Popular Posts!

Sunday, November 17, 2013

တစ်နှစ် ဒေါ်လာ ၈ ဘီလီယံတန် ကျောက်စိမ်း အင်ပါယာ


မြန်မာနိုင်ငံမှာ ၂ဝ၁၁- ၁၂ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) ကျောက်စိမ်းကီလိုဂရမ် ၄၃ သန်းကျော် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ကီလိုဂရမ်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ဝဝ ခန့်တန်တဲ့အတွက် ထုတ်လုပ်ခဲ့တဲ့ ကီလိုဂရမ် ၄၃ သန်းမှာ ဒေါ် လာ ၄.၃ ဘီလီယံ တန်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ တရားဝင် ကျောက်စိမ်းတင်ပို့မှု ဟာ ဒေါ်လာ ၃၄ သန်းသာ ရှိ တယ်လို့ သိရပါ တယ်။ ကျောက်စိမ်းရောင်းချမှု စုစုပေါင်းရဲ့ထက်ဝက်လောက်ဟာ တရားမဝင် ရောင်းဝယ်ရေးနဲ့ တရုတ်နယ်စပ်ကနေ ထွက်နေ တယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံဘက်က တရားဝင်ထုတ်ပြန်တဲ့စာရင်းဇယားတွေအရ ဘယ်ရွေ့ဘယ်မျှ မြန်မာနိုင်ငံက ကျောက် စိမ်း တင်သွင်းခဲ့တယ်ဆိုတာ ဖော်ပြထားခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် ကျောက်စိမ်းကို အဖိုးတန်ကျောက်နဲ့ သတ္တု တင် သွင်းမှု စာရင်းမှာ ထည့်သွင်းထားပြီး ၂ဝ၁၂ ခုနှစ်အတွင်း ဒေါ်လာ ၂၉၃ သိန်းသာရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ တန်ဖိုးအရ ဆိုရင်တောင် ဒေါ်လာ ဘီလီယံများစွာတန်တဲ့ မြန်မာ့ကျောက်စိမ်းတွေဟာ ဘယ်ရောက်သွားသလဲလို့ မေးခွန်းထုတ်စရာ ဖြစ်နေ ပါတယ်။
၂ဝ၁၁ ခုနှစ် မတ်လမှာ ပြုပြင်ပြောင်းလဲရေး အစိုးရ တက်လာတဲ့အခါ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့ ပြည်ပအကူအညီ နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်စီးဝင်လာမှုအပေါ် အာရုံစိုက်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် တချို့ဘောဂဗေဒပညာ ရှင်တွေက မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုနဲ့ စည်းလုံးညီညွတ်မှုဟာ ကုန်ကြမ်းပစ္စည်းတွေ ပိုမိုရောင်းချမှုက ရရှိတဲ့ ဝင်ငွေတွေ အပေါ်မှာ မူတည်နေတယ်လို့ ထောက်ပြကြပါတယ်။
မြန်မာနိုင်ငံရဲ့ စုစုပေါင်း ကျောက်စိမ်းရောင်းချမှုနဲ့ သက်ဆိုင်တဲ့ ယုံကြည်ရတဲ့ ခန့်မှန်းချက် အချို့ရှိပါတယ်။ လက်ရှိ မြန်မာ အစိုးရကို အကြံပေးနေတဲ့ Harvard Ash Centerဆီမှာ ဖြစ်နိုင်ခြေရှိတဲ့ ကိန်းဂဏန်းအချက်အလက်တွေ ရရှိထားပါတယ်။ သက်ဆိုင်ရာ ဒေသ ကို သုတေသီတွေ စေလွှတ်လေ့လာစေခဲ့ပြီးနောက် Harvard Ash Center အနေနဲ့ ယခုနှစ် ဇူလိုင်လမှာ အစီရင်ခံစာတစ်စောင်ကို ပုံနှိပ်ထုတ် ဝေခဲ့ပါတယ်။ အဲဒီအစီရင်ခံစာ အရ ၂ဝ၁၁ ခုနှစ်အတွင်း မြန်မာ နိုင်ငံမှာ ကျောက်စိမ်း (တရားဝင် ရော၊ တရားမဝင်ရော) စုစုပေါင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံဖိုး ရောင်းချထားတယ်လို့ ဖော်ပြထားပါတယ်။ ဒီတန်ဖိုးဟာ သဘာဝ ဓာတ်ငွေ့ ရောင်း ချရတဲ့ ဝင်ငွေရဲ့ နှစ်ဆထက် များနေပြီး ၂ဝ၁၁ ခု နှစ် GDP ရဲ့ ခြောက်ပုံတစ်ပုံခန့်အထိ ရှိနေပါတယ်။
တရုတ်လူမျိုးတွေဟာ ကျောက်စိမ်းကို လှပမှုနဲ့ချမ်းသာကြွယ်ဝမှု အထိမ်းအမှတ်အဖြစ် တန်ဖိုးထားကြပါတယ်။ အတော် များများ က ကျောက်စိမ်း လက်ဝတ် ရတနာတွေကို ဝတ်ဆင်ရင် ကံကောင်းနိုင်တယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်နိုင်တယ်၊ အသက်ရှည်နိုင် တယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံသင့်တဲ့ အဖိုးတန်ပစ္စည်းတစ်ခုလို့လည်း မြင်တဲ့အတွက် မြန်မာ့ကျောက်စိမ်းတွေ ကို သိပ်နှစ်သက်လိုလားကြပါ တယ်။ ရှေးဟောင်းတရုတ်ဆိုရိုး စကားတစ်ခုမှာ ''ရွှေဟာ တန်ဖိုးရှိ ပါတယ်။ ဒါပေမယ့် ကျောက်စိမ်း က အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိတယ်'' လို့ ဆိုထားပါတယ်။ တချို့က ကျောက်စိမ်းဟာ ဈေးကောင်းရတဲ့အပြင် သယ်ယူ ပို့ဆောင် ရာမှာလည်း လွယ်ကူတယ်လို့ ဆိုပါတယ်။ ဖုံးကွယ်ထားလို့ ရတဲ့ ကျောက်စိမ်းတုံးတွေသာ ကျောက်မျက်ရတနာပြပွဲကို ရောက် သွားတယ်လို့ တချို့က ပြောပါတယ်။ အစိုးရရဲ့ တရားဝင် လေလံတင်ပွဲကို ရောက်ရှိလာတဲ့ ကျောက်စိမ်းတုံးတွေကလွဲလို့ ကျန် ထွက်ရှိတဲ့ ကျောက်စိမ်းတုံးတွေဟာ တရားမဝင်(မှောင်ခို) နည်းလမ်းတွေနဲ့ တရုတ်နယ်စပ်ကို ဖြတ်ကျော်ပြီး သွားတယ် လို့ ထောက်ပြထားပါတယ်။
ကချင်ပြည်နယ်မှာရှိတဲ့ ဖားကန့်ဒေသဟာ မဟာဗျူဟာကျစွာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ကြားမှာ တည်ရှိနေပါတယ်။ ကမ္ဘာမှာ အဲဒီဒေသလို ကျောက် စိမ်းအမျိုးအစား အရည်အသွေး ကောင်းကောင်းနဲ့ အရေအတွက်များများထွက်ရှိတဲ့ ဒေသမျိုး မရှိဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာကုလသမဂ္ဂအကြီးတန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ယခုလေ့လာဆန်းစစ်သူ တစ်ဦး ဖြစ်နေ သူ Richard Horsey က ''ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ကျောက်စိမ်းနဲ့ ဆက်နွယ်နေတာ ထင်ရှားတယ်'' လို့ ထောက်ပြထားပါတယ်။
အမေရိကန်နိုင်ငံဟာ ၂ဝဝ၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှထွက်ရှိတဲ့ ကျောက်စိမ်း၊ ပတ္တမြားနဲ့ တခြားတွင်းထွက် ကျောက်မျက်တွေ ကို အမေရိကန်နိုင်ငံသို့ တင်သွင်းခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံက ဝယ်လိုအားကောင်းနေတဲ့ အတွက် အဲဒီပိတ်ပင်မှုဟာ သိပ်ပြီး ထိရောက်မှု မရှိခဲ့တာတွေ တွေ့ရပါတယ်။ ယခု မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အစိုးရ တက်လာတော့လည်း အမေရိကန်နိုင်ငံဟာ တခြားစီးပွားရေးနဲ့ နိုင်ငံရေး ပိတ်ဆို့မှုတွေကို ရပ်ဆိုင်းပေးခဲ့ပေမယ့် အိမ်ဖြူတော် ရဲ့ သြဂုတ်လ ၇ ရက်နေ့ ထုတ် ပြန်ချက်အရ ကျောက်စိမ်းနဲ့ ပတ္တ မြား တင်သွင်းခွင့်ကို ဆက်လက် ပိတ်ပင်ထားပါတယ်။
၂ဝ၁၃ ခုနှစ်၊ ဇွန်လအတွင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကျောက်မျက်ရတနာနဲ့ ပုလဲလေလံတင်ပွဲကြီးမှာ ကျောက်စိမ်း နဲ့ ကျောက်မျက်ရောင်းရငွေဟာ အမေရိကန်ဒေါ်လာ ၂.၆ ဘီ လီယံအထိ စံချိန်တင် ရရှိခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက အပစ် အခတ်ရပ်စဲပြီးနောက် ဖားကန့်ဒေသအားလုံးနီးပါးဟာ အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိခဲ့ပြီး ကျောက်စိမ်းတူးဖော်ရေးလုပ် ငန်းတွေကို အကြီးစားလုပ်ကိုင်ခွင့် ရရှိလာခဲ့ပါတယ်။ ရာပေါင်းများစွာရှိတဲ့ မြေတူးစက်၊ မြေသယ်စက်နဲ့ ကုန်တင်ကားကြီးတွေနဲ့ ၂၄ နာရီပတ်လုံး တူးဖော်ထုတ်လုပ်ခဲ့ပါတယ်။ မျက်မြင်တွေက တောင်တစ်လုံးကို သုံးလအတွင်း ပျောက်ကွယ်သွားအောင် တူးဖော်ခဲ့ကြ တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ၂ဝ၁၂ ခုနှစ်၊ နှစ်လယ်လောက်ရောက်တော့ ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာခဲ့တဲ့ အတွက် ကျောက်စိမ်း မိုင်းတွေကို ပိတ်ပစ်ခဲ့ရပါတယ်။ ဒါကြောင့် ၂ဝ၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ ကျောက်စိမ်း ထုတ်လုပ်မှုဟာ ကီလိုဂရမ် ၄၃.၁ သန်းအထိ ရှိခဲ့ပေမယ့် ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်မှာ ကီလိုဂရမ် ၁၉.ဝ၈ သန်းသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
ယခုအခါ အစိုးရနဲ့ သူ ပုန်တွေရဲ့အကြား ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မေလအတွင်းက ရရှိခဲ့တဲ့အတွက် တချို့ကျောက်စိမ်းကုန်သည်တွေကတော့ ဖားကန့်မိုင်းတွေဟာ မိုးအကုန်လောက်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရှိတယ်လို့ ခန့် မှန်းကြပါ တယ်။ ငြိမ်းချမ်းရေး ရရှိပြီး ဖားကန့်မိုင်းတွေကို ပြန်လည်လုပ်ကိုင်လာနိုင်ရင် ခေတ်မီနည်းစနစ်တွေနဲ့ ဆောင်ရွက်ကြဖို့ ရှိတဲ့ အတွက် ဖားကန့်မှာရှိတဲ့ ကျောက်စိမ်းသယံဇာတအားလုံးဟာ လာမယ့် ၁ဝ နှစ်အတွင်း ကုန်ခန်းသွားနိုင်တယ်လို့ တချို့က စိုးရိမ်နေ ကြ ကြောင်းပါခင်ဗျား။

မောင်ပုဆိုးကြမ်း
Ref : "Myanmar Old Gurad Clings to $ 8 B Jade Empire" By Andrew RC Marshall (Reuters Oct 3-9, 2013)


Ref:myanamr market journal

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!