ငွေသန်းချီ၍သုံးဖြုံးနေကျသူများ
ခရီးသွားမှတ်တမ်း- Credit@KoNge- Jun 1-3,12

တနေကုန် ကားအပြတ်ငှားပြီးကျွှန်ကြီး (၆) ကျွှန်းကိုလျှောက်လည်ပါတယ်၊ ဘာမှတော့ထွေထွေထူးထူးမတွေ့ရပါဘူး၊
Batam မြို့အကြောင်းလေးနဲနဲပြောပြချင်ပါတယ်....
Batam ဆိုတာက ကျွှန်းပေါင်း ၃၀၀၀ လောက်ရှိပြီး စကာင်္ပူကနေ ၂၀ ကီလိုဘဲကွာဝေးသော ဆင်းရဲတဲ့သဘာဝကျေးရွာတွေကို ၁၉၈၉ခုနှစ်မှာ Free Trade Zone လုပ်ပြီး ကျွှန်းတွေကိုအဆင့်မြင့် ပြင်ဆင်မူတွေကို နှစ်အနည်းငယ်မှာ အိမ်ရာ အသစ်ေ တွ နှင့် ခေတ်သစ်လဆိပ်တွေကိုလုပ်ပြီး ခရီးသွားဧည့်သည်တွေလာအောင်စွဲဆောင်လုပ်ပြီး၊ စီးပွားရေး အဆောက်အအုံသစ်တွေနှင့် စကာင်္ပူပုံစံအတိုင်း တူအောင်လုပ်ထားတာပါ၊ နောက်ပြီး အရှေ့တောင် အာရှမှာအကြီးဆုံးဆိပ်ကမ်းကြီး နှင့် နိုင်ငံတကာ ကုန်သွယ် မူ့ ဆိပ် ကမ်း ၊ စက်မှုဇုံဖြစ် အောင်ရည်ရွယ်ပြီး မလကာရေလက်ကြားလမ်းကြောင်း အတိုင်း စကာင်္ပူကူညီနေတာဖြစ်ပြီး အင်ဒိုနီးရှားစီးပွားရေးစီမံကိန်း ပူးပေါင်း၍ အဓိက ၁၉၉၀ခုနှစ် အာရှစီးပွားရေးအကျပ်အတည်းအတွင်းနှင့်အပြီးမှ ရပ်နားသွားတာဘဲလို့သိရတယ်၊မူရငိးကဒီမှာကြည့်ပါ-http://www.batam.com
- အဲဒီလိုလုပ်လို့ ခရီးသွားဧည့်သည်တွေလျင်မြန်စွာများလာပြီး (၇)ခုမြှောက် Beach Resort တွေ ၊အဆင့်မြင့်ဟိုတယ်ကြီးတွေ၊ ဂေါက်ကွင်း တွေနှင့်တိုးတက်လာပြီး၊ စင်္ကာပူကနေ သဘောင်္ငယ်ဖြင့် အလွန်လျင်မြန်စွာ မိနစ် ၄၀ ဘဲသွားရလို့ အလွန်များပြား သော ခရီးသွားဧည့်သည်တွေ အတွက် ရွှေးချယ်ရာတနေတိုးလာတာက Batam မြို့ဖြစ်လာပါတော့တယ်။
- ဒါတွေကြောင့် ကျွှန်တော်လဲသွားလည်ကြည့်တာပါ၊ မြို့သစ်လုံးချင်းအိမ်ရာစီမံကိန်းအသစ် IDR 400-500Milion(S$540,000-650,000)ဆိုတော့တွေက စင်္ကာပူထက် တ၀က်ကျော်လောက် သက်သာနေတာ ကိုတွေ့ရပါတယ်၊ ဗမာပြည်ထက်လဲလုံးချင်းအိမ်တွေသက်သာနေတာကိုတွေ့ရတယ်၊ နောက်ပြီးမီးမှန်မှန်ရတယ်၊ အလုပ်သမားခလဲသက်သာတော့ စင်္ကာပူကစက်ရုံတွေတော်တော်များများလဲ ပြောင်း သွားကျတာ ဒါကြောင့်ကိုး၊ ငွေဈေးကကွာတာကိုး!
“အဲ! ပြောချင်တာက ဗမာပြည်က လူပြောများနေကျပြီး အထင်ကြီးနေကျသော ဆိပ်ကမ်းဇုန်တွေ အလုပ်ဖြစ်လိမ့်မယ်မထင်ပါဘူး?
ဒီကဆိပ်ကမ်းဇုန်တွေ ထင်သလောက်အလုပ်မဖြစ်လို့ရပ်ဆိုင်းထားနေပြီ Malaca နှင့် Batam Project တွေ တော်တော်များများ လဲ စီးပွားရေးကပ်ဆိုဒ်တော့ ခဏရပ်နားထားတာကိုတွေ့ရတယ် ”
အဲ!မြို့ထဲမှာလဲ ဈေးဆိုင်ခန်းအသစ်တွေ အများကြီး တွေတွေ့ရပြီး တချို့နေရာတွေမှာဖွင့်တောင် မဖွင့်ကျ သေးဘူး၊ Waterfront Ferry City အသစ်မှာလဲအတူတူဘဲ တချို့ဆိုင်ခန်းတွေ မဖွင့်သေးဘူး၊ မြို့ထဲလူတော်တော်စည်တဲ့ Nagoya Shopping Mall ဘေးကဆိုင်ခန်းသစ်တွေလဲ ဆောက်လက်စနှင့် ဆောက်ပြီးသားတွေကိုတွေ့ရတယ်၊ တချို့ဆိုဖွင့်တောင်မဖွင့်သေးဘူး၊ မြို့ထဲရှိနေရာတိုင်းရဲ့အောက်ထပ်တွေမှာ ဘဲဆိုင်ခန်းအဖြစ် ဖွင့်ရောင်းနေတာတွေ့ ရ တယ်၊
နောက်ပြီး ဆိုင်ကယ်တွေနှင့်ကားသမားတွေလဲ စည်းကမ်းမရှိ ကျပါ ဘူး၊ မောင်းချင်သလိုမောင်းနေတာဘဲ၊ အဲ! မီးပွင့်မှာတော့ မော်တော်ပီကယ် အဆောက်အအုံနှင့် ကား၊ ဆိုင်ကယ် ကိုတွေ့ရတယ်၊
လိုင်းကားကိုတော့ မီနီဘတ်လေးဘဲတွေ့ရတယ်၊ ကျွှန်းတွေရဲ့ကားလမ်းဘေးမှာလဲ ဘာမှာစီးပွားရေးလုပ်တာ မတွေ့ရပါဘူး ဆီအုံးခြံနှင့်အုတ်ဖုတ်တာ ဘဲတွေ့ရတယ်၊ ရွာတွေကို မတွေ့လိုက်ရဘူး၊ ကျွှန်း ၆ ကျွှန်းကို ဆက်သွယ်နေတဲ့ တံတား ၆ခုလောက်ကို ဘဲ ဖြတ်သန်းသွားဘူးတာဆိုတော့...
Barelang Bridge နာမည်ကျော်ကြိုးတံတား ကိုရောက်တော့ ဓါတ်ပုံတွေရိုက်ကျတယ်၊ အဲဒီမှာ ဆိုင်ကယ်လှည်းတွေ ဒီမှာဘဲတွေ့ဖူးတယ် (တခြားနိုင်ငံမှာလဲမတွေ့ဖူး)နှင့် အကျော်တွေ လင်ပန်းတွေနှင့် လက်မကြီး တွေနှင့် ပင်လယ်ဂဏာန်း တွေကို ရောင်းနေတာကိုတွေ့လို့ဝယ်စားချင်တာကို ကားသမား ပြောလို့မသန့်ဘူးဆိုလို့ဝယ်မစားဖြစ်ဘူး၊ အဲဒါကိုကမှားသွားတာ မြို့ထဲမှာ ဒီလို ဂဏန်းမျိုးမတွေ့ရ တော့ ဘူးလေ၊ အဲဒီမှာပြဿနာစတော့တာဘဲ! မနေ့က အင်ဒိုစာတွေစားကောင်းတာနှင့် (ငရုတ်သီးထောင်း လေး တွေ)တ၀စားထားတာဆို ဗိုက်ကဆန္ဒ တွေပြတော့တာပေါ့၊ ဒါနဲ့အိမ်သာသွားတာ IDR2,000($0.27) လောက် ပေး လိုက်ရတယ် ရေလောင်းအိမ်သာပါ ၊ အသန့်ကြီးတော့မဟုတ်ဘူးပေါ့နော်၊ ဒါပေမဲ့ ဗိုက်ကရစ် နေ တော့ သွားရတာပေါ့၊ “ဟီးဟီး”.. ဗီယက်နမ်ဒုက္ခသည်တွေကို ကယ်ဆယ်ရေးလုပ်ထားတဲ့ Galang ကျွှန်း နေရာဟောင်းလေးတခုဘဲရောက် လိုက်သေးတယ်၊ အဲဒီမှာကားသမားလိုက်ပြလို့ ကြည့်လိုက်တာ! ဗီယက်နမ် လူတွေဘယ်လိုလူမျိုးလဲလားလို့၊ မမြင်ဖူးဘူးလေ !
(ဘာလိုလဲဆိုတော့ အင်ဒိုလူမျိုးတွေကို မလေးလို အသားမဲမယ်လို့ထင်ထားတာ မဟုတ်ဘူးလေ၊ ဗမာလိုဘဲ အသားညိုတယ် မျက်ခုံးကောင်းတယ် မိန်းခလေးကိုဘဲ ကြည့်မိလိုပါ).... ဟဲဟဲ...
အဲဒီမှာ လူကိုမတွေ့ရဘဲ လူအစားမျောက်တွေကိုတွေ့ရတယ်၊ အဲ! မေးကြည့်တော့ အကုန်ပြန် ကုန်ပီတဲ့၊ ပေ၂၀လောက်ဘဲရှိတဲ့လှေငယ်နှင့်ပင်လယ် ကိုဖြတ်ကျော်ခဲ့တာတော့ တော်တော် အံ့အော်ဖို့တော့ကောင်းတယ်၊ ကုန်တွင်းသွားလှေဘဲ၊ အန္တရယ်အလွန်များပါတယ် ခေတ်ကပျက် နေတုံး ဆိုတော့မပြောတတ်ဘူးလေ၊ သမိုင်းဝင်အနေနှင့်တော့ထားထားပါတယ်၊ အခုတော့ မျောက်တွေဘဲရှိတော့တယ်လေ၊ ကားလာရင် အစာလာတောင်းတတ်ပါတယ်၊ ဗီယက်နမ်မျောက်ပေါ့နော်!ဟီးဟီး......
နောက်ပြီး Beach Resort ကမ်းခြေဟိုတယ် တွေကိုလိုက်ပြတယ် စင်္ကာပူကိုမြင်ရတဲ့နေရာတွေပါ၊
အဲ! ညဖက်ရောက် ကားသမားပြောတယ် Night Club ၀င်ကြေးက IDR 4,000($6) ကျတယ်ဆိုလို့ ဈေးပေါတာနှင့်သွားကျမယ်ပေါ့၊ ဒါနှင့်ဟိုတယ်ပြန်ရေမိုးချိုးပြီးတာနှင့် ၉နာရီလောက်မှာ ညစာစားသောက် ကျတယ်၊ အဲဒီမှာပြဿနာတက်တော့တာဘဲ Harbort Bay အကောင်းဆုံးတရုတ်စားသောက်ဆိုင်က ၁၀ နာရီပိတ်တာကို စားပွဲထိုးတွေက ဟင်းမှာတော့ဘာမှမပြောကျဘူး နာရီဝက်လောက်မှာနောက်ထပ်ဟင်းတွေ မှာတော့မှ ဆိုင်ကပိတ်ပြီးတဲ့ ကားသမားပြောတုန်းက မနက် ၃-၅နာရီထိရတယ်ဆိုလို့ ဒီဆိုင်ကိုဝင်တာ ဒီဆိုင်ကမဟုတ်ဘူးလေ၊ ဘေးကဆိုင်တွေအားလုံးက ရတယ်၊ ဆိုင်မှားဝင်မှီတာလေ၊ ဒါနှင့် ၁၁နာရီ ခွဲလောက်မှာအပြီးသတ်လိုက်ရတယ်၊ နောက်ပြီးတရုတ်ဆိုင်က ငမန်းတောင်ဟင်းချို တပွဲတင် IDR 300,000 ပေးရပြီး၊ ငါးဟင်းတခွက်ရယ်၊ ကိုက်လန် တခွက်ရယ်၊ ပုဇွန်ဟင်းတခွက်ရယ်ဘဲ ဈေးကြီးပြီး IDR 600,000($87)လောက်ကျပါတယ်၊ အဲ! ၀ယ်လာတဲ့အရက်ကိုယူသွားတာ IDR 10,000($1.30) ပေးလိုက်ရသေးတယ်၊ အချိန်မရှိတော့ ဘယ်လို လုပ်ပြီး သောက်ရတာဖီလင်ရှိတော့မှာလဲဟင်? ဒါက အသောက်သမားတွေ ဘဲ သိပါတယ် ၊သောက်ပြီးရင် ရစ်ရမှလေ! ဟုတ်တယ်မဟုတ်လား????....
ဒါနှင့် Batam City ကအကောင်းဆုံးပြောတဲ့ Night Club ကို ရောက်တယ် စီးကရက်တဘူးဘဲပေးတယ် အထဲရောက်တော့ အရက်မှာတာ ပုလင်းလိုက်ဘဲရောင်းတယ်တဲ့ ဒါနှင့် ခွက်နှင့်ရောင်းတဲ့ဘာမှန်းမသိအရက်ကို သူငယ်ချင်းကမှာပြီးသောက်သေးတယ်၊ အထဲက DJ က မကောင်း ပါဘူး ဘေ့ထုနေတာဘဲရှိတယ် ဘာသီချင်းတွေမှန်ူတောင်မသိရဘူး လူတွေလဲကနေတသိပ်မရဘူး လိုက်ကြည့်လိုက်တော့ ဆေးချနေကျတာနှင့် ဆေးလာရောင်းတဲ့ မိန်းခလေးတွေ ၁၅မိနစ်လောက်တခါလာမေးတာကိုတွေ့ရတယ်၊
ဒါကြောင့်ကားသမားကပြောတာမ၀င် ခင်မှာ ဆေးတွေရတယ်ဆိုလို့ ၊ ညနက်လောက်ရောက်မှ ကတဲ့ ခပ်ချောချောဆံပင်ရှည်ကောင်မလေး ၅ ယောက်တွေနှင့် DJ မိန်းခလေးပြောင်းမှ အင်ဒိုသီချင်းဘဲဖွင့်ပြီးနဲနဲမြူးလာကျပြီး အနဲငယ်ကလာကျပါတယ်၊ အင်ဒိုမတွေတော်တော်ချောပါတယ် မဲတာတွေမတွေ့ရလို့! ကျွှန်တော်မြင်တာကိုပြောတာနော်! ဟဲဟဲ???
ဒါကြောင့်ကားသမားကပြောတာမ၀င် ခင်မှာ ဆေးတွေရတယ်ဆိုလို့ ၊ ညနက်လောက်ရောက်မှ ကတဲ့ ခပ်ချောချောဆံပင်ရှည်ကောင်မလေး ၅ ယောက်တွေနှင့် DJ မိန်းခလေးပြောင်းမှ အင်ဒိုသီချင်းဘဲဖွင့်ပြီးနဲနဲမြူးလာကျပြီး အနဲငယ်ကလာကျပါတယ်၊ အင်ဒိုမတွေတော်တော်ချောပါတယ် မဲတာတွေမတွေ့ရလို့! ကျွှန်တော်မြင်တာကိုပြောတာနော်! ဟဲဟဲ???
နောက် NAGOYA အပြင်ဆိုင်တန်းက အင်ဒိုပါတိပ်ဆိုင်မှာ ဟာဝိုင်ရီိပိုးပါတိပ်လေး IDR 199,000($ 27) နှင့်ဈေးကလည်းမဆိုးဘူးဆိုတော့ဒီဇိုင်းလှတာနှင့် ၂ထည်ဝယ်ဖြစ်သွားတယ်၊ ဒီဇိုင်းက တမျိုးတထည်ဘဲရှိတာလေ! သန့်တယ်လို့ကားသမားပြောတဲ့ Harbour Bayသဘောင်္ဆိုဒ်အသစ်ကိုသွားပြီး လက်မှတ်ဝယ်တာ ဘာမှ ကြိုတင်လက်ဝယ်မထားတော့ ည ၉း၄၀ နာရီ နောက်ဆုံးသဘောင်္ဘဲရတယ်လေ၊ အဲ! မေ့နေတာက လာတုံးက သောကြာနေ့ဆိုတော့လက်မှတ်ကလွယ်တယ် ပြန်တော့တနင်္ဂနွေဆိုတော့ ပြန်တဲ့လူများတာကိုသတိ မထားမိ ကျဘူးလေ! ပြီးတော့ သဘောင်္ဆိုဒ်ကအသစ်ဆိုတော့ ဘေးမှာဆိုင်တန်း တွေရှိ စားသောက် ဆိုင်တန်းလဲရှိဆိုတော့သန့်လဲသန့်တော့ ဒီဆိုဒ်ကမ်းကိုရွှေးလိုက်တာ သဘောင်္လိုင်း အစုံ မရှိဘူးလေ!
အချိန်၅နာရီပိုနေတာနှင့် ကားသမားက လုံးချင်းအိမ်ရာ တွေစီခေါ်သွားပါတယ်၊ ၂ ထပ်လုံးချင်းတွေကို ပေ68x126လောက်ကို IDR 400-500 Milion(S$40,000-60,000),ပေ 158x200ကို IDR 100 Milion(S$70,000)နှင့် ပေ158x344မှIDR 1,500 Milion(S$200,000)လောက်ဘဲရှိတယ်တဲ့၊ “ဒီဈေးကဗမာပြည်မှာ တောင်မရနိုင်တဲ့ဈေး တွေဘဲ!”

ပင်လယ်ပြင်ကို မျက်နှာမူပြီး လသာနေပုံကို ကတော်တော်လှတဲ့Cosatarina ကိုသွားပြီးအချိန်ဖြန်းနေ ရတယ်၊ ပင်လယ်ကမ်းစပ်လေးတွေမှာတန်းစီပြီး ဆိုင်ကယ်လေးတွေနှင့် အီစီကလီလေး တွေ၊ အတွဲတွေ တော်တော်များတယ် ရင်ခုန်စရာတွေ!ဒါက စကာင်္ပူကို ပြန်ရောက်လို့ရိုတ်ထားတာလေ၊
ညနက်၁၂ နာရီမှာရောက်တော့ ရထားတကြောင်းဘဲမှီတယ် နောက် တနေရာ မှမ မှီလို့ အိမ်ကို တက်စီငှားပြန်ရတယ်လေ!
အဲဒါပါဘဲ BATAM ခရီးသွားရတာ ဘယ်တွေမြင်ခဲ့သလဲဆိုတာတွေ!
အဲမေ့လို့! အလည်ခေါ်တဲ့ သူငယ်ချင်း ကိုအောင်နှင့်ချစ်မညီးလေးမိန်မိန်းတို့ကို အထူးကျေးဇူးတင်ပါကြောင်း ဒီဘလော့ကနေပြောလိုက်ပါရစေ..............
အဲမေ့လို့! အလည်ခေါ်တဲ့ သူငယ်ချင်း ကိုအောင်နှင့်ချစ်မညီးလေးမိန်မိန်းတို့ကို အထူးကျေးဇူးတင်ပါကြောင်း ဒီဘလော့ကနေပြောလိုက်ပါရစေ..............

No comments:
Post a Comment