ျမန္မာနိုင္ငံ အေျပာင္း အလဲတြင္ ပုဒ္မေပါင္း မ်ားစြာကို ျကားဖူး ျကေပ လိမ့္မည္။ အေျခခံ ဥပေဒ ပုဒ္မ ၅၉ (စ)၊ ၄၃၆ စသည္ျဖင့္။ သို့ေသာ္ ေငြရွာနိုင္ေသာ နိုင္ငံသား မ်ား၏ အိတ္ကပ္ကို ဒုတ္ဒုတ္ထိ လာေရာက္ လွြမ္းမိုး ေတာ့မည့္ ပုဒ္မ တစ္ခုကို သိပါသလား။ ယခု လာေတာ့မည္။
တစ္လဝင္ေငြ ေလးသိန္းနွင့္အထက္ ရွိေသာ နိုင္ငံသားတစ္ဦးသည္ ယခုနွစ္ ဧျပီလ ၁ ရက္ေန့မွ စတင္ကာ နိုင္ငံေတာ္သို့ ဝင္ေငြခြန္ထမ္းေဆာင္ရမည္။ ဤသည္မွာ ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၏ ေျကညာခ်က္ျဖစ္သည္။
တစ္နွစ္ဝင္ေငြ က်ပ္ ၄၈ သိန္းနွင့္ အထက္ ေက်ာ္လြန္သူ မည္သူမဆို ဝင္ေငြခြန္ ထမ္းေဆာင္ရမည္ျဖစ္ျပီး ယင္းမွာ ၂၀၁၅- ၂၀၁၆ ဘ႑ဍာနွစ္ အခြန္နႈန္းထားထက္ ပိုမိုေျဖေလွ်ာ့ထားေသာ နႈန္းထားလည္း ျဖစ္သည္။
လူတစ္ဦးခ်င္း ထမ္းေဆာင္ရမည့္ ဝင္ေငြခြန္ပမာဏကို ျမွင့္တင္လိုက္ျခင္းမွာ တစ္လဝင္ေငြ ငါးသိန္းခန့္ရွိေသာ ဝန္ထမ္းမ်ားကို အေျခခံကာ တြက္ခ်က္ထားျခင္း ျဖစ္ေျကာင္း အမ်ိုးသားလွြတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာျမတ္ဉာဏစိုးက ဆိုသည္။
တစ္နွစ္ဝင္ေငြ က်ပ္ ၄၈ သိန္းဟု ဆိုေသာ္လည္း အေျခခံသက္သာခြင့္ ၂၀ ရာခိုင္နႈန္းကို ခံစားခြင့္ရွိသည့္အျပင္ အျခား သက္သာခြင့္မ်ားျဖစ္ေသာ မိဘနွင့္အတူေနလွ်င္ မိဘတစ္ဦးလွ်င္ ဆယ္သိန္းက်ပ္၊ အိမ္ေထာင္ရွိလွ်င္ အိမ္ေထာင္ဖက္အတြက္ ဆယ္သိန္းက်ပ္နွင့္ သားသမီးရွိပါက တစ္ဦးလွ်င္ ငါးသိန္းက်ပ္စီ အခြန္ကင္းလြတ္ခြင့္ ရမည္ျဖစ္သည္။
“တစ္လဝင္ေငြ ငါးသိန္းအထိပဲ ခံစားခြင့္ရွိတဲ့ အစိုးရဝန္ထမ္းေတြေရာ၊ ပုဂၢလိက ဝန္ထမ္းေတြေရာ ဝင္ေငြခြန္ ကင္းလြတ္ခြင့္ရေအာင္ လုပ္ေပးထားတာေပါ့။
တျခားကင္းလြတ္ခြင့္ေတြ ေပးထားတာလည္း ရွိေသးေတာ့ ဒါေတြကို နုတ္လိုက္ရင္ စည္းျကပ္ျခင္း ကေန ကင္းလြတ္ခြင့္ ရသြားမွာပါ” ဟု ေဒါက္တာျမတ္ဉာဏစိုးက ဆိုသည္။
ဝင္ေငြခြန္နႈန္းထားကို ေျဖေလွ်ာ့ထားသည္ဟု ဆိုေသာ္လည္း ယခုအခ်ိန္အထိ ဝင္ေငြခြန္ မည္သို့ ေဆာင္ရမည္ ဆိုသည္ကို မသိသူ အမ်ားအျပား ရွိေနသည္။
“ကြ်န္ေတာ္တို့က ရံုးေတြ ဘာေတြဆို ေျကာက္တယ္။ တစ္ခါမွလည္း မေဆာင္ဖူးဘူး။ ျပည္တြင္းအခြန္နဲ့ ပတ္သက္ရင္ သိပ္မသိဘူး” ဟု ရန္ကုန္ျမို့တြင္ ကုမၸဏီမွတ္ပံုတင္ကာ ကုန္သြယ္မႈလုပ္ငန္း လုပ္ကိုင္ေနသူ လုပ္ငန္းရွင္တစ္ဦးက ဆိုသည္။
ျပည္တြင္းအခြန္နွင့္ ပတ္သက္၍ မသိေသာ္လည္း လုပ္ငန္းသေဘာအရ အေကာက္ခြန္နွင့္ ပတ္သက္ေသာ လုပ္ငန္းမ်ား လုပ္ကိုင္သည့္အတြက္ ေပးေဆာင္ရသည္မ်ား ရွိသည္ဟု ထိုလုပ္ငန္းရွင္က ရွင္းျပသည္။
အဆိုပါလုပ္ငန္းရွင္မွာ ကုန္သြယ္မႈနွင့္ ပတ္သက္ေသာ လုပ္ငန္းမ်ားကို နွစ္ေပါင္းမ်ားစြာ လုပ္ကိုင္ေနသူတစ္ဦး ျဖစ္ေသာ္လည္း ဝင္ေငြခြန္ေပးေဆာင္ရမည့္ ပံုစံ၊ ဝင္ေငြခြန္ တြက္ခ်က္ပံုတို့ကိုပင္ ရွင္းလင္းစြာ နားလည္သေဘာ ေပါက္ျခင္း မရွိဟုလည္း ဝန္ခံေျပာျကားသည္။
“ဒါကေတာ့ ရွင္းပါတယ္ဗ်ာ၊ ကိုယ္က ေငြထုပ္ပိုက္ျပီး သူတို့ကို သြားေပးမွာေလ။ ကိုယ္ကလည္း ေပးရဦးမယ္၊ သူတို့ရဲ့မ်က္နွာ ကိုလည္း ျကည့္ေနရဦးမယ္ ဆိုရင္ေတာ့ ဘာလုပ္ဖို့ ေဆာင္ေတာ့မလဲ။ မေဆာင္ဘဲလည္း ေနလို့ရေနတာပဲ” ဟု ゞင္းက ဆိုေလသည္။
ျမန္မာနိုင္ငံ၏ အခြန္ယဉ္ေက်းမႈမွာ နိုင္ငံသားမ်ားအျကားတြင္ မေပၚေပါက္ေသး ဟုဆိုလွ်င္ ျငင္းဆန္ရန္ခက္မည္ ထင္သည္။
ေခတ္မီအျမန္စား စားေသာက္ဆိုင္ တစ္ဆိုင္တြင္ စားသံုးသူက ေငြရွင္းေျပစာတြင္ အခြန္တံဆိပ္ေခါင္း ကပ္ေပးပါရန္ ေတာင္းဆိုမွသာ အခြန္တံဆိပ္ ကပ္ေပးသည္ကို ျကံုေတြ့ခဲ့ရေျကာင္း ယင္းဆိုင္တြင္ စားသံုးဖူးသူ တစ္ဦးက ဆိုသည္။
“ေဘာက္ခ်ာေပးေတာ့ သူတို့က တံဆိပ္ေခါင္းမကပ္ေပးဘူး။ ကပ္ေပးပါ ေျပာေတာ့မွ အလုပ္ရႈပ္တဲ့ပံုစံမ်ိုးနဲ့ ကြ်န္ေတာ့္ကို တံဆိပ္ေခါင္းကပ္ေပးတယ္။ အျခားလူေတြက ကြ်န္ေတာ့္လို တံဆိပ္ေခါင္းကပ္ေပးပါလို့ မေျပာရင္ သူတို့က ကပ္ေပးမွာမဟုတ္ဘူး။ ဒါ အခြန္ေရွာင္တာပဲ မဟုတ္လား” ဟု ゞင္းကဆိုသည္။
ယင္းဆိုင္မွာ ရန္ကုန္ျမို့လယ္ေခါင္ ဆူးေလဘုရားအနီး မဟာဗနၶုလ လမ္းမေပၚတြင္ တည္ရွိေနေသာဆိုင္ ျဖစ္သည္။
“ျပည္သူေတြကို အခြန္နဲ့ပတ္သက္တဲ့ အသိပညာ ေပးတာေတြကို လုပ္ဖို့ လိုပါတယ္” ဟု ေဒါက္တာျမတ္ဉာဏစိုးက ဆိုသည္။
ဒီမိုကေရစီစနစ္ က်င့္သံုးေသာ နိုင္ငံမ်ား၏ အဓိကဝင္ေငြမွာ အခြန္ဘ႑ဍာမွ ရရွိျခင္းျဖစ္ျပီး ယင္းအခြန္ဘ႑ဍာကို နိုင္ငံတြင္ လိုအပ္ေနေသာ ျပည္သူ့ဝန္ေဆာင္မႈ လုပ္ငန္းမ်ား၊ အေျခခံအေဆာက္အဦ ဖြံ့ျဖိုးတိုးတက္ေရး လုပ္ငန္းမ်ားတြင္ ျပန္လည္ အသံုးခ်ရျခင္း ျဖစ္ေျကာင္း စီးပြားေရးပညာရွင္ မ်ားက ဆိုသည္။
ဒီမိုကေရစီ အသြင္ေျပာင္းလဲေရး လုပ္ေဆာင္ေနေသာ ျမန္မာနိုင္ငံတြင္မူ အခြန္အေကာက္မွ ရေငြမွာ တိုင္းျပည္ ဂ်ီဒီပီနွင့္ ယွဉ္လွ်င္ အလြန္နည္းပါးေနျပီး အခြန္ပိုမို ရရွိနိုင္ရန္ ျပုျပင္ေျပာင္းလဲမႈမ်ား လုပ္ရန္လိုေျကာင္း အျပည္ျပည္ဆိုင္ရာ ေငြေျကးရန္ပံုေငြ အဖြဲ့က နွစ္စဉ္ထုတ္ျပန္ေသာ အစီရင္ခံစာ မ်ားတြင္ ေဖာ္ျပေလ့ရွိသည္။
“အခြန္ဆိုတာ ေပးကို ေပးရမွာေပါ့။ ဒါေပမဲ့ အခြန္ကို ရတဲ့ဘက္မွာလည္း ထိထိေရာက္ေရာက္ ရေအာင္လုပ္ရသလို သံုးတဲ့ ဘက္မွာလည္း ထိထိေရာက္ေရာက္ အသံုးခ်နိုင္ရမယ္” ဟု စီးပြားေရးမူဝါဒပညာရွင္ ေဒါက္တာေအာင္ကိုကိုက ဆိုသည္။
အခြန္အေကာက္ ေကာက္ခံလိုက္၍ အခြန္ထမ္းျပည္သူမ်ား အခြန္ေဆာင္ခ်င္စိတ္ ေလ်ာ့နည္းျခင္း၊ ေပ်ာက္သြားျခင္းမ်ိုး မျဖစ္ရန္ သတိထားရမည္ ျဖစ္ေျကာင္း ゞင္းက ေထာက္ျပသည္။
သို့ရာတြင္ လခစား ပုဂၢလိကဝန္ထမ္း အေတာ္မ်ားမ်ားမွာ အခြန္ထမ္းေဆာင္ျခင္းနွင့္ ပတ္သက္လွ်င္ သိရွိသူ နည္းပါးေနသည္။
“နဂိုကတည္းကလည္း ပုဂၢလိက ဝန္ထမ္းအေတာ္မ်ားမ်ားက အခြန္ေဆာင္တာမ်ိုး နည္းတယ္ဆိုေတာ့ အခု သတ္မွတ္တဲ့ အခြန္နႈန္းထားေျကာင့္ ဝင္ေငြခြန္ေကာက္ခံရမႈ ေလ်ာ့သြားတာ မ်ိုးေတာ့ မရွိနိုင္ပါဘူး။ ဝင္ေငြနည္းသူေတြ အခြန္ေဆာင္စရာ မလိုေအာင္ လုပ္ေပးလိုက္တာေတာ့ ေကာင္းတဲ့ အခ်က္ပဲ” ဟု စီးပြားေရးလုပ္ငန္းရွင္ ေဒါက္တာစိုးထြန္းက ဆိုသည္။
သတ္မွတ္ဝင္ေငြပမာဏကို ျမွင့္တင္ကာ အခြန္ေကာက္ခံသည့္ အတြက္ ဝင္ေငြခြန္ ေကာက္ခံရမႈ မေလ်ာ့နည္းေစရန္ အျခားတစ္ဖက္တြင္ ထိန္းေက်ာင္းမႈမ်ား ရွိထားျပီးျဖစ္သည္။
ယင္းမွာ ဝင္ေငြရလမ္း မျပနိုင္ေသာ စည္းျကပ္မႈမွ ကင္းလြတ္ေနသည့္ ဝင္ေငြမ်ား အေပၚ အခြန္နႈန္းထား သတ္မွတ္ခ်က္ ျမွင့္တင္လိုက္ျခင္းနွင့္ အထူးကုန္စည္ခြန္မ်ားကို ယခင္ထက္ ပိုမိုတိက်စြာ ျပ႒ဌာန္း သတ္မွတ္လိုက္ျခင္း ျဖစ္သည္။
“ဝင္ေငြခြန္မွာ ေျဖေလွ်ာ့လိုက္ေပမယ့္ တစ္ဖက္မွာက ဝင္ေငြခြန္မွ ကင္းလြတ္ေနေသာ အျခားဝင္ေငြေတြကို ၁၅ % ကေန စျပီးသတ္မွတ္လိုက္တယ္။ အထူးကုန္စည္ခြန္ ရွိတယ္၊ ဒါေျကာင့္ အဲဒါနဲ့ ျပန္ခ်ိန္ရင္ Balance (မွ်ေျခ) ျဖစ္ပါတယ္။ အဲ့ဒီကေနလည္း အခြန္ေတြ တိုးတက္ရရွိဖို့ ရွိပါတယ္” ဟု ေဒါက္တာျမတ္ဉာဏစိုးက ေျပာဆိုသည္။
ဝင္ေငြရလမ္း မေဖာ္ျပနိုင္ေသာ ဝင္ေငြမ်ားအေပၚ လက္ရွိအခြန္နႈန္းထား သတ္မွတ္မႈမွာ ၃ ရာခိုင္နႈန္းမွ စတင္ေကာက္ခံျခင္း ျဖစ္ျပီး လာမည့္ ၂၀၁၆-၂၀၁၇ ဘ႑ဍာနွစ္မွ စတင္ကာ အနည္းဆံုး ၁၅ ရာခိုင္နႈန္းမွ စတင္ သတ္မွတ္လိုက္ျခင္း ျဖစ္သည္။
လက္ရွိနႈန္းထားအရ ဆိုလွ်င္ ဝင္ေငြရလမ္း မေဖာ္ျပနိုင္ေသာ ဝင္ေငြက်ပ္သိန္း တစ္ေထာင္အထိကို အခြန္ ၃ ရာခိုင္နႈန္းသာ ေပးေဆာင္ရမည္ ျဖစ္ျပီး မွန္မွန္ကန္ကန္ ဝင္ေငြခြန္ေဆာင္မည္ ဆိုပါက က်ပ္သိန္း သံုးရာအထက္ကို ၂၅ ရာခိုင္နႈန္း ေပးေဆာင္ရမည္ ျဖစ္သည္။
လာမည့္ဘ႑ဍာနွစ္တြင္ စတင္ေကာက္ခံမည့္ နႈန္းထားအရ ဆိုလွ်င္ ဝင္ေငြရလမ္း မေဖာ္ျပနိုင္ေသာ ဝင္ေငြ က်ပ္သိန္း သံုးရာ့တစ္က်ပ္မွ က်ပ္သိန္းတစ္ေထာင္ အထိကို ၂၀ ရာခိုင္နႈန္းနွင့္ မွန္မွန္ကန္ကန္ ဝင္ေငြခြန္ေဆာင္မည္ ဆိုလွ်င္ က်ပ္သိန္း သံုးရာအထက္ကို ၂၅ ရာခိုင္နႈန္း ေပးေဆာင္ ရဦးမည္ျဖစ္သည္။
“ဝင္ေငြရလမ္း မေဖာ္ျပရင္ ၃ ရာခိုင္နႈန္းပဲ ေဆာင္ရျပီး တကယ္ ဝင္ေငြခြန္ေဆာင္မယ့္သူကို က်ေတာ့ ၂၅ ရာခိုင္နႈန္း ေဆာင္ရမယ္ ဆိုတာ ေျပာင္းျပန္ျကီး ျဖစ္ေနတာကို။ အခု ၁၅ ရာခိုင္နႈန္း ေဆာင္ရမယ္ ဆိုတာကေတာ့ ပိုေကာင္းလာတဲ့ သေဘာေပါ့” ဟု ေဒါက္တာစိုးထြန္းက ဆိုသည္။
ဝင္ေငြရလမ္း မေဖာ္ျပနိုင္ေသာ ဝင္ေငြအေပၚ ၂၀၁၆ ခုနွစ္ အခြန္နႈန္းထား သတ္မွတ္မႈမွာ နိုင္ငံတကာနွင့္ နွိုင္းယွဉ္လွ်င္ ရွိသင့္ရွိထိုက္ေသာ အခြန္နႈန္းထား ျဖစ္ျပီး လက္ရွိ က်င့္သံုးေနေသာ နႈန္းထားမွာ မရွိသင့္ မရွိထိုက္ေသာ နႈန္းထားသာျဖစ္ေျကာင္း အိမ္၊ ျခံ၊ ေျမ ကြ်မ္းက်င္ပညာရွင္ ဦးျကည္စိုးက ေဝဖန္ေျပာျကားသည္။
“၁၅ ရာခိုင္နႈန္း၊ ၃၀ ရာခိုင္နႈန္း ေဆာင္ရတယ္ဆိုတာ လက္ထဲမွာ ေငြျဖူ မရွိလို့ေလ။ ေငြျဖူမရွိဘူးဆိုေတာ့ သူတို့က ဘာလုပ္တာလဲ။ ဘိန္းစိုက္တာလား၊ ေမွာင္ခို လုပ္တာလား၊ တစ္ခုခုေျကာင့္ေလ” ဟု ゞင္းကဆိုသည္။
ယင္းသို့ ဝင္ေငြရလမ္း မေဖာ္ျပနိုင္ေသာ ဝင္ေငြမ်ားအေပၚ အခြန္နႈန္းထား တိုးျမွင့္သတ္မွတ္မႈေျကာင့္ အခြန္ေရွာင္မႈမ်ား ျဖစ္ေပၚလာနိုင္ျပီး အိမ္၊ ျခံ၊ ေျမ ေဈးကြက္လည္း ထပ္မံ ေအးသြားနိုင္ေျကာင္း ျပည္ျကီးတံခြန္ အိမ္၊ ျခံ၊ ေျမ လုပ္ငန္းရွင္ ဦးေနေဇာ္ေအာင္က ဆိုသည္။
လာမည့္ဘ႑ဍာနွစ္ အတြက္ အထူး ကုန္စည္ခြန္ တြင္လည္း စီးကရက္၊ အရက္၊ ဝိုင္ အမ်ိုးမ်ိုးတို့ အေပၚ က်သင့္မည့္ အခြန္နႈန္းထားကို လက္ရွိ အခြန္သတ္မွတ္မႈ ပံုစံထက္ ပိုမို အေသးစိတ္ကာ သတ္မွတ္ ထားသည္။
စီးကရက္ဘူး တန္ဖိုး အလိုက္ တစ္လိပ္ ခ်င္းစီ အေပၚ အခြန္ က်သင့္မႈ၊ အရက္နွင့္ ဝိုင္တို့၏ တန္ဖိုး အလိုက္ တစ္လီတာ အေပၚ အခြန္ က်သင့္မႈ တို့ကို သတ္မွတ္ ထားသည္။
“၂၀၁၆ အခြန္ အေကာက္ ဥပေဒမွာ ထူးျခားတာ ဆိုရင္ အထူး ကုန္စည္ ခြန္ေတြမွာ အရက္၊ စီးကရက္ တို့ကို တစ္လိပ္ခ်င္းစီ အေပၚ အခြန္ က်သင့္တာ မ်ိုးေပါ့။ အဲဒါေျကာင့္ အခုဆို အရက္၊ စီးကရက္ ဝယ္ေန သူေတြ အမ်ားျကီးပဲ” ဟု ေဒါက္တာ စိုးထြန္းက ဆိုသည္။
အခြန္ေကာက္ခံျခင္းေျကာင့္ အစိုးရအေနနဲ့ အခြန္ဘ႑ဍာ ပိုရလာမည္ ျဖစ္ေသာ္လည္း အခြန္တိုးရမႈနွင့္ အတူ ကုန္ေဈးနႈန္းမ်ား ျကီးျမင့္လာမႈ ရွိ-မရွိ ကိုလည္း ေစာင့္ျကည့္ ရမည္ျဖစ္ေျကာင္း ေဒါက္တာ ေအာင္ကိုကိုက ဆိုသည္။
“ကုန္ေဈးနႈန္းေတြ တက္မလာဘူး၊ အခြန္တိုးရလာတယ္ ဆိုရင္ ဒါ ေကာင္းတဲ့ ရလဒ္ေပါ့။ ဒီရလာတဲ့ အခြန္ေတြကို က်န္းမာေရး၊ ပညာေရးေတြမွာ သံုးရမယ္။
ေနာက္သဘာဝ ေဘးအနၱရာယ္နဲ့ ျမန္မာနိုင္ငံက အမ်ားျကီး ရင္ဆိုင္ရမွာရွိတယ္။ ဒီအတြက္ ရန္ပံုေငြမ်ိုး ထားရမယ္” ဟု ゞင္းက အျကံ ျပုသည္။
အခြန္နွင့္ပတ္သက္လွ်င္ အသိပညာ အားနည္းေနေသးေသာ၊ အခြန္ယဉ္ေက်းမႈ နည္းပါးေနေသာ ျမန္မာနိုင္ငံအတြက္ အခြန္ဆိုင္ရာ အသိပညာေပးလုပ္ငန္း မ်ားလည္း မ်ားစြာ လိုအပ္ေနဆဲျဖစ္သည္။
အခြန္မည္သို့ေဆာင္ရမည္ကို မသိေသးေသာ စီးပြားေရးလုပ္ငန္းရွင္ မ်ားစြာ ရွိေနေသးသလို မည္သည့္အခြန္ အမ်ိုးအစားကို ေပးေဆာင္ေနရသည္ကို သိရွိသူမွာလည္း နည္းပါးေနသည္။
“ေပးေတာ့ ေပးေနရတာပဲ၊ ဘာအတြက္ မွန္းကိုမသိဘူး။ အခြန္လား၊ ရန္ပံုေငြလား၊ ဘာမွန္းကိုမသိတာ” ဟု ဘုရင့္ေနာင္ပြဲရံု ဝင္းမွ လုပ္ငန္းရွင္တစ္ဦးက ဖြင့္ဟသည္။
နိုင္ငံသား တိုင္းသည္ ဥပေဒအရ ေပးေဆာင္ ရမည့္ အခြန္ အေကာက္မ်ားကို ေပးေဆာင္ရန္ တာဝန္ ရွိသည္ဟု ၂၀ဝ၈ ခုနွစ္က ဖြဲ့စည္းပံု အေျခခံ ဥပေဒ ပုဒ္မ ၃၈၉ တြင္ ျပ႒ဌာန္း ထားေသာ္လည္း ျမန္မာနိုင္ငံရွိ လူတစ္ရာတြင္ ယင္းပုဒ္မကို သိရွိသူ မည္မွ် ရွိမည္ မသိေခ်။
“ျပည္သူေတြ အေနနဲ့ ရသင့္ ရထိုက္တဲ့ အခြင့္အေရး ကိုလည္း အျပည့္အဝ အသံုး ခ်ဖို့ လိုတယ္။ ကိုယ့္ဘက္ ကလည္း ျပည္သူေတြေရာ၊ ပုဂၢလိက လုပ္ငန္းရွင္ ေတြေရာ မွန္မွန္ ကန္ကန္ ေဆာင္ရြက္ဖို့ လိုပါတယ္။ ဒီလို အခြင့္ အေရးေတြ ေပးထား ရက္သားနဲ့ ေဖာက္ဖ်က္ ခဲ့မယ္ ဆိုရင္ေတာ့ ထိုက္သင့္တဲ့ အေရးယူ မႈေတြ ရွိလာမွာပါ။
ဒါကိုလည္း သတိမူဖို့ လိုပါတယ္” ဟု အမ်ိုးသား လွြတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ျမတ္ဉာဏစိုးက ဆိုေလသည္။
ေငြရွာနိုင္ေသာ နိုင္ငံသား မ်ား၏ အိတ္ကပ္ကို ဒုတ္ဒုတ္ထိ လာေရာက္လွြမ္း မိုးေတာ့မည့္ ပုဒ္မ တစ္ခု စတင္ အလုပ္ လုပ္ေတာ့မည္။ ယင္းမွာ ပုဒ္မ ၃၈၉ ျဖစ္ေျကာင္း သိပါသလား။
စစ္ျငိမ္းသူ
Originally published at - http://thevoicemyanmar.com/index.php/article/item/10086-pnn
Individual Tax Calculation
eFiling
Online Filing Service
တစ်လဝင်ငွေ လေးသိန်းနှင့်အထက် ရှိသော နိုင်ငံသားတစ်ဦးသည် ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ နိုင်ငံတော်သို့ ဝင်ငွေခွန်ထမ်းဆောင်ရမည်။ ဤသည်မှာ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ကြေညာချက်ဖြစ်သည်။
တစ်နှစ်ဝင်ငွေ ကျပ် ၄၈ သိန်းနှင့် အထက် ကျော်လွန်သူ မည်သူမဆို ဝင်ငွေခွန် ထမ်းဆောင်ရမည်ဖြစ်ပြီး ယင်းမှာ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ် အခွန်နှုန်းထားထက် ပိုမိုဖြေလျှော့ထားသော နှုန်းထားလည်း ဖြစ်သည်။
လူတစ်ဦးချင်း ထမ်းဆောင်ရမည့် ဝင်ငွေခွန်ပမာဏကို မြှင့်တင်လိုက်ခြင်းမှာ တစ်လဝင်ငွေ ငါးသိန်းခန့်ရှိသော ဝန်ထမ်းများကို အခြေခံကာ တွက်ချက်ထားခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။
တစ်နှစ်ဝင်ငွေ ကျပ် ၄၈ သိန်းဟု ဆိုသော်လည်း အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်းကို ခံစားခွင့်ရှိသည့်အပြင် အခြား သက်သာခွင့်များဖြစ်သော မိဘနှင့်အတူနေလျှင် မိဘတစ်ဦးလျှင် ဆယ်သိန်းကျပ်၊ အိမ်ထောင်ရှိလျှင် အိမ်ထောင်ဖက်အတွက် ဆယ်သိန်းကျပ်နှင့် သားသမီးရှိပါက တစ်ဦးလျှင် ငါးသိန်းကျပ်စီ အခွန်ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။
“တစ်လဝင်ငွေ ငါးသိန်းအထိပဲ ခံစားခွင့်ရှိတဲ့ အစိုးရဝန်ထမ်းတွေရော၊ ပုဂ္ဂလိက ဝန်ထမ်းတွေရော ဝင်ငွေခွန် ကင်းလွတ်ခွင့်ရအောင် လုပ်ပေးထားတာပေါ့။
တခြားကင်းလွတ်ခွင့်တွေ ပေးထားတာလည်း ရှိသေးတော့ ဒါတွေကို နုတ်လိုက်ရင် စည်းကြပ်ခြင်း ကနေ ကင်းလွတ်ခွင့် ရသွားမှာပါ” ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။
ဝင်ငွေခွန်နှုန်းထားကို ဖြေလျှော့ထားသည်ဟု ဆိုသော်လည်း ယခုအချိန်အထိ ဝင်ငွေခွန် မည်သို့ ဆောင်ရမည် ဆိုသည်ကို မသိသူ အများအပြား ရှိနေသည်။
“ကျွန်တော်တို့က ရုံးတွေ ဘာတွေဆို ကြောက်တယ်။ တစ်ခါမှလည်း မဆောင်ဖူးဘူး။ ပြည်တွင်းအခွန်နဲ့ ပတ်သက်ရင် သိပ်မသိဘူး” ဟု ရန်ကုန်မြို့တွင် ကုမ္ပဏီမှတ်ပုံတင်ကာ ကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ပြည်တွင်းအခွန်နှင့် ပတ်သက်၍ မသိသော်လည်း လုပ်ငန်းသဘောအရ အကောက်ခွန်နှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်သည့်အတွက် ပေးဆောင်ရသည်များ ရှိသည်ဟု ထိုလုပ်ငန်းရှင်က ရှင်းပြသည်။
အဆိုပါလုပ်ငန်းရှင်မှာ ကုန်သွယ်မှုနှင့် ပတ်သက်သော လုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ကိုင်နေသူတစ်ဦး ဖြစ်သော်လည်း ဝင်ငွေခွန်ပေးဆောင်ရမည့် ပုံစံ၊ ဝင်ငွေခွန် တွက်ချက်ပုံတို့ကိုပင် ရှင်းလင်းစွာ နားလည်သဘော ပေါက်ခြင်း မရှိဟုလည်း ဝန်ခံပြောကြားသည်။
“ဒါကတော့ ရှင်းပါတယ်ဗျာ၊ ကိုယ်က ငွေထုပ်ပိုက်ပြီး သူတို့ကို သွားပေးမှာလေ။ ကိုယ်ကလည်း ပေးရဦးမယ်၊ သူတို့ရဲ့မျက်နှာ ကိုလည်း ကြည့်နေရဦးမယ် ဆိုရင်တော့ ဘာလုပ်ဖို့ ဆောင်တော့မလဲ။ မဆောင်ဘဲလည်း နေလို့ရနေတာပဲ” ဟု ၎င်းက ဆိုလေသည်။
မြန်မာနိုင်ငံ၏ အခွန်ယဉ်ကျေးမှုမှာ နိုင်ငံသားများအကြားတွင် မပေါ်ပေါက်သေး ဟုဆိုလျှင် ငြင်းဆန်ရန်ခက်မည် ထင်သည်။
ခေတ်မီအမြန်စား စားသောက်ဆိုင် တစ်ဆိုင်တွင် စားသုံးသူက ငွေရှင်းပြေစာတွင် အခွန်တံဆိပ်ခေါင်း ကပ်ပေးပါရန် တောင်းဆိုမှသာ အခွန်တံဆိပ် ကပ်ပေးသည်ကို ကြုံတွေ့ခဲ့ရကြောင်း ယင်းဆိုင်တွင် စားသုံးဖူးသူ တစ်ဦးက ဆိုသည်။
“ဘောက်ချာပေးတော့ သူတို့က တံဆိပ်ခေါင်းမကပ်ပေးဘူး။ ကပ်ပေးပါ ပြောတော့မှ အလုပ်ရှုပ်တဲ့ပုံစံမျိုးနဲ့ ကျွန်တော့်ကို တံဆိပ်ခေါင်းကပ်ပေးတယ်။ အခြားလူတွေက ကျွန်တော့်လို တံဆိပ်ခေါင်းကပ်ပေးပါလို့ မပြောရင် သူတို့က ကပ်ပေးမှာမဟုတ်ဘူး။ ဒါ အခွန်ရှောင်တာပဲ မဟုတ်လား” ဟု ၎င်းကဆိုသည်။
ယင်းဆိုင်မှာ ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားအနီး မဟာဗန္ဓုလ လမ်းမပေါ်တွင် တည်ရှိနေသောဆိုင် ဖြစ်သည်။
“ပြည်သူတွေကို အခွန်နဲ့ပတ်သက်တဲ့ အသိပညာ ပေးတာတွေကို လုပ်ဖို့ လိုပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ဆိုသည်။
ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများ၏ အဓိကဝင်ငွေမှာ အခွန်ဘဏ္ဍာမှ ရရှိခြင်းဖြစ်ပြီး ယင်းအခွန်ဘဏ္ဍာကို နိုင်ငံတွင် လိုအပ်နေသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြန်လည် အသုံးချရခြင်း ဖြစ်ကြောင်း စီးပွားရေးပညာရှင် များက ဆိုသည်။
ဒီမိုကရေစီ အသွင်ပြောင်းလဲရေး လုပ်ဆောင်နေသော မြန်မာနိုင်ငံတွင်မူ အခွန်အကောက်မှ ရငွေမှာ တိုင်းပြည် ဂျီဒီပီနှင့် ယှဉ်လျှင် အလွန်နည်းပါးနေပြီး အခွန်ပိုမို ရရှိနိုင်ရန် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်လိုကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့က နှစ်စဉ်ထုတ်ပြန်သော အစီရင်ခံစာ များတွင် ဖော်ပြလေ့ရှိသည်။
“အခွန်ဆိုတာ ပေးကို ပေးရမှာပေါ့။ ဒါပေမဲ့ အခွန်ကို ရတဲ့ဘက်မှာလည်း ထိထိရောက်ရောက် ရအောင်လုပ်ရသလို သုံးတဲ့ ဘက်မှာလည်း ထိထိရောက်ရောက် အသုံးချနိုင်ရမယ်” ဟု စီးပွားရေးမူဝါဒပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။
အခွန်အကောက် ကောက်ခံလိုက်၍ အခွန်ထမ်းပြည်သူများ အခွန်ဆောင်ချင်စိတ် လျော့နည်းခြင်း၊ ပျောက်သွားခြင်းမျိုး မဖြစ်ရန် သတိထားရမည် ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
သို့ရာတွင် လခစား ပုဂ္ဂလိကဝန်ထမ်း အတော်များများမှာ အခွန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်လျှင် သိရှိသူ နည်းပါးနေသည်။
“နဂိုကတည်းကလည်း ပုဂ္ဂလိက ဝန်ထမ်းအတော်များများက အခွန်ဆောင်တာမျိုး နည်းတယ်ဆိုတော့ အခု သတ်မှတ်တဲ့ အခွန်နှုန်းထားကြောင့် ဝင်ငွေခွန်ကောက်ခံရမှု လျော့သွားတာ မျိုးတော့ မရှိနိုင်ပါဘူး။ ဝင်ငွေနည်းသူတွေ အခွန်ဆောင်စရာ မလိုအောင် လုပ်ပေးလိုက်တာတော့ ကောင်းတဲ့ အချက်ပဲ” ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။
သတ်မှတ်ဝင်ငွေပမာဏကို မြှင့်တင်ကာ အခွန်ကောက်ခံသည့် အတွက် ဝင်ငွေခွန် ကောက်ခံရမှု မလျော့နည်းစေရန် အခြားတစ်ဖက်တွင် ထိန်းကျောင်းမှုများ ရှိထားပြီးဖြစ်သည်။
ယင်းမှာ ဝင်ငွေရလမ်း မပြနိုင်သော စည်းကြပ်မှုမှ ကင်းလွတ်နေသည့် ဝင်ငွေများ အပေါ် အခွန်နှုန်းထား သတ်မှတ်ချက် မြှင့်တင်လိုက်ခြင်းနှင့် အထူးကုန်စည်ခွန်များကို ယခင်ထက် ပိုမိုတိကျစွာ ပြဋ္ဌာန်း သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
“ဝင်ငွေခွန်မှာ ဖြေလျှော့လိုက်ပေမယ့် တစ်ဖက်မှာက ဝင်ငွေခွန်မှ ကင်းလွတ်နေသော အခြားဝင်ငွေတွေကို ၁၅ % ကနေ စပြီးသတ်မှတ်လိုက်တယ်။ အထူးကုန်စည်ခွန် ရှိတယ်၊ ဒါကြောင့် အဲဒါနဲ့ ပြန်ချိန်ရင် Balance (မျှခြေ) ဖြစ်ပါတယ်။ အဲ့ဒီကနေလည်း အခွန်တွေ တိုးတက်ရရှိဖို့ ရှိပါတယ်” ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောဆိုသည်။
ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေများအပေါ် လက်ရှိအခွန်နှုန်းထား သတ်မှတ်မှုမှာ ၃ ရာခိုင်နှုန်းမှ စတင်ကောက်ခံခြင်း ဖြစ်ပြီး လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ကာ အနည်းဆုံး ၁၅ ရာခိုင်နှုန်းမှ စတင် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
လက်ရှိနှုန်းထားအရ ဆိုလျှင် ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေကျပ်သိန်း တစ်ထောင်အထိကို အခွန် ၃ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်ပြီး မှန်မှန်ကန်ကန် ဝင်ငွေခွန်ဆောင်မည် ဆိုပါက ကျပ်သိန်း သုံးရာအထက်ကို ၂၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။
လာမည့်ဘဏ္ဍာနှစ်တွင် စတင်ကောက်ခံမည့် နှုန်းထားအရ ဆိုလျှင် ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေ ကျပ်သိန်း သုံးရာ့တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင် အထိကို ၂၀ ရာခိုင်နှုန်းနှင့် မှန်မှန်ကန်ကန် ဝင်ငွေခွန်ဆောင်မည် ဆိုလျှင် ကျပ်သိန်း သုံးရာအထက်ကို ၂၅ ရာခိုင်နှုန်း ပေးဆောင် ရဦးမည်ဖြစ်သည်။
“ဝင်ငွေရလမ်း မဖော်ပြရင် ၃ ရာခိုင်နှုန်းပဲ ဆောင်ရပြီး တကယ် ဝင်ငွေခွန်ဆောင်မယ့်သူကို ကျတော့ ၂၅ ရာခိုင်နှုန်း ဆောင်ရမယ် ဆိုတာ ပြောင်းပြန်ကြီး ဖြစ်နေတာကို။ အခု ၁၅ ရာခိုင်နှုန်း ဆောင်ရမယ် ဆိုတာကတော့ ပိုကောင်းလာတဲ့ သဘောပေါ့” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။
ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေအပေါ် ၂၀၁၆ ခုနှစ် အခွန်နှုန်းထား သတ်မှတ်မှုမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် ရှိသင့်ရှိထိုက်သော အခွန်နှုန်းထား ဖြစ်ပြီး လက်ရှိ ကျင့်သုံးနေသော နှုန်းထားမှာ မရှိသင့် မရှိထိုက်သော နှုန်းထားသာဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ကျွမ်းကျင်ပညာရှင် ဦးကြည်စိုးက ဝေဖန်ပြောကြားသည်။
“၁၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း ဆောင်ရတယ်ဆိုတာ လက်ထဲမှာ ငွေဖြူ မရှိလို့လေ။ ငွေဖြူမရှိဘူးဆိုတော့ သူတို့က ဘာလုပ်တာလဲ။ ဘိန်းစိုက်တာလား၊ မှောင်ခို လုပ်တာလား၊ တစ်ခုခုကြောင့်လေ” ဟု ၎င်းကဆိုသည်။
ယင်းသို့ ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေများအပေါ် အခွန်နှုန်းထား တိုးမြှင့်သတ်မှတ်မှုကြောင့် အခွန်ရှောင်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အိမ်၊ ခြံ၊ မြေ ဈေးကွက်လည်း ထပ်မံ အေးသွားနိုင်ကြောင်း ပြည်ကြီးတံခွန် အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင် ဦးနေဇော်အောင်က ဆိုသည်။
လာမည့်ဘဏ္ဍာနှစ် အတွက် အထူး ကုန်စည်ခွန် တွင်လည်း စီးကရက်၊ အရက်၊ ဝိုင် အမျိုးမျိုးတို့ အပေါ် ကျသင့်မည့် အခွန်နှုန်းထားကို လက်ရှိ အခွန်သတ်မှတ်မှု ပုံစံထက် ပိုမို အသေးစိတ်ကာ သတ်မှတ် ထားသည်။
စီးကရက်ဘူး တန်ဖိုး အလိုက် တစ်လိပ် ချင်းစီ အပေါ် အခွန် ကျသင့်မှု၊ အရက်နှင့် ဝိုင်တို့၏ တန်ဖိုး အလိုက် တစ်လီတာ အပေါ် အခွန် ကျသင့်မှု တို့ကို သတ်မှတ် ထားသည်။
“၂၀၁၆ အခွန် အကောက် ဥပဒေမှာ ထူးခြားတာ ဆိုရင် အထူး ကုန်စည် ခွန်တွေမှာ အရက်၊ စီးကရက် တို့ကို တစ်လိပ်ချင်းစီ အပေါ် အခွန် ကျသင့်တာ မျိုးပေါ့။ အဲဒါကြောင့် အခုဆို အရက်၊ စီးကရက် ဝယ်နေ သူတွေ အများကြီးပဲ” ဟု ဒေါက်တာ စိုးထွန်းက ဆိုသည်။
အခွန်ကောက်ခံခြင်းကြောင့် အစိုးရအနေနဲ့ အခွန်ဘဏ္ဍာ ပိုရလာမည် ဖြစ်သော်လည်း အခွန်တိုးရမှုနှင့် အတူ ကုန်ဈေးနှုန်းများ ကြီးမြင့်လာမှု ရှိ-မရှိ ကိုလည်း စောင့်ကြည့် ရမည်ဖြစ်ကြောင်း ဒေါက်တာ အောင်ကိုကိုက ဆိုသည်။
“ကုန်ဈေးနှုန်းတွေ တက်မလာဘူး၊ အခွန်တိုးရလာတယ် ဆိုရင် ဒါ ကောင်းတဲ့ ရလဒ်ပေါ့။ ဒီရလာတဲ့ အခွန်တွေကို ကျန်းမာရေး၊ ပညာရေးတွေမှာ သုံးရမယ်။
နောက်သဘာဝ ဘေးအန္တရာယ်နဲ့ မြန်မာနိုင်ငံက အများကြီး ရင်ဆိုင်ရမှာရှိတယ်။ ဒီအတွက် ရန်ပုံငွေမျိုး ထားရမယ်” ဟု ၎င်းက အကြံ ပြုသည်။
အခွန်နှင့်ပတ်သက်လျှင် အသိပညာ အားနည်းနေသေးသော၊ အခွန်ယဉ်ကျေးမှု နည်းပါးနေသော မြန်မာနိုင်ငံအတွက် အခွန်ဆိုင်ရာ အသိပညာပေးလုပ်ငန်း များလည်း များစွာ လိုအပ်နေဆဲဖြစ်သည်။
အခွန်မည်သို့ဆောင်ရမည်ကို မသိသေးသော စီးပွားရေးလုပ်ငန်းရှင် များစွာ ရှိနေသေးသလို မည်သည့်အခွန် အမျိုးအစားကို ပေးဆောင်နေရသည်ကို သိရှိသူမှာလည်း နည်းပါးနေသည်။
“ပေးတော့ ပေးနေရတာပဲ၊ ဘာအတွက် မှန်းကိုမသိဘူး။ အခွန်လား၊ ရန်ပုံငွေလား၊ ဘာမှန်းကိုမသိတာ” ဟု ဘုရင့်နောင်ပွဲရုံ ဝင်းမှ လုပ်ငန်းရှင်တစ်ဦးက ဖွင့်ဟသည်။
နိုင်ငံသား တိုင်းသည် ဥပဒေအရ ပေးဆောင် ရမည့် အခွန် အကောက်များကို ပေးဆောင်ရန် တာဝန် ရှိသည်ဟု ၂၀၀၈ ခုနှစ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၈၉ တွင် ပြဋ္ဌာန်း ထားသော်လည်း မြန်မာနိုင်ငံရှိ လူတစ်ရာတွင် ယင်းပုဒ်မကို သိရှိသူ မည်မျှ ရှိမည် မသိချေ။
“ပြည်သူတွေ အနေနဲ့ ရသင့် ရထိုက်တဲ့ အခွင့်အရေး ကိုလည်း အပြည့်အဝ အသုံး ချဖို့ လိုတယ်။ ကိုယ့်ဘက် ကလည်း ပြည်သူတွေရော၊ ပုဂ္ဂလိက လုပ်ငန်းရှင် တွေရော မှန်မှန် ကန်ကန် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလို အခွင့် အရေးတွေ ပေးထား ရက်သားနဲ့ ဖောက်ဖျက် ခဲ့မယ် ဆိုရင်တော့ ထိုက်သင့်တဲ့ အရေးယူ မှုတွေ ရှိလာမှာပါ။
ဒါကိုလည်း သတိမူဖို့ လိုပါတယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ဆိုလေသည်။
ငွေရှာနိုင်သော နိုင်ငံသား များ၏ အိတ်ကပ်ကို ဒုတ်ဒုတ်ထိ လာရောက်လွှမ်း မိုးတော့မည့် ပုဒ်မ တစ်ခု စတင် အလုပ် လုပ်တော့မည်။ ယင်းမှာ ပုဒ်မ ၃၈၉ ဖြစ်ကြောင်း သိပါသလား။
စစ်ငြိမ်းသူ
Originally published at - http://thevoicemyanmar.com/index.php/article/item/10086-pnn
No comments:
Post a Comment