Popular Posts!

Sunday, February 23, 2014

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း ဘယ်သူ့ဘက်ကရပ်ပြီး ရေးဆွဲခဲ့သလဲ (လွှတ်တော်ကိုယ်စားလှယ်ကြီးများသို့ အိတ်ဖွင့် အကြံပြုစာ)



ရန်ကုန်မြို့ရှိ ကွန်ဒိုတိုက်တာအဆောက်အအုံများမြင်ကွင်း။ ဓာတ်ပုံ – ရဲနောင်(ဖယ်ခုံ)



ဆယ်စုနှစ်ကျော်သောင်တင်နေ တဲ့ စုပေါင်းပိုင်အဆောက်အ အုံဆိုင်ရာဥပဒေကြမ်းကို နိုဝင်ဘာ ၁ဝရက်ထုတ် အစိုးရသတင်းစာတွေ မှာတွေ့လိုက်ရလို့ ကျောက်ခဲရေပေါ်မယ်ထင်ပါ ရဲ့လို့ ညီလတ်တွေးလိုက်မိပါတယ်။ ဟုတ်ပါတယ်။ အဲဒီဥပဒေကြမ်း ကို အရင် တုန်းက ကွန်ဒိုမီနီယံဥပဒေကြမ်း ရယ်လို့သိကြ တာပါ။ အရင်အစိုးရခေတ်တုန်းက ဒုတိယဗိုလ် ချုပ်ကြီးခင်ညွန့် အတွင်းရေးမှူး(၁) တာဝန်ယူတော့ ရန်ကုန်မှာ အထပ်မြင့်အဆောက်အအုံတွေ စ ဆောက်ပါ တယ်။ အဲဒီကတည်းက ကွန်ဒိုဥပဒေ ရှိရမယ်ဆိုပြီး ဥပဒေကိုစရေးခဲ့တယ်လို့ သိထားပါ တယ်။ အခုဆိုခေတ်လဲပြောင်း၊ ဗိုလ်ချုပ်ကြီးခင် ညွန့်လည်း ဦးခင်ညွန့်ဖြစ်တော့မှပဲ လွှတ်တော်ကို ရောက်ပါတော့တယ်။

ကွန်ဒိုမီနီယံ အစား စုပေါင်းပိုင်အဆောက် အအုံလို့ အမည်ပြောင်းသုံးထားတဲ့ ဥပဒေကြမ်းကို ညီလတ် လေ့လာဖတ်ရှုလိုက်ပါတယ်။ မြန်မာဆန် ဆန်နာမည်ပြောင်းလိုက်တယ်လို့ပဲ ဖော့တွေး တွေးရင် အခန်း(၁)မှာဖော်ပြထားတဲ့ အဓိပ္ပာယ် ဖော်ပြချက်တွေထဲက သံသယဝင်စရာဖော်ပြချက် ကတော့ ပုဒ်မ(၃) ပုဒ်မခွဲ(က)ပါ စုပေါင်းအ ဆောက်အအုံဆိုသည်မှာဆိုတဲ့ အဓိပ္ပာယ်ဖွင့် ဆိုချက်ပဲဖြစ်ပါတယ်။ အဲဒီမှာ ဤဥပဒေအရ မှတ် ပုံတင်ထားသော ဆိုတဲ့ စကားရပ်ကို တွေ့ရပါ တယ်။ အဲဒီပုဒ်မခွဲက အခန်း(၃)၊ ပုဒ်မ(၅)နဲ့ ချိတ်ဆက်ထားပါတယ်။ ပုဒ်မ(၅)မှာ ဤဥပဒေ အရ မှတ်ပုံတင်ထားသော စုပေါင်းပိုင်မြေနှင့် စု ပေါင်းပိုင်အဆောက်အအုံများသာလျှင် ဤဥပဒေ နှင့် သက်ဆိုင် စေရမည်လို့ရေးသားထားပါတယ်။

အဲဒီအချက်တွေကိုကြည့်ရင် မှတ်ပုံမတင် လည်း ရတဲ့သဘော သက်ဝင်နေပါတယ်။ ဒါကြီး က ကွန်ဒိုကြီးပါ၊ စုပေါင်းအဆောက်အအုံကြီးပါ လို့ မျက်ဝါးထင်ထင်မြင်တွေ့နေလျက်နဲ့ သက်ဆိုင် တဲ့သူ ဒါမှမဟုတ် အဖွဲ့အစည်းက မှတ်ပုံ မတင်ဘဲ ရှောင်လွှဲလို့ရအောင် လုပ်ပေးထားတာလား စဉ်း စားမိပါတယ်။ ညီလတ်တို့အိမ်နီးချင်းနိုင်ငံက ကွန် ဒိုဥပဒေကိုဖတ်ကြည့်မိတော့ ကွန်ဒိုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ မှတ်ပုံတင်ထားသောဆိုတာကို ထည့်ရေး ထားတာ မတွေ့ပါဘူး။

ဒါဘာဖြစ်လို့ အရေးတကြီးဆွေးနွေးရသလဲ ဆိုတော့ အရင်အစိုးရခေတ်မှာ ပွင့်လင်းမြင်သာ မှုမရှိဘဲ လက်သင့်ရာလုပ်ငန်းရှင်ကြီးတွေကို ကွန် ဒိုစီမံကိန်းကြီးတွေချပေးခဲ့ပါတယ်။ အချို့ဆိုရင် လဲ အရင်တုန်းက အလုပ်အတည်တကျမရှိဘဲ ကွန်ဒိုဆောက် လိုက်မှ သူဌေးစာရင်းဝင်သွားကြ ပါတယ်။ အချို့သော ကွန်ဒိုတည်ဆောက်သူတွေ က စည်ပင်ကပေးတဲ့မြေ၊ အိုးအိမ်ကပေးတဲ့မြေ တွေကို သူတို့ဘိုးဘွားပိုင်မြေတွေလို့ ထင်ထား ကြပြီး စုပေါင်းပိုင် အဆောက်အအုံကြီး တစ်ခုလုံး ကိုလဲ သူတို့ပိုင် အဆောက်အအုံတွေလို့ သတ် မှတ်ထားကြပါတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့သူအချို့နဲ့ ပေါင်းပြီး အဲဒီလိုအနေအထားဖြစ်အောင် နား လည်ပါးရိုက် လုပ်ထားကြပါတယ်။

အဲဒီလို အထင်ကရကွန်ဒိုအဆောက်အအုံ ကြီးတွေက မှတ်ပုံမတင်ဘဲ ရှောင်လွှဲလိုက်မယ်ဆို ရင် ကွန်ဒိုမှာနေပြီး ကားပါကင်ပြဿနာ၊ ရေမီး ပြဿနာ၊ တရားမဝင် အဆောက်အအုံတွေဆောက် ချင်တိုင်း ဆောက်ထားတဲ့ပြဿနာတွေကို ဘယ်လို မှ ဖြေရှင်းလို့ရမှာမဟုတ်ပါဘူး။ ရန်ကုန်မှာ နာမည် ကြီးကွန်ဒိုအချို့မှာ စိတ်ဆင်းရဲကိုယ်ဆင်းရဲ နေ နေကြရတဲ့သူတွေ အကာအကွယ်မဲ့ဖြစ်နေရလို့ အပေါ်ကို စာတင်လည်းမထူး၊ အလယ်စာတင် လည်း မထူး၊ အောက်ကို အကူ အညီ တောင်းလည်း မထူးဖြစ်နေခဲ့ရတာပါ။ သူတို့က ကွန်ဒိုဥပဒေကို မျှော်လင့်ကြီးစွာ စောင့်ဆိုင်းနေကြတာပါ။ ဥပဒေ ကြမ်းကို ညီလတ်ဖတ်ကြည့်တော့ စကတည်းက ယဉ်သကိုဆိုသလိုဖြစ်နေတာကို တွေ့လိုက်ရပါ တယ်။ စိတ်မ ကောင်း စရာပါ။

အဲဒါကြောင့် မည်သို့သောမြေများနှင့် အ ဆောက်အအုံများသည် စုပေါင်းပိုင်မြေနှင့် စုပေါင်း ပိုင်အဆောက်အအုံအဖြစ် မှတ်ပုံတင်ရမည်လို့ ပြတ်ပြတ်သားသားပြဋ္ဌာန်းသင့်ပါတယ်။ အခန်း (၃) ပုဒ်မ(၉)မှာ ဖော်ပြချက်အရဆိုရင်လည်း အရင် ဆောက်ပြီး သားအဆောက်အအုံတွေကို မှတ်ပုံ တင်လိုပါက..ဆိုပြီး ပါပါတယ်။ လိုပါက..ဆို တာမလိုချင်လည်း ရတဲ့သဘောဆိုတာ ရှင်းနေပါ တယ်။ ဘာဖြစ်လို့ အခန်းနေပြည်သူများဘက် မှာမရပ်ဘဲ ဆောက်လုပ်ရေး လုပ်ငန်း ရှင် တွေ ဘက် မှာ ဥပဒေက ရပ်တည်ဆွဲထားတာလဲလို့ မေးခွန်း ထုတ်ချင်ပါတယ်။ ဖြစ်သင့်တာက ‘ဤဥပဒေအာ ဏာမတည်မီက ဆောက်လုပ်ပြီးစီးသော သို့မဟုတ် ဆောက်လုပ်ဆဲဖြစ်သော အဆောက်အအုံသည် စုပေါင်းပိုင် အဆောက် အအုံ ၏ သတ်မှတ် ချက် များနှင့်ကိုက်ညီလျှင် သို့တည်းမဟုတ် စုပေါင်းပိုင် အဆောက်အအုံဖြစ်ကြောင်း အများပြည်သူသိ စေပြီးဖြစ်လျှင် စုပေါင်းပိုင်အဆောက်အအုံအ ဖြစ် မှတ်ပုံတင်ရမည်’လို့ ပြင်ဆင်သင့်ပါတယ်။

ဒီဥပဒေကြမ်းနဲ့ပတ်သက်ပြီး ညီလတ်အနေ နဲ့ ဝေဖန်ရေးသားရာမှာ အိမ်နီးချင်းနိုင်ငံအချို့ က ကွန်ဒိုဥပဒေအချို့ကိုဖတ်ပြီးမှ နှိုင်းယှဉ်ဝေ ဖန်တာပါလို့လည်း ပြောပါရစေ။ စုပေါင်းအဆောက် အအုံမှာ အသင်းဖွဲ့စည်းတာ၊ ယာယီကြီးကြပ်မှု အဖွဲ့ဖွဲ့စည်းတာ၊ ယာယီကော်မတီဖွဲ့စည်းတာ တွေဟာ နိုင်ငံတော်တော်များများက ကွန်ဒိုတွေ မှာကျင့်သုံးနေတာဖြစ်လို့ ကောင်းမွန်ပါတယ်။ သို့သော် နိုင်ငံအချို့မှာတော့ အသင်းအလုပ်အ မှုဆောင်ကော်မတီမှာ ဒုဥက္ကဋ္ဌနေရာပါဝင်တာ တွေ့ရ ပြီး ယခု ဥပဒေကြမ်းမှာ မပါဝင်တာဘဲရှိပါ တယ်။ ဒါက သိပ်တော့အရေးကြီးလှတဲ့ ကိစ္စမဟုတ် ပါဘူး။

အခန်း(၅)၊ စုပေါင်းပိုင်အဆောက်အအုံ အလုပ်အမှုဆောင်ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ် ငန်းတာဝန်များဆိုတဲ့အပိုင်းမှာ ဆွေးနွေးအကြံပြု စရာအချို့ရှိပါတယ်။ အဲဒီအခန်းမှာ စုပေါင်း ပိုင်အဆောက်အအုံနေ ပြည်သူများရဲ့ ကျန်းမာ ရေးနဲ့ လူမှုရေး ပိုင်းဆောင်ရွက်ရန်လိုအပ်တာတွေ ကို ထည့်သွင်းထားတာ မတွေ့ပါဘူး။ အဲဒါဟာ လည်း အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ နောက်တစ်ချက်က တရားမဝင်အဆောက် အအုံများဆောက်လုပ်ခြင်းအပိုင်း ဖြစ်ပါတယ်။ စည်ပင် သို့မဟုတ် အိုးအိမ်ရဲ့ခွင့်ပြုချက်ကိုကျော် လွန်ပြီး ဒါမှမဟုတ် သဘောတူညီချက်ကိုချိုးဖောက် ပြီးဆောက်လုပ်ထားတဲ့ တရားမဝင်အဆောက် အအုံပြဿနာဟာ ကွန်ဒိုစီမံကိန်းကြီးအချို့မှာ ယနေ့တိုင်ရှင်းမရတဲ့ ပြဿနာဖြစ် ပါတယ်။ အဲဒီ တရား မဝင် အဆောက်အအုံတွေကြောင့် အဲဒီ ကွန်ဒိုတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ကျန်း မာရေးနဲ့ လူမှုရေးအခြေအနေတွေကို ထိခိုက်မှု ဖြစ်စေပါတယ်။ အဲဒါကြောင့် စုပေါင်းပိုင်အဆောက် အအုံဆိုင်ရာ ဥပဒေကြမ်း ရဲ့ အခန်း(၅)၊ ပုဒ်မ (၂၈)မှာ အောက်ပါပုဒ်မခွဲ(၂)ခု ထပ်မံဖြည့်စွက် သင့်ပါတယ်။ ‘(ဒ) အသင်းဝင်များနှင့် စုပေါင်းပိုင်အဆောက် အအုံနေသူများ၏ ကျန်းမာရေးနှင့်လူမှုရေးကို ထိခိုက်စေမည့် အခြေအနေ များဖြစ်ပေါ် လာပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်းများ ၏အ ကူအညီကို ရယူဖြေရှင်းနိုင်သည်။ (ဓ) ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထား သော တရားမဝင်အဆောက်အအုံများတည် ဆောက်သည်ကို တွေ့ရှိပါက နှစ်ပတ်လည်သင်းလုံး ကျွတ် အစည်းအဝေးတွင်ဖြစ်စေ၊ လိုအပ်ပါက သင်းလုံး ကျွတ် အထူးအစည်းအဝေးခေါ်ယူကျင်း ပ၍ဖြစ်စေ အသင်းဝင်အားလုံး၏ ထက်ဝက် ကျော်ဆန္ဒမဲဖြင့် ဖျက်သိမ်းနိုင်သည်။

ထပ်ဆွေးနွေးချင်တဲ့အခန်းက အခန်း(၉)ပြစ်မှုနှင့် ပြစ်ဒဏ်များပဲဖြစ်ပါတယ်။ အဲဒီမှာ ဒဏ်ငွေသာပါပြီး ထောင်ဒဏ်ပါဝင်တာ မတွေ့ ရပါဘူး။ ထိုင်းနိုင်ငံရဲ့ကွန်ဒိုဥပဒေမှာ အချို့ သောစည်းကမ်းတွေကိုဖောက်ဖျက်ရင် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ချ မှတ်တာလေ့လာတွေ့ရှိမိ ပါတယ်။ အခန်း(၉) ပုဒ်မ(၄၂)ဆိုရင် အတော့်ကို ဆိုးရွားပါတယ်။ ပြစ်မှုထင်ရှားလို့ ငွေဒဏ်ဆောင် ပြီးတာတောင်မှ ဆက်ပြီးကျူးလွန်နေသူကို နေ့ အသီးသီးအတွက် ချမှတ်တဲ့ငွေဒဏ်ရဲ့ ၁ဝရာခိုင် နှုန်းချ မှတ် ရမယ်လို့ဆိုထားတာပါ။ အများနား လည်အောင်ပြောရရင် သူ့ကို ပုဒ်မ(၃၉)အရ ငွေဒဏ်တစ်သိန်းချမှတ်လို့ သူက ဆက်ကျူးလွန် နေဦးမယ်ဆိုရင် တစ်ရက်ကို တစ်သောင်းဆောင် ခိုင်းတာပါ။ တစ်လကို သုံးသိန်းဖြစ် ပါတယ်။ဥပမာ တစ်ခုပြောရင် အခုအချို့သော ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အဲသလိုမျိုး နေ့အလိုက်ငွေ ဒဏ်ကို ပျော်ပျော်ကြီးဆောင်ပြီး ပြစ်မှုဆက်ကျူး လွန်လို့ရနေကြပါတယ်။ ပိုပြီးရှင်းအောင်ပြော ရရင် တရားမဝင် အဆောက်အအုံတစ်ခုကို ဆောက် ပြီးလုပ်ငန်းရှင်က တစ်လကို ကျပ်ဆယ်သိန်းနဲ့ပဲ ငှားဦး။ သူက တစ်နေ့ကို တစ်သောင်း၊ တစ်လမှ သုံးသိန်းဒဏ်ငွေဆောင်ရတော့ သူ့အတွက် (၇)သိန်းတောင်ကျန်ပါတယ်။ အဲဒီတော့ ပြစ်မှုဆက် ကျူးလွန်ခိုင်း သလိုသာ ဖြစ်နေပါလိမ့်မယ်။ အဲဒါ ကြောင့် ပုဒ်မ(၄၂)ကိုပြန်လည်သုံးသပ်ပြီး ဖြုတ်ပစ် ဖို့ကောင်းပါတယ်။ တကယ်တမ်းဖြစ်သင့်တာက ပြစ်မှုဆက်ကျူးလွန်ရင် ပိုကြီးလေးတဲ့ အပြစ်ကို သာပေးရမှာပါ။ ဆိုပါစို့ ဒဏ်ငွေဆောင် ပြီး ထပ်ကျူး လွန်ရင် ကြီးလေးတဲ့ ထောင်ဒဏ်ပေးတာမျိုး ဖြစ်ပါတယ်။

ဥပဒေကြမ်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ် ဆိုရင်ဥပဒေကြမ်းဟာ ပြည်သူတွေထက် အဆောက် အအုံဆောက်ကြတဲ့လုပ်ငန်းရှင်တွေဘက်မှာရပ် တည်ပြီးဆွဲထားသလို ဖြစ်နေပါတယ်။ ရှင်းရှင်း ပြောရရင် ဒီဥပဒေကြမ်းကိုရေးဆွဲတုန်းက လုပ်ငန်းရှင်တွေကိုသာအစိုးရကခေါ်ယူတွေ့ဆုံပြီး အကြံဉာဏ်တောင်းခဲ့တာပါ။ ကွန်ဒိုနေပြည်သူ တွေနဲ့ တစ်ခါမှတွေ့ဆုံ ဆွေးနွေးအကြံတောင်း တာမျိုးမလုပ်ခဲ့ပါဘူး။ ကွန်ဒိုနေပြည်သူ အချို့နဲ့ တွေ့တာဆိုလို့ လွှတ်တော်ကိုယ်စားလှယ်ကြီး တချို့ပဲ ရှိပါတယ်။

ဥပဒေဆိုတာမျှတ ဖို့လိုပါတယ်။ အရေး ကြီးတာက ပြည်သူကိုအကာအကွယ်ပေးဖို့ပဲဖြစ် ပါတယ်။ ဒီကနေ့ဆို လွှတ်တော်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေလုပ်ခဲ့တဲ့ လုပ်ငန်းရှင်ကြီးအချို့ကိုယ်စားလှယ်တွေအဖြစ်ရောက်နေပါပြီ။ တစ်ချိန်တုန်း က လုပ်ငန်းရှင် အခုလွှတ်တော်ကိုယ်စားလှယ်ဖြစ်နေကြပါပြီ။ လုပ်ငန်းရှင်အနေ နဲ့တုန်းကတော့ မိမိအကျိုးစီးပွားဘက်က ရပ်တည်ခဲ့တာအပြစ်လို့ မပြောချင်ပေမယ့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာရင်တော့ မိမိရဲ့ အကျိုး စီးပွား ထက်ပြည်သူ့ အကျိုးစီးပွား ဘက်က ရပ်တည်ပေးဖို့ လိုလာပါပြီ။ ယခုဥပဒေကြမ်းကိုလဲ ပြည်သူ့ အကျိုးစီးပွားဘက်က ရပ်တည်ဆွေးနွေးကြမယ် ဆိုရင်တော့ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေ ဖြစ်လာကြပြီလို့ ပြောနိုင်မှာ ဖြစ်ပါ တယ် ။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒလို့ဆိုပါတယ်။ ယခုစုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကြမ်းကိုလည်း လုပ်ငန်းရှင်ဆန္ဒမဖြစ်စေဘဲ ပြည်သူ့ ဆန္ဒတွေကိုယ်စားပြုနိုင်တဲ့ဥပဒေအဖြစ် ပြင်ဆင် ဖြည့်စွက်ဆွေးနွေး ပေးနိုင်ကြ မယ်လို့ မျှော် လင့် ပါ ကြောင်း။

ညီလတ်

Yangon Times



http://www.searchmyanmar.net/link/frame/cid/29687/domain/myanmarlatestnews.com


Credit @ Ko Nge

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!