Popular Posts!

Sunday, February 16, 2014

၂ဝ၁၃ မှာ ကမ္ဘာတစ်ဝန်း အိမ်ခြံမြေ လွှဲပြောင်းရောင်းဝယ်မှုပမာဏ စံချိန်တင်

http://worldproperty.com/home

 ဂျပန်မှာ လွှဲပြောင်းရောင်းဝယ်မှု ပမာဏ တစ်နှစ်အတွင်း ၁၁ဝ.၅ ရာခိုင်နှုန်းအထိ တိုးခဲ့ပါတယ်။ သြ စတြေးလျက ၃၅.၅ ရာခိုင်နှုန်း၊ တရုတ်က ၁၇.၉ ရာခိုင်နှုန်း တစ် နှစ်အတွင်း တိုးလာခဲ့တယ်။ အာရှပစိဖိတ်ဒေသက အဖွဲ့အစည်းဆိုင် ရာနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ သူတွေရဲ့ နယ်နိမိတ်ကျော် လှုပ်ရှားမှုများ ပိုများလာပြီး စုစုပေါင်း ဒေါ်လာ ၁၈.၇ ဘီလျံရှိလို့ တစ်နှစ်အတွင်း ၄၈.၃ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။ အထူးသဖြင့် သြစတြေးလျမှာ ၂ဝ၁၃ စတုတ္ထ သုံးလပတ်က အထင်ရှားဆုံးဖြစ်ပြီး ပြည်ပရင်းနှီး မြှုပ်နှံသူတွေရဲ့ ဝယ်ယူမှု ၂ဝဝ၅ ကစပြီး အမြင့်ဆုံး ဖြစ်ပါတယ်။ သြစတြေးလျမှာ ဒေသခံမဟုတ်တဲ့ ဝယ်သူ ၇၅ ရာခိုင်နှုန်းဟာ အာရှ တိုက်သား ရင်းနှီးမြှုပ်နှံသူများဖြစ် ပြီး တရုတ်၊ မလေးရှား၊ စင်ကာပူ နိုင်ငံသားတွေ အဓိက ပါဝင်ခဲ့ပါ တယ်။ ဒါ့အပြင် ဥရောပ ပရော့ပါ တီ ငွေကြေးလုပ်ငန်းတွေကလည်း ရင်းနှီးမြှုပ်နှံဖို့ ဒေသတွေမှာ ဂျပန်ကို ချိန်ရွယ်လာခဲ့တယ်။

ဂျပန် အိမ်ခြံမြေဈေးကွက်က ပြည်တွင်း ကော ပြည်ပကပါ ရင်းနှီးမြှုပ်နှံသူ တွေ ရောထွေးနေတယ်။ သြစ တြေးလျမှာ ရင်းနှီးမြှုပ်နှံသူ အများ စုက ပြည်ပကဖြစ်ပြီး တရုတ်လူ မျိုးက ၅ဝ ရာခိုင်နှုန်းကျော် ပါဝင် တယ်။ ၂ဝ၁၄ မှာ အာရှပစိဖိတ် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု ဈေးကွက် ဆက်လက်မြန်ဆန်နေပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ တိုးလိမ့်မယ်။ ရင်း နှီးမြှုပ်နှံသူတွေ ဈေးနှုန်းပိုပေးပြီး ယှဉ်ပြိုင်ကြမယ်။ ဂျပန်နဲ့ စင်ကာပူမှာ ရုံခန်းနေရာတွေနဲ့ ပတ်သက်ပြီး ဈေးပိုတက်နိုင်ပြီး အငှားဈေး ကွက်လည်း အားကောင်းလိမ့်မယ် လို့ ခန့်မှန်း ထားပါတယ်။ သြစ တြေးလျ၊ ဂျပန်နဲ့ တရုတ်တို့မှာ ရုံးခန်းနေရာအက်ဆက်တွေအပေါ် ရောင်းဝယ်မှုပမာဏ ၂ဝ၁၃ မှာ စံ ချိန်တင် ခဲ့ပါတယ်။
Source : CNA
ကိုမင်း

Ref;zaygwet

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!