ္။  ပထမဆုံး ေက်ာက္မုိင္းကို လြန္ခဲ့ေသာႏွစ္ေပါင္း ၂၀၀ ေက်ာ္ ၁၈၀၀ ႏွစ္လြန္ႏွစ္မ်ားကတည္းက စတင္တူးေဖာ္ခဲ့ၾကတာပါ။  အူဘင္က ထြက္တဲ့ ေက်ာက္ေတြဟာ အရည္အေသြးေကာင္းလြန္းၿပီး ၁၈၅၁ ခုႏွစ္မွာ တည္ေဆာက္ခဲ့တဲ့ Horsburgh မီးၿပတုိက္ႏွင့္ ၁၈၅၅ ခုႏွစ္မွာ တည္ေဆာက္ခဲ့တဲ့ Raffles မီးၿပတုိက္ေတြ ေဆာက္လုပ္ရာမွာ အသုံးၿပဳခဲ့ၾကပါတယ္။ Horsburgh မီးၿပတုိက္ဟာ စကၤာပူေရလက္ၾကားရဲ ႔ အေရွ ႔ဘက္၀င္ေပါက္က Pedra Branca ကၽြန္းေပၚမွာ တည္ရွိၿပီး Raffles မီးၿပတုိက္ဟာေတာ့ စကၤာပူကၽြန္းမၾကီး၏ ေတာင္ဘက္အရပ္မွာရွိတဲ့ Satumu ကၽြန္းေပၚမွာ တည္ရွိပါတယ္။ အဲဒီ မီးၿပတုိက္ႏွစ္ခုစလုံးဟာ စကၤာပူနယ္ေၿမရဲ ႔ အလြန္႔အလြန္အေရးပါေသာ  ထိပ္ဖ်ားေနရာမ်ားမွ တည္ရွိၾကပါတယ္။

၁၉၉၀ ႏွစ္လြန္ ႏွစ္မ်ားမွာAik Hwa  ႏွမ္းဖတ္ေက်ာက္ ထုတ္လုပ္ေရး ေက်ာက္မုိင္းတြင္းကေန စကၤာပူႏိုင္ငံရဲ ႔ ေက်ာက္လုိအပ္မႈကို ၃၀ ရာခုိင္ႏႈန္းမွ ၄၀ ရာခုိင္ႏႈန္းအထိ ေထာက္ပံ့ေပးႏုိင္ခဲ့ပါတယ္။ အူဘင္က ထြက္နဲ႔ ႏွမ္းဖက္ေက်ာက္ေတြကို ကြန္ဂရစ္ၿပဳလုပ္ၿပီး စကၤာပူႏုိင္ငံ၏ ေၿမသားတုိးခ်ဲ႕မႈ (ပင္လယ္ထဲမွာ ေၿမဖို႔ၿခင္းမ်ား) ေတြမွာ အသုံးၿပဳခဲ့ၾကပါတယ္။ အဲဒီအခ်ိန္က ေက်က္ထုတ္လုပ္မႈလုပ္ငန္းဟာ အူဘင္ကၽြန္းရဲ ႔ အဓိက စီးပြားေရးလုပ္ငန္းတစ္ခုလုိ႔ေတာင္ ဆိုရမလိုၿဖစ္ခဲ့ၿပီး Aik Hwa ေက်ာက္မုိင္းမွ အလုပ္သမား ၁၀၀ ခန္႔အထိ ခန္႔ထားခဲ့ရပါတယ္။ အဲဒီအလုပ္သမားအမ်ားစုဟာ အူဘင္ကၽြန္းေပၚမွာပဲ ေနထိုင္ခဲ့ၾကပါတယ္။

အူဘင္ကၽြန္းေပၚက  ေက်ာက္မိုင္းခြဲထုတ္လုပ္မႈေတြဟာ သဘာ၀သယံဇာတေတြကို ပ်က္စီးေစ႐ုံသာမက ပင္လယ္ေရမ်က္ႏွာၿပင္ကိုလည္း နိမ့္က်ေစတယ္ဆုိၿပီး သဘာ၀သယံဇာတအရင္းအၿမစ္ ဖြံ႔ၿဖိဳးမႈ ေကာ္ပုိေရးရွင္း အဖြဲ႔အစည္းၾကီးမွ ေက်ာက္ထုတ္လုပ္မႈေတြကို ၁၉၉၉ ခုႏွစ္မွာ ပိတ္ပစ္ခဲ့ပါေတာ့တယ္။ Aik Hwa ေက်ာက္မုိင္းဟာ ေနာက္ဆုံးေက်ာက္မုိင္း ၿဖစ္ခဲ့ၿပီး အူဘင္ကၽြန္းေပၚမွ လူမ်ားလည္း ေရၾကည္ရာ မ်က္ႏုရာေရႊ႔ေၿပာင္းကုန္ပါေတာ့တယ္။ ၁၉၈၀ ခုႏွစ္တြင္ အူဘင္ကၽြန္းေပၚမွာ လူေပါင္း ၁၂၀၀ ခန္႔ရွိခဲ့ၿပီး ၁၉၉၅ ခုႏွစ္မွာေတာ့ လူေပါင္း ၄၀၀ သာ က်န္ရွိခဲ့ပါေတာ့တယ္။

အူဘင္ကၽြန္းေပၚမွာ စြန္႔ပစ္ခဲ့တဲ့ ေက်ာက္မုိ္င္းမ်ားဟာ ယခုအခါ မိုးေရမ်ားႏွင့္ ၿပည့္လွ်ံေနေသာ ေရကန္ၾကီးမ်ားၿဖစ္ေနၾကၿပီး သဘာ၀ေပါက္ပင္မ်ားဖုံးလႊမ္း၍ ပဏာရေနပါေတာ့တယ္။ ေရကန္ထဲမွာ အလိုအေလ်ာက္ေပါက္ဖြားလာတဲ့ ငါးေတြ၊ ငါးမ်ားကို လာေရာက္ရွာေဖြစားေသာက္တဲ့ ငဟစ္ငွက္ေတြနဲ႔ သာယာလွပေနပါတယ္။
ေရကန္ၾကီးေတြဟာ သဘာ၀ပသာဒေတြနဲ႔ လွပေနေသာ္လည္း လူမ်ားအတြက္ အႏၱရာယ္ရွိတဲ့ ေနရာမ်ားအၿဖစ္ သက္မွတ္ထားစဲပါ။ ေရကန္ၾကီးေတြထဲမွာ ေရကူးၿခင္းႏွင့္ အဲဒီအနီးအနားမွာ အၿခားေသာ လႈပ္ရွားမႈမ်ားကို မျပဳလုပ္ဘဲ ေရွာင္ၾကဥ္ၾကဖို႔လည္း သတိေပးထားပါတယ္။

တစ္ခါတုန္းက အရမ္းစည္ကားခဲ့တဲ့ အဲဒီကၽြန္းရြာေလးဟာ ယေန႔ အခ်ိန္မွာေတာ့ သက္ၾကီးရြယ္အုိ ရြာသား ၃၀ ေယာက္ေလာက္သာ က်န္ရွိပါေတာ့တယ္။ ဟုိအရင္ အစည္ကားဆုံးအခ်ိန္က ရြာသား ႏွစ္ေထာင္ေလာက္ေနထုိင္လုပ္ကိုင္ခဲ့ၾကပါတယ္။

"လူေတြဟာ ေရၾကည့္ရာ ၿမက္ႏုရာ ရွာေဖြရင္း အလုပ္အကိုင္ အခြင့္အလမ္းေပါမ်ားတဲ့ စကၤာပူ နဲ႔ မေလးရွားကို ထြက္ခြာသြားၾကတယ္ေလ" လုိ႔ အူဘင္ကၽြန္းရြာေလးရဲ ႔ ကြယ္လြန္သြားရွာၿပီၿဖစ္တဲ့ ရြာသူၾကီးရဲ ႔ ေခၽြးမၿဖစ္သူ မဒမ္တန္ က ၿပန္ေၿပာင္း ေၿပာၿပပါတယ္။

ဒီေန႔ ဒီရက္ေတြမွာေတာ့.. မဒမ္တန္ကုိ သူမရဲ ႔ ႏွစ္ထပ္အိမ္ေလး အေရွ ႔ရွိ ဆင္၀င္ေလးေအာက္မွာ တစ္ေယာက္ထဲ ထုိင္ေနတာကို ေတြ႔ၿမင္ၾကရမွာျဖစ္ပါတယ္။ သူမရဲ ႔ အခ်ိန္ေတြကို ေကာက္ပဲသီးႏွံေတြစိုက္ပ်ိဳးရင္း၊ အိမ္ကေလးကို သန္႔ရွင္းေရးလုပ္ရင္း၊ သူမရဲ ႔ေခြးေလနဲ႔ ေဆာ့ကစားရင္းနဲ႔ပဲ ကုန္လြန္ေစပါေတာ့တယ္။

စေန႔ ၊ တနဂၤေႏြရုံးပိတ္ရက္ေတြမွာေတာ့... သူမရဲ ႔ သား ၃ ေယာက္နဲ႔ သမီး ၂ ေယာက္ သူမဆီကုိ လာေရာက္လည္ပတ္တတ္ၾကပါတယ္။

"ကေလးေတြ လာေရာက္လည္ပတ္တဲ့အခ်ိန္တုိင္း.... သူတုိ႔နဲ႔ အတူလုိက္ေနဖို႔ ကၽြန္မကို အၿမဲေတာင္းဆုိၾကပါတယ္။ ဒါေပမယ့္ ကၽြန္မကေတာ့ သားသမီးေတြရဲ ႔ ေတာင္းဆုိမႈကို အၿမဲ လစ္လ်ဴ ရႈၿပီး ဒီရြာမွာပဲ ေနထုိင္ပါတယ္" လုိ႔ သူမက ဆုိပါတယ္။

"ကၽြန္မ ဒီရြာမွာေနရတာကို ၾကိဳက္တယ္။ ဘာေၾကာင့္လဲဆုိေတာ့ လူရွင္းတယ္ေလ။ ၿပီးေတာ့...ေက်ာက္မိုင္း တူးေဖာ္တာေတြလည္း ပိတ္လိုက္ၿပီ။ လူေတြလည္း အရင္ကလုိ ေတာမီးရိႈ႕တာေတြလဲ မရွိေတာ့ ေလေကာင္းေလသန္႔လဲရပါတယ္" လုိ႔ ဆုိပါတယ္။

အသက္ ၇၆ ႏွစ္ အရြယ္ မဒမ္တန္ဟာ အသက္ ၁၅ ႏွစ္အရြယ္ကတည္းက အူဘင္ရြာသူၾကီးရဲ ႔ အၾကီးဆုံးသားနဲ႔ အိမ္ေထာင္က်ခဲ့ပါတယ္။ " ကၽြန္မရဲ ႔ ေယာက်္ားမွာ ညီအစ္ကုိ ၈ ေယာက္ေတာင္ရွိပါတယ္။ အဲဒါေၾကာင့္. ကၽြန္မဟာ လူ ၁၀ ေယာက္စာေလာက္ရဲ ႔ အိမ္မႈကိစၥ အ၀၀ ကို လုပ္ေပးခဲ့ရပါတယ္။ ၾကက္၊၀က္ေတြလဲ ေစာင့္ေရွာက္ခဲ့ရပါတယ္။ ၿပီးေတာ့ ကၽြန္မ ေယာက္ခထီးရဲ ႔ စားနပ္ရိကၡေထာက္ပံ့ေပးတဲ့ဆုိင္မွာလည္း ကူညီလုပ္ကိုင္ေပးခဲ့ရပါတယ္" လုိ႔ ဂုဏ္ယူစြာ ေၿပာပါေသးတယ္။ "အဲလုိ လုပ္ကိုိင္ေပးခဲ့ရတာကို ေက်နပ္ပီတိျဖစ္ရပါတယ္။ တကယ္လုိ႔ မေက်နပ္ခဲ့ဘူးဆုိရင္ ဟုိး..လြန္ခဲ့တဲ့ နွစ္ေတြကတည္း ဒီရြာက ထြက္ခြာသြားခဲ့မွာေပ့ါလုိ႔လဲ " ရယ္ရႊင္စြာ အရႊမ္းေဖာက္ပါေသးတယ္။

ယေန႔ အူဘင္ကၽြန္းေပၚက ရြာသားအမ်ားစုဟာ ေတာင္ယာ စုိက္ပ်ိဳးေမြးၿမဴေရးလုပ္ငန္းလုပ္ကိုင္ၿခင္း (သုိ႔) ငါးဖမ္းၿခင္း (သို႔) အူဘင္ကၽြန္းရြာေလးေပၚလာေရာက္လည္ပတ္ၾကတဲ့ ခရီးသြားေတြရဲ ႔ လုိအပ္ခ်က္မ်ားကို ၿဖည့္ဆည္းေပးတဲ့ အခေၾကးေငြၿဖင့္ စက္ဘီးငွါးရမ္းေပးၿခင္း၊ အစားအေသာက္ေရာင္းခ်ၿခင္း စေသာ စီးပြားေရးေတြကို လုပ္ကိုင္စားေသာက္ၾကပါတယ္။

အူဘင္ကၽြန္းရြာေလးကို မေရာက္ဖူးေသးရင္ေတာ့ တစ္ခါတစ္ေခါက္ေတာ့ သြားေရာက္ေလ့လာလုိက္ၾကပါဦးလု႔ိ စလုံး Page မွ တုိက္တြန္းႏိႈးေဆာ္လုိက္ရပါေတာ့တယ္။

***Paulau Ubin ကၽြန္းကို သြားခ်င္ရင္ေတာ့ လြယ္လြယ္ေလးပါ။

MRT စီးၿပီး အစိမ္းလုိင္းမွာရွိတဲ့ Tanah Merah MRT Station (EW4) ရထားဘူတာမွာ ဆင္းပါ။ အဲဒီကေန Bus No. 2 ကို စီးရင္ Changi Village bus interchange ကုိေရာက္ပါလိမ့္မယ္။ Changi Village bus interchange ကိုေရာက္ရင္ Changi Point jetty ကိုသြားပါ။ မသိရင္ အဲဒီမွာ ေမးလုိ႔ရပါတယ္။ Changi Point Jetty ကေန bumboat စက္ေလွေလးစီးၿပီး Paulau Ubin ဆိုတဲ့ ရြာေလးကိုေရာက္ပါတယ္။ အရင္တုန္းကေတာ့ စက္ေလွ လက္မွတ္ခ တစ္ေၾကာင္းစာ ၂ ေဒၚလာပါ။

စလံုး Page

(စကၤာပူႏွင့္ ပတ္သက္ေသာ အေၾကာင္းအရာမ်ား စုစည္းတင္ျပမႈ)

www.facebook.com/SaloneCollection
 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

••• စင်္ကာပူက လွမ်းမောဖွယ် ရွာလေးတစ်ရွာ (သို့) အူဘင်ကျွန်းပေါ်က ဧရာမ ရေကန်ကြီးများ •••

စင်္ကာပူကို လာရောက်လည်ပတ်သူတိုင်း အဲဒီကျွန်းလေးကို တစ်ခါတစ်ခေါက်တော့ အရောက်သွားဖြစ်ကြတာများပါတယ်။ Pulau Ubin ဆိုတာ ဂျာဗားနီးစ်ဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး Pulau က ကျွန်းလို့ အဓိပ္ပာယ်ဆောင်ပြီး Ubin ကတော့ လေးထောင်းပုံကျောက်တုံးလို့ အဓိပ္ပာယ်ရပါတယ်။ ဒါဆို လေးထောင့်ပုံကျောက်တုန်းသဏ္ဍာန်ရှိသောကျွန်းပေါ့။ အဲဒီကျွန်းလေးကတော့ စင်္ကာပူရဲ့ အရှေ့မြောက် ကမ်းရိုးတန်းအရပ်မှာ တည်ရှိပြီး စင်္ကာပူရဲ့ တစ်ခုတည်းကျန်ရှိသော ကျွန်းရွာလေး တစ်ရွာပဲဖြစ်ပါတယ်။

ဟိုးတစ်ချိန်တစ်ခါက နှမ်းဖက်ကျောက် တူးဖော်ခြင်းလုပ်ငန်းဟာ အူဘင်ကျွန်းရဲ့ အဓိက စက်မှုလုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။  ပထမဆုံး ကျောက်မိုင်းကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော် ၁၈၀၀ နှစ်လွန်နှစ်များကတည်းက စတင်တူးဖော်ခဲ့ကြတာပါ။  အူဘင်က ထွက်တဲ့ ကျောက်တွေဟာ အရည်အသွေးကောင်းလွန်းပြီး ၁၈၅၁ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Horsburgh မီးပြတိုက်နှင့် ၁၈၅၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Raffles မီးပြတိုက်တွေ ဆောက်လုပ်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ Horsburgh မီးပြတိုက်ဟာ စင်္ကာပူရေလက်ကြားရဲ့ အရှေ့ဘက်ဝင်ပေါက်က Pedra Branca ကျွန်းပေါ်မှာ တည်ရှိပြီး Raffles မီးပြတိုက်ဟာတော့ စင်္ကာပူကျွန်းမကြီး၏ တောင်ဘက်အရပ်မှာရှိတဲ့ Satumu ကျွန်းပေါ်မှာ တည်ရှိပါတယ်။ အဲဒီ မီးပြတိုက်နှစ်ခုစလုံးဟာ စင်္ကာပူနယ်မြေရဲ့ အလွန့်အလွန်အရေးပါသော  ထိပ်ဖျားနေရာများမှ တည်ရှိကြပါတယ်။

၁၉၉၀ နှစ်လွန် နှစ်များမှာAik Hwa  နှမ်းဖတ်ကျောက် ထုတ်လုပ်ရေး ကျောက်မိုင်းတွင်းကနေ စင်္ကာပူနိုင်ငံရဲ့ ကျောက်လိုအပ်မှုကို ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ အူဘင်က ထွက်နဲ့ နှမ်းဖက်ကျောက်တွေကို ကွန်ဂရစ်ပြုလုပ်ပြီး စင်္ကာပူနိုင်ငံ၏ မြေသားတိုးချဲ့မှု (ပင်လယ်ထဲမှာ မြေဖို့ခြင်းများ) တွေမှာ အသုံးပြုခဲ့ကြပါတယ်။ အဲဒီအချိန်က ကျေက်ထုတ်လုပ်မှုလုပ်ငန်းဟာ အူဘင်ကျွန်းရဲ့ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုလို့တောင် ဆိုရမလိုဖြစ်ခဲ့ပြီး Aik Hwa ကျောက်မိုင်းမှ အလုပ်သမား ၁၀၀ ခန့်အထိ ခန့်ထားခဲ့ရပါတယ်။ အဲဒီအလုပ်သမားအများစုဟာ အူဘင်ကျွန်းပေါ်မှာပဲ နေထိုင်ခဲ့ကြပါတယ်။

အူဘင်ကျွန်းပေါ်က  ကျောက်မိုင်းခွဲထုတ်လုပ်မှုတွေဟာ သဘာဝသယံဇာတတွေကို ပျက်စီးစေရုံသာမက ပင်လယ်ရေမျက်နှာပြင်ကိုလည်း နိမ့်ကျစေတယ်ဆိုပြီး သဘာဝသယံဇာတအရင်းအမြစ် ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း အဖွဲ့အစည်းကြီးမှ ကျောက်ထုတ်လုပ်မှုတွေကို ၁၉၉၉ ခုနှစ်မှာ ပိတ်ပစ်ခဲ့ပါတော့တယ်။ Aik Hwa ကျောက်မိုင်းဟာ နောက်ဆုံးကျောက်မိုင်း ဖြစ်ခဲ့ပြီး အူဘင်ကျွန်းပေါ်မှ လူများလည်း ရေကြည်ရာ မျက်နုရာရွှေ့ပြောင်းကုန်ပါတော့တယ်။ ၁၉၈၀ ခုနှစ်တွင် အူဘင်ကျွန်းပေါ်မှာ လူပေါင်း ၁၂၀၀ ခန့်ရှိခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ လူပေါင်း ၄၀၀ သာ ကျန်ရှိခဲ့ပါတော့တယ်။

အူဘင်ကျွန်းပေါ်မှာ စွန့်ပစ်ခဲ့တဲ့ ကျောက်မ်ိုင်းများဟာ ယခုအခါ မိုးရေများနှင့် ပြည့်လျှံနေသော ရေကန်ကြီးများဖြစ်နေကြပြီး သဘာ၀ပေါက်ပင်များဖုံးလွှမ်း၍ ပဏာရနေပါတော့တယ်။ ရေကန်ထဲမှာ အလိုအလျောက်ပေါက်ဖွားလာတဲ့ ငါးတွေ၊ ငါးများကို လာရောက်ရှာဖွေစားသောက်တဲ့ ငဟစ်ငှက်တွေနဲ့ သာယာလှပနေပါတယ်။
ရေကန်ကြီးတွေဟာ သဘာဝပသာဒတွေနဲ့ လှပနေသော်လည်း လူများအတွက် အန္တရာယ်ရှိတဲ့ နေရာများအဖြစ် သက်မှတ်ထားစဲပါ။ ရေကန်ကြီးတွေထဲမှာ ရေကူးခြင်းနှင့် အဲဒီအနီးအနားမှာ အခြားသော လှုပ်ရှားမှုများကို မပြုလုပ်ဘဲ ရှောင်ကြဉ်ကြဖို့လည်း သတိပေးထားပါတယ်။

တစ်ခါတုန်းက အရမ်းစည်ကားခဲ့တဲ့ အဲဒီကျွန်းရွာလေးဟာ ယနေ့ အချိန်မှာတော့ သက်ကြီးရွယ်အို ရွာသား ၃၀ ယောက်လောက်သာ ကျန်ရှိပါတော့တယ်။ ဟိုအရင် အစည်ကားဆုံးအချိန်က ရွာသား နှစ်ထောင်လောက်နေထိုင်လုပ်ကိုင်ခဲ့ကြပါတယ်။

"လူတွေဟာ ရေကြည့်ရာ မြက်နုရာ ရှာဖွေရင်း အလုပ်အကိုင် အခွင့်အလမ်းပေါများတဲ့ စင်္ကာပူ နဲ့ မလေးရှားကို ထွက်ခွာသွားကြတယ်လေ" လို့ အူဘင်ကျွန်းရွာလေးရဲ့ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ရွာသူကြီးရဲ့ ချွေးမဖြစ်သူ မဒမ်တန် က ပြန်ပြောင်း ပြောပြပါတယ်။

ဒီနေ့ ဒီရက်တွေမှာတော့.. မဒမ်တန်ကို သူမရဲ့ နှစ်ထပ်အိမ်လေး အရှေ့ရှိ ဆင်ဝင်လေးအောက်မှာ တစ်ယောက်ထဲ ထိုင်နေတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ သူမရဲ့ အချိန်တွေကို ကောက်ပဲသီးနှံတွေစိုက်ပျိုးရင်း၊ အိမ်ကလေးကို သန့်ရှင်းရေးလုပ်ရင်း၊ သူမရဲ့ခွေးလေနဲ့ ဆော့ကစားရင်းနဲ့ပဲ ကုန်လွန်စေပါတော့တယ်။

စနေ့ ၊ တနင်္ဂနွေရုံးပိတ်ရက်တွေမှာတော့... သူမရဲ့ သား ၃ ယောက်နဲ့ သမီး ၂ ယောက် သူမဆီကို လာရောက်လည်ပတ်တတ်ကြပါတယ်။

"ကလေးတွေ လာရောက်လည်ပတ်တဲ့အချိန်တိုင်း.... သူတို့နဲ့ အတူလိုက်နေဖို့ ကျွန်မကို အမြဲတောင်းဆိုကြပါတယ်။ ဒါပေမယ့် ကျွန်မကတော့ သားသမီးတွေရဲ့ တောင်းဆိုမှုကို အမြဲ လစ်လျူ ရှုပြီး ဒီရွာမှာပဲ နေထိုင်ပါတယ်" လို့ သူမက ဆိုပါတယ်။

"ကျွန်မ ဒီရွာမှာနေရတာကို ကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ လူရှင်းတယ်လေ။ ပြီးတော့...ကျောက်မိုင်း တူးဖော်တာတွေလည်း ပိတ်လိုက်ပြီ။ လူတွေလည်း အရင်ကလို တောမီးရှို့တာတွေလဲ မရှိတော့ လေကောင်းလေသန့်လဲရပါတယ်" လို့ ဆိုပါတယ်။

အသက် ၇၆ နှစ် အရွယ် မဒမ်တန်ဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက အူဘင်ရွာသူကြီးရဲ့ အကြီးဆုံးသားနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ " ကျွန်မရဲ့ ယောက်ျားမှာ ညီအစ်ကို ၈ ယောက်တောင်ရှိပါတယ်။ အဲဒါကြောင့်. ကျွန်မဟာ လူ ၁၀ ယောက်စာလောက်ရဲ့ အိမ်မှုကိစ္စ အဝ၀ ကို လုပ်ပေးခဲ့ရပါတယ်။ ကြက်၊ဝက်တွေလဲ စောင့်ရှောက်ခဲ့ရပါတယ်။ ပြီးတော့ ကျွန်မ ယောက်ခထီးရဲ့ စားနပ်ရိက္ခထောက်ပံ့ပေးတဲ့ဆိုင်မှာလည်း ကူညီလုပ်ကိုင်ပေးခဲ့ရပါတယ်" လို့ ဂုဏ်ယူစွာ ပြောပါသေးတယ်။ "အဲလို လုပ်ကိုင်ပေးခဲ့ရတာကို ကျေနပ်ပီတိဖြစ်ရပါတယ်။ တကယ်လို့ မကျေနပ်ခဲ့ဘူးဆိုရင် ဟိုး..လွန်ခဲ့တဲ့ နှစ်တွေကတည်း ဒီရွာက ထွက်ခွာသွားခဲ့မှာပေါ့လို့လဲ " ရယ်ရွှင်စွာ အရွှမ်းဖောက်ပါသေးတယ်။

ယနေ့ အူဘင်ကျွန်းပေါ်က ရွာသားအများစုဟာ တောင်ယာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်ခြင်း (သို့) ငါးဖမ်းခြင်း (သို့) အူဘင်ကျွန်းရွာလေးပေါ်လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းပေးတဲ့ အခကြေးငွေဖြင့် စက်ဘီးငှါးရမ်းပေးခြင်း၊ အစားအသောက်ရောင်းချခြင်း စသော စီးပွားရေးတွေကို လုပ်ကိုင်စားသောက်ကြပါတယ်။

အူဘင်ကျွန်းရွာလေးကို မရောက်ဖူးသေးရင်တော့ တစ်ခါတစ်ခေါက်တော့ သွားရောက်လေ့လာလိုက်ကြပါဦးလို့ စလုံး Page မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတော့တယ်။

***Paulau Ubin ကျွန်းကို သွားချင်ရင်တော့ လွယ်လွယ်လေးပါ။

MRT စီးပြီး အစိမ်းလိုင်းမှာရှိတဲ့ Tanah Merah MRT Station (EW4) ရထားဘူတာမှာ ဆင်းပါ။ အဲဒီကနေ Bus No. 2 ကို စီးရင် Changi Village bus interchange ကိုရောက်ပါလိမ့်မယ်။ Changi Village bus interchange ကိုရောက်ရင် Changi Point jetty ကိုသွားပါ။ မသိရင် အဲဒီမှာ မေးလို့ရပါတယ်။ Changi Point Jetty ကနေ bumboat စက်လှေလေးစီးပြီး Paulau Ubin ဆိုတဲ့ ရွာလေးကိုရောက်ပါတယ်။ အရင်တုန်းကတော့ စက်လှေ လက်မှတ်ခ တစ်ကြောင်းစာ ၂ ဒေါ်လာပါ။

စလုံး Page

(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)

www.facebook.com/SaloneCollection

No comments:

*** လာလည္ေသာအေပါင္းအသင္းမ်ား မိမိ ASN GROUP ONLINE SHOP ကေန သင္တိုု႔အလိုုရွိေသာပစၥည္းမ်ားကိုု ရွာေဖြၿပီး ORDER မွာလိုု႔ရေနပါၿပီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!