Famer Right Law Original~ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ
Famer Right Law Original တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ by Ko Nge on Scribd
မေးချင်တာမေး စိုက်ပျိုးရေး*********************************
တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးပညာပေးလုပ်ငန်းများလုပ်ကိုင်သူများနှင့် ပြည်သူအများက စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည်များ စုံစမ်းမေးမြန်းနိုင်ရန်လည်းကောင်း၊ စိုက်ပျိုးရေးနည်းပညာများ နှင့် ဥပဒေဆိုင်ရာကိစ္စရပ်များအား စုံစမ်းမေးမြန်းနိုင်ရန်လည်းကောင်း အချိန်နှင့်တပြေးညီ ရှင်းလင်းဖြေကြားပေးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန၏ Call Center တစ်ခုကို ဖွဲ့စည်းပြီးဖြစ်ကြောင်း နှင့် ၂၀၁၇ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှစ၍ အောက်ဖော်ပြပါ ဖုန်းနံပါတ်များနှင့် ဝက်ဘ်ဆိုက်များ၊ ဖေ့ဘုတ်စာမျက်နှာများသို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ကြေညာသည်။
#ဆက်သွယ်မေးမြန်းရန် -
012399555, 067410139,
Viber- 09764000841,
မှတ်ချက် - ဖြေတာ မဖြေတာ ကျနော်နဲ့ မဆိုင်ပါ။
(ပထမဖုန်းတစ်လုံးက တယ်လီဖုန်းလိုင်းများ မအားလပ်သေးပါသဖြင့် ခေတ္တစောင့်ဆိုင်းပေးပါတဲ့ ... စောင့်ပေးတာ ကျေးဇူးပဲတဲ့ ... သက်ဆိုင်ရာ အေးဂျင့်နဲ့ ဆက်သွယ်ပေးပါမယ်တဲ့ ... အော်ပရေတာများ မအားသေးပါသဖြင့် ပြန်လည်ခေါ်ဆိုပေးပါတဲ့။ နောက်ဖုန်းတစ်လုံးက လုံးဝမကိုင်ပါ။ ဗိုက်ပါဖုန်းက စက်ပိတ်ထားပါတယ်တဲ့။)
ကျနော် ခေါ်တာ ည ၁၀ နာရီဝန်းကျင်မို့လည်း ဖြစ်နိုင်ပါတယ်။ မနက်ကျရင် ပြန်ခေါ်ကြည့်ပါ့မယ်။
စိုက်ပျိုးရေးဖြင့် ကြီးပွါးတိုးတက်ကြပါစေ။
No comments:
Post a Comment