Popular Posts!

Friday, March 3, 2017

စတော့ရှယ်ယာ ရောင်းမှု ဝယ်မှု လူတိုင်းသိသင်တဲ့ အချက်များ!



( ၁) စတော့ရှယ်ယာ ရောင်းမှု ဝယ်မှု လူတိုင်းသိသင်တဲ့ အချက်များ၊

(၂) Stock-Share Intro - စတော့ရှယ်ယာ မိတ်ဆက်၊

(၃) Stock Exchange - စတော့ရှယ်ယာဈေးကွက်

(၄) 3 Types of Stock Exchange - စတော့ရှယ်ယာ အမျိုးအစား ၃-မျိုး

(၅) စတော့ရှယ်ယာဈေးနှုန်းကို ဘယ်လိုဖတ်ရမလဲ။



( ၁) စတော့ရှယ်ယာ ရောင်းမှု ဝယ်မှု လူတိုင်းသိသင်တဲ့ အချက်များ၊


စတော့ရှယ်ယာ ရောင်းမှု ဝယ်မှု လူတိုင်းသိသင်တဲ့ အချက်များ။စတော့ရှယ်ယာ တကယ် ဆော့ကြတော့မှာလား… (သို့) ဒါဖတ်ပြီးမှ စတော့ ကစားကြပါ။

ရန်ကုန်စတော့အိတ်ချိန်း (Yangon Stock Exchange) ကို ၂ဝ၁၅ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့မှာ ရန်ကုန်မြို့ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင်ရှိသော ယခင် ဗဟိုဘဏ်ရုံးဟောင်းတွင် စတင်ဖွင့်လှစ်လိုက်ပါသည်။
 မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ၊ မြန်မာလယ်ယာစီးပွား အများပိုင်ကုမ္ပဏီ (MAPCO)၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ FMI နှင့် Great Hor Kam Public ကုမ္ပဏီတို့သည်အဆိုပါရန်ကုန်စတော့အိတ်ချိန်း၌ ပထမဆုံးအကြိမ်စာရင်းတင်ရောင်းချခွင့်ရမည့် ကုမ္ပဏီများအဖြစ်ပါဝင်ပြီး၊၂ဝ၁၆ ခုနှစ် မတ်လထဲတွင် ထိုကုမ္ပဏီတို့က စတော့ရှယ်ယာများ ရောင်းချပေးခြင်းဖြင့် စတော့ရှယ်ယာဈေးကွက်ကိုစတင်ပုံဖော်ကြမည်ဖြစ်သည်။
ထို့အတွက်ကြောင့် စတော့ရှယ်ယာသည် ဘာလဲ၊ ဘယ်လိုအကျိုးရှိနိုင်လဲ၊ စတော့ရှယ်ယာဈေးကွက် ပေါ်လာလျှင်ဘာဖြစ်နိုင်လဲ၊ စတော့ရှယ်ယာဝယ်ချင်သူ တွေအတွက် ဆောင်ရန်ရှောင်ရန်အပြင် သိမှတ်ဖွယ်ရာများကို နိုင်ငံတကာစတော့ရှယ်ယာဈေးကွက်ကျွမ်းကျင်သူ ဦးကျော်မျိုးထွန်းနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။ 
၎င်းသည် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်စာတမ်းများကို ပြုစုရေးသားနေသူတစ်ဦးဖြစ်ပြီး ဘဏ်လုပ်ငန်းအချို့နှင့် ကုမ္ပဏီကြီးအချို့တို့တွင် အကြံပေးအဖြစ် လက်ရှိတွင် လုပ်ကိုင်နေသည်။

နိုင်ငံတကာ စတော့ရှယ်ယာဈေးကွက် ကျွမ်းကျင်သူ ဦးကျော်မျိုးထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း။ 

စတော့ရှယ်ယာ ဈေးကွက်ဆိုတာ ဘာလဲခင်ဗျာ။လုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ပြီး အောင်မြင်တဲ့အနေအထားတစ်ခု ရလာခဲ့ပြီ ဆိုပါစို့။ 
အဲဒီအခါမှာအောင်မြင်တဲ့ ကုမ္ပဏီ တစ်ခုက လုပ်ငန်းတွေကို ထပ်ချဲ့ချင်တယ်၊ သူ့မှာလည်းထပ်ချဲ့ချင်သလောက်ငွေကြေး မရှိတော့ ဘဏ်ကနေချေးပြီး လုပ်တယ်။ 
အဲဒီလိုချေးပြီး လုပ်တော့လည်းပဲ အောင်မြင်ပြန်တယ်။ အဲဒီအောင် မြင်တဲ့ အနေအထားကို လုပ်ငန်း ရှင်က ထပ်ပြီးတိုးချဲ့ချင်ပြန်တယ်။ 
ဘဏ်ကနေ ငွေချေးလို့ရပေမယ့် သူ့အတွက်အမြတ်သိပ်မကျန်မှာစိုးတဲ့အတွက် သူကသူ့ကုမ္ပဏီမှာငွေကြေးထည့်ဝင်ဖို့ အခြားသောသူတွေကို ဖိတ်ခေါ်တယ်။
အဲဒီလို ဖိတ်ခေါ်တဲ့အခါ ထည့်ချင်တိုင်းထည့်ကြဆို တဲ့အနေအထားမျိုး မဟုတ်ဘဲနဲ့ တစ်စုကိုတော့ ဘယ်လောက်ဆိုပြီး သတ်မှတ်လိုက်မယ်။ 
အဲဒီလိုသတ် မှတ်လိုက်တာကို လက်သိပ်ထိုး ဟို လူ့ခေါ်ဒီလူ့ခေါ်မလုပ်ဘဲနဲ့ ပွင့်လင်း မြင်သာစွာနဲ့ အများပြည်သူကို ချပြမယ်။ အဲဒီချပြမှုကို စိတ်ဝင်စားသူတွေက သတ်မှတ်ငွေပမာဏကို ဝယ်ကြတယ်။ 

အဲဒီလို ကုမ္ပဏီတွေများလာပြီး ဈေးကွက်တစ်ခုအနေနဲ့ ဖြစ်ပေါ်လာတာကိုစတော့ရှယ်ယာဈေးကွက်လို့ ခေါ်တယ်။ အဲဒီလို ပေါ်လာတဲ့ဈေးကွက်ကိုဘဏ္ဍဍာရေး ဒုတိယဝန်ကြီး ဒေါက်တာ မောင် မောင်သိမ်းဦးစီးတဲ့ အခုနိုင်ငံမှာ ရှိတဲ့အဖွဲ့လိုမျိုးက ဈေးကွက်အတွင်း အလိမ်အညာတွေ မပေါ်ရအောင်၊ စနစ်တကျရှိအောင် ထိန်းညှိပေးတဲ့အဖွဲ့ပေါ်လာပြီးအဲဒီ ဈေးကွက်ကို ထိန်းညှိပေးတယ်။စတော့ရှယ်ယာ တွေကိုလည်း အဲဒီအဖွဲ့ကပဲ ခွင့် ပြုချက်နဲ့ ကုမ္ပဏီတွေကိုရောင်းပေး စေတယ်။ ပြည်သူတွေကလည်း ဝယ်ကြတယ်။ 
စတော့ရှယ်ယာ ဈေးကွက်ဟာ ယနေ့အရပ်ထဲမှာ လောင်းကစားလုပ်နေကြတဲ့ ၂ လုံး၊ ၃ လုံးလို ပုံစံမျိုးလားလို့မေးကြသူတွေလည်း ရှိနေပါတယ်။ 
စတော့ရှယ်ယာဆိုတာရင်းနှီး မြှုပ်နှံမှုလုပ်လိုသူတွေ အရောင်းအဝယ် လုပ်ကြတဲ့အတွက် ၂ လုံး၊ ၃ လုံးလို လောင်းကစားမျိုးနဲ့ မတူဘူး။ 
ဒါပေမဲ့ စတော့ရှယ်ယာကို လောင်းကစားလို ၂၄ နာရီအတွင်း ပြန်ရောင်း၊ ပြန်ဝယ်ပုံစံမျိုးလုပ်လို့ တော့ ရပါတယ်။  ၂ လုံး၊ ၃ လုံးလို ဘာမှန်းမသိဘဲစွန့်စားရတဲ့ပုံစံမျိုး တော့ မဟုတ်ပါဘူး။ 
ဒါကိုလည်း စတော့ ရှယ်ယာကျွမ်းကျင်ပြီး နားလည်တဲ့သူမျိုးတွေသာ လုပ်နိုင်ကြပါတယ်။ တော်ရုံတန်ရုံ လူတွေ မလုပ်နိုင်ပါဘူး။နိုင်ငံခြားမှာဆိုရင် စတော့ရှယ်ယာကို လောင်းကစားဆန်ဆန် လုပ်လိုသူတွေဟာ ကျွမ်းကျင်သူတွေကနေ တစ်ဆင့် လုပ်ကြပါတယ်။ 
အရပ်ထဲကသူလိုကိုယ် လိုတွေကစတော့ရှယ်ယာကိုလောင်း ကစားဆန်ဆန်လုပ်မယ်ဆိုရင် အမြတ်ရမှုထက် အရှုံးနဲ့သာရင် ဆိုင်ရပါလိမ့်မယ်။ 
တရုတ်ပြည်မှာ မကြာမီကစတော့ရှယ်ယာဈေးကွက် တွေပျက်ခဲ့ပါတယ်။ 
အဲဒါဟာ ဘာ့ ကြောင့်လဲဆိုရင် သူလိုငါလို အရပ်ထဲက လူတွေက လောင်းကစား ဆန်ဆန်ဝယ်ပြီး အရောင်းအဝယ်လုပ်ကြလို့ဖြစ်ပါတယ်။စတော့ ရှယ်ယာဈေးကွက်ကို လောင်းကစားဆန်ဆန် ဆောင်ရွက်ကြသူ တွေရဲ့အာရုံဟာ အဲဒီစတော့ရှယ် ယာဈေးကွက်ပေါ်မှာ ၂၄နာရီလုံး လုံးရှိနေပါတယ်။ 
မကြာခင်လာမယ့် နိုင်ငံရဲ့စတော့ ရှယ်ယာဈေးကွက် ကိုဝင်ရောက်မယ့်သူတွေဟာအရှုံးတွေနဲ့ မရင်ဆိုင်ရဖို့၊ ဒုက္ခမရောက် ဖို့နားလည်တတ်ကျွမ်းတဲ့သူနဲ့ တိုင်ပင်တာမျိုးတွေ၊ စတော့ရှယ်ယာနဲ့ပတ်သက်တဲ့စာတွေများများဖတ်ပြီး လေ့လာကြရပါမယ်။

စတော့ရှယ်ယာ ဈေးကွက်ပေါ်လာမယ်ဆိုရင် အိမ်၊ ခြံ၊ မြေတွေဘက်မှာ ရင်းနှီးမြှုပ်နှံမှုက ခုထက်ပိုပြီး လျော့သွားလိမ့်မယ်၊ ဈေးနှုန်း အဆမတန်မြင့်နေတဲ့ အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေဟာ အထိုက်အလျောက်ကျသွားလိမ့်မယ်လို့ မျှော်လင့်ခန့်မှန်းသူတွေလည်း ရှိနေပါတယ်။ 

အစ်ကို့သဘောကရော ဘယ်လိုရှိ နေပါလဲခင်ဗျာ။အခုအချိန်ဟာ ဘာဖြစ်နေလဲဆိုရင်ငွေပိုရင်ဘဏ်တွေဆီအပ်တာထက် အိမ်၊ ခြံ၊ မြေ ဘက်ကိုသွားပြီး ရင်းနှီးမြှုပ်နှံကြတာ များတယ်။ 
အဲဒီဘက်ကလည်း အမြတ်အများကြီးပေးတဲ့အတွက် အဲဒီအပိုင်းတွေဆီမှာပဲ ရင်းနှီးမြှုပ်နှံရင်း အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေဟာ အဆမတန်တက်လာတယ်။ 
ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီအနေအထား ဖြစ်မလာဖို့ များသွားလိမ့်မယ်။စတော့ရှယ်ယာကတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ ဆိုလိုတဲ့ သဘောတရားကတော့ လွယ်လွယ်နဲ့ မရဘူး။ အရင်တုန်းက လွယ်လွယ်နဲ့ ရခဲ့တာက ကံကောင်းလို့ရခဲ့တာ။ အဲဒီဈေးကွက်အထဲမှာ ရင်းနှီးမြှုပ် နှံသူအချို့ဟာ ဒီစတော့ရှယ်ယာ ဈေးကွက်ထဲ ဝင်လာကြလိမ့်မယ်။ အများကြီးဝင်လာကြဖို့လည်း ရှိနေတယ်။ 
ခုဆိုရင်တောင်ဒဂုံ၊ မြောက်ဒဂုံဘက်မှာ မြေတွေရင်းနှီးမြှုပ်နှံတဲ့သူတွေဟာ သူ့မြေတွေကို အလွယ် တကူ ထုတ်လို့မရတဲ့ အနေအထားမျိုးတွေနဲ့ ကြုံနေကြတယ်။

စတော့ရှယ်ယာ ဈေးကွက်ပေါ်လာရင် နိုင်ငံ့စီးပွားရေး အနေအထား ဘယ်လိုရှိလာနိုင်သလဲခင်ဗျာ။

စတော့ရှယ်ယာ ဈေးကွက်ဆိုတာ အမှန်တကယ်တော့ ပြန့်ကျဲ နေတဲ့ ငွေတွေကို တစ်စုတစ်စည်းတည်း လုပ်လိုက်ပြီး အကျိုးအမြတ် ဖြစ်ထွန်းအောင်ဆောင်ရွက်တာလို့ စတော့ရှယ်ယာကျွမ်းကျင်သူတွေက အဓိပ္ပာယ် ဖွင့်ကြတယ်။ 
လွန်ခဲ့တဲ့ ၁၅ ရာစု၊ ၁၆ရာစုတုန်းက နယ်သာ လန်နိုင်ငံက အများပိုင် ကုမ္ပဏီ တစ်ခုတည်ထောင်လိုက်တယ်။အဲဒီ ကနေအကျိုးရှိဆုံးအလုပ်တွေ လုပ် ပြီး နိုင်ငံဟာချမ်းသာလာတယ်။ ပြီးတော့ အင်္ဂ္လန်။ ဒီလိုပဲ ချမ်းသာ လာတယ်။ အဲဒီကနေတစ်စတစ်စ နဲ့ ဥရောပတိုက်ဟာ ကြီးပွားလာ ခဲ့တယ်။ အဲဒီ ကြီးပွားမှုကို ကနေ့ အာရှတိုက်ဟာ မယှဉ်နိုင်သေးပါ ဘူး။
ဒါ့ကြောင့် မြန်မာနိုင်ငံမှာ စတော့ရှယ်ယာ ဈေးကွက် ဖြစ်ပေါ်လာရင်နိုင်ငံအတွက် အကျိုးရလဒ်ကောင်း ရှိလာပါမယ်။ ကနေ့ နိုင်ငံမှာ တောင်သူတွေဟာ သီးနှံ တွေ စိုက်ပျိုးရောင်းချလို့ အမြတ်ရလာရင် ရွှေစုကြတယ်။ တချို့အလုပ်လုပ်ပြီး ကြီးပွားလာသူတွေကလည်း ရပ်ကွက်ထဲမှာ အတိုးချတယ်။ ဒါဟာ နိုင်ငံ့အတွက် တ ကယ်တိုးတက်မှုမဟုတ်ဘူး။ နိုင်ငံတိုးတက်လိုရင် ဒီ့ထက် ပိုပြီးကြီးမားတဲ့ လုပ်ငန်းတွေ လုပ်ရပါ မယ်။ 

စတော့ရှယ်ယာဆိုတဲ့ ဈေး ကွက်မှာ အစုရှယ်ယာတွေ ထည့် ဝင်ပြီး အလုပ်လုပ်ကြဖို့လိုပါတယ်။ အခုဆို ရန်ကုန်မှာ မီးမရတာတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ နေတာတွေ ရှိတယ်။
အဲဒီအခါမှာ ငွေတွေလိုလာပြီ။ နိုင်ငံတော်က ချပေးနေတယ် ဆိုပေမယ့် မထိ ရောက်တဲ့အခါ စတော့ရှယ်ယာ ရောင်းချနေတဲ့ ကုမ္ပဏီတွေကပဲ ငွေထုတ်ပေးရမှာပါ။ အဲဒီအခါဆို ရင် လမ်းပန်းဆက်သွယ်ရေးတွေ အဆင်ပြေ သွားမယ်၊ နိုင်ငံလည်း တိုးတက်သွားပါမယ်။ 
စတော့ ရှယ်ယာက အကောင်းချည်းပဲလား လို့မေးရင် မဟုတ်ဘူးလို့တော့ ဖြေရပါလိမ့်မယ်။ အလွဲသုံးစားလုပ် မယ့် ကုမ္ပဏီတွေလည်း ပါလာပါလိမ့်မယ်။ 
စတော့ရှယ်ယာတွေ လုပ်နေကြတဲ့ အမေရိကန်တို့၊ စင် ကာပူတို့မှာတောင် အလိမ်အညာ တွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံ အဖို့တော့သူတို့ဟာ အသေးအမွှားပဲလို့မြင်ပါလိမ့်မယ်။
အဲဒီ အလွဲသုံးစားလုပ်မယ့် ကုမ္ပဏီတွေ မရှိဖို့ တော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စနစ်တကျသေသေချာချာ ကြပ်မတ်ဖို့တော့ လိုပါလိမ့်မယ်။အစုရှယ်ယာ ဝယ်ချင်တဲ့လူကလည်း ကိုယ့်မှာ ၁ဝဝ ရှိရင် ကုမ္ပဏီ တစ်ခုတည်းကို ၁ဝဝ လုံးမထည့် ထားဘဲ ၂ဝ စီ ဖြန့်ပြီး ဝယ်ဖို့လိုပါ တယ်။
ဒါဆိုရင်ကုမ္ပဏီတစ်ခု အရှုံး ပေါ်သွားတိုင်း ကိုယ်က ၂ဝ ပဲရှုံး မယ်၊ကျန်တဲ့ ၈ဝ က မြတ်လိမ့်မယ်။ ရှုံးတယ်ဆိုတိုင်း အိမ်၊ ခြံ၊ မြေလို အချိန်အကြာကြီး စောင့်ဆိုင်းပြီး ထုတ်ရောင်းလို့မရတဲ့ အနေအထားမျိုးမဟုတ်ဘဲနေ့တွင်းချင်း ထုတ် ရောင်းနိုင်တဲ့ အခွင့်အလမ်းဟာ စတော့ရှယ်ယာမှာပဲ ရှိပါတယ်။

စတော့ရှယ်ယာဈေးကွက်တွေကို ဝင်လိုတဲ့ နိုင်ငံသားတွေဟာ ဘာတွေကို ပြင်ဆင်ထားသင့်သလဲ ခင်ဗျာ။

ကိုယ့်ရှေ့က နိုင်ငံတွေ ကြုံ တွေ့ခဲ့တဲ့ စတော့ရှယ်ယာ အဖြစ်အပျက်တွေဟာ ကိုယ့်အတွက် သင်ခန်းစာတွေ ဖြစ်ပါတယ်။ အဲ ဒီအခြေအနေတွေ၊ အဲဒီ အခက် အခဲတွေကို ကိုယ်ဟာ အသုံးပြု တတ်ရင် အဖိုးတန်ရလဒ်တွေသာ ဖြစ်လာပါမယ်။ 
ဒီ့အတွက် စတော့ ရှယ်ယာထဲကို ဝင်မယ့်သူတွေ ဟာ စာကို သေသေချာချာ ဖတ်ဖို့ လိုပါ တယ်။ နိုင်ငံတကာက စတော့ ရှယ်ယာ တီထွင်ပြီးပါပြီ။ ဒါကို ကိုယ့်နိုင်ငံအနေအထားနဲ့ လျှောက် တီထွင်တဲ့အခါ အလွဲအချော် ရှိ သွားတတ်ပါတယ်။ မြန်မာစကား ပုံမှာအကြံတူရင် နောက်လူသာ စမြဲဆိုတာရှိပါတယ်။
အဲဒီအတိုင်း မြန်မာဟာသူများနိုင်ငံရဲ့အလွဲ တွေ၊ သူများနိုင်ငံရဲ့အမှားတွေကို သင်ခန်းစာယူပြီး ရှေ့ဆက် ရပါ မယ်။ 
အရှေ့တောင်အာရှ နိုင်ငံတွေထဲက ကမ္ဘောဒီးယားနိုင်ငံဟာ စတော့ရှယ်ယာ ဈေးကွက်မှာ မအောင်မြင်ပါဘူး။ 
ဘာဖြစ်လို့ လဲဆိုရင်သူတို့တွေဟာ ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေနဲ့ ပတ်သက်လို့ တရုတ်မှာဆိုရင်လည်း အစိုးရကုမ္ပဏီတွေများတဲ့အတွက် အချက်အလက်တွေဟာ ပွင့်လင်းမှု မရှိဘူး။ ဒါကိုသတိထားရပါမယ်။ 
ကိုယ်ရှယ်ယာဝယ်ချင်တဲ့ ကုမ္ပဏီ ရဲ့ နောက်ကြောင်းနဲ့ အနေအထားကိုလည်း လေ့လာရမယ်။ ဒါပေမဲ့ ရှယ်ယာထုတ်ရောင်းတဲ့သူနဲ့ ရှယ် ယာဝယ်မယ့် သူတွေဟာ လူတွေပဲ ဖြစ်ကြပါတယ်။
လူဆိုတာ လောဘ ရှိတယ်။ လောဘတွေ တအားကြီး လာရင် လူတွေအလိမ်ခံရတတ် ပါတယ်။ အကြောက်တရားနဲ့ လောဘပေါင်းရင် ပိုဆိုးသွားပါတယ်။ တအားထိုးတက်လာတာနဲ့ ဆုပ်ကိုင် ထားလိုက်၊ဈေးကျသွားတာနဲ့ ချက် ချင်းထုတ်ရောင်းလိုက်ဆိုတဲ့ပုံစံမျိုး ကိုတော့ မလုပ်သင့်ပါဘူး။ 
အချိန် အခါကိုစောင့်ပြီး ဆောင်ရွက်သင့်တယ်။ အခုရှုံးနေလည်း နောင်တစ်ချိန်မှာ အဲဒီအရှုံးဟာ အမြတ်
ဖြစ် လာလိမ့်မယ်။ 
စတော့ရှယ်ယာတွေ စလာရင် သူပြော၊ငါပြောနဲ့ မဝယ်၊ မလုပ်ပါနဲ့။ သေသေချာချာ လေ့လာပြီးမှ လုပ်ပါလို့ ပြောချင်တယ်။ 

အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ‪

#‎Kyaw Myo Htun (Writer) မင်းသုအောင် မေးမြန်းချက်ကိုအယ်ဒီတာချုပ် မှ ပြန်လည်ဖော်ပြအပ်ပါသည်။


(၂) Stock-Share Intro - စတော့ရှယ်ယာ မိတ်ဆက်


Stock-Share - စတော့ရှယ်ယာ ရဲ့ အခြေခံကြောရိုး

မြန်မာနိုင်ငံ Stock Share ပေါ်ပေါက်လာပြီး Capitalism (အရင်းအနှီးဈေးကွက်) ဖော်ဆောင်မှုပုံစံဖြင့် စီးပွားရေးစနစ်တွေ ပိုမိုကောင်းမွန်လာပါတယ်။ Stock ကို အများပြည်သူနားလည်နိုင်ဖို့ဆိုရင်တော့ အချိန်ယူပြင်ဆင်ရဦးမှာဖြစ်ပါတယ်။ (ဥပမာ - Stock နဲ့ပတ်သတ်တဲ့ သီးသန့် TV Talk အစီအစဉ်တွေ၊ အများပြည်သူအတွက် Stock နဲ့ပတ်သတ်တဲ့ စာပေဖြန်ဖြူးမှုတွေ၊ Stock နဲ့ ပတ်သတ်ပြီး အတွေ့အကြုံရှိသော နိုင်ငံခြားလုပ်ငန်းရှင် + ပညာရှင်တွေ + Stock မှာ ပါဝင်မဲ့သူတွေ အားလုံးနှင့် Stock Exchange စတင်မှုအဆင့် အောင်မြင်ဖို့အတွက် များစွာပြင်ဆင်ရဦးမှာတော့ အမှန်ပဲဖြစ်ပါတယ်။ Stock Exchange နဲ့ ပတ်သက်လာရင် အခြေခံ (၆-ခု) ကိုတော့ လူတိုင်းစဉ်းစားရမှာဖြစ်ပါတယ်။

(၁) Regulator ( Stock ကို တရားဝင်ကြားခံထိန်းပေးမဲ့ အဖွဲ့အစည်းတွေ)

(၂) Legal Framework (လုပ်ထုံးလုပ်ငန်း ဥပဒေနဲ့ စည်းကမ်းတွေ)

(၃) Stock Exchange (စတော့ရှယ်ယာ ဝယ်-ရောင်း ဈေးကွက်)

(၄) Listed Company (Stock Listed ဖြစ်ထားတဲ့ ကုမ္ပဏီတွေ)

(၅) Intermediaries (ကြားခံဆောင်ရွက်ပေးမဲ့ ပွဲစားတွေ)

(၆) Investors (Stock ကို ရင်းနှီးမြုပ်နှံကြသူတွေ) စတဲ့ (အချက် - ၆ ခု) ဟာ Stock Exchange ရဲ့ အဓိက ပင်မကြောရိုးပဲဖြစ်ပါတယ်။ Stock Exchange အရောင်းအဝယ်ဆိုရာမှာ အတိုချုပ်ပြောရရင် (၂-မျိုး) ပဲရှိပါတယ်။

တခုက Trading ပုံစံနဲ့ အချိန်တိုအတွင်းမှာ (ဝယ်-ရောင်း) လုပ်တာမျိုးနဲ့၊ နောက်တမျိုးက Investment ပုံစံနဲ့ ရေရှည်အတွက် (ဝယ်-ရောင်း) လုပ်တဲ့ ပုံစံဖြစ်ပါတယ်။ Stock နဲ့ ပတ်သက်ပြီး လွယ်ကူစွာ နားလည်နိုင်စေဖို့ Credit - ကိုရိုးရာ(YSX) ၏ ရေးသားဖော်ပြမှုကို www.EntrepreneurSME.com အယ်ဒီတာချုပ်မှ ပြန်လည်မျှဝေဖော်ပြပေးလျှက်။

အစုရှယ်ယာ တွေ ပေါ် ပေါက်လာတဲ့ အဓိက အကြောင်းရင်း ?? အကြောင်းအရင်းကတော့ အရင်းနှီးလို အပ်ချက်ကြောင့်ပဲဖြစ်ပါတယ်…… အစုရှယ်ယာ တွေ ကို ရောင်းခွင့် ရှိတာ ဆိုရင် အများပိုင် company ဖြစ်မှ သာလျှင် ရောင်းချခွင့်ရှိပါတယ်။ တစ်ဦးတည်းပိုင်ဆိုလျှင် အများပိုင် company အဖြစ်ပြောင်းဖို့ လိုအပ်မယ်။

အများပိုင် company ဖြစ်ဖို့ဆိုလျှင် ကန့်သတ်ချက်တွေ တော့ ရှိတယ်… အနည်း ဆုံး 7 ဦးနဲ့ အထက် company ကို ပိုင်ဆိုင်ဖို့လိုမယ်…… အောက်မှာ ဥပမာနဲ့ ကြည့် ကြည့်ရအောင်ဗျာ…… ကျွန်တော့်မှာ ZAW ဆိုတဲ့ Storeဆိုင် တစ်ခု ရန်ကုန်မှာ ရှိတယ် ဆိုပါစို့… ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေး ကောင်းတဲ့ အတွက် အရောင်းသွက်ပြီး နာမည် ရလာတယ် ဆိုပါစို့… မန္တလေး,နေပြည်တော်,တောင်ကြီးမြို့ကြီး 3 မြို့မှာ ဆိုင်ခွဲ တွေ ဖွင့်ချင်လာတယ်… ဒါပေမဲ့ ကျွန်တော့်မှာ အရင်းနှီး မရှိဘူး… အဲ့တော့ အရင်းနှီးရလာအောင် ဆိုင်ရဲ့ ရှယ်ယာတွေကို ရောင်းဖို့ စီစဉ်မယ်… အများပိုင် company ဖြစ်အောင် သူငယ်ချင်း 8 ယောက်နဲ့(7 ယောက်နဲ့အထက်) တိုင်ပင်ပြီး သူတို့လည်း အချိုးကျ ပါဝင်တဲ့ အတွက် အများပိုင် Company အဖြစ် ဖြစ်သွားပါပြီ… အများပိုင် company ဖြစ်ပြီဆိုလျှင် အစုရှယ်ယာများကို စတင်ရောင်းချနိုင်ပါပြီ…… စတင်ဖွဲ့ စည်းတဲ့ 8 ယောက်ကတော့ ဒါရိုက်တာ အဖွဲ့ ဝင်တွေ ဖြစ်လာကြမှာပါ…… Company က အရင်းနှီး လိုအပ်ချက် 10 သိန်း ရှိတယ်ဆိုပါစို့… အစုရှယ်ယာ ယူနစ်တွေကို စတင်ရောင်းချကြည့်မယ်နော်… 10000 ks တန် ယူနစ်ဆိုရင် ယူနစ်ပေါင်း 100 ရောင်းရမှာ ဖြစ်တယ်…… အဲ့ ယူနစ်ကဘာလဲ ဆိုရင် သက်သေခံ လက်မှတ် စာချုပ် ရရှိမှာ ဖြစ်ပါတယ်…… ယေဘုယျ အား ဖြင့်တွက်ကြည့်ရင်တော့ Company တွေက အရင်းနှီး လိုအပ်ချက်ကြောင့်သာ အစုရှယ်ယာတွေကို ရောင်းချတာပါ……

~~~~~~~~~~~~~~~~~~~~~~~~

ဝယ်ယူသူ ဘက်ကနေ ပြန်တွေးကြည့်ရအောင်

ကိုယ်က အလားအလာ ကောင်းမယ်လို့ ထင်တဲ့ company ရဲ့ အစု ရှယ်ယာတွေကို ဝယ်ထားမိတယ် ဆိုပါစို့…… ဘာတွေ ရလာနိုင်သလဲ? Company က ခွဲဝေပေးတဲ့ အကျိုး အမြတ်တွေကို 3 လတစ်ကြိမ် ဒါမှ မဟုတ် 1 နှစ် တစ်ကြိမ် ရရှိမှာပါ…… အကျိုးအမြတ်တွေကို အပြည့်အဝ ရရှိ နိုင်သလားဆိုရင်တော့ မရရှိန်ုင်ပါဘူး… Company က ခွဲဝေပေးသလောက်ပဲ ရရှိမှာပါ…… ဥပမာ- အကျိုးအမြတ်က 100 % ရရင် 50 % လောက်ကိုပဲ ခွဲဝေပေးမှာပါ…… ကျန်တဲ့ 50% ကို Company ရဲ့ ဆက်လက်ရင်းနှီးမြုပ်နှံ မှု ပေါ်မှာပဲ ပြန်လည် အသုံးချသွားတာပါ… တစ်ခြား Company တွေနဲ့ ယှဉ်ပြိုင်တဲ့အခါ အဲ့လို မလုပ်ရင် နောက်ကျ ကျန်ခဲ့မှာပါ…… ရရှိလာတဲ့ အကျိုးမြတ်ရဲ့ 100 %လုံးကို ခွဲဝေ မပေးပဲ ရင်းနှီးမြုပ်နှံမှု ထဲ ပြန်ထည့်တဲ့ Company မျိုးတွေလည်း ရှိပါတယ်… Apple လို Company မျိုးပေါ့…… အကျိုးမြတ်ကို ရှယ်ယာရှင်တွေဆီ ခွဲ ဝေပေးတဲ့ % တွေ ကို တော့ ဒါရိုက်တာ အဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပါတယ်…… အစုရှယ်ယာ ပိုင်ဆိုင်တဲ့သူတွေက ဒါရိုက်တာ အဖွဲ့ဝင် ဘယ်သူဖြစ်သင့်တယ် ဆိုတာကိုတော့ မဲ တစ်မဲ အနေနဲ့ မဲပေး ရွေးချယ်ခွင့် ရရှိမှာပါ…… အများပိုင် Company ပြောင်းကာစ ဆိုရင်တော့ စတင်တည် ထောင်သူတွေက ပထမ 4 နှစ် or 5 နှစ်အတွင်းမှာ ဒါရိုက်တာ အဖွဲ့ မှာ အမြဲ ပါဝင်ခွင့် ရရှိနေမှာ ဖြစ်ပါတယ်……

~~~~~~~~~~~~~~~~~~~~~~~

Company တြေ ဘယ္လို တိုးတတ္လာသလဲ?? အစုရှယ်ယာ ရောင်းတဲ့ Company တွေက တစ်သောင်းတန် (10000 Ks) ယူနစ်တစ်ခုကို တစ်သောင်းနဲ့ ရောင်းစားလေ့ မရှိပါဘူး… သူထက်ပိုတဲ့ ဈေးနှုန်းနဲ့ ပဲ ရောင်းလေ့ ရှိပါတယ်…… 3 သောင်းနဲ့ ရောင်းတယ်ဆိုပါစို့… ပိုသွားတဲ့ 20000 ks ငွေတွေဘယ် ရောက်သွားလဲ မေးစရာရှိပါတယ်…… Company ရဲ့ ရင်းနှီးမြုပ်နှံ မှု ငွေထဲ ရောက်သွားပါတယ်…… တကယ်ဝယ်ယူသူ ပိုင်ဆိုင်တာကတော့ 10000 ks တန် ယူနစ်ပဲ ဖြစ်ပါတယ်…… အဲ့လိုနဲ့ Company ရဲ့ ပိုင်ဆိုင်မှု တန်ဖိုး က များသထက်များလာမှာပါ…… အစုရှယ်ယာ ယူနစ်ပိုင်ဆိုင်တဲ့ သူတွေက လည်း Company ကို ပိုင်ဆိုင်တာ ဖြစ်လို့ Company တန်ဖိုး မြင့်လာလေ ယူနစ်တန်ဖိုးကလည်း အပြင်ပေါက်ဈေး မြင့်လာမှာပါ……

~~~~~~~~~~~~~~~~~~~~~~~

ဘယ်လို အစုရှယ်ယာမျိုးတွေ ဝယ် နိုင်သလဲ?

Common Shares နဲ့ Prefered Shares ဆိုပြီး နှစ်မျိုး ဝယ်ယူနိုင်ပါတယ်…… Common ရှယ်ယာတွေကတော့ သာမန်ရောင်းကြ ဝယ်ကြတဲ့ ရှယ်ယာမျိုးတွေပါ… Prefered ရှယ်ယာတွေကတော့ ဘဏ်အပ်တာနဲ့ တူတယ်ဗျ။ Company ရဲ့ အရူံး အမြတ်ပေါ် မမူတည်ပဲ ပုံသေ အကျိုးမြတ်ရတာပါ… ဘဏ်တိုးရသလို ရတာပါ။ Company ဒေဝါလီခံခဲ့ရင်တောင်မှ သူရဲ့ငွေ ကို ပြန်လည် ထုတ်ပေးတဲ့အတွက် ရူံးနိုင်မှု နည်းပါတယ်…… ရှယ်ယာ အရောင်းဝယ် မှာ အဲ့ကောင်က အကျိုးမြတ် နည်းလို့ သိပ် စိတ်ဝင်စားလေ့ မရှိကြ ပါဘူး……

~~~~~~~~~~~~~~~~~~~~~~~


အစု ရှယ်ယာတွေကို ဘယ်လို ဝယ်နိုင် ရောင်းနိုင်မလဲ? ဥပမာ- 10000 ks တန် အစု ရှယ်ယာ ယူနစ်တစ်ခုကို တစ်သောင်း ထက် မလျော့တဲ့ ဈေးနဲ့ ဝယ်ခဲ့မှသာလျှင် Stock Exchange မှာ ဝယ်ခွင့် ရောင်းခွင့်ရရှိမှာပါ…… ကိုယ်လို ချင်တဲ့ Company ရဲ့ အစုရှယ် ကို ဝယ်ယူလိုလျှင် Stock Exchage Service ကနေတစ်ဆင့် Company က သော်လည်းကောင်း…… အခြား ဝယ်ထားတဲ့ သူဆီက တစ်ဆင့် သော် လည်းကောင်း ဝယ်ယူနိုင်ပါတယ်……ြ့ပန်ရောင်းချင်ရင်လည်း အဲ့သည့်အတိုင်းပါပဲ…… Company ရဲ့ ဖွံဖြိုးတိုးတက်မှု အနာဂတ် ပေါ် မှုတည်ပြီး အစုရှယ်ယာ ယူနစ်တွေရဲ့ ဈေးတွေက တက်လာမှာပဲ ဖြစ်ပါတယ်…… Company က အရှုံးပေါ် နေပြီး ရှယ်ယာဈေး က မြင့်တက်နေတာလည်း ဖြစ်နိုင်ပါသေးတယ်… Company က နောက် ဘာတွေလုပ်မယ်, အစိုးရ ဥပဒေ အပြောင်းလဲ, သဘာဝ ပတ်ဝန်းကျင်, ဝယ်လိုအားရောင်းလိုအားနဲ့ အခြားအချက် တွေပေါ် မှုတည်ပြီး စတော့ ရှယ်ယာ ဈေး အတက်ကျ ဖြစ်နေမှာပါ…… အစုရှယ်ယာ ယူနစ်တွေ ကို ဝယ်ယူပြီး ပြန်လည် ရောင်းချ တာကိုတော့ Stock Exchange ကစားတယ်. အရောင်းဝယ်လုပ်တယ် လို့ သတ်မှတ်လို့ရပါတယ်…… Stock ဈေးကွက်မှာ ဝယ်ရောင်း လုပ်ရာက ရလာတဲ့ Capital Gain ကိုတော့ ဝယ်ရောင်း လုပ်တဲ့သူတွေကပဲ ရရှိမှာပါ…… မြန်မာပြည် Stock ဈေးကွက်အနေနဲ့ ကတော့ အောက်တိုဘာလ ၉ရက်နေ့မှာ စတင်ဖွင့်လှစ်ပါသည်……သိုသော် ၂၀၁၆ မတ်လမှသာ စတင်ရောင်းဝယ်နိုမည်ဟု သိရသည်... Credit - ကိုရိုးရာ(YSX) ၏ ရေးသားဖော်ပြမှုကို အယ်ဒီတာချုပ်မှ ပြန်လည်မျှဝေဖော်ပြပေးလျှက်။


(၃) Stock Exchange - စတော့ရှယ်ယာဈေးကွက်


ပြောင်းလဲမှုများစွာနဲ့ တိုးတက်လာတဲ့ခေတ်ပြိုင်စီးပွားရေးနဲ့အညီ လက်ရှိဖော်ဆောင်လာတဲ့ (Stock Exchange) အကြောင်း အနည်းငယ်မျှဝေလိုက်ပါတယ်။ Stock Exchange ဆိုတာကတော့ Economic System ( စီးပွားရေးစနစ် - ၄) ခု ထဲမှ တစ်ခုဖြစ်တဲ့ Market Capitalism (ဈေးကွက်အရင်းအနှီးစနစ်) ပုံစံမျိုးဖြစ်ပါတယ်။ Stock Exchange (စတော့ရှယ်ယာဈေးကွက်ဟူသည်) ငွေချေးစာချုပ်များ၊ ရှယ်ယာများကို ရောင်းဝယ်သောဈေးကွက်ဖြစ်ပြီး၊ ဈေးနှုန်းကို (ဝယ်လိုအား၊ ရောင်းလိုအား) ဖြင့် ထိန်းချုပ်ပါသည်။

ငွေဖြစ်လွယ်မှု၊ ဈေးကွက်မျှတမှု၊ ပွင့်လင်းမြင်သာမှုများဖြင့် ရင်းနှီးမြုပ်နှံသူများအတွက် ကာကွယ်မှုများကို   ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ Over-the-counter market (OTC) ငွေချေးသက်သေခံလက်မှတ်များကို Stock Exchange ၏ ပြင်ပတွင် ရောင်းဝယ်သော စနစ်ဖြစ်ပါသည်။ Stock Exchange ၏ သတ်မှတ်ထားသော စံနှုန်းများဖြင့် မပြည့်မှီသေးမှီမှာ OTC ဈေးကွက်တွင် ရောင်းဝယ်ခြင်းကို ဆိုပါတယ်။ Securities & Exchange Commission (SEC) ငွေချေးသက်သေခံ လက်မှတ်များရောင်းဝယ်ရေး ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့ဖြစ်ပြီး ရှယ်ယာဈေးကွက်ကြီးတစ်ခုလုံးအား တာဝန်ယူကြီးကြပ်သည့်အဖွဲ့ကိုဆိုပါတယ်။

Investment Banking ငွေချေးသက်သေခံလက်မှတ်အသစ်များ ဖြန့်ဖြူးရောင်းချရာတွင် ငွေရေးကြေးရေးအရ ကြားခံတာဝန်ယူ ဆောင်ရွက်ပေးသောအဖွဲ့ကိုဆိုပါတယ်။ Public Company ရှယ်ယာရှင်အရေအတွက် အကန့်အသက်မရှိဖွဲ့စည်းနိုင်ပြီး Stock Exchange ဈေးကွက်အတွင်း ရှယ်ယာများကိုလွတ်လပ်စွာ လွှဲပြောင်းရောင်းချခွင့်ရှိတဲ့ ကုမ္ပဏီမျိုးကိုဆိုပါတယ်။ Employee Stock Ownership Plan (ESOP) ဝန်ထမ်းများအား ゞင်းတို့လုပ်ကိုင်သော ကုမ္ပဏီများတွင်အစုဝင်ငွေ ပေးသောစနစ်ဖြစ်ပါသည်။

 ရေရှည်အကျိုးခံစားခွင့်ပေးထားသောပုံစံဖြင့်သုံးပါသည်။ Initial Public Offering ကုမ္ပဏီတစ်ခုမှ ゞ၄င်း၏အရင်းအနှီးအတွက် ပထမဦးဆုံးအကြိမ် အစုရှယ်ယာအသစ်များကို အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်းဖြစ်ပါသည်။ (ကျွန်တော်အနည်းငယ်လောက်ပဲ မျှဝေရေးသားထားပါတယ်၊ Stock Exchange မှာ Bond, Coupon Rate, Debt Security, Equity, Margin Trading, Repo စသည်ဖြင့် ဆက်လက်လေ့လာနိုင်မှာဖြစ်ပါတယ်) Stock Exchange ပေါ်လာလျှင် အားလုံးအတွက် များစွာအကျိုးပြုနိုင်ဖို့ မျှော်လင့်မိပါတယ်။

4th Wave Reform ဆိုတဲ့ ပုဂ္ဂလိကရဲ့ လုပ်ငန်းစဉ်ပြောင်းလာလဲမှုတွေနဲ့ ပုဂ္ဂလိက မှ အရင်းအမြစ်၊
 ဈေးကွက် များကို စီမံခန့်ခွဲပြီး နိုင်ငံတော်ရဲ့လုပ်ငန်းစဉ်များမှ ယှဉ်ပြိုင်မှုကိုအားပေးပြီး (ရောင်းလိုအား/ ဝယ်လိုအား) ဈေးကွက်ရှယ်ယာတစ်ခုဖြင့် ထိန်းချုပ်ထားတဲ့ပုံစံမျိုးဖြစ်လာနိုင်ပါတယ်။


(၄) 3 Types of Stock Exchange - စတော့ရှယ်ယာ အမျိုးအစား ၃-မျိုး


လက်ရှိမြန်မာ့စီးပွားရေး အလားအလာမှာ ခေတ်ရှေ့ပြေးလာတဲ့ Stock Exchange ဆိုတာကတော့ Economic System (စီးပွားရေးစနစ်) များထဲမှ တစ်ခုဖြစ်တဲ့ Market Capitalism (ဈေးကွက်အရင်းအနှီးစနစ်) ပုံစံမျိုးဖြစ်ပါတယ်။ စတော့ကို ရင်းနှီးမြုပ်နှံမှုဆောင်ရွက်ရာမှာ စတော့အမျိုးအစားများကို သိဖို့ဆိုတာအရေးကြီးလာပါတယ်။ Stock စတော့ အမျိုးအစား(3) မျိုးရှိပါတယ်။

1. Income Stocks လို့ခေါ်တဲ့ (ပုံမှန်ဝင်ငွေ စတော့)

2. Growth Stocks လို့ခေါ်တဲ့(တိုးပွားနန်း စတော့)

3. Value Stocks လို့ခေါ်တဲ့(ဈေးနိမ့် စတော့) တို့ဖြစ်ပါတယ်။

( 1 ) Income Stocks ( ပုံမှန်ဝင်ငွေ စတော့) အများပိုင် ကုမ္မဏီအများစု က နှစ်စဉ် စာရင်းချုပ်ပြီး အမြတ်အရှူံး စာရင်း၊ ငွေဝင် ငွေထွက် စာရင်း တို့ကို ပြည်သူ ကို ထုတ်ပြန်ကြေငြာ ရပါတယ်။ ကုမ္မဏီ အနေ နဲ့ရလာတဲ့အမြတ်ငွေကို ကုမ္မဏီ ရဲ့လုပ်ငန်း မှာ ပြန်လည် ရင်းနှီးမြုပ်နှံ နိုင်သလို ရှယ်ယာပိုင်ရှင် တွေကို အမြတ်ငွေ ခွဲဝေပေးနိုင်ပါတယ်။ ကုမ္မဏီ ငယ်အများစု က ရရှိလာတဲ့အမြတ်ငွေကို များသောအားဖြင့်ပြန်လည် မြုပ်နှံ လို တဲ့အတွက် ခွဲဝေပေးလေ့မရှိပေမယ့်ကုမ္မဏီ ကြီးအများစု ကတော့ သူ့ရဲ့ရှယ်ယာပိုင်ရှင်တွေထံ အချိုးကျ ခွဲဝေပေးပါတယ်။ အဲဒီ ခွဲဝေပေးတဲ့ငွေ ကို Dividend ခွဲဝေငွေ လို့ခေါ်ပါတယ်။ ပုံမှန်ဝင်ငွေရရှိလိုတဲ့ရင်းနှီးမျြပ်ျနှံမှူ စီးပွားရေး လုပ်ငန်းရှင်များက ဒီလိုပုံမှန်ဝင်ငွေပေးတဲ့ စတော့ရှယ်ယာမျိုးဝယ်ထားလေ့ရှိပါတယ်။ ဘယ်လောက် ရာခိုင်နန်းရသလဲ ဆိုတာကတော့ သင့်ရဲ့ရွေးချယ်မှူအပေါ်မှာမူတည်ပြီး 4% က နေ 10% ထိရှိနိုင်ပါတယ်။ ရေနံကုမ္မဏီ ကြီးတစ်ခုဖြစ်တဲ့ကနေဒီရန်ပိုင် ERF စတော့ ဆိုရင် 10% နီးပါးလောက် Dividend ပေးပြီး ထူးခြားတာကတော့ သူက လစဉ် အမြတ်ငွေခွဲဝေပေးခြင်းပါ။ ဒီ ပုံမှန်ဝင်ငွေ စတော့ များ အကြောင်း ကို ကျွန်တော် နောက်ပိုင်း မှာ အကျယ်ရှင်းပြပြီး ဒီလို စတော့မျိုးဝယ်ထားယုံ နဲ့ဘာမှ လုပ်စရာမလို ပဲ ဘယ်လို ပုံမှန်ဝင်ငွေ ရရှိအောင် လုပ်မလဲ ဆိုတာ ကို ရေးပြီး ဖော်ပြပေးပါ့မယ်။

( 2 ) Growth Stocks (တိုးပွားနှုန်း စတော့) ဒီစတော့ မျိုးကတော့ ကိုယ်ဝယ်ထားတဲ့အရင်းအပေါ်မှာ အမြတ်ငွေ ရရှိစေပါတယ်။ ရင်းနှီးမြုပ်နှံသူအများစုက ဒီလို စတော့ မျိုးကို ရှာပြီး ဝယ်ယူရင်း နှီးလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ စတော့အမျိုးအစာ သုံးမျိုးရှိရာ အနက်မှာ ဒီအမျိုးအစားက အမြတ်ငွေ အများဆုံးပေးလေ့ရှိလို့ပါ။ ဒီလို စတော့ကို ဝယ်ထားယုံနဲ့အမြတ်ငွေ ဘယ်လို ရသလဲ ဆိုတော့ ကိုယ်ဝယ်ထားတဲ့စတော့ ကဈေးတက်လာလို့ပါပဲ ။ ကိုယ်ဝယ်တုန်းက ဥပမာ $6 ဆိုပါစို့။ ကိုယ်က အစုရှယ်ယာပေါင်း 500 ခု ဝယ်လိုက်တယ်ဆိုပါစို့။ နောက် 3လ လောက်ကြာတော့ ကိုယ်ဝယ်ထားတဲ့စတော့ က 6 ကျပ်ကနေ $12 ကျပ်ထိ စေးတက်သွားတယ် ဆိုရင် ကိုယ်ပိုင်ဆိုင်တဲ့ရှယ်ရာပေါင်း 500 ကို သာပြန်ရောင်းလိုက်မယ် ဆိုရင် ကိုယ်မြုပ်နှံထားတဲ့ငွေပမာဏရဲ့နှစ်ဆ ပြန်ရမှာပေါ့။ ကိုယ် က ငွေ သိန်း 300 နဲ့စတယ် ဆိုရင် လပိုင်းအတွင်း ဘာမှ သိပ်လုပ်စရာမလိုပဲ ငွေ သိန်း 600 ရမယ် ဆိုတဲ့သဘောပေါ့။ ဒီ လိုရဖို့ဆိုတာ ကျွန်တော် ဥပမာပြသလောက် မလွယ်ပေမယ့် ဖြစ်နိင်ချေအတွင်းမှာရှိပါတယ်။

( 3 ) Value Stocks (ဈေးနိမ့်စတော့) အမှန်တကယ်တော့ ဈေးနိမ့်စတော့၊ ပေါချောင်ကောင်း စတော့ မျိုးကို ပြောတာပါ။ ဒါပေမယ့်ပေါချောင်ကောင်း စတော့ ဆိုတာကတော့ လုပ်ငန်းအလားအလာအားနည်းသည်ဖြစ်စေ၊ လိုငွေပြ-ငွေလိုမှုများသည်ဖြစ်စေ၊ Broker များ၏ ဈေးကစားမှုဖြစ်စေ၊ ရောင်းလိုအားများနေသည့် စတော့များဖြစ်စေ စတဲ့ Stock ဈေးကွက်အတွင်းမှ တချို့သော စတော့ များကိုဆိုလိုခြင်းဖြစ်ပါတယ်။ Stock စတော့ဈေးကွက်အတွင်းမှာ (ရောင်းချသူ) – (ပွဲစား) – (ဝယ်ယူသူ) – (ထိန်းချုပ်သူ) စတဲ့ အဓိက ပါဝင်နေမှု (၄) မျိုး၏ အပေါ်မူတည်ပြီး ဖော်ပြထားသော စတော့ အမျိုးအစားတွေကို တွက်ချက်သုံးသပ်ပြီး ရန်ကုန်စတော့အိပ်ချိန်းတွင် စီးပွားရေးရင်းနှီးမြုပ်နှံနိုင်စေဖို့ မျှဝေရေးသားလျှက်။

Original Writer- Martin Zhang


(၅) စတော့ရှယ်ယာဈေးနှုန်းကို ဘယ်လိုဖတ်ရမလဲ။


စတော့ဈေးနှုန်းနှင့် ゞင်းဘေးတွင်ပါပါလာတတ်သည့် ကိန်းဂဏန်းများကို သဘောပေါက် ရန် အလွန် လွယ်ကူပါသည်။ ဥပမာပြ၍ရှင်းလင်းလိုသဖြင့် အောက်မှာ အများပိုင်ကုမ္ပဏီအချို့တို့၏ ဈေးနှုန်း ဇယားပုံလေးကို   ရေးစွဲပေး ထားပါသည်။ စတော့ ဈေးနှုန်းနှင့် အညွှန်းကိန်းများကို ထုတ်ပြန်သည့် Website များ သတင်းဌာန များတွင် ဖော်ပြလေ့ရှိ သည့် အတိုင်း စတော့ဈေးနှုန်းဆိုင်ရာ အခြေခံ အချက်အလက်တို့ကိုတွေ့ရပါမည်။ ဇယားပုံလေးကို မြန်မာပြည်အနေအထားနှင့် ကိုက်ညီအောင်   မြန်မာပြည်ရှိကုမ္ပဏီအဖွဲ့အစည်းတစ်ချို့တို့၏ စတော့ဈေးနှုန်းညွှန်းကိန်းများ သကဲ့သို့ ဖြစ်အောင် ဖန်တီးပုံဖော်ထားသည်။ ဥပမာပြ ထားခြင်းဖြစ်၍ ဇယားအတွင်းရှိကိန်းဂဏန်းများသည် လက်တွေ့ ရလဒ်များ မဟုတ်သည်ကိုသိရပါမည်။ ဇယားပုံ သည် ဧပြီလ ၁၀ရက်နေ့ စတော့အိပ်ချိန်းပိတ်ချိန် ညနေ ၄နာရီတွင် ရရှိသည့် အများပိုင်ကုမ္ပဏီ အချို့၏ စတော့ဈေးနှုန်းနှင့် ဆက်စပ်ညွှန်းကိန်းများ ကို ဖော်ပြထားသည်။

Column 1 & 2: 52 W High and Low Col 1 နှင့် Col 2 ကို ကြည့်လိုက်ပါ။

ထို Column နှစ်ခုတွင်   ဖော်ပြ ထားသည့် ကိန်းဂဏန်းများသည် အစုရှယ်ယာတစ်ခု၏ လွန်ခဲ့သည့် ၅၂ပတ် သို့ တစ်နှစ်ကာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့သည်။   ဈေးနှုန်းများအနက် အမြင့်ဆုံးဈေးနှုန်း High နှင့် အနိမ့်ဆုံးဈေးနှုန်း Low များဖြစ်သည်။ ဥပမာ FMI ရှယ်ယာ၏ လွန်ခဲ့သည့် ၅၂ပတ် အတွင်းအမြင့်ဆုံးဈေးနှုန်းမှာ ၁၀၅၀ဝကျပ် ဖြစ်ပြီး AGD ဘဏ် ရှယ်ယာ၏ အနိမ့်ဆုံး အရောင်းအဝယ် ဖြစ်ခဲ့သော ဈေးနှုန်းမှာ ၉၆၀ဝကျပ်ဖြစ်သည်။

Column 3: ကုမ္ပဏီစတော့အမည်နှင့် စတော့အမျိုးအစား

ဤ Column တွင် ရောင်းဝယ်သည့်အစုရှယ်ယာ၏ အများပိုင် ကုမ္ပဏီအမည် ကိုဖော်ပြထားသည်။ ကုမ္ပဏီအမည်၏နောက်တွင်အထူးစကားလုံးတို သို့ အက္ခရာတစ်ခုခု မပါလျှင် ゞင်းအစုရှယ်ယာသည် သာမန်အစု ရှယ်ယာဖြစ်သည်။ ပါခဲ့လျှင် အခြား အစုရှယ်ယာအမျိုးအစားဖြစ်သည်။ ဥပမာအနေဖြင့် ဇယားပုံတွင်ပါရှိသည့် မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာသည် PF ဟုပါရှိ၍ ဦးစားပေးရှယ်ယာ Preferred အမျိုးအစားဖြစ်သည်။

Column 4: Ticker Symbol စေတာ့အက္ခရာ

စတော့သင်္က࿿တေ Ticker သည် စတော့ရှယ်ယာ ၏ အက္ခရာအမည်ဖြစ်သည်။ Bloomberg စသည့် စီးပွားရေးသတင်းရုပ်သံလိုင်းများကို ကြည့်လျှင် စတော့အက္ခရာများပြေးနေပြီး စတော့ဈေးနှုန်းနှင့် အတက်အကျ ကို ဘေးတွင်ဖော်ပြသည်ကို တွေ့ရမည်။ ထို့ကြောင့် Ticker Symbol သည် အစုရှယ်ယာ၏ အတိုကောက် အက္ခရာအမည် ဖြစ်သည်။ AAPL သည် Apple အစုရှယ်ယာ၏ Ticker Symbol ဖြစ်ပြီး အောက်တွင် ဥပမာပြသည့် အတိုင်း First Myanmar Investment အစုရှယ်ယာ၏ Ticker Symbol မှာ FMI ဖြစ်သည်။

Column 5: Dividend per Share အစုရှယ်ယာ တစ်ခုလျှင်ပေးသည့် အမြတ်ဝေစုပမာဏ

ဤ Column တွင် ဖော်ပြပါအများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာတစ်ခုလျှင် နှစ်စဉ်ရမည့် အမြတ်ဝေစု ပမာဏကိုပြထားသည်။ Div သည် Dividend အမြတ်ဝေစု၏ အတိုကောက်   ဖြစ်သည်။ ဤ Column အောက်တွင် ဘာမှမဖော်ပြထားသော ကုမ္ပဏီသည် အမြတ်ဝေစု ပေးဝေခြင်းမရှိသေးပေ။ ထို့ကြောင့် FMI ၏ နှစ်စဉ်ငွေသား အမြတ်ဝေစု သည် ၂၀ဝကျပ် ဖြစ်ပြီး AGD ကတော့ အမြတ်ဝေစု မပေးသေးဟု ဇယားပုံမှာတွေ့ နိုင်သည်။

Column 6 Dividend Yield အမြတ်ဝေစုရရှိနှုန်း

အမြတ်ဝေစုပေးဝေမှုပမာဏသည် ယနေ့ရှယ်ယာ ပေါက်ဈေး၏ ရာခိုင်နှုန်းမည်မျှရှိသည်ကို   ဖော်ပြထားခြင်းဖြစ်သည်။ အမြတ်ဝေစုကိုတည်ပြီး အစုရှယ်ယာ၏ ပေါက်ဈေးနှင့် စားထားခြင်း ဖြစ်သည်။ အစုရှယ်ယာဈေးတက်သည် ထက် ゞင်းမှနှစ်စဉ်အမြတ်ဝေစုငွေကို မျှော်မှန်းလိုသူများ အတွက်အသုံးဝင်သည့် ရာနှုန်း ဖြစ်သည်။ ဥပမာအားဖြင့်ပုံတွင်ဖော်ပြသည့် အတိုင်း အမြတ်ဝေစုများများလိုချင်လျှင် FMI ထက် MCB ၏ အစုရှယ်ယာကိုရွေးသင့်ပါသည်။ MCB သည် အမြတ်ဝေစုရရှိနှုန်းပိုများ၍ မိမိရင်းနှီးသောငွေ ၁၀ဝကျပ်လျှင် အမြတ်ဝေစု ၁၀ကျပ်ရရှိမည် ဖြစ်ပြီး FMI ကမူ ၁၀ဝကျပ်ရင်းမှ ၁ကျပ် ၅၄ပြားခန့်သာ နှစ်စဉ် အမြတ်ဝေစုခွဲပေးသည့် သဘောဖြစ်သည်။ အမြတ်ဝေစုခွဲပေးမှုများတိုင်း ပိုကောင်းသည့် အစုရှယ်ယာလို့တော့မဆိုနိုင်ပါ။

Column 7: Price/ Earnings Ratio သို့ P/E အချိုးရလဒ်

အစုရှယ်ယာတစ်ခု၏ ပေါက်ဈေးနှင့် ゞင်းအစုရှယ်ယာကို ထုတ်ဝေသည့် ကုမ္ပဏီ၏ အမြတ်ငွေကို မီးမောင်းထိုးပြသော အချိုးဖြစ်သည်။ ရလဒ်နည်းလေကောင်းလေဖြစ်သည်။ ရလဒ်ကြီးနေ သော အစုရှယ်ယာ သည်ဈေးမြောက်နေသည်ဟု ဆိုနိုင်သည်။ P/E ကို ယနေ့ ပေါက်ဈေးကို တည်ပြီး Column 9 ရှိ EPS ဖြင့်စားခြင်းမှ ရရှိ နိုင်သည်။ P/E သဘောတရားကိုသိရန်ကို ဥပမာ ဇယားပုံရှိ AGD ဘဏ်၏ P/E ကို ကြည့်လိုက်ပါ။ P/E ၉ ဆိုသည်မှာ AGD ဘဏ်၏အမြတ်ဝင်ငွေ သည် မနှစ်ကအတိုင်းယခုနှစ်တွင် ရရှိနိုင်မည် ဆိုပါက ဝယ်ဈေး၏ ၉ကျပ်လျှင် AGD ဘဏ်သည် ၁ကျပ် ပြန်ရှာပေးနိုင်သည်ဟူ၍ဖြစ်သည်။ တိုတို ပြောသော် AGD စတော့ပေါက်ဈေး၏ ၉ကျပ်တိုင်း သည် ၁ကျပ်နှစ်စဉ်ရှာပေးနေခြင်းဖြစ်သည်။ FMI ၏ P/E မှာမူ ၈၀ ဖြစ်နေ၍   နှစ်စဉ် ၁ကျပ်ရှာရန် ၈၀ကျပ်ဖိုး ဝယ်ယူထားရမည်ဖြစ်နေသောကြောင့် ဈေးမြောက်နေသည်ဟုဆိုပါသည်။

Column 8: Trading Volume အရောင်းအဝယ် ဖြစ်မှုအရေအတွက်

အစုရှယ်ယာတစ်ခု၏ တစ်နေ့တွင် အရောင်း အဝယ်ဖြစ်ခဲ့သည့် အရေအတွက်ပင်ဖြစ်သည်။ ဤ Column အောက်ရှိ ဂဏန်းကို သုညနှစ်လုံး ထပ်တိုး၍ ဖတ်သင့်သည်။ ဥပမာ FMI စတော့ အရောင်း အဝယ်ဖြစ်သည့် အရေအတွက်သည် ၃၀ဝခု မဟုတ်ပဲ ၃၀ဝ၀ဝခုဖြစ်သည်။

Column 9: Earning Per Share ရှယ်ယာတစ်ခု လျှင် ရရှိသော အမြတ်ငွေ

ဥပမာဆိုပါစို့။ AGD ဘဏ်သည် မနှစ်က အမြတ်ငွေ ကျပ် သိန်း ၁၁၁၁ ဝင်ခဲ့သည်။ AGD ဘဏ်မှထုတ်ဝေထားသော ရှယ်ယာစုစုပေါင်း အရေအတွက်မှာ တစ်သိန်းခုတိတိဖြစ်လျှင် ရှယ်ယာတစ်စောင်ခြင်းစီ၏ အမြတ်ငွေမှာ ၁၁၁၁ကျပ် ဖြစ်သည်။ ထို့ကြောင့် AGD အစုရှယ်ယာ၏ EPS မှာ ၁၁၁၁ကျပ် ဖြစ်လေသည်။ EPS သည် ရှယ်ယာတစ်ခု၏ မနှစ်က ရရှိခဲ့သည့် အမြတ်ဝင်ငွေကိုပြသည်။ ပုံတွင် FMI သည် မနှစ်က ရှယ်ယာတစ်စုလျှင် ၁၆၄ ကျပ်သာ အမြတ်ငွေအဖြစ်ဝင်ခဲ့ပါသည်။

Column 10 & 11: Day High and Low

ယနေ့ အရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာ ဈေးနှုန်းများ အနက် အမြင့်ဆုံး High နှင့် အနိမ့်ဆုံး Low ဈေးနှုန်းများဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် အများဆုံးဈေးနှုန်း ၁၃၃၀ဝကျပ် နှင့် အနည်းဆုံးဈေးနှုန်း ၁၂၉၀ဝကျပ်ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။

Column 12: Previous Close မနေ့ကအပိတ်ဈေး

ဇယားပုံအတိုင်းဆိုလျှင် ယနေ့ ဧပြီလ ၁၀ရက် ဆိုပါက မနေ့ကဧပြီလ ၉ရက်နေ့ အိပ်ချိန်းပိတ်ချိန် မတိုင်မှီ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော အစုရှယ်ယာဈေးနှုန်းဖြစ်သည်။

Column 13: Close Price အပိတ်ဈေး

အပိတ်ဈေးဆိုသည်မှာ စတော့အိပ်ချိန်းမပိတ်မှီ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သော စတော့ ရှယ်ယာ၏ ဈေးနှုန်းဖြစ်သည်။ အပိတ်ဈေးနှင့် ပတ်သက်၍သိရမည်မှာ အပိတ်ဈေးအတိုင်း နောက်နေ့တွင် အစုရှယ်ယာများကို ဝယ်ယူလို့ ရချင်မှရမည်ဆိုတာပဲဖြစ်သည်။ စတော့ဈေးကွက် တွင် အစုရှယ်ယာများ၏ ဈေးနှုန်းသည် စတော့အိပ်ချိန်း ပိတ်ချိန်များတွင်ပင် အမြဲတစေ ပြောင်းလဲနေနိုင်သည်။ အပိတ်ဈေးသည် သေချာပေါက်ဝယ်လို့ရမည့် ဈေးနှုန်းမဟုတ်သော် လည်း မိမိကမည်မျှပေး၍ အစုရှယ်ယာတစ်ခုကို ဝယ်သင့် ရောင်းသင့်သည်ကို နှိုင်းယှဉ် ညွှန်ပြနိုင်သော ဈေးနှုန်းတန်ဖိုးတစ်ခုသာဖြစ်သည်။

Column 14 & 15: Net Change & Rate အပြောင်း အလဲပမာဏနှင့် ပြောင်းလဲနှုန်း

အစုရှယ်ယာတစ်ခု၏ မနေ့က အပိတ်ဈေးနှုန်းမှ မည်မျှပမာဏ အတက်အကျဖြစ်သွားသည်ကို ပြသည်မှာ Net Change ပင်ဖြစ်သည်။ ဇယားပုံတွင် FMI စတော့သည် ဧပြီလ ၉ ရက်နေ့ အပိတ်ဈေးတွင် ၁၂၈၀ဝကျပ်ရှိရာမှ ဧပြီ ၁၀ရက် တွင် ၁၃၀ဝ၀ကျပ်ရှိခဲ့သဖြင့် Net Change မှာ ၂၀ဝကျပ် အတက်ပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် FMI ၏ စတော့မှာ ဧပြီလ ၉ရက်နေ့က ဈေးနှုန်းမှ ၁ ဒသမ ၅၆ ရာခိုင်နှုန်း အတက်ပြ ခဲ့သည်ဟု ဆိုနိုင်သည်။ ထို အတက်ပြ သည့် ရာခိုင်နှုန်းသည် Change Rate ပြောင်းလဲနှုန်းဖြစ်သည်။ သတင်းဌာနများက စတော့ဈေးနှုန်းများကို TV တွင် ဖော်ပြရာတွင် လက်ရှိအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်း၊ ゞင်း၏ဘေးတွင် မနေ့ကအပိတ်ဈေးမှ မည်မျှပြောင်းလဲသည်ကိုပြသည် ပြောင်းလဲနှုန်း Change Rate ကိုသာအဓိကဖော်ပြလေ့ရှိသည်။ Change Rate သည် စိမ်းနေလျှင် အတက်ပြသည့် စတော့ဈေးနှုန်းဖြစ်ပြီး အနီရောင်ဖြစ်နေပါက မည်မျှကျဆင်းသွားသည်ကို ပြသည့် ရာခိုင်နှုန်းသာ ဖြစ်သည်။ အခုဆိုလျှင်စတော့ဈေးနှုန်းနှင့် ပတ်သက်သည့် ကိန်းဂဏန်းများကို တင်ပြလို့ပြီးပါပြီ။

၎င်းတို့ကို ကြည့်လျှင် စတော့ဈေးနှုန်းတစ်ခု၏ ပေးသင့်သော တန်ဖိုးကို အနည်းနှင့်အများ သိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စတော့တစ်ခု၏ ပေါက်ဈေးဆိုသည်ကို ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများကို ကြည့်၍ ပျှမ်းမျှအားဖြင့် အရောင်း အဝယ်ဖြစ်နိုင်မည့် ဈေးနှုန်းဟုသာ သတ်မှတ် ရပါမည်။ ယခုတင်ပြခဲ့သော အကြောင်းအရာများသည် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်များသာ ဖြစ်ပြီး စတော့ရှယ်ယာတစ်ခုကို ဝယ်ယူ ရင်းနှီး သင့်မသင့် ဆုံးဖြတ်ရန် ပိုင်းခြားသုံးသပ်ချက် Analysis လုပ်နည်းများ မဟုတ်သေးပါ။ ထို့ကြောင့် စတော့ဈေးနှုန်းနှင့်ဆိုင်သော အချက်အလက်များကို ကြည့်ရုံဖြင့်အစုရှယ်ယာတစ်ခု၏ စစ်မှန်သည့် တန်ဖိုးကို မသုံးသပ်နိုင်ပါဟုပြောလိုပါသည်။ ဈေးကွက်ရှိ ပေါက်ဈေးသည် အစုရှယ်ယာတစ်ခု၏ အစစ်အမှန်တန်ဖိုးနှင့် အမြဲကင်းကွာနေတတ်သည် ကို ရင်းနှီးမြှုပ်နှံသူတိုင်း နှလုံးသွင်းထားရပါမည်။ Source-MOI

Ref:http://esmemm.com/article-detail/3061#/1004/2371#/2566

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!