Popular Posts!

Saturday, March 7, 2015

ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး



Aung Naing's photo.


Aung Naing's photo.
Aung Naing's photo.


ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး

ဒီကနေ့ မနက် ရွှေပြည်သာဂျပန်အထည်ချုပ်စက်ရုံ မှာ အလုပ်လုပ်နေတဲ့ တပည့်လေးတစ်ယောက် ဖုန်းဆက်လာတယ်။
ဆန္ဒပြ အလုပ်သမားတွေက ကွန်တိန်နာ အဝင်အထွက်တွေ လုပ်လို့မရအောင်ပိတ်ဆို့ ထားကြတော့ စက်ရုံပိုင်ရှင် ဂျပန်လဲ စိတ်အရမ်းပျက်သွားပြီး စက်ရုံ ပိတ်ပြီး တခြားတိုင်းပြည်ကိုပြောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီတဲ့။

သူတို့တွေအတွက်မြန်မာနိုင်ငံမှာဥပဒေကဘာမှကာကွယ်မှုမပေးနိုင်တော့ဘူးတဲ့။
အဲဒီ စက်ရုံက လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် လောက်ထဲက မြန်မာပြည် မှာ ဖွင့်လာခဲ့တာပါ။
သူက အဲဒီစက်ရုံဖွင့်ထဲကလုပ်နေတော့ လစာလဲအတော်လေးကောင်းနေပြီလေ။ အဲဒီတော့ အလုပ်လက်မဲ့ဖြစ်တော့မှာကိုအရမ်းစိတ်မကောင်းဖြစ်နေတယ်။

အဲဒီဖုန်းကမချသေးဘူး။
လှိုင်သာယာက တိုင်ရီ ဖိနပ်စက်ရုံမှာလဲဆန္ဒပြနေကြတယ်တဲ့။

2010 ရှေ့ပိုင်း မြဝတီ နယ်စပ်ကိုအလုပ်ကိစ္စ သွားလာရင်းနဲ့ မဲဆောက် အထည်ချုပ်စက်ရုံ တွေမှာ သွားအလုပ်လုပ် နေကြတဲ့ မြန်မာ အလုပ်သမား မိန်းခလေး တွေရဲ့ဘဝကို သေချာလေ့လာခွင့်ရခဲ့ပါတယ်။
ယိုးဒယား အလုပ်ရှင်တွေဟာ အလုပ်များချိန်မှာ မြန်မာ အလုပ်သမားလေးတွေကို ခေါ်ယူပေမဲ့ အလုပ်နဲချိန် မှာတော့ သူတို့ကိုယ်တိုင် လူဝင်မှုကြီးကြပ်ရေးကိုအကြောင်းကြားပြီး ပြန်ဖမ်းခိုင်းပါတယ်။
သူတို့ အလုပ်ပြန်ခိုင်းချင်တဲ့အချိန်ကျတော့ ယိုးဒယား ငွေ ဘတ် နှစ်ထောင် (မြန်မာငွေ ကျပ်ခြောက်သောင်းခန့်) နဲ့ကိုယ့်ဘာသာကိုယ် ပြန်ရွေးရပါတယ်။
တချို့တွေကြတော့ အလုပ်ရှင်က စိုက်ရွေးပေးပြီး လစာထဲကပြန်ဖြတ်ပါတယ်။
နောက်တခါ ကျွန်တော့အနေနဲ့"မြန်မာထပ်" ဆိုပြီး မြန်မာကျွန်တွေလို့ ပြောခဲ့တဲ့ စကားကိုလဲအရမ်းနာကျင်ခဲ့ရတယ်။
လစာအနေနဲ့ ဘတ်လေးထောင် (တစ်သိန်းနှစ်သောင်းကျပ်) လောက်ရပေမဲ့တကယ်တန်း မစုမိကြပါဘူး။
တကယ်တန်း မြဝတီ (၉၉၉) ဂိတ် ကနေမြန်မာပြည်ဘက်ပြန် ဖို့ ငွေ ငါးရာတောင်မရှိ လို့ မြန်မာပြည်ဘက်ကမ်းကိုမပြန်နိုင်ကြပါဘူး။
ဒုက္ခ ရောက်နေတဲ့ အဲဒီကလေးတွေကိုတတ်နိုင်သလောက်ရန်ကုန်ပြန်ရောက်တဲ့စရိတ်အထိ ကူညီပေးခဲ့ ပါတယ်။
ဒုက္ခရောက်နေတဲ့သူတို့လေးတွေရဲ့မျက်ရည်တွေကို ကိုယ့်မျက်လုံးက ကျသလိုနာကျင်ခံစားခဲ့ရပါတယ်။
အဲဒီအချိန်ကစပြီး မြန်မာအလုပ်သမားတွေကို ပြန်ခေါ်ပြီး ကိုယ့်တိုင်းပြည်ထဲမှာပဲ အလုပ်ပေးချင်စိတ်တဲ့ ဆန္ဒတွေ ပြင်းထန် ခဲ့ရပါတယ်။
၂၀၁၂ နောက်ပိုင်း နိုင်ငံခြားကနေစက်ရုံအလုပ်ရုံတွေ လာဖွင့်ကြတော့ ကျွန်တော့ အိပ်မက်တွေရှင်သန်လာခဲ့ရပါတယ်။
နိုင်ငံခြား မှာ အနှိမ်ခံပြီး အလုပ် လုပ်နေကြတဲ့ တိုင်းရင်းသား အလုပ်သမားတွေကိုပြန်ခေါ်ဖို့။
ဒါပေမဲ့ ၂၀၁၄ နှစ်စပိုင်း ကစပြီး ဆန္ဒ ပြမှုတွေတောက်လျှောက် ဖြစ်ပေါ်လာခဲ့ တဲ့ မြန်မာနိုင်ငံ ကနေ စက်ရုံတွေ ပိတ်ပြီး တခြားနိုင်ငံတွေကို ထွက်ခွာသွားကြပါပြီ။
အလုပ်သမားအများစု နားမလည်ကြတာက ဆန္ဒပြတာတွေများပြီး လာရောက်ရင်းနှီးမြှုပ်နှံသူတွေ မလာတော့ရင် အလုပ်ရှင်စိတ်ကြိုက်ဈေးကွက်ဖြစ်မှာပါပဲ။
အလုပ်နေရာတစ်ခုထဲကို လူတစ်ရာလောက်ကပြုံတိုးနေသမျှ အလုပ်ရှင်က ထိုက်သင့်တဲ့ လစာပေးမှာမဟုတ်သလို သူ့စိတ်ကြိုက်အရည်အချင်း ရှိသူတွေပဲရွေးခေါ်တော့မှာပါ။
တကယ်တမ်း အလုပ်သမားတွေကြိုးစားကြရမှာကအလုပ်သမားဈေးကွက်ဖြစ်အောင်ပါ။
မြန်မာနိုင်ငံမှာက မြေဈေးကြီးမှုတွေ၊မီးမမှန်တာတွေ၊ဆိပ်ကမ်းဝန်ဆောင်မှု အားနဲတာတွေ အပြင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်ပျက်စရာ တခြားအားနည်းချက်တွေအများကြီးပါ။
ဒါ့တွေအားလုံးကို အစိုးရဘက်ကလဲဘာမှ မဖြည့်ဆည်းပေးနိုင်တာကလဲ တကယ့်ကိုစိတ်ပျက်စရာပါ။
ဒါကြောင့်မို့ Samsung လိုကုမ္ပဏီ ကြီးတွေရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုဆုံးရှုံးခဲ့ရတာပါ။
ရင်းနှီးမြှုပ်နှံသူတွေ အတွက် လုပ်ပျော်တဲ့ အခြေအနေတခုကို အလုပ်သမားတွေရော အစိုးရဘက်ကပါ ဖန်တီးပေးကြရမှာပါ။

ဥပမာ ဗီယက်နန်နိုင်ငံ
ဗီယက်နန် မှာဆိုရင် အနိမ့်ဆုံး လုပ်ခ 150$ ဒေါ်လာ တစ်ရာ့ငါးဆယ်သတ်မှတ်ထားပေမဲ့ 150$ နဲ့ဘယ်သူမှ မလုပ်ပါဘူး။
အနိမ့်ဆုံး $300 ကနေ $400 $500 လောက်တွေပေးကြရပါတယ်။
ဘာကြောင့်လဲဆိုတော့ အလုပ်သမားဈေးကွက်ဖြစ်နေလို့ပါ။
ရင်းနှီးမြှုပ်နှံသူတွေအတွက် အာမခံချက်နဲ့ ပတ်ဝန်းကျင်ကောင်းတွေရှိနေတဲ့အတွက် စက်ရုံတွေကများပြီး အလုပ်သမားနဲပါးနေတဲ့အတွက် အလုပ်သမားအပြိုင်အဆိုင်ခေါ်ယူကြရင်း အခြေခံလစာတွေ တက်လာတာပါပဲ။

အလုပ်ခေါ်ဖို့ အရည်အချင်းသတ်မှတ်ချက်ကလဲရယ်ဖို့တောင်ကောင်းတယ်။
မျက်လုံးနှစ်လုံးနဲ့ခြေလက်တွေအကောင်းတိုင်းရှိရင်ကိုပဲအလုပ်ခန့်တယ်တဲ့။
ဘယ်သူမှလဲ လစာတိုးတောင်းစရာမလိုသလို ရင်းနှီးမြှုပ်နှံသူတွေလဲအိပ်မက်ဆိုးတွေမမက်ပါဘူး။
နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေအထူးသဖြင့် ဂျပန်လူမျိုးတွေ က လစာလုပ်ခဘယ်လောက်ပဲ သက်သာ သက်သာ စိတ်ချလက်ချနဲ့ မအိပ်နိုင်ပဲ အိပ်မက်ဆိုးတွေ မက်ရမဲ့ နိုင်ငံ (Nightmare country)တစ်ခုကို ဘယ်တော့မှ မလာချင်ကြပါဘူး။
မြန်မာနိုင်ငံ ဟာတကယ့်ရွှေနိုင်ငံ ဖြစ်ဖို့ဆိုရင် စက်ရုံအလုပ်ရုံတွေအများကြီးလိုပါတယ်။
လူတစ်ထောင်ရှိတဲ့ စက်ရုံတစ်ရုံဟာ အနည်းဆုံး ခန့်မှန်းချေ တစ်နှစ်ကို ဒေါ်လာသုံးသန်းနဲ့အထက် နိုင်ငံခြားငွေရှာနိုင်ပါတယ်။
ဒေါ်လာသုံးသန်းရဖို့ ဆန်တန်ချိန် တစ်သောင်း (ဆန်အိတ်နှစ်သိန်း) တင်ပို့ရမှာပါ။
ဆန်တန်ချိန်တစ်သောင်း တင်ပို့ဖို့ စပါး ဧက တစ်သောင်းခွဲကနေ နှစ်သောင်းလောက် စိုက်ပျိုးရမှာပါ။
တကယ်ကော အစိုးရရော တချို့ အတိုက်အခံတွေပါတွက်မိကြရဲ့ လား?
အဲလောက်လယ်တွေစိုက်ပျိုးဖို့ ကုန်ကျမဲ့ လောင်စာဆီနဲ့ အလုပ်သမားခတွေက အဲလောက်က ပါ့မလားဆိုတာ။
လူတစ်ထောင်အလုပ်ပေးနိုင်မဲ့ စက်ရုံတစ်ရုံတည်ဆောက်ဖို့ မြေ သုံးဧက ပဲလိုအပ်ပါတယ်။
နိုင်ငံခြားငွေ ဒေါ်လာသုံးသန်း ရဖို့ လယ်သမား တစ်သောင်းလောက်ကအရှုံးခံပြီး ဒုက္ခ ရောက်ခံမလား?
မြေသုံးဧကပေါ် မှာစက်ရုံတစ်ခုတည်ပြီး မိသားစုတစ်ထောင်လောက်ကိုထမင်းအိုးတည်ပေးမလား?
နောက်တခါ မြန်မာပြည်ရဲ့ သယံဇာတတွေကို လုံးဝထိခိုက်စရာမလိုတဲ့အပြင် လူတွေရဲ့ capicity ပါတက်လာမှာပါ။
အဲတာဆိုရင်တဲ့ မြန်မာပြည်မှာရှိတဲ့ လယ်သမား လေးငါးသန်းလောက်က လယ်မစိုက်ပဲ စက်ရုံတွေ မှာပဲလုပ်ကြရင် လယ်စိုက်မဲ့သူတွေမရှိတော့လို့ ထမင်းငတ်သွားမယ် ဆိုတာမျိုး တွေးတဲ့လူကတွေးပါတယ်။
Okay ပါ။ကျွန်တော် အခုပြောတာ အစွန်းတော့ရောက်တယ်။

မြန်မာပြည်မှာ စပါးတစ်ပင်မှမစိုက်တော့ဘူးဆိုပါတော့။
လူတစ်ယောက်တလကို ဆန်ခြောက်ပြည်ထက်ပိုမစားနိုင်ပါဘူး။
အဲတော့ တစ်နှစ် 50 kg သုံးအိတ်။(0.15 တန်)လူသန်းငါးဆယ် ကလေး ပုစုခရု ပမကျန် အဲလောက် စားတယ် ဆိုပြီးတွက်ကြည့်ပါ။
0.15 x 50 million= 7.5 million tons.
ကမ္ဘာ့ ဆန်ပေါက်ဈေး $400နဲ့တွက် ရင်တောင် တနိုင်ငံ လုံး နိုင်ငံခြားကဆန်ဝယ်စား ။
တစ်နှစ်ကို အများဆုံး 3 billion $ ပဲကုန်ကျမယ်။
လူငါးသန်း စက်ရုံတွေမှာ အလုပ်လုပ်ရင် လူတစ်ယောက်ကို အနဲဆုံး တစ်နှစ် ဒေါ်လာ သုံးထောင်နိုင်ငံခြားငွေ ရှာနိုင်ပါတယ်။

အဲတော့...
3,000$ x 5 million = 15 billion $ ပါ။
နိုင်ငံခြားကတစ်နိုင်ငံလုံးဆန်ဝယ်စားရင်တောင်
15 billion - 3 billion= 12 billion $ တောင်နိုင်ငံခြားငွေ မြတ်ပါသေးတယ်။
ဒါက အနဲဆုံး အလုပ်သမားဦးရေအင်အားနဲ့ ဆန်ကို 100% နိုင်ငံခြား ကဝယ်စားမယ်ဆိုပြီးတွက်ချက်တာပါ။

တကယ်ဆိုအဲလိုလဲလုပ်ဖို့ မလိုအပ်ပါဘူး။
တကယ်ဖြစ်သင့်တာကတော့ စပါးအထွက် အရမ်းကောင်းတဲ့ ဧရာဝတီတိုင်း လိုနေရာမျိုးက လယ်သမားတွေကို High Technology နဲ့ ငွေကြေးတွေ လုံလောက်မှု ရှိအောင် ပံ့ပိုး ကူညီပါ။
ကြည့်မြင်တိုင် တဘက်ကမ်းကလယ်တွေလို တစ်ဧက စပါး နှစ်ဆယ် အစိတ်ပဲထွက်တဲ့ လယ်တွေကို လယ်သမားတွေနစ်နာ မှုမရှိစေရအောင် စက်မှုမြေတွေ အဖြစ်ပြောင်းလဲပေး ဒါမှမဟုတ် တခြား ငါးပုဇွန်မွေးမြူရေး လုပ်ငန်း လို တခြားသီးနှံစိုက်ပျိုးရေးတွေလို သူတို့အမှန်တကယ်အမြတ်ရမဲ့ လုပ်ငန်းတွေလုပ်ဖို့ ကူညီစောင့်ရှောက်ပေး။
တစ်ဘက်မှာတော့ စက်မှုလုပ်ငန်း တွေဖွံ့ဖြိုးတိုးတက်လာအောင် အဘက်ဘက်ကဝိုင်းဝန်းကူညီပေး။
အဲလိုသာဆိုရင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ ရွှေနိုင်ငံကြီးဖြစ်လာမှာပါ။
တကယ်တော့ ရွှေနိုင်ငံ ဆိုတာ လူတိုင်း လုံလောက်တဲ့ အလုပ်အကိုင်တွေနဲ့ ဝင်ငွေတွေရှိတဲ့ နိုင်ငံ ပါပဲ။
အလုပ်မလုပ်ဘဲကတော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
တကယ်တော့ ဘယ်ကိစ္စမှာပဲဖြစ်စေ ဆန္ဒ ပြနေကြတဲ့ ညီငယ် ညီမငယ်တွေကို သိစေချင်တာတစ်ခုက 100-1=0 ဆိုတဲ့ သီအိုရီတစ်ခုပါပဲ။
လူတော်တော်များများ ကတစ်ယောက်ထွက်သွားရင် 99 ယောက် ကျန်ခဲ့မယ်လို့ထင်ရင်မှားပါတယ်။
အထူးသဖြင့် ဟော်တယ်ဝန်ဆောင်မှု တွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာပါ။
တစ်ဦး အဆင်မပြေလို့ထွက်သွားခဲ့ပြီ ဆိုရင် ကျန်တဲ့ လူအားလုံးလဲမလာတော့ပါဘူး။
အဲဒီအခါကျရင် ပိုပြီးနဲပါး တဲ့အခကြေးငွေနဲ့တောင် အလုပ်ရဖို့ မလွယ်တော့ပါဘူး။
အညာနေပူကြီးထဲမှာဖြစ်စေ တောင်တန်းဒေသတွေမှာဖြစ်စေ တချို့ကျွန်တော်တို့ရဲ့တိုင်းရင်းသားတွေ အရမ်းနဲပါးတဲ့ အခကြေးငွေနဲ့ ပင်ပင်ပန်းပန်း နဲ့လုပ်နေကြရပါတယ်။
အခုစက်ရုံတွေမှာ လုပ်နေရတဲ့လစာတွေဟာ သူတို့တွေထက်စာရင် အများကြီး များနေပါသေးတယ်။
ရွှေပြည်တော်ကြီးဖြစ်မှ အလုပ်အကိုင်ရရှိ ကြမဲ့သူတို့မျက်နှာလေးတွေ တချက်လောက် ငဲ့ညှာကြစေချင်ပါတယ်။
မြန်မာပြည်မှာလာရောက်ရင်းနှီးမြှုပ်နှံသူတွေအတွက်မြန်မာအလုပ်သမား တွေလိမ္မာပါတယ် ဆိုတဲ့ Image လေးရတဲ့တနေ့မှာ အခုရနေတဲ့လစာတွေထက်အများကြီးပိုရသလို အလုပ်အကိုင်တွေလဲပေါများလာမှာပါ။
မှန်တဲ့စကားပြောပြီးတည့်မတ်ပေးရင် လူမိုက်တွေကမုန်းပြီး လူလိမ္မာ တွေကတော့ ကြိုဆိုလိုက်မယ်တဲ့။
ကျွန်တော်ကတော့ ဘယ်သူချစ်ချစ် ဘယ်သူမုန်းမုန်း မှန်တဲ့အတိုင်းပြောပြမှာပါပဲ။

အခုလို ထစ်ခနဲရှိဆန္ဒပြတာမျိုးတွေ လုပ်ငန်းခွင်အနှောင့်ယှက် ဖြစ်အောင် မင်းမဲ့စရိုက်ဆန်ဆန် ပိတ်ဆို့မှုတွေကို သွေးထိုးနေသူတွေကြောင့်ဆက်လုပ်နေကြရင်တော့ "ရွှေပြည်တော် ရယ်မျှော်လေ တိုင်းဝေး"   နေဦးမှာပါပဲ။

Ref:facbook/myanmar civil engineer

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!