Popular Posts!

Friday, March 3, 2017

Myanmar Insurance - မြန်မာနိုင်ငံ အာမခံလုပ်ငန်းများ

အာမခံလုပ်ငန်းကဏ္ဍဍအတွက်ပြုပြင်ပြောင်းလဲမှုမှာ (၂၀၁၃)ခုနှစ်အတွင်း အာမခံလုပ်ငန်းကဏ္ဍဍတွင် ပုဂ္ဂလိကများအား ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

(၁၉၆၃)ခုနှစ်အထိ မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းများထွန်းကားခဲ့သည်။ ဆိုရှယ်လစ်အစိုးရလက်ထက် (၁၉၆၄) ခုနှစ်တွင် အာမခံ လုပ်ငန်းအားလုံးဖျက်သိမ်းပြီးနောက်ပိုင်း အာမခံလုပ်ငန်းအပေါ် ပြည်သူများ၏စိတ်ဝင်စားမှုနှင့် အာမခံထားသည့် အလေ့အထများ ဆိတ်သုဉ်းခဲ့ရသည်။ (၁၉၆၉) ခုနှစ်မှ (၁၉၇၆) ခုနှစ်အထိ အာမခံလုပ်ငန်းမှာ ပြည်သူ့ဘဏ်၏ဌာနတစ်ခုအဖြစ်သာ ရပ်တည်ခဲ့ပြီး   ပြည်သူ့ဘဏ်ဥပဒေ(၁၉၇၅)အရ လုပ်ငန်းများပြန်လည်ခွဲရာတွင် အာမခံလုပ်ငန်းအားလုံး အသစ်ဖွဲ့စည်းသည့် မြန်မာ့အာမခံ လက်အောက် ရောက်ရှိခဲ့သည်။

မြန်မာ့အာမခံသည် မြန်မာ့အာမခံဥပဒေ(၁၉၉၃)အရ အာမခံလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ (၁၉၉၆)ခုနှစ်တွင် အာမခံ လုပ်ငန်းလိုင်စင်များချပေးရန်အတွက် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေပြဌာန်းပြီး အာမခံ လုပ်ငန်းကြီးကြပ် မှုအဖွဲ့ (IBSB) ဖွဲ့စည်းခဲ့သည်။ ဘဏ္ဍဍာရေးကဏ္ဍဍပြုပြင်ပြောင်းလဲရေး၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ပုဂ္ဂလိကကုမ္ပဏီ(၁၂)ခု ကို အာမခံလုပ်ငန်းလိုင်စင်များ ထုတ်ပေးခဲ့သည်။ အရင်းအနှီးအဖြစ် အသက်အာမခံတစ်ခုတည်းသာလုပ်ကိုင်ပါက ကျပ် ၆ ဘီလီယံနှင့် အခြားအာမခံလုပ်ငန်းများ အတွက် ကျပ် ၄၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၄၆ ဘီလီယံ ထည့်ဝင်ကြရသည်။

၎င်းတို့အား အာမခံအမျိုးအစား (၆) မျိုးဖြစ်သော အသက်အာမခံ၊ မီး၊ မော်တော်ယာဉ်၊ သမာဓိ၊ ငွေပို့ငွေသယ်နှင့် ငွေသားလုံခြုံမှုအာမခံတို့ကို ခွင့်ပြုခဲ့သည်။ အထူးခရီးသွားအာမခံကို (၂၀၁၄)ခုနှစ်၊မေလတွင် ခွင့်ပြုခဲ့သည်။ ထို့အပြင် IKBZ၊ Grand Guardian၊ First National Insurance   နှင့် အောင်သစ္စာဦး အာမခံလုပ်ငန်းလေးခု အား အမေရိကန်ဒေါ်လာဖြင့် အာမခံလုပ်ငန်းလုပ်ဆောင်ရန်ခွင့်ပြုခဲ့သည်။

ဘဏ်လုပ်ငန်းများနည်းတူ အာမခံလုပ်ငန်းတွင်လည်း ပြည်ပမှကုမ္ပဏီများ၊ အထူးသဖြင့် ဂျပန်နိုင်ငံမှအာမခံကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးများဖွင့်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ရရန်စောင့်ဆိုင်းနေကြသည်။ သို့သော် မြန်မာ့အာမခံလုပ်ငန်းကဏ္ဍဍတွင် ကျွမ်းကျင် လုပ်သားရှားပါးမှု၊ ခေတ်မီအာမခံနည်းစနစ်များခေါင်းပါးမှု၊ အာမခံလုပ်ငန်း အပေါ် ကြီးကြပ်မှုအားနည်းချက်များက အဓိကပြဿနာများ ဖြစ်သည်။ အာမခံလုပ်ငန်းအပေါ် ပြည်သူများ၏စိတ်ဝင်စားမှုကလည်း အဓိက အားနည်းချက်ဖြစ်နေပါသေးသည်။

 မြန်မာအာမခံ ကုမ္ပဏီများ စာရင်း [table id=2 /] Ref : GIZ in Myanmar

ပုဂ္ဂလိကအာမခံကုမ္ပဏီများ၏ အမည်စာရင်း

စဉ်
ကုမ္ပဏီအမည်
လိပ္စာ
မှတ်ချက်
1
First National Insurance Public Co., Ltd.
အမှတ်-၄၀၀/၄၀၆၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့
အထွေထွေ + အသက်
2
I.K.B.Z Insurance (Public) Co., Ltd.
အမှတ်-၆၀၈၊ ဗိုလ်ဆွန်ပတ်လမ်း၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်မြို့
အထွေထွေ + အသက်
3
Young Insurance Global Co., Ltd.
အမှတ်-၆၄၇(အေ) ပြည်လမ်း၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့
အထွေထွေ + အသက်
4
Grand Guardian Insurance Public Co., Ltd.
အမှတ်-၁၉/၂၀ (A,B,C&D) Junction Square, ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့
အထွေထွေ + အသက်
5
Global World Insurance Co., Ltd.
အမှတ်-၄၄၊ သိမ်ဖြူလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
အထွေထွေ + အသက်
6
Excellent Fortune Insurance Co., Ltd.
အမှတ်-၅၃-၅၄၊ စက်ဆရာဦးထွန်းလမ်း၊ ရွှေပြည်သာစက်မှုဇုန်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့
အထွေထွေ + အသက်
7
အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်
အခန်း ၆၀၂-၆၀၄၊ မြဝတီဘဏ် Luxury Complex, အမှတ်-၁၅၁၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့
အထွေထွေ + အသက်
8
Pillar of Truth Insurance Co., Ltd.
အမှတ်-၁၄-၀၂၊ ဆာကူရာတာဝါ၊ ဆူးလေ ဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
အထွေထွေ + အသက်
9
ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက်
အမှတ်-၄၈၀၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့
အထွေထွေ + အသက်
10
Capital Life Insurance Co.,
အမှတ်-၂၇၇/၂၈၅၊ ဗိုလ်အောင်ကျော်လမ်း (အလယ်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
အသက်
11
နိုင်ငံသားစီးပွားရေးအာမခံအများပိုင် လီမိတက်
အမှတ်-၅၊ ဆရာစံပလာဇာ ပထမထပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
အသက်
12
အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်
အမှတ်-၂၈၊ ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာ လမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့
အသက်

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!