Popular Posts!

Sunday, February 16, 2014

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ် အလားအလာ


လွန်ခဲ့တဲ့ နိုဝင်ဘာလ ပထမပတ်အတွင်း ထုတ်ပြန်လိုက် တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း မြန် မာနိုင်ငံရဲ့ စီးပွားရေးဟာ ၆.၈ ရာ ခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်း ထားပါတယ်။

ဒီလို တိုးတက်လာနိုင်တဲ့ အကြောင်းရင်းက သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု မြင့်တက်လာတာ၊ ကုန်သွယ်မှုလုပ်ငန်း တိုးတက်လာ တာနဲ့ စိုက်ပျိုးရေးလုပ်ငန်း ကောင်းမွန်လာတာတွေကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ Standard Chartered ဘဏ် ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အကြီးအကဲ တင်နာ ဆင်းဆာခြာက ''ဒီလို တိုးတက်လာမှုဟာ အံ့သြစရာတော့ မဟုတ် ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့အကျိုးကို စတင်ခံစားလာရလို့ပဲ ဖြစ်ပါတယ်။ ပြည် ပ ရင်းနှီးမြှုပ်နှံတာ များပြားလာမှု၊ စီး ပွားရေး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး စီမံချက်တွေ အကောင်အထည် ဖော်မှုနဲ့ ကုန် သွယ်ရေး မြင့်တက်လာမှုတွေက စီးပွားရေး တိုးတက်ဖို့ တွန်းအား ပေးခဲ့တယ်'' လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်က ဒီလို စီးပွားရေး တိုးတက်လာပေမယ့် ပြည်တွင်းမှာရော၊ ပြည်ပကရော စွန့်စားပြီးလုပ်ရမယ့် လုပ်ငန်းတွေ ရှိနေ တယ်လို့ ထောက်ပြထားပါတယ်။ ပြည်တွင်းမှာ စွန့်စားပြီး လုပ်ရမယ့် လုပ်ငန်းကတော့ ပြု ပြင်ပြောင်းလဲမှုတွေရဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းပြီး ဆောင်ရွက်သွားဖို့လိုတဲ့ စိန်ခေါ်မှုကြီးပဲ ဖြစ်ပါတယ်။  ပြည်ပ စိန်ခေါ်မှုတွေကတော့ တရုတ်နိုင်ငံ ရဲ့ မြန် မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု ကျဆင်းလာတာရယ်၊ ကမ္ဘာ့ကုန် ပစ္စည်း ဈေးနှုန်းတွေ ကျဆင်းလာမှုတွေက မြန်မာ့စီးပွားရေး တိုး တက်မှုကို ထိခိုက်နစ်နာစေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ မြန်မာ့စီးပွားရေးမော်နီတာ- Myanmar Economic Monitor လို့ အမည်ပေးထားတဲ့ အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ကြီးကမန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ လွန်ခဲ့တဲ့ သြဂုတ်လက ၇.၃ ရာခိုင်နှုန်းအထိ တက်လာတဲ့အတွက် အာဆီယံဒေသရဲ့ ပျမ်းမျှတစ်နှစ်ငွေကြေး ဖောင်းပွမှုနှုန်း ၅. ၁ ရာခိုင်နှုန်းထက် များနေတယ်လို့ ထောက်ပြထားပါတယ်။ ဒီလို ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာရင် စီးပွားရေးတိုးတက်မှုကို အဟန့်အတား ဖြစ်လာစေနိုင်တယ်လို့ ညွှန်ပြထားပါတယ်။ ယခုလို ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာရတဲ့ အကြောင်းရင်းက စားသောက်ကုန် ဈေးနှုန်းတွေနဲ့ အိမ်ခြံမြေ ငှားရမ်းခတွေ တိုးမြင့်လာတာကြောင့် ဖြစ်တယ်လို့ ဖော် ပြထားပါတယ်။ တင်နာဆင်းဆာ ခြာက ''လောလောဆယ် ငွေကြေး ဖောင်းပွမှုနှုန်းဟာ နည်းပါသေးတယ်။ ဒါပေမယ့် ငွေကြေးဖောင်းပွမှုနှုန်း များလာရင် စိန်ခေါ်မှု အများအပြားနဲ့ ကြုံတွေ့ လာနိုင်ပါတယ်။

ဒါကြောင့် ငွေကြေးစနစ် ကောင်းမွန်တိုးတက်လာအောင် ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက် ဆောင်ရွက်သွားဖို့ လိုတယ်'' လို့ ပြောပါတယ်။ ကမ္ဘာ့ဘဏ်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဘောဂဗေဒပညာရှင်ဖြစ်သူ ဒေါ်မေသက်ဇင် ကတော့ ''ငွေကြေးဖောင်း ပွလာမှုကြောင့် ဆင်းရဲတဲ့ ပြည်သူတွေကို အတိုင်းအတာတစ်ခုအထိ နစ်နာ စေပါတယ်။ ဒါပေမယ့် မြန်မာနိုင် ငံလို စီးပွားရေးအသွင် ကူးပြောင်းနေတဲ့ နိုင်ငံမျိုးတိုင်းမှာ ငွေကြေးဖောင်းပွမှုပြဿနာနဲ့ ကြုံတွေ့နိုင်တာဟာ သိပ်တော့ မဆန်းပါဘူး။ မြန်မာနိုင်ငံ ရဲ့ ငွေကြေးဖောင်း ပွမှု နှုန်းက ခုဂဏန်းလောက်ပဲ ရှိတဲ့ အတွက် စိုးရိမ်ထိတ်လန့်စရာတော့ မရှိပါဘူး'' လို့ ပြောပြပါ တယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ လောလောဆယ် မြန်မာအစိုးရက ပြုလုပ်ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နဲ့ နောင် ပြုပြင်ပြောင်းလဲဖို့ ရည်မှန်းထားချက်တွေက နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေဖို့ ဦးတည်နေတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ကုန်ပစ္စည်းအမျိုးပေါင်း ၆ဝဝ ခန့်ရဲ့ သွင်းကုန်၊ ထုတ်ကုန် လိုင်စင် ပြုလုပ်ဖို့ လိုအပ်ချက်တွေကို ဖယ်ရှားပေးခဲ့တာ၊ နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့တာ၊ အနှစ် ၅ဝ အတွင်း ပထမ ဆုံးအကြိမ် ပုဂ္ဂလိက အာမခံကုမ္ပ ဏီတွေကို လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခဲ့တာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့တာစတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပါဝင်တယ်လို့ ညွှန်ပြထားပါတယ်။

ဒါ့အပြင် ပုံမှန် ထိရောက် မှုရှိတဲ့ ငွေကြေး ဖလှယ်တဲ့ နှုန်းကို ရရှိအောင် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့တဲ့အတွက်လည်း လွန်ခဲ့တဲ့ ဇူလိုင် လမှာ အမေရိကန် တစ်ဒေါ်လာရဲ့ တန်ဖိုး ဟာ မြန်မာငွေ ၉၇၅ကျပ် အထိ တန်ဖိုးတက်လာပါတယ်။ ဒီလို တန်ဖိုးတက်လာတဲ့အတွက် မြန်မာ့ပို့ကုန်တွေ ပိုမို ယှဉ်ပြိုင် ရောင်း ချလာနိုင်တယ်လို့ ထောက် ပြထားပါတယ်။

အဲဒီ အစီရင်ခံစာမှာ မြန်မာအစိုးရရဲ့ ဘတ်ဂျက်လိုငွေ ဟာ ၂ဝ၁၁-၁၂ ခုနှစ်တုန်းက ဂျီ ဒီပီရဲ့ ၄.၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၂-၁၃ ခုနှစ်မှာ ၃.၇ ရာခိုင် နှုန်းကို ကျဆင်းလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ၂ဝ၁၁-၁၂ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံရှိခဲ့ရာ မှ ၂ဝ၁၂-၁၃ ခုနှစ်မှာ ဒေါ်လာ ၂.၇ ဘီလီယံအထိ တိုးတက်လာ ပါတယ်။ အဲဒီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများစုဟာ စွမ်းအင်ကဏ္ဍ၊  အထည်ချုပ်လုပ်ငန်း၊ အိုင်တီနည်း ပညာလုပ်ငန်း၊ အစားအစာနဲ့ ဖျော်ရည် လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ မန်နေဂျာဖြစ်တဲ့ ကန် သန်းရှန်ကာ က ''ယခုလို ကမ္ဘာ့ ဘဏ်မှ နောက်ဆုံးရရှိတဲ့ စီးပွား ရေး ကိန်းဂဏန်းအချက်အလက်တွေအပေါ် လေ့လာဆန်းစစ်ချက်တွေကို အစိုးရရဲ့ မူဝါဒ ရေးဆွဲသူတွေ၊ လူထုအဖွဲ့အစည်းတွေ နဲ့ ပြည်သူ သိရှိအောင် အချိန်မှန်မှန် ထုတ်ပြန်ပေးလာနိုင်ရင် လျင်မြန် စွာ ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာ နိုင်ငံအဖို့ စီးပွားရေးနဲ့ ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းရာမှာ ဖြစ်ဖြစ်၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာဖြစ် ဖြစ် အသုံးဝင်ပြီး အကျိုးများစွာ ရှိ လာနိုင်တယ်'' လို့ ပြောကြောင်းပါ ခင်ဗျား။

Ref: www.mmbiztoday.com
(Nov : 14-20, 2013)
မောင်ပုဆိုးကြမ်း

Ref:Zaygwet

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!