သင်အိပ်မော်ကျစဉ်ဝင်ငွေရအောင်လုပ်ပါ
မြန်မာ ဘလော့တွေမှာ ၀င်ငွေရှာနည်းတွေပါ
နာမည်ကျော်ဂူဂယ်ရဲ့ adsense တွေမှာလဲ မြန်မာ ဘလော့ဂါတွေအတွက် ၀င်ငွေရှာပေးမဲ့ ကျော်ငြာတွေစတင်ပေးနေပါပြီ၊ အရင်နှစ်တွေမှာမရပါဘူး အင်္ဂလိပ်ဆိုဒ်တွေကိုဘဲပေးထားတာပါ ၊ အခုတလောကမှာစပြီး ဗမာလိုပေးလာတာကိုတွေ့ရတယ်လေ၊ ကျွှန်တော်ရဲ့ဆိုဒ်မှာတွေမှာတွေ့ရမှာပါ၊ တစ်နှစ်လောက်ကြာစောင့်လိုက်ရတယ်လေ၊ adchoice ကျော်ငြာဟာ adsense ကပါ၊
သင်ကို ၀င်ငွေတွေရှာပေးမဲ့ ကျော်ငြာတွေဘဲလေ၊ ဘာမှာမခက်ပါဘူး ၊ ၀င်ပြီးလက်တည့်စမ်းကြည့်ကျပါလို့ပြောချင်ပါတယ်။
တခြားနည်းတွေနှင့် ၀င်ငွေရှာလို့လဲအများကြီးရှိပါသေးတယ်လို့ဆက်ပြောပါရစေ၊ တောက်လျှောက် ရေးပြီး ပညာပေးသွားမှာဖြစ်ပါတယ်၊ ပင်လယ်ရေကို တယောက်ထဲသောက်ရတာ အထီးကျန်လွန်းပါတယ်၊ အခုလဲတယောက်ထဲနေရတာ လွပ်လပ်ပေမဲ့အထီးကျန်လွန်းလို့ အခုလိုအင်တာနက်ဘလော့တွေမှာ ကိုယ်မြင်တာတွေကို ပညာပေးစာတွေ စပြီးရေးဖြစ်သွားတာပါ၊ ခေတ်က တအားနောက်ကျနေတာတွေကို တွေ့နေရတာလဲပါပါတယ်၊ စီးပွားသမားဆိုတော့ နေရတကာမှာ စီပွားလိုဘဲ မြင်တတ်တာလဲပါမှာပေါ့လေ၊ ခေတ်တွေပြောင်းတာမြန်တော့ အခုလို IT ခေတ်ကိုရောက်နေပြီး ဘာမှာမမြင်မတွေ့ စာတွေမလေ့လာရင် မလွယ်ပါဘူး၊ ၂၀ရာစုခေတ်ကိုက တော်တော်ကိုပြောင်းလဲကုန်ပြီလေ၊ အရင်က လက်မှုခေတ်ကနေ စက်မှုခေတ်တွေလိုပြောင်းသလိုဘဲ အခုလဲ IT ခေတ်ကိုပြောင်းကုန်ပြီး နေရာတကာမှာ IT နှင့် ပတ်သက်တာတွေဘဲဖြစ်နေပြီလေ၊
မိမိရဲ့blog ထဲက Design ထဲကိုသွားပြီး add a gaget ကိုသွားပြီးတော့ ကိုယ့်ရဲ့ hmtl ထဲကို ၀င်ပြီး adsense ကို ရွှေးလိုက်ပြီး add လိုက်ရုံပါဘဲ၊ ပြီးနောက် မိမိရဲ့ monetize ထဲက adsense overview ထဲက ကြိုက်တဲ့ ဒီဇိုင်းရွေှ့း နောက်ပြီး adsense for feed ကိုဝင်ပြီး ID နံပတ်လေးရလာပါလိမ့်မယ်၊ ဒီနံပတ်က သင်ကို ငွေရှာပေးမဲ့ အရေးကြီးတဲ့ ID ဖြစ်ပါကြောင်း အသိပေးပါရစေ၊
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijDDgnG1Pl3zozwIXILWZH3HZ2pQQAu-8GSWS3sjlEARlf0Lm6x96Ii3yLrD7yen7AGDIydsG9c5ttGRDrQB9W2Nr547S9PPQtEy26hkZxm2SlfmU4RLSKHGFixN_3iNhfvFDsWU6WFVU/s400/Monezi.jpg)
My feeds ထဲဝင်ပြီး feedcode ကိုယူပြီး နောက်setting ထဲက site feed က post feed redirect url ထဲကို ရလာတဲ့ နောက်ဆက်တွဲ feed code ကိုထဲ့ရပါတယ်၊ တခါတလေ adsene က ID နံပတ်သာပေးပြီး
ဝင်ကျော်ငြာခွင့်မပေးတတ်ပါဘူး၊ စိတ်ရှည်စွာစောင့်ဖို့တော့လိုပါတယ်၊ သူကလာကြည့်တဲ့ဧည့်သည်တွေများ ရင် သူတို့လိုချင်တဲ့အချက် တွေရရင်နှင့် ကိုက်ညီလာရင် သင်ကိုဝင်ငွေရှာခွင့် ပေးလာမှာပါ၊
ကဲ! ဘလော့ခါ အပေါင်းအသင်းတွေ ကြိုးစားပြီး လက်တည့်စမ်းကြည့်ကျလိုက်ပါအုံးလို့ဘဲပြောပါရစေ၊ အဲ! အရေးကြီးတဲ့အချက်တခုမေ့သွားတယ်၊ Credit ကဒ် တွေရှိမှရမှာနော်၊ အမိဗမာပြည်က ဘဏ်တွေ ကတော့ နောက်ဆိုရင်ရလာမှာပါ၊ အခုတောင် Bank တွေမှာ $ အကောင့်တွေနှင့် Credit အကောင့်တွေ တရားဝင်ဖွင့်လို့ရရင် စမ်းသပ်လို့ရနိုင်ပါတယ်လို့ပြောပါရစေ!.......
No comments:
Post a Comment