Popular Posts!

Friday, March 3, 2017

ဘဏ်ချေးငွေအမျိုးအစားများ နှင့် ငွေချေးယူနည်းများ!

ဘဏ်ချေးငွေအမျိုးအစာများတွင်

(၁) စာရင်းပိုထုတ်ချေးငွေ (Overdrafts)
(၂) သာမာန်ချေးငွေ (Loans)
(၃) အငှားဝယ်စနစ်ချေးငွေ (Hire Purchase)
(၄) ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ (Gold Financing)
(၅) လွယ်ကူချေးငွေ(Easi Credit)
(၆) ချိုသာချေးငွေ (Economy Financing)
(၇) ကုန်စည်အာမခံချေးငွေ(Pledge)
(၈) ကုန်သွယ်မှု ငွေကြေးအထောက်အပံ့(Trade Facility) စသည်တို့ဖြစ်ပါတယ်။

(၁) စာရင်းပိုထုတ်ချေးငွေ (Overdrafts)


ဘဏ်တွင်စာရင်းဖွင့်ထားသော ဖောက်သည်ဖြစ်ရပါမည်။

ဘဏ်ကခွင့်ပြုထားသည့် ချေးငွေပမာဏကို ဖောက်သည်၏ စာရင်းရှင်အပ်ငွေစာရင်းရှိ ငွေပမာဏထက် စာရင်းပိုထုတ်ယူနိုင်ရန် ခွင့်ပြုထားသည့် ချေးငွေအမျိုးအစား ဖြစ်ပါသည်။

ခွင့်ပြုသည့်ငွေပမာဏအပေါ် လိုအပ်သလောက်သာ ထုတ်ယူ ခွင့်ရှိပြီး အသုံးမလိုလျှင်/ ပိုလျှံနေလျှင် ချေးငွေစာရင်းသို့ ပြန်လည်ပေးသွင်းထားနိုင်ပါသည်။ အတိုးသက်သာစေနိုင်ပါသည်။

ထုတ်ယူသုံးစွဲသည့် ငွေအပေါ် ရက်အလိုက် အတိုးတွက်ချက်ပါသည်။

ပြက္ခဒိန်ပါ ဘဏ္ဍဍာရေးနှစ်၏ (၃) လပါတ် ကုန်ဆုံးသည့် နေ့တွင်သာ အတိုးတွက်ချက်ပါသည်။

ချေးငွေသက်တမ်း မှာ စတင်သည့်နေ့မှ တစ်နှစ်ကာလပြည့် သည့်နေ့အထိ (နှစ်တို) ဖြစ်ပါသည်။

ခွင့်ပြုငွေပမာဏထက် ကျော်လွန်၍လည်းကောင်း၊ ချေးငွေ သက်တမ်းကုန်ဆုံးသည့်နေ့ ကျော်လွန်၍ လည်းကောင်း ငွေထုတ်ယူခွင့်မပြုပါ။

ချေးငွေသက်တမ်း မကုန်မီ ချေးငွေသက်တမ်းတိုး ခွင့်ပြုရန် လျှောက်ထားနိုင်ပါသည်။

ချေးငွေသက်တမ်းတိုးခြင်းမရှိပါက ချေးငွေအရင်းနှင့်အတိုး များကို အပြေအကြေပေးဆပ်ရပါမည်။

(၂) သာမန်ချေးငွေ (Loans)


ဘဏ်တွင်စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ထားသော ဖောက်သည်ဖြစ်ရပါမည်။

ကာလသတ်မှတ်ချက်ဖြင့် အကျိုးအမြတ်ရရှိနိုင်သော စီမံကိန်း / စီမံချက်လုပ်ငန်းများအတွက် ဆောင်ရွက်သင့်သည့် ချေးငွေ အမျိုးအစားဖြစ်ပါသည်။

တောင်းခံလျှင် ပေးဆပ်ရမည့်ချေးငွေ အမျိုးအစားဖြစ်ပါသဖြင့် သတ်မှတ်ကာလပြည့်သည့်နေ့တွင် အရင်းငွေအပြည့်အဝကို အပြေအကြေပေးဆပ်ရပါမည်။

ဘဏ်ကခွင့်ပြုသည့်ချေးငွေပမဏကို တစ်လုံးတစ်ခဲတည်း ထုတ်ယူသည်ဖြစ်စေ၊ မထုတ်ယူသည်ဖြစ်စေ၊ အချို့တဝက်သာ ထုတ်ယူသည်ဖြစ်စေ ခွင့်ပြုသည့်ငွေပမာဏအပေါ် လစဉ် (သို့မဟုတ်) (၃)လတစ်ကြိမ် သတ်မှတ်သည့်အတိုးနှုန်းဖြင့် ပုံမှန်အတိုးတွက်ချက်ရယူပါမည်။

(၃) အငှားဝယ်စနစ်ချေးငွေ (Hire Purchase)


အငှားဝယ်စနစ်ဖြင့် ဆောင်ရွက်လိုကြောင်း သတ်မှတ်ပုံစံဖြင့် လျှောက်ထားရပါမည်။

ဖောက်သည်က ဝယ်ယူလိုသောကုန်ပစ္စည်း( ဥပမာ မော်တော်ကား၊ စက်ပစ္စည်း၊ တိုက်ခန်း၊ အဆောက်အအုံနှင့် အသုံးအဆောင်ပစ္စည်းများ)၏ တန်ဖိုးအပေါ်ကနဦး ပေးသွင်းရမည့်ငွေပမာဏကို ဖောက်သည်ကကြိုတင် ပေးသွင်းစေပြီး ကျန်ငွေကိုဘဏ်က စိုက်ထုတ်ပေးချေ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

ဘဏ်ကစိုက်ထုတ်ငွေအပေါ် သတ်မှတ်ကာလအတွင်း ဖောက်သည်က အရစ်ကျပြန်လည်ပေးဆပ်နိုင်သည့် ချေးငွေအမျိုးအစားဖြစ်ပါသည်။

ကနဦးပေးသွင်းရမည့်ငွေ နှင့် အတူ သတ်မှတ်ကာလအတွင်း ငှားရမ်းခကို သတ်မှတ်နှုန်းဖြင့်တွက်ချက်ပါသည်။ ငှားရမ်းခ ကို တစ်ပေါင်းတည်းပေးသွင်းလိုပါက ပေးသွင်းနိုင်ပြီး ပစ္စည်းတန်ဖိုးအပေါ် ကနဦးပေးသွင်းငွေခုနှိမ်ပြီး ကျန်ငွေကို အရစ်ကျ (ပုံမှန်) ပေးသွင်းနိုင်ပါသည်။

အငှားဝယ်စနစ်ဖြင့် ဆောင်ရွက်မည့် ဖောက်သည်အား ဘဏ်မှယုံကြည်ရသော လူပုဂ္ဂိုလ် (၂) ဦးက အာမခံပုံစံ နှင့် အာမခံစာချုပ်များတွင် လက်မှတ်ရေးထိုးအာမခံရပါမည်။

လိုအပ်ပါက ဝယ်ယူသည့်ပစ္စည်းတန်ဖိုးအတွက်လုံလောက် သည့် အာမခံ/ ပိုင်ဆိုင်မှုကို ပေးအပ်ထားရပါမည်။

အရစ်ကျပေးသွင်းရမည့်ငွေကို သတ်မှတ်သည့်နေ့တွင် ပေးသွင်းရန် ပျက်ကွက်ပါက နောက်ကျကြေးပေးဆောင်ရပါမည်။

ကနဦးပေးသွင်းရမည့်ငွေပမာဏ နှင့် အရစ်ကျပေးဆပ်ရမည့် ငွေပမာဏ ကို အငှားဝယ်စနစ် လုပ်ငန်းအလိုက် အချိုးနှုန်း သတ်မှတ်နိုင်ပါသည်။

အငှားဝယ်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ဘဏ်နှင့် ကုန်ပစ္စည်း ရောင်းချမည့် ကုမ္ပဏီ/ အရောင်းဆိုင်တို့ နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုထားရပါမည်။

အငှားဝယ်စနစ်ဖြင့် ဆောင်ရွက်သည့် ဖောက်သည်အား အငှားဝယ်စနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းကို ဘဏ်ပိုင်ငွေဖြင့် ဝယ်ယူခဲ့ပြီး ဘဏ်ကယုံကြည်အပ်နှံ အသုံးပြုခွင့်ပေးထားခြင်း ဖြစ်ကြောင်း ဝန်ခံကတိ ပြုစာချုပ်နှင့် ဘဏ်ကသတ်မှတ် သည့်အတိုင်း ပစ္စည်းတန်ဖိုးမပြေကြေပါက ပိုင်ဆိုင်မှုကို လွှဲပြောင်း ပေးအပ်ရန် သဘောတူ ကတိစာချုပ်တို့ကို ချုပ်ဆိုရပါမည်။

အငှားဝယ်စနစ်ဖြင့် ဝယ်ယူထားသောပစ္စည်းကို ဘဏ်သို့ ပြန်လည်ပေးအပ်ရာတွင် ပစ္စည်း၏ကာလတန်ဖိုး ကျဆင်းခြင်း၊ ထိခိုက်ပျက်စီးကျိုးပဲ့နေခြင်း နှင့် ပစ္စည်းအရည်အသွေး မူလအဆင့် မမီတော့ကြောင်း စီစစ်သတ်မှတ်ခံရပါကဘဏ်သို့ ပေးရန်ကျန်ငွေကို ဖောက်သည်က ပေးဆပ်ရပါမည်။ မပေးဆပ်နိုင်လျှင် အာမခံသူ (၂) ဦးက အညီအမျှ ပေးဆပ်ရန် တာဝန်ရှိရပါမည်။


(၄) ရွှေနှင့်ရွှေထည်ပစ္စည်း အာမခံချေးငွေ (Gold Financing)


စာရင်းရှင်အပ်ငွေစာရင်းဖွင့်လှစ်ထားသော ဘဏ်၏ ဖောက်သည်ဖြစ်ရပါမည်။

ဘဏ်၏ ဖောက်သည်က ပိုင်ဆိုင်သော ရွှေထည်ပစ္စည်းများကို အာမခံထားရှိပြီး လိုအပ်သောငွေကြေး အရင်းအနှီးအတွက် ချေးငွေရယူနိုင်ပါသည်။

ရွှေတုံး၊ ရွှေခဲ၊ ရွှေချောင်းများ သာမက ရွှေနှင့်ရွှေထည် ပစ္စည်းများ၊ ရွှေဖြတ်စများကို ရွှေအရည်အသွေး စစ်ဆေး သည့်ရွှေရည်စမ်းစက်ဖြင့် စစ်ဆေးပါသည်။

ဘဏ်ကကျွမ်းကျင်သော ရွှေရာဖြတ်ကို ခန့်ထားပါသည်။

ရွှေ၏သိမ့်သည်းဆကို သာမက ရွှေအရည်အသွေး (၁၆အေ) ပဲရည်ပြည့်ဝခြင်း ရှိမရှိကို စစ်ဆေးပေးပါမည်။ ရွှေ၏အလေးချိန်ကို ဂရမ်ဖြင့်သာမက မြန်မာ့အချင်အတွယ်ဖြစ်သည့် ကျပ်၊ ပဲ၊ ရွေး ဖြင့်တိကျမှန်ကန်စွာ စစ်ဆေးတိုင်းတာနိုင်ပါသည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့် နေ့စဉ်ကာလပေါက်ဈေးသတ်မှတ်ချက်နှင့်အညီ ဝန်ဆောင်မှု ပေးပါသည်။

ရာဖြတ်တန်ဖိုး၏ ၇၀% နှင့် ၇၅% ထိ ချေးငွေခွင့်ပြုပါသည်။

ပြည်ပရွှေ နှင့် ရွှေဖြူ ၊ စိန်၊ ကျောက်မျက်ရတနာများအား လက်ခံဆောင်ရွက်ခြင်းမပြုပါ။

ရွှေ နှင့် ရွှေထည်ပစ္စည်းများကိုဖောက်သည်၊ ဘဏ်ရာဖြတ် နှင့် ဘဏ်အရာရှိတို့ (၃) ဦးရှေ့တွင် အဝတ်အိတ်ဖြင့် စနစ်တကျထုပ်ပိုးပြီး လက်မှတ်ရေးထိုး၍ ချိတ်ပိတ်ထားပါသည်။

ချိတ်ပိတ်ပြီးအထုပ်ကို လုံခြုံပစ္စည်းအပ်နှံ ထိန်းသိမ်းမှု မှတ်ပုံတင်စာအုပ်တွင် စာရင်းရေးသွင်းပြီး ဘဏ်၏ ငွေတိုက် အတွင်းရှိ သီးသန့် Safe Locker ဖြင့် ထိန်းသိမ်းထားရှိ ပါသည်။

(၆) လွယ်ကူချေးငွေ


ဘဏ်တွင် အပ်ငွေစာရင်းရှိသော ဖောက်သည်ဖြစ်ရပါမည်။ (ငွေစုဘဏ်အပ်ငွေစာရင်း/ အချိန်ပိုင်းအပ်ငွေစာရင်း)

ဖောက်သည်၏အပ်ငွေအပေါ် အတိုးရပိုင်ခွင့်များ နစ်နာမှု မရှိစေဘဲ အပ်ငွေအာမခံဖြင့် ငွေချေးယူ နိုင်သည့်ချေးငွေ အမျိုးအစားဖြစ်ပါသည်။

ဘဏ်သို့အပ်နှံထားငွေ ပမာဏ၏ ၈၀% ထိ ထုတ်ချေး နိုင်ပါသည်။

အပ်ငွေအတွက် Saving Passbook, Saving Certificate, Bill or Board စသည့်အထောက်အထားများကို တင်ပြရပါမည်။

အပ်ငွေလက်ကျန်ပမာဏကို အာမခံအပ်ငွေအဖြစ်သတ်မှတ် ပြီးပါက ゞင်းစာရင်းမှ ငွေထုတ်ယူ ခွင့်ရပ်ဆိုင်းထားခြင်း နှင့် ဆက်နွယ်စာရင်းများအား Link ချိတ်ဆက်ခွင့် ရပ်ဆိုင်းထားခြင်းတို့ကို ပြုလုပ်ထားပါမည်။

သတ်မှတ်ကာလအတွင်း အရင်း နှင့် အတိုးငွေများကို အပြေအကြေပေးဆပ်ရပါမည်။

သတ်မှတ်နေ့ကျော်လွန်ပါက နောက်ကျကြေးပေးသွင်းရပါမည်။ နောက်ကျရက် (၃) ရက်ပြည့်ပါက မူလအပ်ငွေ စာရင်းမှ တပေါင်းတည်းခုနှိမ်ရယူမည်ဖြစ်ပါသည်။

(၆) ချို သာချေးငွေ (Economy Financing)


စာရင်းရှင်အပ်ငွေစာရင်း ဖွင့်လှစ်ထားသော ဖောက်သည် ဖြစ်ရပါမည်။

စီးပွားရေးလုပ်ငန်းရှင်များ၏ ငွေကြေးလည်ပတ်မှု ကောင်းမွန် သွက်လက်စေရေးအတွက် ဖြည့်ဆည်းပေးသည့်ချေးငွေ အမျိုးအစားဖြစ်ပါသည်။

လိုအပ်သည့်ငွေကြေးပမာဏကို ဖောက်သည်က ပေးအပ်သည့် အာမခံပစ္စည်းအပေါ် ရာဖြတ်တန်ဖိုးဖြင့် သတ်မှတ်ပါသည်။

ခွင့်ပြုသည့်ချေးငွေပမာဏကို လစဉ် ချေးငွေ၏ (၁၀%) အရစ်ကျပေးဆပ်သည့် စနစ်ဖြစ်ပါသည်။

ပေးဆပ်ရန် ကျန်ငွေအပေါ်တွင်သာ အတိုးတွက်ချက်ပါသည်။

သာမန်ချေးငွေအပေါ် ပေးရသည့်အတိုးငွေ၏ (၁၀%) ချိုသာခွင့်ရရှိပါသည်။

(၇) ကုန်စည်အာမခံချေးငွေ (Pledge)


ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် လယ်ယာထွက်ကုန် သီးနှံများအား ဘဏ်သို့လက်ရောက် အပေါင်အဖြစ် ပေးအပ်၍ ချေးငွေရယူနိုင်ပါသည်။

ဆန်၊ ပဲအမျိုးမျိုးနှင့် နှမ်းစသည့်သီးနှံများဖြင့် လက်ရောက် အပေါင်ထားရှိနိုင်ပါသည်။

သီးနှံရာဖြတ်၏ ရာဖြတ်တန်ဖိုး၏ (၆၀%) ထိ ချေးငွေခွင့်ပြု နိုင်ပါသည်။

ကုန်ပစ္စည်းများကို ဘဏ်မှ လက်ရောက်ရယူပြီးမှသာ ချေးငွေခွင့်ပြုပါမည်။

ဘဏ်၏သိုလှောင်ရုံတွင် ထိန်းသိမ်းထားရှိခြင်းအတွက် သိုလှောင် ထိန်းသိမ်းခကို ကုန်ပစ္စည်းပိုင်ရှင်က ပေးချေရပါမည်။

ပစ္စည်းပိုင်ရှင်၏ သိုလှောင်ရုံတွင်သာ ထိန်းသိမ်းထားရှိပါက ဘဏ်၏ခွင့်ပြုချက်မရရှိဘဲ ပစ္စည်းထုတ်သွင်း ခြင်းမပြုရ၊ သိုလှောင်ရုံ ဖွင့်ပိတ်ခြင်းမပြုရ၊ သိုလှောင်ရုံ၏သော့များကို ဘဏ်မှသိမ်းဆည်းထားပါမည်။ (သို့မဟုတ်)ဘဏ်ပိုင်သော့ဖြင့် သော့ခတ်ထားပါမည်။


(၈) ကုန်သွယ်မှု ငွေကြေးအထောက်အပံ့(Trade Facility)


ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်နေသော သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းရှင်ဖောက်သည်များအတွက် ငွေကြေး အထောက်အပံ့ပေးခြင်းဖြစ်ပါသည်။

မြေနှင့်အဆောက်အဦး ပိုင်ဆိုင်မှု (သို့) ရွှေနှင့်ရွှေထည်ပစ္စည်းများ (သို့) ငွေစုဘဏ်အပ်ငွေစာရင်းများအား အာမခံအဖြစ်ထားရှိ၍ ကုန်သွယ်မှုငွေကြေး အထောက်အပံ့ ရယူနိုင်ပါသည်။

ကုန်သွယ်မှုငွေကြေးအထောက်အပံ့အား ဝန်ဆောင်မှု(၃) မျိုး ဖြင့်ဆောင်ရွက်ရယူနိုင်ပါသည်။ 

(1) Import LC Loan 


     သွင်းကုန်လုပ်ငန်းရှင်များအတွက် မိမိတို့တင်သွင်းလိုသည့် ကုန်ပစ္စည်းအတွက် လိုအပ်သည့် ငွေကြေး အထောက်အပံ့ပေးခြင်းဖြစ်ပါသည်။ 

(2) Export Packing Loan 


     ပြည်ပပို့ကုန်လုပ်ငန်းရှင်များအတွက် မိမိတို့ တင်ပို့လိုသည့် ကုန်ပစ္စည်းထုတ်လုပ်ရန်အတွက် လိုအပ်သည့် ငွေကြေးအထောက်အပံ့ပေးခြင်းဖြစ်ပါသည်။ 

(3)Trust Receipt Loan 


ဘဏ်၏ဦးစားပေးဖောက်သည်များအတွက် ယုံကြည် အပ်နှံမှုစာချုပ်အရ ငွေပေးချေရမည့် ငွေပေးအမိန့် လက်မှတ်ကို စာရင်းရှင်းပေးချေရန် ငွေကြေးအထောက် အပံ့ပေးခြင်းဖြစ်ပါသည်။

ဖောက်သည်များမှ ကုန်သွယ်မှုငွေကြေးအထောက်အပံ့ ရယူခြင်းဖြင့် သမဝါယမဘဏ်မှတဆင့် ကုန်ရောင်းသူ ဘဏ်များအား တိုက်ရိုက်ဖြစ်စေ / သွယ်ဝိုက်၍ ဖြစ်စေ ငွေလွှဲစာတမ်းဖွင့်လှစ်နိုင်ပါသည်။

ကုန်သွယ်မှုငွေကြေးအထောက်အပံ့သက်တမ်းကာလမှာ ငွေလွှဲစာတမ်းပေါ်မူတည်ပြီး သက်တမ်းတို(၃)လ၊ (၆)လ၊ (၉)လစသည်ဖြင့် အများဆုံးသက်တမ်း(၁)နှစ်အထိ ရယူနိုင်ပါသည်။

အတိုးနှုန်း၁၂%နှင့် သက်မှတ်စရိတ်၁%ဖြစ်ပြီး ချေးငွေ သက်တမ်းအလိုက် ကောက်ခံသွားမည်ဖြစ်ပါသည်။

Credit to CB Bank

Ref:http://esmemm.com/article-detail/3209

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!