Popular Posts!

Monday, June 4, 2012

ငွေသန်းချီ၍သုံးဖြုံးနေကျသူများ အပိုင်း(၁)

ငွေသန်းချီ၍သုံးဖြုံးနေကျသူများ
ခရီးသွားမှတ်တမ်း- Credit@KoNge- Jun 1-3,12


   Jun 1,12 (ပထမတရက်)က သူငယ်ချင်း လင်မယား အလည်ခေါ်လို့ Batam ခေါ် ဘာတန်ဆိုတဲ့ အင်ဒိုနီးရှားနယ်စပ်ကမြို့လေးက စင်္ကာပူ ကနေ  Speed Board Ferry  အမြန် သဘောင်္ လေးနှင့် သွားရင် ၄၅ မိနစ် ဘဲကြာ ပါ တယ်၊  မြန်မာတွေ အတွက် ဘာမှ ဗီဇာမလိုပါဘူး၊

စင်္ကာပူ Harbourfront Centre ကနေ batamfast ferry သဘောင်္လိုင်း ကနေ အင်ဒိုမြို့ ferry Port ဖြစ်သော Batam City, Batu Ampar, Sekuopang ,Waterfront City ကို အသွားခရီးတကြောင်း လူတယောက်ကို S$28 နှင့် လက်မှတ်ဝယ်ပြီးသွားလိုက်ရုံပါဘဲ၊
လက်မှတ်ဝယ်တဲ့နေရာမှာဘဲ အ၀င် White Card ကို တခါထဲအပြီး ဖြည့်ပေးပါတယ်၊ Ferry port ဖြစ်သော Batam Cityက သင်္ဘောဆိုဒ် အဟောင်း ဖြစ်ပြီး၊ Waterfront City ကသင်္ဘောဆိုဒ် အသစ် လေး ပါ၊ ကျွှန်တော်တို့က စင်္ကာပူ Harbourfront Centreက နေ batamfast ferry ( အချိန်စာရင်းကို သိချင်ရင်ဒီမှာလင့်လိုက်ပါ)လိုင်း နှင့်၁၂း၃၀ မှာထွက်တာဆိုတော့ Batam City သဘောင်္ ဆိုဒ်အဟောင်း ကို ၂း၁၅လောက်မှာ ရောက် ပါ တယ်၊ စကာင်္ပူ Duty free Shop ကနေ လူက ၄ယောက်ဆိုတော့  Duoble Black ၃လုံးကိုဝယ်ပြီး သယ်သွားလို့ရတယ်လေ၊(ဟိုမှာ၂ညအိပ်ဆိုတော့)

မလေးရှားက Johor bahru မြို့ထက်သွားရတာ လွယ်ကူပြီးမြို့နှင့် အင်ဒိုလူမျိုးTaxiကားသမားတွေလဲ အင်္ဂလိပ်လိုပြောလို့ရပြီး မြို့ထဲက  ကျွှန်တော်တို့တည်းသော မြို့ထဲက 3 Star ရှိသော swissbel ဟိုတယ် ကို အင်ဒိုငွေ IDR50,000 လောက်ကျပါတယ်၊ ကလိန်က ကျစ်မရှိပါဘူး၊
ကျွှန်တော်တို့ ငှားတဲ့ ကားသမားက BP 1708 က ၁၂နာရီ တရက်လုံး ကားအပြတ်ငှား IDR 400,000 ပေးရပြီး ကြိုက်တဲ့နေရာ တကျွန်းလုံး ကိုပို့ခိုင်းလို့ရပါတယ်၊

      Swiss Bel ဟိုတယ် ရောက်တော့ ပြဿနာစတော့တာဘဲ သူငယ်ချင်း Online Board က ဘိုကင်လုပ်ထားတဲ့ အိပ်ခန်း ၂ခန်းပါတဲ့ Aparment  Room(တရက်ကိုS$180) မရဘဲ ၂ယောက်တွဲပါအိပ်ခန်း၂ခန်းအစား ထိုး ပေးပါတယ်၊ ပွဲစား online Web က သူတို့ကို အကြောင်းမကြား ထားလို့ နှင့် လက်ရှိအခန်းရှင်က ရက်ထပ်တိုးတာနှင့် အခန်းမရ  တာ လေ၊   အဲဒီမှာသူငယ်ချင်းက ပြဿနာရှာတော့တာဘဲ၊ ဒါနှင့် ဈေးလျော့ပြီး နဂို boardလုပ်ထားတဲ့ မူရင်းလုပ်ထားတဲ့ဈေးနှင့်ဘဲပေးပါတယ် (ပြောချင်တာက ငြိမ်နေရင် သူတို့က ဈေးချပေးမှာမဟုတ်လို့၊ ၂ယောက်ခန်း တခန်းစီ သတ်သတ်ကပိုဈေးကြီးပါတယ် S$250 လောက် ရှိ တယ်လေ) ဒါနဲ့ဘဲကျေကျေနပ်နပ် ယူလိုက်ပါတယ်၊ (ဘာလဲဆိုတော့ တခန်းက ရေချိုးခန်းမှာ ရေလုံဇလုံနှင့် ၀င်လန်တာပါတယ်လေ--သာလို့ကျေနပ်လိုက်တာနော်-ဟဲဟဲ!)
အဲ!ပြောဖို့မေ့နေ တာက အခုခရီးသွားတာ ၄ယောက်ပါ၊ ကျွှန်တော်ရယ် သူငယ်ချင်းလင်မယားနှင့် ယောက္ခထီးလေးတွေပါ၊ သူရဲ့ ယောက္ခထီးက ဒီမှာနေတာကြာလို့ Stay ရှောင်ရင်းနှင့် ဒါပေမဲ့ အင်ဒို အ၀င် မှာပြဿနာတက်ပါသေးတယ် Stay ရှောင်မှန်းသိတော့ ပိုက်ဆံတောင်းပါတယ် အဲဒီမှာ S$100လောက် တောင်းတယ် S$50ဈေးဆစ်တော့ မရဘူး သူလူတွေများတယ်တဲ့ ဒါနှင့်ဘဲပေးလိုက်ရပါတယ်၊ (သူငယ်ချင်းကတော့ ဆဲတော့မှာဘဲ အဖြစ်မှာတွေအကုန်လုံးရေးလို့--ဟီးဟီး! ဗမာတွေအားလုံးကို သိစေချင်လို့ရေးရတာပါ၊ ဗမာပြည် လိုဘဲလို့....ပေးလိုက်ရင်အဆင်ပြေတယ် မပေးရင် ပြန်ပေါ့.!)


နယ်စပ်မြို့ကငယ်လေးတမြို့ဖြစ်ပြီး ဗမာပြည်နှင့်မတူတာက မီးတွေထိန်ထိန်လင်းနေတာပါ၊ နောက်ပြီးငွေဈေး ၁၂ ဆလောက်ကွာနေတာတောင် တိုးတက်နေကျတယ်လေ!!!

ရေမိုးချိုးပြီးညနေခင်းမှာ ငွေလဲတာနှင့် S$ 400 ကိုလဲတာ IDR2,932,000 ရတယ်(S$1=7330နှုံး) ဒါကြောင်!....ပိုက်ဆံသန်းချီသုံးကျသူများလို့ရေးရ တာလေ!! ဟီးဟီး.....


  ညနေစာကို NOVEL ဟိုတယ်ရဲ့မျက်စောင်း ထိုးမှာရှိတဲ့ အင်ဒိုစာ ထွက်စားတာလေ၊ ဟင်းတွေမှာတော့ အင်္ဂလိပ်ပြောတာနားမလည်ဘူး ကားသမားကိုခေါ်ပြီး ဟင်းတွေမှာရတယ်၊ ဒီလိုဟင်းတွေမစားရတာကြာလို တအုပ်စုလုံး အ၀စားကျတာ IDR 325,000($ 44) လောက် ကျပါတယ်၊ (ဟင်းတွေကတော့ အင်ဒိုကြက်ကလေး ကျော်တွေက (ကြက်ပေါင် ၁၀တုံး) အိမ်ကြက်တွေဖြစ်လို့တော်တော် စားကောင်း ပါတယ်၊ ငရုတ်သီးနှင့် ကဇော့ခါးသီး အစပ်ချက်က (၂ခွက်) ထားတဲ့ တော်တော်ကောင်းလို့လိုက်ပွဲ တောင်း မှာယူရတယ် လေ၊ အမဲသား ၊ဆိတ်သား (၂တုံးစီ) ၊ငါးကျော်၂မျိုးကျော်ထားတာ ၂ကောင် စီတွေရယ်၊ အကျော်တွေဘဲများ တာတွေရတယ်၊ အရွက်ဆိုလို့ပဲပင်ပေါက် နှင့် အရွက်တမျိုးရော ကျော် ထားတာရယ်၊ ဒညင်းသီးအုံးနို့ ၁ခွက်ဘဲ၊ အရွက်တွေ သိပ်မတွေ့ ရ ဘူး၊နောက်ဆိတ်စွတ်၁ခွက်ရယ်၊ လူကထမင်းစားတာ ၅ယောက်)

Shopping Mall---
 Batam မြို့ကတော်တော်ကျယ်ပါတယ်၊ ဒါပေမဲ့လူစည်ကားတာကShopping Mall မှာဘဲတွေ့ရတယ် ရုံးပိတ်ရက်တွေဖြစ်လို့ထင်တယ်၊







နောက် Nagoya Shopping Mall ကိုသွားပါတယ်၊ အင်ဒိုကထွက်တဲ့ တံဆိပ်တွေဘဲတွေ့ရတယ်၊  ဈေးတော်တော်ပေါပါတယ်၊




လူတွေကြိုက်တိုးပြီးငွေရှင်းကောင်တာမှာ လူတွေပြည့်ကျပ်နေတယ်၊ ဒါပေမဲ့ကျွှန်တော်လိုချင်တဲ့ အင်းဒိုပါတိပ် ပိုးချည်နှင့်ကဈေးကြီးတယ်  IDR 399,000($60လောက်ရှိတော့မ၀ယ်ဖြစ်ဘူးလေ) နိုင်ငံတကာက တံဆိပ်တွေကတော့ စင်္ကာပူဈေးနှင့် အတူတူပါဘဲ ဘာမှမထူးပါဘူး၊ အဲ! Honda ဆိုင်ကယ်အသစ်တွေကတော့ IDR 13,000,000 -15,000,000($1700-2000) လောက်ဈေးရှိတယ်၊








ဒါကအင်ဒိုဆန်IDR ? တွေနှင့် စားအုံးဆီ စစ်စစ်  ဘူးကြီးမှ IDR 75,000($9.58) ဆိုတော့ တော်တော်ဈေးပေါတာပေါ့၊




ကြက်သားဈေး IDR 25900($3.53)နှင့် ငါးရှဉ် IDR 6,890/400GL($.94)တွေ ရောင်းတာတွေ့လို့ ရိုက်ယူထားတာလေ!အဲ! သူငယ်ချင်းလင်မယား အဲဒီငါးရှဉ်နှင့် ဆိတ်သားကို လိုက်ရှာတာ နေ့တ၀က် လောက် အချိန်ကုန်သွားတယ်၊ (နေခင်းမှလိုက်ရှာတော့အသားဈေးတွေပိတ်ကုန်ပြီလေ)




 အဆင် သင့်ထုပ်ပြီးသား ရိုးရာ အင်ဒိုအစားအသောက် ANGSANA AYAMBAKAR MADU-1kg ဘူးကြီးဈေး IDR62160($8.45) နှင့် KROKY- AYAM JAMUR 300Gg IDR33,900($4.60)ရှိတယ်၊

Mall အထဲမှာအဆင်သင့်ချက်ပြီးသားတွေ ရောင်းတဲ့ ဆိုင်IDR 12,000-14,000($1.50-2)လောက်ဘဲရှိ  တယ်၊


အပြင်တန်းကဈေးဆိုင်တွေက----

နောက်ပြီးအပြင်တန်းဈေးဆိုင်တွေမှာ နာမည်ကျော်တံဆိပ် အတုသားရေအိတ်တွေ တော်တောများများတွေ့ရပါတယ်..ဈေးတွေက IDR 1,250,000($170-200) လောက်ဘဲ ရှိတယ်၊ ဒါကြောင့်စကာင်္ပူမှာ တော်တော် များအိပ်တွေကိုလွယ် တာတွေ့ရင် သေချာတယ် အဲဒါအင်ဒိုနှင့် တရုတ်ဘဲ! ဟီးဟီး!
FRAKE !!!.... (HEME,LOUIS VUITTON, PRADA, BOSS, GUSSCI,----)
BOSS ဆိုရင် အ၀တ်အစား ဘောင်းဘီအင်္ကျီတွေ့ကို့ Hypermall ရောင်းနေတာတွေ့ရတယ်။

ဂီတာလေးတွေ့လို့ရိုတ်ထားတာ IDR 750,000($102)လောက်ရှိတယ် နှင့် ငါးကင်ဝယ်တဲ့စား သောက် ဆိုင် တန်း လေး ဘဲခြောက်ကပ် တယ်စား တဲ့ လူနဲနဲ ဘဲ ရှိတယ်၊

Nagoya Mall ထဲက RIA  Resdo ဆိုတဲ့ငါးကင်ဆိုင်မှာ ငါးကင် ၃ဘူးနှင့် ကြက်၊ဘဲအကင် ၁ဘူးစီ စုစုပေါင်း၅ဘူးကိုIDR 132,000($18) တွေကိုသူငယ်ချင်းတွေ တော်တော် ကြိုက်ကျလို့ ညဖက် သောက်ပွဲလေးအတွက် အမြည်းလေးသွားဝယ်ရတယ်လေ၊ သူရဲ့တံဆိပ်တွေပါတဲ့ဘူးတွေနှင့် အသေချာထည့် ပေးတာတွေ့ရတယ်၊ တော် တော်ကိုစားကောင်းပါတယ်၊ စကာင်္ပူမှာ တကောင်ကို $10 လောက် ပေးရတယ်လေ၊


နဲနဲမှောင်တော့ညဖက်ကိုဟိုတယ်ပြန် လာပြီး ၀ယ် လာတဲ့ငါးကင်တွေနှင့် ညဖက်စာ  စားသောက်ကျတာလေ....







ဒါကပထမရက်မှာ Batam မြို့ထဲမှာလည်ထားတာတွေဘဲ!
ဒုတိယရက်တွေကိုတော့ အပိုင်း(၂) အနေနှင့် ကျွှန်းတွေကိုတနေ့တာလည်တာနှင့် Night Club (IDR4,000-$6- လူတယောက်ကို)သွားတာ ကို ဆက်ရေးသွား မှာပါ...!!!
Batamမြို့ရဲ့အကြောင်းတွေကိုသူရဲ့Websiterမှာကြည့်လို့ရပါတယ်-http://www.batam.com/--

ဒီမှာ Batam မြေပုံနှင့် Websiteလေး-http://www.batam.com/component/option,com_wrapper/Itemid,134/

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!