Popular Posts!

Sunday, November 17, 2013

စီအိုင်အက်ဖ် နှုန်းသစ်ကြောင့် ကားဈေး ပိုမိုကျဆင်းလာဖွယ်ရှိ


"ယခုနှစ် ဇန်န၀ါရီလအတွင်းက ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများအား စစ်ဆေးလျက်ရှိသည်ကို တွေ့ရစဉ်။ (သက်ထူး )

 ၂၀၁၃ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းသူများ လိုင်စင်လျှာက်ထားရာ တွင်ပေးချေရ မည့် ဆိပ်ကမ်းရောက် တန်ဖိုးများနှင့် ပတ်သက်၍ နှုန်းထား အသစ်များကို စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောင်းလဲထုတ် ပြန်ခဲ့ ခြင်းကြောင့် ကားဈေးကွက်အတွင်း ကားဈေးနှုန်းများ ပိုမိုကျဆင်းသွားဖွယ် ရှိပြီး ကားအရောင်း ပြခန်းများလည်း အရှုံးပေါ်နိုင်ဖွယ်ရှိကြောင်း ကားဝယ် ရောင်းလုပ်ကိုင်သူများက သုံးသပ်သည်။ 

 "ဈေးကွက်ကတော့ လတ်တလော မှာ အေးနေသေးတယ်။ နှစ်ကူးချိန်ဖြစ် နေတဲ့အတွက် ကြောင့် ဂျပန်လေလံ ဈေးကွက်ကလည်း ခဏပိတ်ထားတယ်။ အရောင်းဝယ်ပေါ်မူ တည်ပြီး တော့ အလုပ်လုပ်နေကြတဲ့ သူတွေရှိတယ်"ဟုကားဝယ်ရောင်းလုပ်ကိုင်သူ ကိုနိုင်လင်း ၂၀၁၃ ခုနှစ်အတွက် ဆိပ်ကမ်းရောက် တန်ဖိုးသတ်မှတ်ရာတွင် လူစီးများသော ၁,၃၅၀  စီစီကားများဈေးနှုန်းမှာ ယခင် နှုန်းအတိုင်း ပြောင်းလဲမှုမရှိပဲ အခြား ကားများတွင်သာ အနည်းငယ် ပြောင်းလဲ မှုများရှိခဲ့သော်လည်း ထိုသို့ အနည်းငယ် ပြင်ဆင်ပေးခဲ့ခြင်း ကြောင့် ကား ဈေးကွက်အတွင်း အရောင်းအ၀ယ် အနည်းငယ်ပြန်လိုက်လာနိုင်ပြီး ကား အရောင်းပြခန်းများတွင်လည်း လက်ရှိ ဈေးနှုန်းများကို ပြင်ဆင်သတ်မှတ် လာဖွယ်ရှိကြောင်း  ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။

 "ဆိပ်ကမ်းရောက်တန်ဖိုးတွေကို သက်ဆိုင်ရာက လာမယ့်နှစ် နှစ်ဆန်းပိုင်း လောက်မှာ ထုတ်ပြန်ပေးသွားမယ်လို့ ဂျာနယ်တွေမှာဖတ်ရပေမယ့် အခု နှစ်မကုန်ခင် ထုတ်ပြန်ပေး ခဲ့တဲ့အတွက် အရင်ထက်စာရင် ပွင့်လင်းမြင်သာလာ တာတွေ့ရတယ်"ဟု ကားဈေးကွက် လေ့လာသူ ကိုဩဘာက ပြောသည်။ ပြင်ဆင်သတ်မှတ်လိုက်သည့် ဆိပ် ကမ်းရောက်တန်ဖိုးနှုန်းထားများအရ ယခင်ကကျပ် သိန်း ၁၃၀ ရှိသည့် ကားတစ်စီးမှာ သိန်း ၁၀၀ ၀န်းကျင် ခန့်သို့ကျဆင်းသွားနိုင်ပြီး ပြင်ပ ကား ဈေးကွက်တွင်ဖြစ်ပေါ်လျက်ရှိသည့် ကားဈေးနှုန်းများ ပြောင်းလဲမှုပေါ် မူတည်ကာ  အရောင်းပြခန်းများမှ ကား ဈေးနှုန်းများမှာလည်း ကျဆင်းလာဖွယ် ရှိပြီး အရောင်းပြခန်း အချို့ငွေကြေး နစ်နာမှုများ ကြုံတွေ့နိုင်ကြောင်းကား ၀ယ်ရောင်းလုပ်ကိုင်သူ ကိုဌေးညွှန့် က ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ တရားဝင် ၀က်ဘ်ဆိုက် တွင် ၂၀၁၃ ခုနှစ်အတွက် မော်တော် ယာဉ်ဆိပ်ကမ်းရောက် ဈေးနှုန်းများကို ၁,၃၅၀ စီစီအောက် မည် သည့်ယာဉ် အမျိုးစားမဆို ၂၀၀၈ ခုနှစ်မှ ၂၀၁၂ မော်ဒယ်အထိ ယာဉ်အားလုံးကို တန်ဘိုး အမေရိကန် ဒေါ်လာ ၅,၀၀၀ ဖြင့် လျှောက်ထားနိုင်ပြီး ၂၀၁၃ မော်ဒယ် လျှောက်ထားမည် ဆိုပါက လက်ရှိပေါက် ဈေးနှုန်းများအတိုင်း လျှောက်ထားရမည် ဖြစ်ကြောင်း ကြေညာ ထားသည်။ 

 ထို့ပြင် တရားဝင်သတ်မှတ်ထား သည့်ယာဉ်အုပ်စုများတွင် ပါဝင်ခြင်း မရှိသည့် Brand  Name အသစ်ဖြင့် လျှောက်ထားလာသော ယာဉ်များဖြစ် ပါက အင်တာနက်အထောက် အထား များဖြင့် စိစစ်၍ One Stop Service အဖွဲ့ အစည်းဝေးသို့ တင်ပြပြီးမှသာခွင့်ပြု ထုတ်ပေးမည်ဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။ "ဂျပန်လေလံ ၀က်ဘ်ဆိုက်တွေက နောက်နှစ် ဇန်န၀ါရီလောက်ကျရင် ပြန်ဖွင့်မယ်။ အဲဒီအခါကျရင် ဆိပ်ကမ်း ရောက်တန်ဖိုး ပြင်ဆင်ချက်အသစ်နဲ့ တင်သွင်းမယ့်သူတွေ များနိုင်တယ်။ အခုတောင် အရင်ဈေးနဲ့ ၀ယ်တဲ့သူတွေ ဈေးနှုန်းပြင်ဆင်ချက်အသစ်နဲ့ နှိုင်းယှဉ် ကြည့်ရင် အများကြီးရှုံးနေပြီ" ဟု ကား ၀ယ်ရောင်းလုပ်ကိုင်သူ ကိုအောင်ဝင်း က ပြောသည်။ 

 ဆိပ်ကမ်းတွင်လည်း ပြည်ပမှတင် သွင်းလာသည့်ထုတ်ယူရခြင်းမရှိသေး သော ကားအစီး ရေ ၆,၅၀၀ ကျော်ရှိ ကြောင်းနှင့် အဆိုပါကားများကို ရက်ပေါင်း ၆၀ အတွင်းလာ ရောက်ထုတ် ယူခြင်းမရှိပါက ဆိပ်ကမ်းအက်ဥပဒေ အရ လေလံစာရင်းသွင်းမည်ဖြစ် ကြောင်း ကားဝယ် ရောင်းလုပ်ကိုင်သူ များက ပြောသည်။ ဆိပ်ကမ်းရောက်တန်ဖိုးပြင်ဆင် သတ်မှတ်ခဲ့ခြင်းမရှိသည့် ဒီဇင်ဘာလ ဒုတိယပတ်တွင်ယခင် က ကျပ်သိန်း ၁၈၀ ၀န်းကျင်ရှိခဲ့ပြီးလူကြိုက်များခဲ့ သည့် Toyota Belta ကားများမှာ ယခု  အခါ ကျပ်သိန် ၁၄၀ ၀န်းကျင်သို့ ကျဆင်း လာခဲ့ကြောင်း သိရသည်။ "Belta လိုကားမျိုးတွေတောင် အငှား ယာဉ်လုပ်ပြီး ဆွဲနေကြပြီ။ ကားဈေးကွက် က တစ် သမတ်တည်းမဟုတ်လို့ သူ့ထက် မော်ဒယ်နိမ့်တဲ့ ကားတွေဆိုရင် ဒီထက် ကိုဈေးချိုဖို့ ရှိတယ်" ဟု ကားဝယ် ရောင်းကိုဦးက ပြောသည်။

 ဆိပ်ကမ်းရောက်တန်းဖိုးများ လျှော့ချ ခဲ့သည့်ထုတ်ပြန်မှုကြောင့် အမြင့်ကား ဈေးနှုန်းများ ပြောင်းလဲမှု ကြုံတွေ့နိုင် သကဲ့သို့ အလတ်စားနှင့် အနိမ့်စားကား များမှာလည်း ကျဆင်းဖွယ် ရှိပြီး စလစ် ဈေးနှုန်းများနှင့် အပ်ကားဈေးနှုန်းများ မှာလည်း ကျဆင်းသွားဖွယ်ရှိကြောင်း ကားဝယ်ရောင်းများက ပြောသည်။ "အရောင်းအ၀ယ်က ဖြစ်စဉ်တစ်ခု ပေါ်မူတည်ပြီး ပြောင်းလဲနေတယ်။ အခု ၂၀၁၃ ခုနှစ် အတွက် ဆိပ်ကမ်းရောက် တန်ဖိုးတွေ ပြင်ဆင်တဲ့သတင်းထွက်လာ ပြီးတဲ့နောက်ပိုင်း ကားလောကမှာရှိတဲ့ ကားမျိုးစုံရဲ့ ဈေးတွေ ကျသွားနိုင်တယ်။ နောက်တစ်ခုက လေလံ ကားတွေကို ဒီဇင်ဘာလကုန်လောက်မှာ နားဖို့ရှိ တယ်ဆိုတဲ့ ရှေ့ပြေးသတင်းကလည်း ထွက်လာနေတာရှိနေတယ်"ဟု ကား ၀ယ်ရောင်းလုပ်ကိုင်သူ ဦးကြည်ညွန့် က ပြောသည်။
Ref;myanamartime

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!