Popular Posts!

Saturday, March 21, 2015

သင့်ချစ်သူဟာ လိမ်ညာတတ်တဲ့သူ ဟုတ်မဟုတ် သူ့လက်ချောင်းတွေကို ကြည့်ပြီး ဆုံးဖြတ်နိုင်



ကဲ သူ့ဖုန်းတွေယူယူပြီး ဟိုစစ် ဒီစစ်လုပ်တာတွေ ရပ်လိုက်ပါတော့။ သူ့ ဖေ့စ်ဘွတ်ခ်အကောင့်ရဲ့ password တွေလည်း တောင်းမနေပါနဲ့တော့။ သူ့အင်္ကျံမှာ ဘာရေမွှေးနံ့လေးတွေ စွဲကပ်နေမလဲ၊ နှုတ်ခမ်းနီအရာတွေဘာတွေ တွေ့မလား လိုက်ရှာနေမယ့်အစား သူ့လက်ဖ၀ါးကိုသာ ဖြန့်ခိုင်းပြီး လက်ချောင်းတွေကို သေသေချာချာ ကြည့်လိုက်ပါ။



Oxford တက္ကသိုလ်ဟာ အမျိုးသား ၅၂၇ယောက်နဲ့ အမျိုးသမီး ၇၄၂ယောက်တို့ကို စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး သူတို့တွေ့ရဲ့ လက်ချောင်းအရှည်တွေပေါ် မူတည်လို့ သူတို့ဟာ လိမ်ညာတတ်တဲ့သူတွေ ဖြစ်မဖြစ် အဖြေထုတ်ကာ လေ့လာတွေ့ရှိချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်မှာ လက်ညှိုးနဲ့ လက်သန်းကြွယ်ကို ယှဉ်ကြည့်လိုက်ပါ။ အဲ့ဒီမှာ အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးရဲ့ လက်ချောင်းတွေမှာ လက်သန်းကြွယ်က လက်ညှိုးထက် ပိုရှည်နေမယ်ဆိုရင် သူတို့ဟာ သစ္စာမရှိတတ် ဘူးလို့ ဆိုထားပါတယ်။



စာဖတ်ရင်း သင့်လက်ချောင်းဘယ်လိုအခြေအနေရှိလဲ ငုံ့ကြည့်နေမိပြီ မဟုတ်လား။ အဓိက သင်ကြည့်ရ မှာက လက်သန်းကြွယ်ပါပဲ။ အများအားဖြင့် လက်သန်းကြွယ်ဟာ လက်ညှိုးထက် မသိမသာရှည်နေတတ် တာပဲလို့တော့ မပြောလိုက်ပါနဲ့။ ခုပြောတဲ့ လေ့လာတွေ့ရှိချက်က ဆိုထားတာကတော့ သိသိသာသာ ကြည့်လိုက်တာနဲ့ ရှည်မှန်းသိသာတာကိုပဲ ရည်ညွှန်းတာပါ။ ဒါပေမယ့် လက်သန်းကြွယ်ကြီးက အရမ်းကြီး ရှည်နေတာမျိုးတော့ ဘယ်မှာရှိမလဲလေနော်။ ဒီတော့ လက်ညှိုးထက် တော်တော်ကြီးရှည်နေတာမျိုးလည်း မဟုတ်သလို ကြည့်လိုက်တာနဲ့လည်း ဒီလက်ချောင်းနှစ်ခု လုံးဝညီနေတာမျိုးလည်း မဟုတ်တာမျိုးကို ဆိုလိုပါတယ်။



လေ့လာတွေ့ရှိချက်က ဆိုထားတာက အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လက်သန်းကြွယ် ပိုရှည်နေ တာမျိုး ပိုတွေ့ရပါသတဲ့။ ဒီတော့ ကိုယ့်ချစ်သူ၊ ကိုယ့်ရည်းစားမှာ ခုလို အခြေအနေ ပုံစံ တွေ့လိုက်ရပြီဆိုရင် နောက်ထပ် သင်စဉ်းစားရမှာက သူဟာ ဘယ်သူလဲ ဆိုတာပါပဲ။ ပြောချင်တာက သူ့နောက်ကြောင်းရာဇ၀င် ကို ပြန်စဉ်းစားပါ။ သူ့အမျိုးထဲ၊ အထူးသဖြင့် အဖေ၊ အမေဟာ လိမ်ညာတတ်သူလား၊ ကိုယ်နဲ့မတွဲခင် ကရော သူ့မှာ နာမည်ပျက်ရှိဖူးသလား၊ အသည်းခွဲတတ်တဲ့သူလည်း နာမည်ကြီးတဲ့သူလား၊ ကိုယ့်ကိုရော တစ်ကြိမ်တစ်ခါ လိမ်တာမျိုး ကြုံဖူးဖြစ်ဖူးသလား၊ စတာတွေကို တွေးပြီး သူ့လက်ချောင်းနဲ့ ပြန်လည် အတည်ပြုကြည့်လို့ ရပါတယ်။



မေသော် | Trend Myanmar

Ref:www.lwinpyin.com/2015/02/blog-post_661.html?m=1

သင့်မှာ ဘာလမ်းကြောင်းလေးတွေ ပါလဲ

သင့်ရဲ့လက်မှာ ဘာလမ်းကြောင်းလေးတွေ ပါလဲဆိုတာကို ရှာကြည့်ရအောင်နော်။ 

၀၁. ဒီလမ်းကြောင်းလေးကတော့ အသက်လမ်းကြောင်းကနေ ဆက်ပြီးရှည်ထွက်လာတဲ့ လမ်းကြောင်း
လေးပါ။ ဒီလမ်းကြောင်းလေးပါရင်တော့ သင်ဟာ ကံအလွန်ကောင်းသောသူဖြစ်ပြီး အခြားသောသူတွေကို ဆွဲဆောင်နိုင်စွမ်းရှိသူဖြစ်ပြီး အရာရာမှာအောင်မြင်သူဖြစ်ပါလိမ့်မယ်။ 

၀၂. ဒီလမ်းကြောင်းလေးကတော့ အိမ်ထောင်ရေးကံကောင်းသူဖြစ်မှာပါ။ ဆိုလိုတာက သူဌေးသား၊ သူဌေး သမီးနဲ့ အိမ်ထောင်ကျပါလိမ့်မယ်။ 

၀၃. ဒီလမ်းကြောင်းလေးပါသူကတော့ စိတ်ကူးကောင်းပြီး တီထွင်ကြံဆတတ်သူဖြစ်ပြီး လူအကဲခတ်တော် သူလည်း ဖြစ်ပါလိမ့်မယ်။ 

၀၄. ဒီလမ်းကြောင်းလေးပါသူကတော့ ထူးခြားပါတယ်။ လူ၁ထောင်မှာ တစ်ယောက်လောက်သာပါတဲ့ လမ်းကြောင်းလေးပါ။vထူးခြားသောသူဖြစ်ပြီး အတွေးအခေါ်လည်းကောင်းသောကြောင့် ခေါင်းဆောင်
ကောင်းတစ်ယောက်ဖြစ်ပါလိမ့်မယ်။ 

၀၅. ဒီလမ်းကြောင်းလေးပါသူကတော့ အကြားအမြင်ရသူဖြစ်ပါလိမ့်မယ်။ ကိုယ့်အနောက်မှာ တယောက်
ယောက်ရှိရင်လည်း ရှိနိုင်တယ်နော်။ 

၀၆. ဒီလမ်းကြောင်းလေးက ပေါ်လာရင်တော့ အောင်မြင်ရန် နီးစပ်နေပါပြီ။ ဒီလမ်းကြောင်းလေးက အောင် မြင်တော့မယ်ဆိုရင် ထွက်လာတဲ့ လမ်းကြောင်းလေးပါ။ 

၀၇. ဒီလမ်းကြောင်းလေးကို ပိုင်ဆိုင်သူကတော့ အကြီးအကျယ်ကို အောင်မြင်ပါလိမ့်မယ်။ ကြိုးစားခဲ့သမျှ
တွေက ကိုယ့်ဆီကို ပြန်လာမယ့်အချိန်ပါ။ 

၀၈. ဒီလမ်းကြောင်းပါသောသူကတော့ အရမ်းကို စမ်းပွင့်သောသူဖြစ်ပါလိမ့်မယ်။ ကိုယ့်ရဲ့ရည်းစား ချစ်သူ မှာ ဒီလမ်းကြောင်းလေးပါရင်တော့ သတိထားပါနော်။ 

၀၉. ဒီလမ်းကြောင်းလေးပါသူကတော့ အနုပညာပိုင်းဆိုင်ရာ လုပ်ငန်းများတွင် အောင်မြင်ပါလိမ့်မယ်။ 

၁၀. ဒီလမ်းကြောင်းလေးကတော့ ကံအလွန်ကောင်းသူဖြစ်သလို ကိုယ့်ရဲ့ရည်မှန်းချက်ကို အောင်မြင်ရန် အားသွန်ခွန်စိုက် ကြိုးစားသူဖြစ်ပြီး အောင်မြင်သောသူများဖြစ်ပါတယ်။ 

Chelmo Team


No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!