Monday, 18 June 2012 15:15 |
Bangladesh Cyber Army အဖွဲ့၏ Facebook စာမျက်နှာ အစိုးရ၀က်ဘ်ဆိုက်အချို့နှင့် ပြည်တွင်းရှိ ၀က်ဘ်ဆိုက်အချို့အား ဘင်္ဂလားဒေရှ့်မှ Hacker အဖွဲ့နှစ်ခုမှ ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းအား ၄င်းအဖွဲ့နှစ်ခု၏ Facebook စာမျက်နှာများတွင် ဇွန်လ ၁၈ရက်နေ့၌ ကြေငြာထားသည်။ အဆိုပါအဖွဲ့နစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black HAT Hackers အဖွဲ့တို့ဖြစ်ကြောင်း သိရှိရပါသည်။ Bangladesh Cyber Army အဖွဲ့မှ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ထားသည့် အစိုးရအဖွဲ့ အစည်းမှ ၀က်ဘ်ဆိုက်များမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ www.construc tion.gov.mm ၀က်ဘ်ဆိုက်၊ သစ်တောရေးရာ ၀န်ကြီးဌာန၏ www. myanmar teak.gov.mm ၀က်ဘ် ဆိုက်များနှင့် အခြားဆိုက်များဖြစ် သည့် www.myanmar.gov.mm, www.myancoop.gov.mm, www.csostat.gov.mm,ww w.moai.gov.mm စသည့်ဝက်ဘ် ဆိုက်များလည်း ပါဝင်သည်။ ပြည်တွင်းရှိ ဆိုက်ဘာတိုက်ခိုက်မှု ခံရသည့် ပုဂ္ဂလိက ၀က်ဘ်ဆိုက် ပေါင်း၃၀ကျော်ရှိ ပြီး ၄င်းဆိုက်များတွင် ခရီးသွားကုမ္ပဏီအချို့၏ ၀က်ဆိုက်များ၊ မန္တလေး ဆေးတက္ကသိုလ်၏ www. ummdy.org ၀က်ဘ်ဆိုက်၊ ပြည်တွင်းရှိ နာမည်ကြီးဟိုတယ်များ၏ ၀က်ဘ်ဆိုက်များဖြစ်သည့် http://baganhotelriverview.com/, http://royal-ayeyarwaddy.com/ စသည့် ၀က်ဘ်ဆိုက်များလည်း ပါဝင် ကြောင်းသိရသည်။ ထို့အတူ Bangladesh Black HAT Hackers အဖွဲ့မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (http://www.cbm.gov.mm) ကို တိုက်ခိုက်လိုက်ကြောင်း ၄င်းတို့၏ Facebook မှတစ်ဆင့် ကြေညာခဲ့ပါသည်။ ထို့အပြင် နိုင်ငံကူလက်မှတ်ထုတ်ပေးရေးဌာန ၏ ၀က်ဆိုက် http://www.passport.gov.mm နှင့် အကောက်ခွန်ဦးစီးဌာန၏ ၀ဘ်ဆိုက် http://myanmarcustoms.gov.mm တို့ကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ Hacker အဖွဲ့၏ Facebook တွင် ဖေါ်ပြထားပါသည်။ အဆိုပါ ဆိုက်ဘာတိုက်ခိုက် မှုများနှင့်ပတ်သတ်၍ “အင်တာနက်မှာ DDOs (Distributed Denial of service ) နဲ့ တိုက်တာတွေကတော့ အမြဲလိုလိုရှိပါတယ်။ မကျေနပ်တဲ့သူတွေက သူတို့ရဲ့မကျေနပ်ချက် တွေကို အဲလိုနည်းနဲ့ ဖော်ထုတ်ကြတယ်။ ဘာမှထူးခြားတာလဲ မဟုတ်သလို ဘယ်သူ့အတွက်မှလည်း အကျိုးမရှိပါဘူး။ ကျွန်တော်တို့ဘက်က ဒီလိုအတိုက်မခံရအောင် ဆိုက်လုံခြုံရေးအပိုင်းကို အမြဲဂရုစိုက်ရမယ်။ပြီးရင် DDOs ကိုခုခံနိုင်တဲ့ Router မျိုးတွေပိုပြီးများများ သုံးရမယ်။ ဟိုး ၂၀၁၀ တုန်းက DDOs တစ်ခါဖြစ်ပြီး ကတည်းကတော့ DDOs ခံနိုင်တဲ့ Router တွေနဲ့ DDOs ခံနိုင်အောင် Network ပုံစံတွေပြောင်းထားသေးတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး ထင်တယ်။ Bandwidth ကလည်း နည်းနေသေးကိုး။ အတိုက်ခံတဲ့ ဆိုက်အများစုက လုံခြုံရေးအား နည်းတာရယ်။ တစ်ချို့ဆိုက်တွေက ဗိုင်းရပ်စ်ရှိတာကြောင့်ပါ။ လုံခြုံရေး အပိုင်းကို ဂရုစိုက်သင့်ပါတယ်” ဟု Internet Society Myanmar Chapter အဖွဲ့မှ ကိုရာဗီက ပြောကြားသည်။ Ref:news-eleven |
ဆက်စပ်သတင်း-
Cyber War စတင်ရန် အစီအစဉ် (ဘင်္ဂလားဒေ့ရှ်ဖက်မှ) စီစဉ်နေ
![](https://lh4.googleusercontent.com/-BHbDCcPwBr4/Tow5KnmNc3I/AAAAAAAAAUA/nvIPRYQs1Es/date.png)
![](https://lh5.googleusercontent.com/-OuQ6C7eS46M/Tow42e_HSYI/AAAAAAAAAT8/vD8fJgjtI_I/user.png)
![](https://lh6.googleusercontent.com/-KrkcM01MXPo/ToNN2HMKurI/AAAAAAAAAQw/t3WrZihpwuU/comments.png)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglPOiOoebboyjFBmLUUG2d-2XoCYqrEn7G6VrmTkZ_xRwOhknddclCvyLeJcJSy-JcDdBqTthVgP4WSICvIE2aro0S0-2404vpGAbV_rrE3ixBn2ZJJeM3n3D6qb5jeRhOHE6Jb_Y_XTc/s320/cartoon_sept18.jpg)
့
$စား Online Media Websit များသို့
$စား Online Media Websit များသို့
မှတ်ချက် (သတင်းဝဘ်ဆိုက်များတွင် ဖော်ပြထားသော အစ္စလာမ်ဘာသာဝင်
နှစ်သောင်းကျော်အား သတ်ဖြတ်ခဲ့သည်) ဆိုတာ လုံးဝ (လုံးဝ) မဟုတ်ပါ။ သွေးထိုး လှုံ့ဆော်မှု့သက်သက်သာ ဖြစ်ပါသည်။ သွေးကြွလာစေရန် မြှောက်ထိုးပင့်ကော် လုပ်ထားခြင်း သာ ဖြစ်ပါသည်။ အထူးသတိထားပြီး လေ့လာစေလိုပါသည်။ မီဒီယာဆိုက်များကလည်း တစိတ်ကို တအိတ်လုပ်ပြီး ပုံကြီးမချဲ့ကြပါနဲ့။ စစ်ပွဲဆိုတာကို ခင်ဗျားတို့ လိုလားသလား။ အမှန်တရားရေးတဲ့ ဆိုက်ကို မှန်ကန်မှု့ဖက်က ရပ်တည်လို့ အစက ဖတ်ခဲ့ပေမယ့်။ အခုနောက်ပိုင်း လေးသားလာတာတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပဋိက္ခမဖြစ် ဖြစ်အောင် လုပ်ကြံပြီး ရေးလာတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ အခုနှိမ်နှင်း ရပ်တန့်ခိုင်းတဲ့အထဲမှာ ကြည်ဟာ ရာဘာကျည်ဆံပါ။ သေချာ စမ်းစစ်ပါဦး။ ခင်ဗျားတို့ ပုံကြီးချဲ့တာနဲ့ နိုင်ငံတကာက သေတာက လူ၂ ယောက်လောက် ကို ဘာလို့ သုံည နှစ်လုံး တိုးအောင် လုပ်ရတာလဲ။ Online media ဆိုက်တွေ အထူးသတိထားပေးစေလိုပါတယ်။ ခင်ဗျားတို့ ရေးသားတဲ့ စာတစ်လုံးမှားရင် အမှားပြင်ဆင်လို့ မရဘူးနော်။ တိကျမှ online ပေါ်တင်ပါ။ မှန်မှန် မမှန်မှန် ရောက်ချင်ရာရောက် ဆိုပြီး မိုးပေါ် ထောင်မဖောက်ပါနဲ့။ သွေးချောင်းစီးမှု့တွေ ဖြစ်လာနိုင်ပါတယ်။ အဲယားကွန်းအခန်းထဲမှာ ဒေါ်လာစားပြီး။ မေးလ်ထဲ ရောက်သမျှ စာတွေကို သေချာစမ်းစစ်ခြင်းမလုပ်ဘဲနဲ့ စွတ်မတင်ပါနဲ့. ခုချိန်က နည်းပညာခေတ်ပါ။ လူငါးယောက်သေတာကို လူအယောက် 1000 သေတာဖြစ်အောင် photoshop နဲ့တောင် လုပ်ယူလို့ရပါတယ်။ ဒါကိုသတိထားပေးပါ။ အခုဟာ ဘယ်ဆိုက်ကို ရည်ညွှန်းပြီး ပြောနေတယ်ဆိုတာကို ခေါင်းစဉ်မတပ်လိုပါဘူး။ အဲ့တော့ ခင်ဗျားတို့လည်း ဗမာပါပဲ။ နိုင်ငံရေးရအောင် ကြိုးပမ်းတဲ့အထဲမှာလည်းပဲ အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ခဲ့ပါတယ်။ ဒါတွေကို ပေါင်းစည်းဖို့ ခင်ဗျားတို့ဖက်ကနေ မလုပ်ဆောင်ဘဲနဲ့ ဘာလို့သွေးထိုးလှုံ့ဆော်မှု့တွေ လုပ်နေတာလဲ။ ကျွန်တော်တို့ ဆယ်တန်းတုန်းက သင်ခဲ့ရပါတယ်။ ရေသည်ပြဇာတ်မှာ
က = ဘယ်သူက
ကို = ဘယ်သူ့ကို
ချိန် = ဘယ်အချိန်
ခါ = ဘယ်အခါတုန်းက
နေရာ = ဘယ်နေရာမှာ
ကြောင်း = ဘယ်အကြောင်းကြောင့်
ပြော = ပြောဆိုတဲ့နေရာမှာတော့ ပြောင်းလိုက်ပါပြီ (ဓါတ်ပုံ၊ အထူးသဖြင့် တိကျတဲ့ video ဖိုင်တွေကိုပါ)
အဲ့ဒါတွေကို ပြည့်စုံအောင် တင်ကြည့်လိုက်ပါ။ BBC, BOA, DVB, RFA စတဲ့ online media ၀ဘ်ဆိုက်တွေထဲမှာ တစ်ချို့ media သမားတွေဟာ ငါဟာ ဒီ media ဆိုက်က သတင်းလက်ခံတဲ့ သူဘဲ ဒေါ်လာစားနေရတဲ့သူဘဲ ဆိုတဲ့အထာတွေနဲ့ ဖုန်းပြောတာ၊ မြန်မာပြည်ဖက်က သတင်းပေးနေကြတဲ့ တစ်ချို့သူတွေကိုတောင်မှ စကားပြောတာ အထက်စီးလေသံနဲ့ နားထဲမှာ အတော်ကြားရဆိုးတယ်ဗျာ။ ဘာတွေများ ဘ၀င်မြင့်နေကြတာလဲ။ ဒေါ်လာရလို့လား။ အဲယားကွန်းထဲနေနေရလို့လား။ ကိုက media ဆိုက်က ဆိုပြီးတော့လဲ ငါလုပ်တာ အမှန်လို့တော့ မထင်လိုက်နဲ့နော်။ ခင်ဗျားတို့ဖက်မှာ မှားယွင်းချက်တွေ အများကြီးပဲ။ အဲ့တော့ သတင်းတင်မယ်ဆိုရင် တိကျမှ တင်ပါ။ မတိကျဘဲ ကြားသမျှ အမှန်ဆိုပြီးတော့ မတင်ပါနဲ့။ ခင်ဗျားတို့ကြောင့် သွေးချောင်းစီးသွားနိုင်ပါတယ်။ ဗမာသွေးရှိသေးရင်တော့ အခုဖြစ်လာမယ့် အရေးကို တားဆီးနိုင်မယ့်စာသားမျိုးနဲ့ ရေးသားသင့်တယ်။ ဒေါ်လာသွေးစီးနေရင်တော့ ခင်ဗျားတို့သဘောပေါ့။ မဟုတ်ဘူးလား။ တစ်ချို့တွေ နယ်တွေဖက်ကနေ မေးလ်ပို့ပြီး တိုင်တာက တစ်မျိုး ခင်များတို့တည်းဖြတ်ပြီး တဆိတ်ကို တအိတ်လုပ်ပြီး ပြုပြင်ပြီး ပြန်လွှင့်တာက တစ်မျိုး။ ဒါလား မှန်ကန်တဲ့ online media ၀ဘ်ဆိုက်။ ကျွန်တော်ပြောနေတာတွေ ဟုတ်မဟုတ် ခင်ဗျားတို့ ဘင်္ဂလားဒေ့ရှ်စာနဲ့ google ကနေ လိုက်ရှာဖတ်လိုက်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို။
အခုအချိန်မှာ မြန်မာနိုင်ငံဖက်မှ အစိုးရဆိုက်များ အတိုက်မခံရဖို့ အထူးသတိထားကာကွယ်ထားဖို့ လိုအပ်လာပါပြီ. ဒါဟာ နိုင်ငံရဲ့ အရေးလို့ ဆိုလိုတာပါ။ (နိုင်ငံရေးမဟုတ်ပါ)။ ၄င်းဘာသာဖြင့် ရေးသားထားသော စာများကို english ဘာသာသို့ ပြောင်းချင်လျှင် http://www.translate.google.com ကိုသွားပြီး အင်္ဂလိပ်ဘာသာသို့ ပြောင်းဖတ်ပါ။ ဥပမာ cyber law to myanmar ဆိုတဲ့ စာသားကို ဘင်္ဂလားဒေ့ရှ်စာပြောင်းပြီး google ကနေ ရှာကြည့်လိုက်ပါ ထွက်လာပါလိမ့်မယ်။ မြန်မာဟက်ကာတွေ အများကြီးပါ။ ဖြူဖြူ၊ မဲမဲ၊ ပြာပြာ ဘာအရောင်ဘဲ ဖြစ်နေပါစေ။ အခုအချိန်မှာ မြန်မာပြည်က ၀ဘ်ဆိုက်တွေကို အတိုက်မခံရဖို့ ကာကွယ်ကြဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်နိုင်ငံသားချင်း တိုက်ခိုက်နေတာထက် အခုသူတို့တိုက်ခိုက်ဖို့ ပြင်ဆင်နေတာတွေကို ရပ်တန့်ဖို့(သို့) ကာကွယ်ထားဖို့ ဒါတွေကိုပဲ ဂရုပြုထားသင့်ပါတယ်။
အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း(နည်းပညာ)
ကျွန်တော်heinhtetkyaw FB Block ခံထားရတယ်ဗျ တခြားမဟုတ်ဘူး OR Leader ဖြစ်နေလို့ပါ အဲဒါနဲ့ဗျာ ကျွန်တော်မရမက အကောင့်ငါးခုလောက်လုပ်ထားတာတော်သေးတာပေါ့ဗျာ မဟုတ်ရင် information သိရမှာမဟုတ်တော့ဘူးဗျာ :( အဲဒါနဲ့ ကျွန်တော် တက်ပြီးတော့ Information ယူခဲ့ပါတယ်.....
မြန်မာဆိုဒ် အခု ၄၀ အား လောလောဆယ် ပြစ်မှတ်ထားနေပါတယ်... ဆိုဒ် Admin များနှင့် သိသူများ အကြောင်းကြားပေးနိုင်ရင် တင်ပေးတာပါ ... Hack မဲ့ အဖွဲက တော့ 3xp1r3 Cyber Army ပဲ ဖြစ်ပါတယ်
https://www.facebook.com/groups/3xp1r3 <<<< 3xp1r3 Cyber Army Group Link
www.myanmariwatani.net.mm
www.myringtune.com.mm/
www.dca.gov.mm/
www.myanmarevisa.gov.mm/
www.mot.gov.mm
www.iwt.gov.mm/
www.nlm.gov.mm/
www.4thgmssummit.gov.mm/
www.dmh.gov.mm/
www.mofa.gov.mm/
www.most.gov.mm/
www.energy.gov.mm/
www.dica.gov.mm/
www.mol.gov.mm
www.mora.gov.mm/
www.iwt.gov.mm
www.ministryofinformation.gov.mm
www.slrd-moai.gov.mm/
www.mosports.gov.mm/
www.myanmarcustoms.gov.mm/
www.mofr.gov.mm
www.dform.mip.gov.mm/
www.csostat.gov.mm
www.ucsy.edu.mm
www.id.moai.gov.mm
www.irdmyanmar.gov.mm
www.moh.gov.mm
www.moai.gov.mm
www.mcpt.gov.mm
www.construction.gov.mm/
www.myancoop.gov.mm
www.cbm.gov.mm
www.myanmarteak.gov.mm
www.dmh.gov.mm
www.mcpt.gov.mm
www.myancoop.gov.mm
www.mpa.gov.mm/
www.ais.gov.mm
www.dot.gov.mm
www.waterresources.gov.mm
မြန်မာဆိုဒ် အခု ၄၀ အား လောလောဆယ် ပြစ်မှတ်ထားနေပါတယ်... ဆိုဒ် Admin များနှင့် သိသူများ အကြောင်းကြားပေးနိုင်ရင် တင်ပေးတာပါ ... Hack မဲ့ အဖွဲက တော့ 3xp1r3 Cyber Army ပဲ ဖြစ်ပါတယ်
https://www.facebook.com/groups/3xp1r3 <<<< 3xp1r3 Cyber Army Group Link
www.myanmariwatani.net.mm
www.myringtune.com.mm/
www.dca.gov.mm/
www.myanmarevisa.gov.mm/
www.mot.gov.mm
www.iwt.gov.mm/
www.nlm.gov.mm/
www.4thgmssummit.gov.mm/
www.dmh.gov.mm/
www.mofa.gov.mm/
www.most.gov.mm/
www.energy.gov.mm/
www.dica.gov.mm/
www.mol.gov.mm
www.mora.gov.mm/
www.iwt.gov.mm
www.ministryofinformation.gov.mm
www.slrd-moai.gov.mm/
www.mosports.gov.mm/
www.myanmarcustoms.gov.mm/
www.mofr.gov.mm
www.dform.mip.gov.mm/
www.csostat.gov.mm
www.ucsy.edu.mm
www.id.moai.gov.mm
www.irdmyanmar.gov.mm
www.moh.gov.mm
www.moai.gov.mm
www.mcpt.gov.mm
www.construction.gov.mm/
www.myancoop.gov.mm
www.cbm.gov.mm
www.myanmarteak.gov.mm
www.dmh.gov.mm
www.mcpt.gov.mm
www.myancoop.gov.mm
www.mpa.gov.mm/
www.ais.gov.mm
www.dot.gov.mm
www.waterresources.gov.mm
No comments:
Post a Comment