Popular Posts!

Sunday, November 17, 2013

မြန်မာနိုင်ငံမှာ လျှပ်စစ်ဈေးနှုန်းများ ရုတ်တရက်မြှင့်တင်လိုက်ခြင်းကို လေ့လာဆန်းစစ်ခြင်း

မြန်မာ့လူဦးရေ၏ ၇၄ % သည် လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ခြင်းမရှိ
အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာ့လူဦးရေ၏ ၇၄ % သည်လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
 ဖိုရမ်က မြန်မာ့စွမ်းအင်ကဏ္ဍပြုပြင်ြေ့ပာင်းလဲေ၇းများအတွက် တွန်းအားတစ်ရပ်ဖြစ်စေရန် New Energy Architecture :Myanmar Report ကိုထုတ်ပြန်လိုက်ပြီး မြန်မာ့စွမ်းအင်ကဏ္ဍအတွက် အကြံပြုချက် ၁၇ ခုကို တင်ပြထားသည်။
မြန်မာ့လျှပ်စစ်ထုတ်လုပ်မူသည် ငါးနှစ်အတွင်း ၂ ဆတိုးမည်ဟု မှန်းထားသော်လည်း ပြည်တွင်းလိုအပ်ချက်မပြည့်မီကြောင်း ၊ ၁၂ ဆ တိုးမှ သာပြည်တွင်းလိုအပ်ချက်ပြည့်မီမည်ဖြစ်ကြောင်း Accenture’s Energy စက်မူလုပ်ငန်းစု၏ အကြီးတန်းဦးဆောင်ညွန်ကြားရေးမူး Arthur Hanna ကသုံးသပ်သည်။ အဆိုပါအစီရင်ခံစာကို စွမ်းအင်ဝန်ကြီးဌာနနှင့် အာရှဖွံဖြိုးရေးဘဏ် ၊ Accenture’s Energy စက်မူလုပ်ငန်းစုတို့ ပူးပေါင်းရေးဆွဲခြင်းဖြစ်ကြောင်းသိရသည်။
- See more at: http://moemaka.com/archives/35631#sthash.UIqIxtWe.dpuf

ပြသနာ....
ဒီဆုံးဖြတ်ချက်သည် လျှပ်စစ်ဝန်ကြီးဌာန အကြီးအကျယ်အရှုံးပြနေခြင်းကိုအခြေခံပြီး လွှတ်တော်ထံမှ ထောက်ပံ့ကြေး Subsidy ဘတ်ဂျတ်ငွေရအောင် Political Crisis တစ်ခုကို ပြည်သူထံချပြလိုက်ခြင်းလို့ ရိုးသားစွာရှုမြင်ပါသည်။ လွှတ်တော်နဲ့အစိုးရ ၂ခုအကြား (ဦးရွှေမန်းရဲ့လွှတ်တော် ဘတ်ဂျတ်နဲ့ဦးသိန်းစိန်ရဲ့လျှပ်စစ်ဝန်ကြီးဌာန) ငွေကြေးအခက်အခဲဖြေရှင်းနည်းပဲဖြစ်ပါသည်။ လွတ်တော်က ဘတ်ဂျက်ချမပေးလို့ဦးသိန်းစိန်အစိုးရလဲ အမေရိကန်အိုဘားများအစိုးရပုံစံ ခဏရပ်ပေးရလျှင် ရယ်စရာဖြစ်နေဦးမည်။

လွှတ်တော်ဘတ်ဂျတ်ငွေနဲ့ လျှပ်စစ်ဝန်ကြီးဌာန အသုံးစရိတ်၂ခုကို အကြမ်းလေ့လာကြည့်လျှင် ..
ဘတ်ဂျတ်ချပေးရာတွင် ၂၀၁၂ ကာလတွင် နေအိမ်များလျှပ်စစ်ပြတ်တောက်မှုကြောင့် လူထုဆူပူမှုများဖြစ်ပေါ်ခဲ့ပါသည်။ ဆူပူမည့် မြို့နေလူတန်းစားအတွက် လျှပ်စစ်မပြတ်တောက်ရေးကို အစိုးရအဖွဲ့ရဲ့ မဟာဗြူဟာအဖြစ် အကောင်အထည်ဖေါ်နိုင်ခဲ့ပါသည်။ မြန်မာပြည်က ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းလူထုအတွက် တယူနစ်၃၅ကျပ်နှုန်း၊ မြစ်ကြီးနားမြို့ ကချင်ပြည်နယ်လူထုအတွက် တစ်ယူနစ် ၃၀၀ကျပ် စသဖြင့် ကာလ၊ဒေသ၊အခြေအနေအတိုင်း သတ်မှတ်ခဲ့ပါပြီး အိမ်မီးများ မှန်မှန်လင်းနေခြင်းသည် အစိုးရသစ်စွမ်းဆောင်မှုတစ်ခုဖြစ်သည်။ မြို့ကြီးများက နေအိမ်များကိုတော့အရှုံးခံပြီး နေအိမ်များကိုတော့ လျှပ်စစ်မီးလင်းဖို့ အရှုံးပေါ်နေသော လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း (အီးပီစီ) အတွက် ဖြေရှင်းနည်းမှာ ဓါတ်အားခတိုးမြင့်ခြင်းဖြစ်သည်။ (ခရိုနီး၊စစ်အာဏာရှင်ဟောင်း) လုပ်ငန်းများကို မထိခိုက်ရန် အထူးလုပ်ဆောင်ရပေသည်။

အကြမ်းဖျင်း မြန်မာနိုင်ငံလျှပ်စစ်လုပ်ငန်းကော်ပိုရေးရှင်းရဲ့ အရှုံးအမြတ်ရှင်းတမ်း ဆန်းစစ်ကြည့်ပါက..

၁။ အစိုးရတရားဝင်ထုတ်ပြန်ချက်အရ ၂၀၁၃တွင် 3142 mW ထုတ်လုပ်နေပြီး၊ စီမံကိန်း 1431 mW ရှိသည်။ 

ဗီယက်နမ်၊ထိုင်း၊တရုပ်၊အမေရိကန်များတွင် ပျမ်းမျှ လျှပ်စစ်ရောင်းဈေးမှာ ၁၀ဆင့် (ကျပ်၉၀) ခန့်သာရှိသည်။  price in Vietnam, Thailand, China & USA minimun price is 1 unit = US$0.07  (7 cent = ကျပ်၇၀ခန့်)။
 ဗီယက်နမ်နှင့်ထိုင်းနိုင်ငံများတွင် ထိုအတိုင်းသတ်မှတ်ပါက အစိုးရထုတ်လုပ်သည့် 3142 mW မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၂၂၁ သာရှိသည်ဟု ကျော်ခွတွက်ချက်ထားချက်မှာလည်း ပညာရှင်များအတွက် ရယ်စရာကောင်းသည်။ ထုံးစံအတိုင်း Transmission wastage မဟာဓါတ်အားလိုင်းမှဆုံးရှုံးမှုကို ၃၅% အထိ ပြထားသည်မှာလည်း ကမ္ဘာနိုင်ငံများ ၃-၅% နှင့်ယှဉ်ကြည့်ပါက စဉ်းစားစရာဖြစ်သည်။ လျှပ်စစ်ဝန်ကြီးဌာန အတွင်းသိပညာရှင်များက နှုတ်ပိတ်နေလိုက်ရသည်။ တိုးတိတ်ပြောချက်အရ အလကားနီးပါးသုံးနေသော ခရိုနီစက်ရုံများ၊ အစိုးရဌာန၊လုပ်ငန်းများကို စာရင်းဖျောက်ထားရသေးကြောင်း သိရသည်။ 

၂။ အောက်ပါအစိုးရ၊ ပြည်သူ့လွှတ်တော်ထုတ်ပြန်ချက်အရဆိုလျှင် ၄၈၉၄၃၆ ကျပ်သန်းပေါင်း = US$ 589 million (US$1.00=kyat 1000 rate) မျှသာရှိသည်ကို အံ့သြစရာတွေ့ရသည်။ အိမ်သုံး ကီလိုဝပ်နာရီသန်းပေါင်း ၃၆၅၂ မှာ စုစုပေါင်းထုတ်သမျှ၏ ၃၀%ခန့်ဖြစ်သောကြောင့် နှစ်စဉ် ကန်ဒေါ်လာ ၁၇၆သန်း US$ 176 million တန်ဖိုးရှိသည်။

၃။ ယခုပြည်သူများ မကျေမနပ်ဖြစ်နေသော အိမ်မီးလျှပ်စစ်တန်ဖိုးမှာ ဒေါ်လာ ၁၇၆သန်း ..နိုင်ငံတော်ဘတ်ဂျတ်နှင့်ကြည့်ပါက ဘာမှမဟုတ်။ ပြည်သူလူထုသက်သာချောင်ချိရေးအတွက် မြန်မာနိုင်ငံသားတစ်ဦးကို အစိုးရက တစ်နှစ် ၃ဒေါ်လာ (လူဦးရေ သန်း၆၀ အတွက် တစ်ဦးလျှင့် ၃ဒေါ်လာ (ကျပ် ၃၀၀၀) ပြန်မပေးနိုင်တော့ဘူးလား ဟုမေးစရာဖြစ်လာသည်။

၎။ အိမ်မီးများအတွက် ဒေါ်လာ၁၇၆သန်း ဆိုသည်မှာ ခရိုနီအချို့ စင်ကာပူဘဏ်များတွင် အပ်နှံထားသော ၁၁ဘီလျှံနှင့် ယှဉ်ပါက ဘာမှမရှိ၊ နိုင်ငံတော်သယံဇာတ ရွှေ၊ဓါတ်ငွေ၊ကျောက်စိမ်း၊ပုလဲ၊ကြေးနီ၊နီကယ်၊သတ္တုနှင့်လျှပ်စစ်များကို ထုတ်ရောင်းရငွေ နှစ်စဉ်ဘီလျှံပေါင်းများစွာရှိနေသည်။ လျှပ်စစ်ဝန်ကြီးဌာနက လယ်သများများ ရေတင်စက်အတွက် ဒေါ်လာ ၁၅သန်းမျှကိုပင် လယ်သများများကိုတောင်းမည်။ မြို့ရွာများရှိ လူဦးရေသန်းပေါင်းများစွာထံမှလည်း လျှပ်စစ်ဈေးနှုန်းကို တိုးမြှင့်တောင်းယူဦမည်။  လျှပ်စစ်ဝန်ကြီးအစိုးရနှင့်လွှတ်တော်တို့ အဖြေတခုခုတော့ ရမည်မျှော်လင့်ပါသည်။

၅။ ဘကြောင့်လျှပ်စစ်ကော်ပိုရေးရှင်းသည် ခွက်ခွက်လန်အောင် ရှုံးရပါသနည်းကို အကြမ်းဖျင်း (လူပိန်းနည်း)ဖြင့် အရှုံးအမြတ်တွက်ပါက
- ကုန်ကြမ်းစရိတ် Raw material cost (ဓါတ်ငွေ၊ ရေအား၊ ကျောက်မီးသွေး..)
- အလုပ်သမားခ Labor cost (အားလုံးအစိုးရဝန်ထမ်းချည်းဖြစ်သောကြောင့် သောင်းနှင့်ချီသော ဝန်ထမ်းများအတွက် လစာငွေ
- စက်အပိုပစ္စည်းနှင့်မွမ်းမံစရိတ် Maintenance Cost
- မတည်ချေးငွေများအတွက်နှစ်စဉ်ပြန်ဆပ်မှု Financial Cost (လောလောဆယ်၊ နိုင်ငံတကာမှ လျှော်ပစ်လိုက်သောကြောင့် သုညဟုဆိုနိုင်သည်)
 အထက်ပါကုန်ကျစရိတ်များကို ရောင်းရငွေမှ နှုတ်လိုက်ပါက အမြတ်ငွေ/အရှုံး  ရရှိသည်။ အမြဲတမ်းရှုံးချည်းနေသော လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း အီးပီစီ ဖြစ်သည်။ 

၆။ ထိုရှုံးစရိတ်များကို ကာမိရန် လွှတ်တော်ကလည်း ဘတ်ဂျတ်မရနိုင်သောကြောင့် လူပိန်းနည်းမှာ ပြည်သူလူထုများထံမှ တောင်းယူနည်းဖြစ်သည်။ ခရိုနီ၊စစ်တပ်နှင့်စစ်အာဏာရှင်ဟောင်းများ၏ စက်ရုံများမှာ အစိုးရလျှပ်စစ်ကို အခမဲ့နီးပါးရယူနေသည်။ သူတို့ထံ မီတာခသွားတောင်းလျှင်လဲ ရဖို့မလွယ်၊ မြန်မာ့စက်မှုလက်မှုကဏ္ဍသည် တမျိုးသားလုံးထုတ်ကုန် US$ 57 billion (2012) ၏ ၂၁% ခန့် (US$ 11.9 billion) ထုတ်လုပ်ပေးနေသည်မှာ ပုဂ္ဂလိကစက်မှုလက်မှုလုပ်ငန်းများဖြစ်သည်။ ခရိုနီစက်ရုံများမဟုတ်ပါ။ ပုဂ္ဂလိက စက်ရုံများမှာ လျှပ်စစ်ဝန်ကြီးထံမှ ဝယ်ယူသုံးစွဲခွင့်မရပါ။ လျှပ်စစ်လိုင်းများ သွယ်တန်းထားသော်လည်း လျှပ်စစ်မရသောကြောင့်၊ မိမိတို့ကိုယ်ပိုင် ဂျင်နရေတာများဖြင့် လည်ပတ်ရပါသည်။ တစ်ယူနစ် ကျပ်၁၀၀မှ ၂၀၀ အထိ ကုန်ကျသောကြောင့် အိမ်နီးချင်းတိုင်းပြည် (တရုပ်)ကုန်များကို မယှဉ်နိုင်ပါ။ မိမိကိုယ်ပိုင်လျှပ်စစ်အသုံးပြုသော်လည်း အသုံးပြုခ လိုင်စင်ကြေးကို အစိုးရအားပေးရသည်။ အဲ.. အစိုးရဝန်ထမ်းများအား လာဘ်ပေးရသည်။ မြန်မာပြည်တွင် စက် ဟုဆိုလိုက်လျှင် စက်ချုပ်စက်ပင် အခွန်ဆောင် (လာဘ်ပေးပြီးမှသုံးရပါတယ်။ စက်မှုစစ်ဆေးရေးဌာန၊ စက်မှုဝန်ကြီးဌာနကို ပေးကမ်းရသည်။ ကုမ္ပဏီလိုင်စင်ဌာနကို ပေးရသည်။ လျှပ်စစ်ဝန်ကြီးဌာနကိုပေးရသည်။ လက်ရှိမြန်မာပြည်တွင် အသေးစား၊အလတ်စား စက်မှုလုပ်ငန်းများ အကြီးကျယ်အခက်ခဲဖြစ်ရခြင်းမှာ လျှပ်စစ်နှင့်လောင်စာဆီစရိတ်၊ အပိုပစ္စည်းစရိတ်များ အလွန်ကြီးနေသောကြောင့်ဖြစ်သည်။

အဆုံးသပ်အဖြစ်၊ ထပ်မံရေးပါဦးမည်။ အိမ်မီးများအတွက် အီးပီစီ EPC လျပ်စစ်ဝန်ကြီးဌာနမှ ဒေါ်လာ ၁၇၆သန်း တန်ဖိုးမှာ နိုင်ငံတော်အတွက် ဘာမှမရှိပါ။ လျှပ်စစ်ဝန်ကြီးဌာန (အစိုးရ) နှင့် ဘတ်ဂျတ်ခွဲဝေမှုကော်မတီ (ပြည်သူ့လွှတ်တော်) အာဏာပြိုင်မှုတွင် ခရိုနီများက အမြတ်ထွက်ပြီး၊ လူထုနှင့်အသေးစားစက်မှုလုပ်ငန်းများ ဖြူပြာ ထပ်မံကျမည့်အရေးဖြစ်သည်။ လူများဆူလာအောင် လုပ်နေသော နောက်ကြောင်းပြန်လိုသူများ စနက်ပင်ဖြစ်ဟန်ရှိသည်။

ဆန်းစစ်ပြီးလျှင် အဖြေရှာနိုင်ပါသည်။ လက်ဝါးအုပ်အရင်းရှင်များ စီးပွားရေးစက်ရုံများကို မထိခိုက်စေပဲ ဘယ်လိုဖြေရှင်းမည်နည်း။ Thinking Strategically ကမ္ဘာ့အကောင်းဆုံးစာအုပ်ကို ကျော်သက်ခိုင်ဘာသာပြန်တဲ့  တွေးခြင်းမဟာဗျူဟာများနှင့်လည်း ဖြေရှင်းလို့ ရနိုင်မည်မထင်၊ မြန်မာနိုင်ငံ၆လခန့် သွားရောက်လေ့လာသောအခါ ပြသနာကြီးတစ်ခုကို တွေ့ရသည်။ ကမ္ဘာ့အဆင့် စီးပွားရေးအတွေးအခေါ်များနှင့် ပညာရပ်များကို မြန်မာပညာရှင်များကို လက်တွေ့မသိကြပါ။ နိုင်ငံခြားမှလက်တွေသမားများကိုလည်း နေရာလုံးဝမပေးလိုပါ။ နာဂစ်မုန်တိုင်းခေတ်က နိုင်ငံတကာအကူညီများပဲ လက်ခံပြီး၊ နိုင်ငံတကာလူများကို လက်မခံချင်သည့် စစ်အစိုးရ စိတ်နေသဘောထားများ ပြည်တွင်းရှိမြန်မာအရာရှိ၊ ဝန်ထမ်း၊ စီးပွားရေးလုပ်ငန်းရှင်များလည်း အလားတူဖြစ်သည်။ ခရိုနီများကတော့ လက်တွေ့လည်း ကြွမ်းကျင်စွာလုပ်ကိုင်ကြသဖြင့် မြန်မာ့စီးပွားရေးကို ခရိုနီများကု လက်ဝါးကြီးအုပ်ထားခြင်းဖြစ်သည်။

မိုးမခ စာမျက်နှာများတွင် မောင်လျှပ်စစ်က ဆရာထွန်းနိုင်၏ဆောင်းပါးတွင် ပုဂ္ဂလိကဓာတ်အားထုတ်လုပ်သူများ(Independent Power Producer-IPP) ၏ ပုဂ္ဂလိက ကဏ္ဍကိုအားမပေးသင့်ကြောင်း ရေးသားထားသည်ကို ချေပထားသည်။ ပုဂ္ဂလိကကုမ္ပဏီများကသာဆောက်လုပ်သင့်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ပုဂ္ဂလိကကုမ္ပဏီများတွင် နည်းပညာ နှင့်ဟန်ပန်များရှိပြီး ထိန်းချုပ်နိုင်သည့်စနစ်များရှိသည်၊ ယှဉ်ပြိုင်မှုရှိသည်၊ အစိုးရအဖွဲ့အစည်းများကသာဆောက်လုပ်ပါက မသမာမှုများပေါ်ပေါက်ကာ အရည်အသွေးညံ့ဖျင်းသော၊ စရိတ်စကကြီးမားသော စီမံကိန်း(Wasted Project)များသာ ဖြစ်လာမည့်အကြောင်း လက်တွေ့ဖြစ်ရပ်များနှင့်တင်ပြခဲ့သည်။ နိုင်ငံတကာသာဂိ ပေးစာတွင် တပြည်ထောင် လျပ်စစ်မီးစနစ်ကနေ ပြည်ထောင်စုလျပ်စစ်မီးစနစ် ဆီသို့ (ဗဟိုဦးစီးစနစ်မှ ထိုးဖောက်ထွက်ခြင်း) သဘောထားကိုလည်း သိရသည်။ မြန်မာပြည်ရှိ ပုဂ္ဂလိက၊ အစိုးရသတင်းမီဒီယာများတွင်လည်း ပြသနာကို ရှုဒေါင့်အမျိုးမျိုးမှ မြင်ကြသည်။  The Voice နေ့စဉ်သတင်းစာတွင် ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်နှင့် လျှပ်စစ် ဓာတ်အားခ မြင့်တက်ခြင်း ကိစ္စကို အောက်တိုဘာလ ၇ ရက်နေ့တွင် ပြည်သူများနှင့် အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ကာ သမ္မတထံ တင်ပြမည်ဆိုသူ တက်ကြွလှုပ်ရှားသူ ဦးမိုဃ်းသွေး တို့၏ အမြင်များကိုလည်း လေ့လာရသည်။ “ဒီကိစ္စကို အကြိမ်ပေါင်းမနည်း ဆွေးနွေးပြီးမှ လုပ်ဆောင်ခဲ့တာပါ” (ဦးအောင်ခိုင်)။ ပြသနာကို မြန်မာ့နည်းမြန်မာဟန်ဖြေရှင်းလိုချင်းမှ ကမ္ဘာ့အဆင့်သို့တက်နိုင်ရန် မြန်မာများ နိုင်ငံတကာခရီးများများ ထွက်နေကြပါသည်။ သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့လည်း မြန်မာများစွာအခြေချနေသော နိုင်ငံတကာသို့သွားရောက်ခဲ့ကြပြီ၊  ဦးဘုန်း(ဓါတု) စာပေဟောပြောပွဲမှာ ခြေထောက်ဖြင့်စာဖတ်နည်း (ခရီးထွက်၊လေ့လာခြင်း)ကို မြန်မာများပြုလုပ်လာကြသည်မှာ အားရဖွယ်ဖြစ်သည်။ လျှပ်စစ်ပြသနာသည် ရေရှည်ဖြေရှင်းရမည်ဖြစ်သဖြင့် ထိုပြသနာဖြေရှင်းသူများ နိုင်ငံတကာသို့ ထွက်ပြီး လက်တွေဘဝများကို ကြည့်ရှုဖို့ အရေးကြီးပါသည်။

ယခုလျှပ်စစ်ဈေးနှုန်း ရုတ်တရက်မြှင့်တင်လိုက်ခြင်းကို ဦးသိန်းစိန်အစိုးရနှင့် ဦးရွှေမန်းလွှတ်တော်တို့ ပြောဆိုဖြေရှင်းကြဦးမည်။ ကမ္ဘာ့စီးပွားရေးပညာရှင်များ၏ နည်းနိသသျှများကို မြန်မာပြည်တွင်းစီးပွားပြသနာများ  အတွက် အသုံးမချနိုင်ပါ။ မြန်မာများ၏ နိုင်ငံရေး၊ ကိုယ်ကျိုးစီးပွားအရေးများဖြင့် ရှုပ်နေပါသည်။ သိပ်ရှုပ်လာလျှင် သမ္မတဝင်လာပြီး ခဏရပ်လိုက် ဟု အမိန့်ပေးနိုင်ပါသည်။ ရခိုင်၊ကချင် လူမျိုးအရေးခင်းများနှင့်တိုင်းရင်းသားလက်နက်ကိုင်အရေးများကိုလည်း ခဏရပ်လိုက် နည်းလမ်းဖြင့်ဖြေရှင်းနေကျပင်။ ယခု ဒေါ်လာ၁၇၆သန်း အာဏာပြိုင်သူများအတွက် Small Problem  ဖြစ်ပါသည်။  မြန်မာပြည်ရှိ သာမန်လူတန်းစား ကျနော်မိသားစုအတွက် တလ လျှပ်စစ်မီတာခ ၅သောင်းခန့်ကျသင့်နေသည်။  ရေတင်၊ ရေနွေးကြို၊ ရေခဲသေတ္တာ၊ လျှပ်စစ်မီးပူထိုး လျှပ်စစ်အသုံးကြမ်းသော မြန်မာပြည်ရှိကျနော်မိသားစုအတွက် လျှပ်စစ်ချွေတာဖို့ မနည်းလေ့ကျင့်ရဦးမည်။ လေအေးစက်၊ ရေပူရေချိုးစက်များ သုံးလာပါကပိုဆိုးမည်။ လျှပ်စစ်အသုံးဆောင်များသည် ဇိမ်ခံရန်ဖြစ်သည်။ မီးထွန်းရန်အတွက် ဘာမှမကုန်ကျပါ။ စင်ကာပူတွင် လျှပ်စစ်ပစ္စည်းဝယ်လျှင် ကီလိုဝပ်ဘယ်လောက်ကုန်မလဲ အရင်ကြည့်ရသော ဖိလစ်ပိုင် တိုးရစ်မိတ်ဆွေများကို ပြေးမြင်မိသည်။ မြန်မာပြည် လျှပ်စစ်ကိုစနစ်တကျ ဗီယက်နမ်၊ထိုင်းနိုင်ငံများကဲ့သို့ မဖြေရှင်းနိုင်ပါက နောင်အနှစ်၂၀ကြာလျှင် ခရိုနီများကြီးစိုးသော ဖိလစ်ပိုင်နိုင်ငံကဲ့သို့ မြန်မာအိမ်စေ၊အလုပ်သမားများ ပြည်ပတွင်ကျွန်ခံနေရဦးမည်ကို မြင်ယောင်ပါသည်။

ယခုလျှပ်စစ်ဈေးနှုန်းပြသနာအတွက် ကျနော့်အတွက်အဖြေမရှိပါ။  ဇော်အောင်

(Note: မြန်မာလွှတ်တော်မှလျှပ်စစ်ဝန်ကြီးထုတ်ပြန်ချက်ကို ဆိုင်းငံလိုက်သည်)။ 12nov2013

Reference:
လျှပ်စစ်နှင့်ပတ်သက်သော အချက်လက်အချို့ကို တတ်နိုင်သမျှ စုဆောင်းထားပါသည်။

စက်မှုလုပ်ငန်းသို့ လျှပ်စစ်ပေးဝေမှု ဇန်န၀ါရီလတွင် စတင်လျှော့ချမည်


 စိုးစန္ဒာဦး   |   Thursday, 03 January 2013

2013 လျှပ်စစ်ဓာတ်အား လုံလောက်မှုမရှိခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်း များအတွက် ဓာတ်အားဖြန့်ဝေမှုကို အလှည့်ကျဖြတ်တောက် သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဒီဇင်ဘာ ၃၀ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ထိုကဲ့သို့ လျှပ်စစ်ဓာတ်အားပေးဝေမှု လျှော့ချခြင်းကို ရန်ကုန်တိုင်းဒေသကြီး တွင် ယခုလ အတွင်းမှသာ စတင်ပြုလုပ် ခြင်းဖြစ်သော်လည်း ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်မူ  ဒီဇင်ဘာလမှစတင်ခါ လျှပ်စစ်ဓာတ်အားပေးဝေမှုကို လျှော့ချခဲ့ခြင်းဖြစ်ကြောင်း လည်း ၎င်းက "ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စက်မှုလုပ်ငန်းတွေကို စပြီး မီးဖြတ်မှာပါ။ ပထမဆုံးအနေနဲ့ ရပ်ကွက်တွေထဲမှာရှိ တဲ့ စက်မှုလုပ်ငန်းတွေကို အရင်ဖြတ်  မယ်။ ပြီးရင် အစိုးရစက်ရုံတွေကို ဖြတ်ပြီး တတိယအနေနဲ့တော့ စက်မှုဇုန်တွေကိုပါ မီးဖြတ် သွားမှာပါ" ဟု ၎င်းက ပြောသည်။ 

 ဇန်န၀ါရီလအတွင်း အဆိုပါဓာတ် အားဖြတ်တောက်မှုကို ညနေ ၄ နာရီမှ ည ၁၁ နာရီထိ သတ်မှတ်ထားပြီး  ယင်း အချိန်ကာလကို လုပ်ငန်းလည်ပတ်ခွင့် မပြုသည့် အချိန်အဖြစ် သတ်မှတ်ထား ခြင်းဖြစ်ရာ ထိုသို့ပြုလုပ်ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးက လျှပ်စစ် ဓာတ်အားသုံးစွဲမှု ၂,၀၀၀ မဂ္ဂါဝပ်လျှော့၍ သုံးစွဲပေးရာရောက်ကြောင်း ဦးအောင်ခိုင်က ပြောသည်။ လျှပ်စစ်ဓာတ်အားကို ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျေက်မီးသွေးတို့မှ ထုတ်လုပ်ကာ  တစ်နိုင်ငံလုံးအတွက် ဓာတ်အားဖြန့်ဝေလျက်ရှိပြီး ဒီဇင်ဘာ လတွင် တစ်နာရီ  ၃၀,၉၅၇ မဂ္ဂါဝပ်ထုတ် လုပ်နိုင်ခဲ့ရာမှ ဇန်န၀ါရီလတွင်  ထုတ်လုပ်မှုမှာ တစ်နာရီ မဂ္ဂါဝပ် ၃၀,၀၂၅ သို့  ကျဆင်းခဲ့သည်။ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာလည်း ဒီဇင်ဘာလတွင် ၃၃,၉၆၃ မဂ္ဂါဝပ်ရှိခဲ့ရာမှ ဇန်န၀ါရီလတွင် ၃၆,၅၀၀ မဂ္ဂါဝပ်သို့ မြင့်တက်လာသောကြောင့်  ၆,၄၇၅ မဂ္ဂါဝပ် လျှော့ချသုံးစွဲရန် လိုအပ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

 "နှစ်စဉ်ဇန်န၀ါရီလကနေ ဇွန်လ အထိကာလက လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်တက်ဆုံး ကာလပါ။ အဲဒီအချိန်မှာ ရေအားလျှပ်စစ်ကလည်း ထုတ်လုပ်မှု ကျဆင်းပြီး သုံးစွဲမှုကလည်း မြင့်တက်တဲ့ အချိန်နဲ့ကြုံသွားလို့ အခုလို မလောက်ငမှုတွေ ဖြစ်တာပါ။ ဖေဖော်ဝါရီလမှာ လည်း ဒီထက်သုံးစွဲမှုပိုလာရင် ပိုဖြတ်သွားမှာပါ"ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မီတာ အလုံးရေကိုးသိန်းရှိပြီး နွေရာသီတွင် တစ်နိုင်ငံလုံး အနေဖြင့် ဓာတ်အားလိုအပ်ချက်မှာ ၂,၀၆၀ မဂ္ဂါဝပ် ဖြစ်သော်လည်း ရေအား၊ ဓာတ်ငွေ့နှင့် ရေနွေးငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်နိုင်မှုမှာ ၁,၅၅၁ မဂ္ဂါဝပ်သာရှိခြင်းကြောင့် တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းကိုသာ လျှပ်စစ်ဓာတ်အားပေးနိုင်ခြင်းဖြစ်ကြောင်း  ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ တရားဝင် သတင်းထုတ်ပြန်ချက်တွင်  ဖော်ပြသည်။ 

 ၂၀၁၃ နွေရာသီတွင် ဓာတ်အားလိုအပ်ချက်ကိုဖြည့်တင်းပေးရန်အတွက် စက်မှုဇုန်များအား  အချိန်ပိုင်းဓာတ်အားလျှော့ချခြင်း၊ အစိုးရပိုင်စက်ရုံများနှင့် မြစ်ရေတင်စက်များအား ဓာတ်အား အသုံးများသည့် ညနေ ၅ နာရီမှ  ၁၁ နာရီ အထိ ဓာတ်အားပိတ်ခြင်း၊ စက်မှုလက်မှုလုပ်ငန်း များမရှိသည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ငယ်များအား နေ့ဘက်တွင် ဓာတ်အား ပိတ်ပြီး ညနေ ၅ နာရီမှ ၁၁ နာရီအထိ ဦးစားပေးဓာတ်အားပေးခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မန္တလေး၊ ပြည်၊ မကွေး၊ ပဲခူးမြို့များတွင် တစ်မဂ္ဂါဝပ် မီးစက်များ အသုံးပြုကာ ဓာတ်အားဖြည့် တင်းပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် သာကေတ၊ ရွာမနှင့် လှော်ကားတို့တွင် ၅၀ မဂ္ဂါဝပ် Power Plantအသစ်တစ်လုံးထပ်မံတည်ဆောက်နေပြီး Toyo Thai ကလည်း အလုံတွင် ၁၀၀ မဂ္ဂါဝပ် Gas Engine Power Plant တည်ဆောက်ကာ နွေရာသီဓာတ်အား လိုအပ် ချက်ကိုဖြည့်တင်းရန် စီစဉ်နေကြောင်း  ဦးအောင်ခိုင်က ပြောသည်။ 

 ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း BOT စနစ်ဖြင့် တည်ဆောက်နေသည့် သောက်ရေခပ် (၂) ရေအားလျှပ်စစ်စက် ရုံမှလည်း ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စပိန်၊ ဂျာမနီ၊   ဩစတြေးလျ၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှလည်း စက်များ မှာယူတင်သွင်းကာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။ "ဒီ Gas Engine စက်တွေကို၂၀၁၃  ခုနှစ်၊ မတ်လအမီ ဓာတ်အားထုတ်လုပ်နိုင်ဖို့  သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ြှုဃ ကို တင်ပြပြီး အမြန်ဆုံးခွင့်ပြုချက် ရရှိအောင် ဆောင်ရွက်သွားပါမယ်" ဟု ဦးအောင်ခိုင်က ပြောသည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားစနစ်သို့ ဓာတ်အားပို့လွှတ်လျက်ရှိသော ရွှေလီ-မန်စံ ၂၃၀ ကေဗီဓာတ်အားလိုင်းတိုင်များ ပျက်စီးခဲ့ရပြီး ရန်ကုန်၊ မန္တလေးနှင့် အချို့သောမြို့များတွင်  လျှပ်စစ်မီးမရရှိမှုကြောင့် ဖယောင်းတိုင်ထွန်းကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

Ref: myanmartime

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!