Hedge Fund မ်ားအေၾကာင္း
Hedge Fund ဆိုသည့္ ေဝါဟာရအတြက္ အမ်ားက လက္ခံထားသည့္ တိက် သည့္ အဓိပၸာယ္မရွိေသးပါ။ အနီးစပ္ ဆံုးဘာသာျပန္ရလွ်င္ ပိုင္ဆိုင္ထားသည့္ ေငြေၾကး၊ ပစၥည္းမ်ား၏ တန္ဖိုးတိုးပြားလာေရး၊ ေဈးႏႈန္းမက်ဆင္း ေစေရးအတြက္ အကာအကြယ္၊ အေထာက္အခံ ျပဳလုပ္ေပးသည့္ေငြ ေၾကးဝန္ေဆာင္ အဖြဲ႕မ်ား ဟု ဆိုရေပမည္။ သို႔ရာတြင္ ေဈးကြက္အတြင္း က်င္လည္ေနသူ အမ်ားစုက Hedge Fund အမည္တြင္သည့္ လုပ္ငန္း တြင္ ေအာက္ေဖာ္ျပပါထူးျခား ခ်က္ မ်ားရွိသည္ဟု ဆိုပါသည္။
(က) ရင္းႏွီး ျမႇဳပ္ႏွံမႈကို လြတ္လြတ္လပ္လပ္ ျပဳလြယ္ ေျပာင္းလြယ္ လုပ္ႏိုင္ သည့္အျပင္ လက္ဝယ္ ရွိ စေတာ့မ်ားကို ေရာင္းဝယ္ျခင္း (Long Position) ႏွင့္ စေတာ့မ်ား ေခ်းငွား ေရာင္း ဝယ္ျခင္း (Short Position) တို႔ကို ေဆာင္ ရြက္ႏိုင္ျခင္း၊
(ခ) ေငြေခ်းငွားႏိုင္သည့္အရည္ အခ်င္းရွိကာ ေနာက္ပိုင္းတြင္ ျမင့္မားသည့္ ျပန္ရႏႈန္းမ်ား ရရွိေစရန္ ေဆာင္ရြက္ႏိုင္ျခင္း၊
(ဂ) စည္းမ်ဥ္း ထိန္းေက်ာင္းမႈ အနည္းငယ္ သာရွိျခင္း၊
(ဃ) ရင္းႏွီးျမႇဳပ္ႏွံသူထည့္ဝင္ ထားသည့္ေငြကို ကာလတိုအတြင္းျပန္ထုတ္ ၍မရသည့္ ထိန္းခ်ဳပ္စနစ္ (Lock-up) ေဆာင္ရြက္ထားျခင္း၊
(င) ရင္းႏွီးျမႇဳပ္ႏွံသူ မ်ားသည္ အထူးသျဖင့္ ေငြေၾကးၾကြယ္ဝသည့္အဖြဲ႕မ်ား (ဥပမာ- တကၠသိုလ္ရန္ပံုေငြ အဖြဲ႕မ်ား၊ ပင္စင္ရန္ပံုေငြအဖြဲ႕မ်ား၊ အျခား အရည္ အခ်င္းျပည့္မီသည့္ အဖြဲ႕အစည္ မ်ား) ျဖစ္ျခင္း၊
(စ) ရန္ပံုေငြ ထိန္းေက်ာင္းေပးသည့္ အတြက္ ဝန္ေဆာင္ခမ်ားရရွိျခင္း စသည္တို႔ျဖစ္ ပါသည္။
သမား႐ိုးက် Hedge Fund တစ္ခု၏ ဝင္ေငြမ်ားမွာ ရန္ပံုေငြကိုစီမံခန္႔ခြဲမႈမွ ရသည့္စရိတ္ႏွင့္ စြမ္းေဆာင္ရည္အေပၚမူ တည္၍ေပးရသည့္ စရိတ္ဟူ၍ ႏွစ္မ်ိဳး ရွိပါသည္။ သို႔ရာတြင္ သာမန္အဖြဲ႕တစ္ခုတြင္မူ စြမ္းေဆာင္ရည္အေပၚ ေပးသည့္ ဝင္ေငြ မရွိဘဲ စီမံခန္႔ခြဲမႈစရိတ္ အနည္းငယ္သာရွိပါ သည္။ အဖြဲ႕၏စီမံခန္႔ခြဲမႈ စရိတ္မွာ အပ္ႏွံသည့္ ရန္ပံုေငြ၏ အသားတင္ ပိုင္ဆိုင္မႈတန္ ဖိုး Net Asset Value (NAV) ၏ ၂ ရာခိုင္ႏႈန္းႏွင့္ စြမ္းေဆာင္ရည္ အဖိုးအခ အျဖစ္ တိုးပြား လာသည့္ ပမာဏအေပၚတြင္ ၂၀ ရာခိုင္ႏႈန္း ယူေလ့ရွိပါ သည္။ ယင္းစရိတ္ သည္ သာမန္ေငြေၾကး မန္ေနဂ်ာမ်ားထက္ ေဈးပိုမ်ားေသာ္လည္း ပုဂၢလိက ရင္းႏွီးျမႇဳပ္ႏွံ မႈရန္ပံုေငြအဖြဲ႕မ်ားယူသည့္ ပမာဏအတိုင္း ျဖစ္ပါသည္။
ဤအဖြဲ႕တို႔သည္ ထည့္ဝင္ထား သည့္ ေငြေၾကးမ်ားအေပၚ အၾကြင္းမဲ့ျပန္ရ ႏႈန္း ရရွိရန္ ေမွ်ာ္မွန္းၾကၿပီး ၄င္းတို႔ေဆာင္ ရြက္သည့္ပံုစံမွာ ေဈးကြက္ သီအိုရီမ်ား၊ စီးပြားေရးအေျခခံ မ်ားႏွင့္ လံုးဝမသက္ဆိုင္ ျခင္းျဖစ္ပါသည္။ ထို႔အတူ အက်ိဳးတူ ရန္ပံုေငြ အဖြဲ႕ (Mutual Fund) မ်ား၏ လုပ္ငန္းစဥ္ မ်ားႏွင့္လည္း လံုးဝမတူညီပါ။ ထို႔ျပင္ သမား႐ိုးက် ရင္းႏွီးျမႇဳပ္ႏွံ မႈမ်ားျဖစ္သည့္ စေတာ့မ်ား၊ ေငြေခ်းစာခ်ဳပ္မ်ား မွ ျပန္ရႏႈန္းမ်ားႏွင့္ လည္း ဆက္ႏႊယ္မႈ လံုးဝမရွိျခင္းျဖစ္သည္။ ဤသို႔ဆက္ႏႊယ္မႈ မရွိျခင္းကပင္ ရင္းႏွီးျမႇဳပ္ႏွံသူတို႔အတြက္ ဆြဲေဆာင္မႈတစ္ခု ျဖစ္လ်က္ရွိၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈအစုစု (Portfolio) အတြက္ ဆံုး႐ံႈးႏိုင္ေျခ ကိုေလွ်ာ့ႏိုင္သမွ်ေလွ်ာ့ ခ်ကာ အျမင့္ဆံုးေသာ ျပန္ရႏႈန္းကိုလည္း ေမွ်ာ္မွန္းႏိုင္ပါသည္။
အဆိုပါ ရင္းႏွီးျမႇဳပ္ႏွံမႈပံုစံကို ၁၉၄၉ ခုႏွစ္တြင္ အဲလ္ဖရက္ဂ်ဳန္းစ္ဆိုသူက စတင္ေဆာင္ရြက္ ခဲ့ပါသည္။ ၄င္းက Short Selling ဟုေခၚသည့္ ကိုယ့္ထံတြင္မပိုင္ သည့္ပစၥည္းမ်ား (ဥပမာ- စေတာ့မ်ား) ကို ေခ်းယူေရာင္းခ်ကာ အျခားအပိုင္ ဝယ္ယူထားသည့္ အေျခပစၥည္းတစ္ခုကို အကာအကြယ္ျပဳသည့္ နည္းစနစ္ကို က်င့္သံုးျခင္း ျဖစ္ပါသည္။ အကယ္၍ မိမိေခ်းယူထား သည့္ ပစၥည္းေဈးက်သြား ပါက အဆိုပါ ပစၥည္းကို ေအာက္ေဈးႏွင့္ ဝယ္၍ ျပန္ဆပ္ လိုက္ပါ သည္။ နဂိုက ေခ်းယူကာ ေရာင္း ထားသည့္ ေဈးထက္ပိုနည္းသျဖင့္ အျမတ္ထြက္ပါသည္။ ယင္းထြက္သည့္အျမတ္သည္ အပိုင္ဝယ္ထားသည့္ပစၥည္း ေဈးက်သြား ျခင္းကို အကာ အကြယ္ျပဳျခင္းျဖစ္ပါသည္။ အကယ္၍ ေခ်းယူ၍ေရာင္းထားသည့္ ပစၥည္း ေဈးတက္လွ်င္ လည္း မိမိပိုင္ဆိုင္သည့္ ပစၥည္းေဈးလည္း လိုက္တက္သျဖင့္ ေထမိသည့္ သေဘာျဖစ္ပါ သည္။ ဤသို႔ ေဆာင္ရြက္ျခင္းျဖင့္ ေဈးကြက္တစ္ခု လံုးတြင္ ျဖစ္ေပၚလာႏိုင္သည့္ ဆံုး႐ံႈး ႏိုင္ေျခ (Risk) ကိုဖယ္ရွားေပးျခင္း ျဖစ္ပါ သည္။ အဲလ္ဖရက္ ဂ်ဳန္းစ္တီထြင္ က်င့္သံုးသည့္ အဆိုပါနည္းလမ္းကို ရင္းႏွီး ျမႇဳပ္ႏွံမႈအဖြဲ႕မ်ားမွ လိုက္လံ က်င့္သံုးၾကရင္း အဆိုပါအဖြဲ႕မ်ားကို Hedge Fund ဟုေခၚေဝၚျခင္းျဖစ္ပါသည္။
သို႔ေသာ္လည္း ရင္းႏွီးျမႇဳပ္ႏွံမႈရန္ပံု ေငြအဖြဲ႕ အေတာ္မ်ားမ်ားသည္ အထက္တြင္ ေဖာ္ျပ ထားသည့္ Hedging နည္းစနစ္မ်ား ကို အသံုးျပဳျခင္းမရွိေသာ္လည္း ပထမပိုဒ္တြင္ ပါဝင္ သည့္ ထူးျခားခ်က္ေျခာက္ခ်က္ထဲ မွတစ္ခုခုႏွင့္ သက္ဆိုင္ တိုင္း Hedge Fund ဟု အမည္ တြင္ၾကေပသည္။
၂၀၁၁ ခု ႏွစ္အတြင္း S&P 500 (နယူးေယာက္စေတာ့အိတ္ခ်ိန္းတြင္ အသံုး ျပဳသည့္ စေတာ့အၫႊန္းကိန္းတစ္ခု) ၏တစ္လအတြင္း ျဖစ္ေပၚခဲ့သည့္ အၫႊန္း ကိန္း အေပၚ Hedge Fund မ်ား၏ ရင္းႏွီးျမႇဳပ္ႏွံ မႈကို သုေတသနျပဳ တြက္ခ်က္ ခဲ့ရာ ၄င္းတို႔၏ ျပန္ရႏႈန္းမွာ အၫႊန္းကိန္း အတက္အက်ႏွင့္ ဆက္စပ္မႈႏႈန္း နည္း ပါးေၾကာင္း ေတြ႕ရွိခဲ့သည္။ တြက္ ခ်က္မႈမ်ားအရ ရင္းႏွီးျမႇဳပ္ႏွံမႈတန္ဖိုးမ်ား၏ အတက္အက်ႏႈန္းကို တိုင္းတာသည့္ ဘီတာ ကိန္းရွင္ (Beta) မွာ ဝ ဒသမ ၈၄ သာရွိသျဖင့္ ဆက္စပ္မႈႏႈန္း နည္းပါးသည္ ဟုဆိုလိုျခင္း ျဖစ္သည္။ တစ္ဖန္ ၂၀ဝ၉ ခုႏွစ္တြင္ အလားတူ S&P 500 ႏွင့္ Hedge Fund မ်ား၏ ျပန္ရႏႈန္းဆက္စပ္မႈ ႏႈန္းကိုတိုင္းတာခဲ့ရာတြင္လည္ Beta မွာ ဝ ဒသမ ၄၄ သာရွိ သျဖင့္ ဆက္စပ္မႈ ႏႈန္း နည္းပါးေၾကာင္းေတြ႕ရွိပါသည္။
အေမရိကန္ေငြေခ်းသက္ေသခံ လက္မွတ္လုပ္ငန္းႀကီးၾကပ္ေရးေကာ္မရွင္ (SEC) အပါ အဝင္ ႏိုင္ငံအေတာ္မ်ားမ်ားတြင္ အဆိုပါ Hedge Fund မ်ားကို မွတ္ပံုတင္ျခင္းမွ ကင္းလြတ္ခြင့္ျပဳထားၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ယင္းအဖြဲ႕မ်ားသည္ ႐ႈပ္ေထြး နက္နဲသည့္အဖြဲ႕အစည္းအလိုက္ ရင္းႏွီးျမႇဳပ္ႏွံ သူမ်ားႏွင့္ ခ်မ္းသာ ၾကြယ္ဝသည့္ တစ္ခုခ်င္း ရင္းႏွီးျမႇဳပ္ႏွံသူတို႔ အတြက္သာ လုပ္ငန္းမ်ား လက္ခံေဆာင္ရြက္ ေပးျခင္း ေၾကာင့္ျဖစ္ပါ သည္။ ထို႔ျပင္ လာေရာက္ အပ္ႏွံသည့္ အေရအတြက္ကိုလည္း အကန္႔အသတ္ျဖင့္သာ လက္ခံေဆာင္ရြက္ ေပးျခင္းေၾကာင့္ျဖစ္ပါသည္။ သို႔ရာတြင္ ျခားနားခ်က္တစ္ခုမွာ အက်ိဳး တူရန္ပံုေငြ အဖြဲ႕ (Mutual Fund) မ်ားမွာမူ SEC တြင္ မွတ္ပံုတင္ၿပီးမွ အမ်ားျပည္သူ မ်ားသို႔ ရင္းႏွီးျမႇဳပ္ႏွံမႈအစုမ်ားကို ထုတ္ေရာင္းခြင့္ရွိ ပါသည္။ သို႔ရာတြင္ အေမရိကန္ ကုမၸဏီ ဥပေဒအရ Hedge Fund မ်ားကို အႀကံ ဥာဏ္မ်ားေပးသည့္ တစ္ဦးခ်င္း အႀကံေပး မ်ားကို SEC တြင္တရားဝင္ မွတ္ပံုတင္ရန္ႏိႈး ေဆာ္ထားပါသည္။ သို႔ေသာ္လည္း ၂၀၁၁ ခုႏွစ္ ေနာက္ပိုင္း Dodd-Frank ဥပေဒအရ Wall Street ျပဳျပင္ေျပာင္းလဲေရးမ်ားျပဳ လုပ္ခဲ့ ရာတြင္ Hedge Fund မ်ားသည္ SEC ၏ ႀကီးၾကပ္မႈကို ျပန္လည္ခံယူခဲ့ရပါ သည္။
လီဗာအရွိန္ျမႇင့္တင္ျခင္း (Leverage)
....................................................
Hedge Fund မ်ားသည္ ၄င္းတို႔ ၏ ရင္းႏွီးျမႇဳပ္ႏွံမႈအစုစု (Portfolio) ၏ ပမာဏ ႀကီးမား လာေစေရးအတြက္ မၾကာခဏဆိုသလို ေငြေၾကးေခ်းငွားျခင္းနည္း ျဖင့္ Leverage ျပဳ လုပ္ၾကပါသည္။ ဥပမာ- Hedge Fund တစ္ခုသည္ မိမိ၏ေဖာက္ သည္ထံမွ ရင္းႏွီးျမႇဳပ္ႏွံ ေပးရန္ ေဒၚလာသန္း တစ္ရာ လက္ခံရရွိသည္ဆိုပါစို႔။ ထိုအခါ အဖြဲ႕သည္ ဘဏ္မွေခ်းေငြ သန္းသံုးရာ ထပ္ ေခ်းကာ ေဒၚလာ သန္းေလးရာ တန္ဖိုးရွိ စေတာ့မ်ားကို ဝယ္ယူရင္းႏွီး လိုက္ပါသည္။ ဤေခ်းေငြကို Margin Loan ဟုေခၚပါ သည္။ အကယ္၍ စေတာ့ရင္းႏွီး ျမႇဳပ္ႏွံမႈ သန္း ေလးရာ မွေဈးႏႈန္း ၂၅ ရာခိုင္ႏႈန္း က်ဆင္းသြားပါက ရင္းႏွီးျမႇဳပ္ႏွံသူ၏ ေငြသန္းတစ္ရာ ရာႏႈန္းျပည့္ ဆံုး႐ံႈး သြားမည္ျဖစ္ၿပီး အကယ္ ၍ စေတာ့ေဈးႏႈန္း ၂၅ ရာခိုင္ႏႈန္း တက္မည္ ဆိုပါက မိမိထည့္ဝင္ေငြ သန္းတစ္ရာႏွစ္ဆ ျမတ္စြန္းမည္ျဖစ္ပါသည္။ သို႔ျဖစ္ရာ Hedge Fund မ်ား၏ ျပန္ရႏႈန္း အတက္ အက်မွာ ျပင္းထန္ပါသည္။
Hedge Fund မ်ားသည္ ၁၉၉၀ ျပည့္ႏွစ္ေနာက္ပိုင္းမွ အစျပဳကာ အရွိန္အဟုန္ ျဖင့္ ေအာင္ျမင္တိုးတက္မႈမ်ား ရရွိ ခဲ့ပါသည္။ ၁၉၉၀ ျပည့္ႏွစ္တြင္ အဖြဲ႕ေပါင္း ၅၃၀ ရွိကာ ေငြပမာဏ ၃၉ ဘီလီယံေဒၚလာ ကို စီမံခန္႔ခြဲေပးခဲ့ၿပီး ၂၀၁၁ ခုႏွစ္ တြင္မူ အဖြဲ႕အေရ အတြက္ ၇,၂၀ဝ အထိရွိခဲ့ၿပီး ေဒၚလာ ႏွစ္ထလီရီယံတန္ဖိုးရွိ ေငြေၾကး မ်ားကို စီမံခန္႔ခြဲ ေပးလ်က္ ရွိပါသည္။ ယင္းသို႔ Hedge Fund မ်ား ေအာင္ျမင္ရျခင္းမွာ ေအာက္ေဖာ္ျပပါ အေၾကာင္းရင္းမ်ား ေၾကာင့္ ျဖစ္ပါသည္။
ခြဲျခမ္းစိတ္ျဖာရင္းႏွီးမႈ (Diversification)
.......................................................
ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ မိမိတို႔ ေငြေၾကးမ်ားကို ေနရာအႏွံ႔ခြဲျခမ္းစိတ္ျဖာ ရင္းႏွီး သည့္အျပင္ လိုအပ္လွ်င္ေခ်းေငြကိုထိ ေရာက္စြာအသံုးခ်ျခင္း။ Hedge Fund မ်ားသည္ အဆိုပါေငြေၾကး မ်ားကို တိုးပြား လာေစရန္ ေဆာင္ရြက္ျခင္းႏွင့္ ဆံုး႐ံႈးႏိုင္ေျခ ရွိမႈမ်ားကို ေလွ်ာ့ခ်ေပးျခင္း။
အၾကြင္းမဲ့ ျပန္ရႏႈန္း (Absolute Return)
.........................................................
ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ ထည့္ဝင္ထားသည့္ ေငြမ်ားအတြက္ အၾကြင္းမဲ့ ျပန္ရႏႈန္းကို ရယူရန္ Hedge Fund မ်ားသို႔ အပ္ႏွံၾကပါသည္။ သမား႐ိုးက် ရန္ပံုေငြအဖြဲ႕ အမ်ားစုသည္ ေဈးကြက္အတြင္းပွ်မ္းမွ်ျပန္ ရႏႈန္းမ်ားကို ရရွိ ေသာ္လည္း တစ္ခါတစ္ရံ ခ်ိတ္ဆက္ထားသည့္ အၫႊန္းကိန္း က်ဆင္းမႈေၾကာင့္ ျပန္ရႏႈန္း အႏုတ္ကိန္းျဖစ္ႏိုင္သည္။ သို႔ေသာ္ Hedge Fund မ်ားမွာ ျပန္ရႏႈန္း သုညရာခိုင္ႏႈန္းအထက္ ရရွိရန္ စြမ္းေဆာင္ ႏိုင္ၾကသည္။
အဖြဲ႕အစည္းလိုက္ရင္းႏွီးျမႇဳပ္ႏွံသူမ်ား တိုးတက္လာျခင္း
(Increased Institutional Investing)
..............................................................................
ပညာေရးစနစ္မ်ား ထြန္းကားလာ မႈေၾကာင့္ တကၠသိုလ္မ်ားတြင္ ရန္ပံုေငြမ်ား တိုးတက္ မ်ားျပား လာကာ ယင္းတို႔၏ေငြမ်ား ကို Hedge Fund မ်ား၊ ပုဂၢလိက ရင္းႏွီးျမႇဳပ္ႏွံ မႈအဖြဲ႕မ်ား၊ အိမ္ၿခံေျမအဖြဲ႕မ်ား၊ ကုန္စည္ ေဈးကြက္မ်ားတြင္ ခြဲျခမ္း ကာ ရင္းႏွီးျမႇဳပ္ႏွံၾက ပါသည္။ ထို႔အတူ ပင္စင္ရန္ပံုေငြအဖြဲ႕မ်ား၊ ေရနံေရာင္း ခ်ေငြ ထိန္းသိမ္းသည့္အဖြဲ႕ ေပါင္းေျမာက္ျမားစြာ ေပၚေပါက္လာျခင္း ေၾကာင့္ Hedge Fund မ်ား အလုပ္ျဖစ္ လာၾကသည္။
ေကာင္းမြန္သည့္ ရင္းႏွီးျမႇဳပ္ႏွံမႈဝန္းက်င္ရွိ ျခင္း
(Favorable Market Environment)
..........................................................
အတိုးႏႈန္းမ်ား ေလ်ာ့က်ျခင္း၊ ေခ်းေငြမ်ား လြယ္ကူစြာရရွိႏိုင္ျခင္း၊ ေခ်းေငြသက္ တမ္းမ်ားေပ်ာ့ ေပ်ာင္းမႈရွိျခင္း၊ ခိုင္မာသည့္ စေတာ့ေဈးကြက္ရွိေနျခင္း၊ အခြန္ႏွင့္ ဥပေဒ ျပ႒ာန္းခ်က္မ်ား ေျဖေလွ်ာ့ေပးျခင္းမ်ား ေၾကာင့္ ေကာင္းမြန္သည့္ ေဈးကြက္ တစ္ခု ျဖစ္လာေစပါသည္။
လူသားအရင္းအျမစ္ တိုးတက္လာမႈ (Human Capital Growth)
.......................................................................................
ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ကြ်မ္းက်င္သူ အေတာ္မ်ားမ်ားသည္ ယခု အခါ Hedge Fund လုပ္ငန္းမ်ားသို႔ တစ္စထက္တစ္စ ေျပာင္းေရႊ႕ လုပ္ကိုင္လာၾကပါ သည္။ အဘယ္ ေၾကာင့္ ဆိုေသာ္ ယင္းအဖြဲ႕ မ်ားရရွိသည့္ လုပ္ခဝင္ေငြ မွာ ျမင့္မားၿပီး ပိုမို၍ လြတ္လပ္စြာ ေဆာင္ရြက္ႏိုင္ျခင္းေၾကာင့္ ျဖစ္ပါသည္။ ၂၀ဝ၆ ခုႏွစ္အတြင္းတြင္ Hedge Fund မန္ေနဂ်ာ ၂၆ ဦး၏လုပ္ခ လစာ ေဒၚလာသန္း ၁၃၀ ရရွိခဲ့ေၾကာင္းေတြ႕ ရွိရပါသည္။ ဆက္လက္၍ ႏွစ္အလိုက္ဆိုသလို မန္ေနဂ်ာမ်ား၏ ဝင္ေငြလုပ္ခမ်ားျမင့္ တက္လာခဲ့ပါသည္။ သို႔ေသာ္ လည္း ၂၀၁၁ ခုႏွစ္တြင္ မန္ေနဂ်ာမ်ား၏ အဆိုးဆံုးႏွစ္တစ္ ခုျဖစ္ခဲ့ၿပီး ကမၻာ့ထိပ္တန္း မန္ေနဂ်ာ ၄၀ ဦး၏ လုပ္ခစုစုေပါင္းမွာ ၁၃ ဒသမ ၂ ဘီလီယံသာ ရရွိ ခဲ့ေၾကာင္းေတြ႕ရွိ ရပါသည္။
ဘ႑ာေရးတီထြင္မႈမ်ား (Financial Innovation)
..................................................................
Hedge Fund မ်ားသည္ လြန္စြာ ႐ႈပ္ေထြးနက္နဲသည့္ဘ႑ာေရး Product မ်ား၊ နည္း ပညာမ်ားကိုတီထြင္ႏိုင္ခဲ့ျခင္း ေၾကာင့္ ေဈးကြက္အတြင္းက်ခံေနရသည့္ ဝန္ေဆာင္ စရိတ္မ်ားကို ေလွ်ာ့ခ်ႏိုင္ခဲ့ပါ သည္။ အီလက္ထရြန္နစ္ေရာင္းဝယ္ေရး ပလက္ေဖာင္းမ်ား၊ အနာဂတ္တြင္ ေပးေခ် သည့္ႀကိဳေရာင္းေဈးကြက္မ်ား၊ Product အခ်င္းခ်င္း လဲလွယ္သည့္ ေဈးကြက္မ်ားတီ ထြင္ႏိုင္ခဲ့ျခင္းမ်ားေၾကာင့္ Hedge Fund မ်ားကို ပိုမိုအလုပ္ျဖစ္ေစ ခဲ့ပါသည္။
Unicode....
Hedge Fund များအကြောင်း
++++++++++++++++++++++Hedge Fund ဆိုသည့် ဝေါဟာရအတွက် အများက လက်ခံထားသည့် တိကျ သည့် အဓိပ္ပာယ်မရှိသေးပါ။ အနီးစပ် ဆုံးဘာသာပြန်ရလျှင် ပိုင်ဆိုင်ထားသည့် ငွေကြေး၊ ပစ္စည်းများ၏ တန်ဖိုးတိုးပွားလာရေး၊ ဈေးနှုန်းမကျဆင်း စေရေးအတွက် အကာအကွယ်၊ အထောက်အခံ ပြုလုပ်ပေးသည့်ငွေ ကြေးဝန်ဆောင် အဖွဲ့များ ဟု ဆိုရပေမည်။ သို့ရာတွင် ဈေးကွက်အတွင်း ကျင်လည်နေသူ အများစုက Hedge Fund အမည်တွင်သည့် လုပ်ငန်း တွင် အောက်ဖော်ပြပါထူးခြား ချက် များရှိသည်ဟု ဆိုပါသည်။
(က) ရင်းနှီး မြှုပ်နှံမှုကို လွတ်လွတ်လပ်လပ် ပြုလွယ် ပြောင်းလွယ် လုပ်နိုင် သည့်အပြင် လက်ဝယ် ရှိ စတော့များကို ရောင်းဝယ်ခြင်း (Long Position) နှင့် စတော့များ ချေးငှား ရောင်း ဝယ်ခြင်း (Short Position) တို့ကို ဆောင် ရွက်နိုင်ခြင်း၊(ခ) ငွေချေးငှားနိုင်သည့်အရည် အချင်းရှိကာ နောက်ပိုင်းတွင် မြင့်မားသည့် ပြန်ရနှုန်းများ ရရှိစေရန် ဆောင်ရွက်နိုင်ခြင်း၊(ဂ) စည်းမျဉ်း ထိန်းကျောင်းမှု အနည်းငယ် သာရှိခြင်း၊(ဃ) ရင်းနှီးမြှုပ်နှံသူထည့်ဝင် ထားသည့်ငွေကို ကာလတိုအတွင်းပြန်ထုတ် ၍မရသည့် ထိန်းချုပ်စနစ် (Lock-up) ဆောင်ရွက်ထားခြင်း၊(င) ရင်းနှီးမြှုပ်နှံသူ များသည် အထူးသဖြင့် ငွေကြေးကြွယ်ဝသည့်အဖွဲ့များ (ဥပမာ- တက္ကသိုလ်ရန်ပုံငွေ အဖွဲ့များ၊ ပင်စင်ရန်ပုံငွေအဖွဲ့များ၊ အခြား အရည် အချင်းပြည့်မီသည့် အဖွဲ့အစည် များ) ဖြစ်ခြင်း၊(စ) ရန်ပုံငွေ ထိန်းကျောင်းပေးသည့် အတွက် ဝန်ဆောင်ခများရရှိခြင်း စသည်တို့ဖြစ် ပါသည်။သမားရိုးကျ Hedge Fund တစ်ခု၏ ဝင်ငွေများမှာ ရန်ပုံငွေကိုစီမံခန့်ခွဲမှုမှ ရသည့်စရိတ်နှင့် စွမ်းဆောင်ရည်အပေါ်မူ တည်၍ပေးရသည့် စရိတ်ဟူ၍ နှစ်မျိုး ရှိပါသည်။ သို့ရာတွင် သာမန်အဖွဲ့တစ်ခုတွင်မူ စွမ်းဆောင်ရည်အပေါ် ပေးသည့် ဝင်ငွေ မရှိဘဲ စီမံခန့်ခွဲမှုစရိတ် အနည်းငယ်သာရှိပါ သည်။ အဖွဲ့၏စီမံခန့်ခွဲမှု စရိတ်မှာ အပ်နှံသည့် ရန်ပုံငွေ၏ အသားတင် ပိုင်ဆိုင်မှုတန် ဖိုး Net Asset Value (NAV) ၏ ၂ ရာခိုင်နှုန်းနှင့် စွမ်းဆောင်ရည် အဖိုးအခ အဖြစ် တိုးပွား လာသည့် ပမာဏအပေါ်တွင် ၂၀ ရာခိုင်နှုန်း ယူလေ့ရှိပါ သည်။ ယင်းစရိတ် သည် သာမန်ငွေကြေး မန်နေဂျာများထက် ဈေးပိုများသော်လည်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ မှုရန်ပုံငွေအဖွဲ့များယူသည့် ပမာဏအတိုင်း ဖြစ်ပါသည်။ဤအဖွဲ့တို့သည် ထည့်ဝင်ထား သည့် ငွေကြေးများအပေါ် အကြွင်းမဲ့ပြန်ရ နှုန်း ရရှိရန် မျှော်မှန်းကြပြီး ၄င်းတို့ဆောင် ရွက်သည့်ပုံစံမှာ ဈေးကွက် သီအိုရီများ၊ စီးပွားရေးအခြေခံ များနှင့် လုံးဝမသက်ဆိုင် ခြင်းဖြစ်ပါသည်။ ထို့အတူ အကျိုးတူ ရန်ပုံငွေ အဖွဲ့ (Mutual Fund) များ၏ လုပ်ငန်းစဉ် များနှင့်လည်း လုံးဝမတူညီပါ။ ထို့ပြင် သမားရိုးကျ ရင်းနှီးမြှုပ်နှံ မှုများဖြစ်သည့် စတော့များ၊ ငွေချေးစာချုပ်များ မှ ပြန်ရနှုန်းများနှင့် လည်း ဆက်နွှယ်မှု လုံးဝမရှိခြင်းဖြစ်သည်။ ဤသို့ဆက်နွှယ်မှု မရှိခြင်းကပင် ရင်းနှီးမြှုပ်နှံသူတို့အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုအစုစု (Portfolio) အတွက် ဆုံးရှုံးနိုင်ခြေ ကိုလျှော့နိုင်သမျှလျှော့ ချကာ အမြင့်ဆုံးသော ပြန်ရနှုန်းကိုလည်း မျှော်မှန်းနိုင်ပါသည်။အဆိုပါ ရင်းနှီးမြှုပ်နှံမှုပုံစံကို ၁၉၄၉ ခုနှစ်တွင် အဲလ်ဖရက်ဂျုန်းစ်ဆိုသူက စတင်ဆောင်ရွက် ခဲ့ပါသည်။ ၄င်းက Short Selling ဟုခေါ်သည့် ကိုယ့်ထံတွင်မပိုင် သည့်ပစ္စည်းများ (ဥပမာ- စတော့များ) ကို ချေးယူရောင်းချကာ အခြားအပိုင် ဝယ်ယူထားသည့် အခြေပစ္စည်းတစ်ခုကို အကာအကွယ်ပြုသည့် နည်းစနစ်ကို ကျင့်သုံးခြင်း ဖြစ်ပါသည်။ အကယ်၍ မိမိချေးယူထား သည့် ပစ္စည်းဈေးကျသွား ပါက အဆိုပါ ပစ္စည်းကို အောက်ဈေးနှင့် ဝယ်၍ ပြန်ဆပ် လိုက်ပါ သည်။ နဂိုက ချေးယူကာ ရောင်း ထားသည့် ဈေးထက်ပိုနည်းသဖြင့် အမြတ်ထွက်ပါသည်။ ယင်းထွက်သည့်အမြတ်သည် အပိုင်ဝယ်ထားသည့်ပစ္စည်း ဈေးကျသွား ခြင်းကို အကာ အကွယ်ပြုခြင်းဖြစ်ပါသည်။ အကယ်၍ ချေးယူ၍ရောင်းထားသည့် ပစ္စည်း ဈေးတက်လျှင် လည်း မိမိပိုင်ဆိုင်သည့် ပစ္စည်းဈေးလည်း လိုက်တက်သဖြင့် ထေမိသည့် သဘောဖြစ်ပါ သည်။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်တစ်ခု လုံးတွင် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံး နိုင်ခြေ (Risk) ကိုဖယ်ရှားပေးခြင်း ဖြစ်ပါ သည်။ အဲလ်ဖရက် ဂျုန်းစ်တီထွင် ကျင့်သုံးသည့် အဆိုပါနည်းလမ်းကို ရင်းနှီး မြှုပ်နှံမှုအဖွဲ့များမှ လိုက်လံ ကျင့်သုံးကြရင်း အဆိုပါအဖွဲ့များကို Hedge Fund ဟုခေါ်ဝေါ်ခြင်းဖြစ်ပါသည်။သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုရန်ပုံ ငွေအဖွဲ့ အတော်များများသည် အထက်တွင် ဖော်ပြ ထားသည့် Hedging နည်းစနစ်များ ကို အသုံးပြုခြင်းမရှိသော်လည်း ပထမပိုဒ်တွင် ပါဝင် သည့် ထူးခြားချက်ခြောက်ချက်ထဲ မှတစ်ခုခုနှင့် သက်ဆိုင် တိုင်း Hedge Fund ဟု အမည် တွင်ကြပေသည်။၂၀၁၁ ခု နှစ်အတွင်း S&P 500 (နယူးယောက်စတော့အိတ်ချိန်းတွင် အသုံး ပြုသည့် စတော့အညွှန်းကိန်းတစ်ခု) ၏တစ်လအတွင်း ဖြစ်ပေါ်ခဲ့သည့် အညွှန်း ကိန်း အပေါ် Hedge Fund များ၏ ရင်းနှီးမြှုပ်နှံ မှုကို သုတေသနပြု တွက်ချက် ခဲ့ရာ ၄င်းတို့၏ ပြန်ရနှုန်းမှာ အညွှန်းကိန်း အတက်အကျနှင့် ဆက်စပ်မှုနှုန်း နည်း ပါးကြောင်း တွေ့ရှိခဲ့သည်။ တွက် ချက်မှုများအရ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများ၏ အတက်အကျနှုန်းကို တိုင်းတာသည့် ဘီတာ ကိန်းရှင် (Beta) မှာ ဝ ဒသမ ၈၄ သာရှိသဖြင့် ဆက်စပ်မှုနှုန်း နည်းပါးသည် ဟုဆိုလိုခြင်း ဖြစ်သည်။ တစ်ဖန် ၂၀ဝ၉ ခုနှစ်တွင် အလားတူ S&P 500 နှင့် Hedge Fund များ၏ ပြန်ရနှုန်းဆက်စပ်မှု နှုန်းကိုတိုင်းတာခဲ့ရာတွင်လည် Beta မှာ ဝ ဒသမ ၄၄ သာရှိ သဖြင့် ဆက်စပ်မှု နှုန်း နည်းပါးကြောင်းတွေ့ရှိပါသည်။အမေရိကန်ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SEC) အပါ အဝင် နိုင်ငံအတော်များများတွင် အဆိုပါ Hedge Fund များကို မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားကြသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအဖွဲ့များသည် ရှုပ်ထွေး နက်နဲသည့်အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံ သူများနှင့် ချမ်းသာ ကြွယ်ဝသည့် တစ်ခုချင်း ရင်းနှီးမြှုပ်နှံသူတို့ အတွက်သာ လုပ်ငန်းများ လက်ခံဆောင်ရွက် ပေးခြင်း ကြောင့်ဖြစ်ပါ သည်။ ထို့ပြင် လာရောက် အပ်နှံသည့် အရေအတွက်ကိုလည်း အကန့်အသတ်ဖြင့်သာ လက်ခံဆောင်ရွက် ပေးခြင်းကြောင့်ဖြစ်ပါသည်။ သို့ရာတွင် ခြားနားချက်တစ်ခုမှာ အကျိုး တူရန်ပုံငွေ အဖွဲ့ (Mutual Fund) များမှာမူ SEC တွင် မှတ်ပုံတင်ပြီးမှ အများပြည်သူ များသို့ ရင်းနှီးမြှုပ်နှံမှုအစုများကို ထုတ်ရောင်းခွင့်ရှိ ပါသည်။ သို့ရာတွင် အမေရိကန် ကုမ္ပဏီ ဥပဒေအရ Hedge Fund များကို အကြံ ဉာဏ်များပေးသည့် တစ်ဦးချင်း အကြံပေး များကို SEC တွင်တရားဝင် မှတ်ပုံတင်ရန်နှိုး ဆော်ထားပါသည်။ သို့သော်လည်း ၂၀၁၁ ခုနှစ် နောက်ပိုင်း Dodd-Frank ဥပဒေအရ Wall Street ပြုပြင်ပြောင်းလဲရေးများပြု လုပ်ခဲ့ ရာတွင် Hedge Fund များသည် SEC ၏ ကြီးကြပ်မှုကို ပြန်လည်ခံယူခဲ့ရပါ သည်။လီဗာအရှိန်မြှင့်တင်ခြင်း (Leverage)
....................................................
Hedge Fund များသည် ၄င်းတို့ ၏ ရင်းနှီးမြှုပ်နှံမှုအစုစု (Portfolio) ၏ ပမာဏ ကြီးမား လာစေရေးအတွက် မကြာခဏဆိုသလို ငွေကြေးချေးငှားခြင်းနည်း ဖြင့် Leverage ပြု လုပ်ကြပါသည်။ ဥပမာ- Hedge Fund တစ်ခုသည် မိမိ၏ဖောက် သည်ထံမှ ရင်းနှီးမြှုပ်နှံ ပေးရန် ဒေါ်လာသန်း တစ်ရာ လက်ခံရရှိသည်ဆိုပါစို့။ ထိုအခါ အဖွဲ့သည် ဘဏ်မှချေးငွေ သန်းသုံးရာ ထပ် ချေးကာ ဒေါ်လာ သန်းလေးရာ တန်ဖိုးရှိ စတော့များကို ဝယ်ယူရင်းနှီး လိုက်ပါသည်။ ဤချေးငွေကို Margin Loan ဟုခေါ်ပါ သည်။ အကယ်၍ စတော့ရင်းနှီး မြှုပ်နှံမှု သန်း လေးရာ မှဈေးနှုန်း ၂၅ ရာခိုင်နှုန်း ကျဆင်းသွားပါက ရင်းနှီးမြှုပ်နှံသူ၏ ငွေသန်းတစ်ရာ ရာနှုန်းပြည့် ဆုံးရှုံး သွားမည်ဖြစ်ပြီး အကယ် ၍ စတော့ဈေးနှုန်း ၂၅ ရာခိုင်နှုန်း တက်မည် ဆိုပါက မိမိထည့်ဝင်ငွေ သန်းတစ်ရာနှစ်ဆ မြတ်စွန်းမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ Hedge Fund များ၏ ပြန်ရနှုန်း အတက် အကျမှာ ပြင်းထန်ပါသည်။Hedge Fund များသည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ အစပြုကာ အရှိန်အဟုန် ဖြင့် အောင်မြင်တိုးတက်မှုများ ရရှိ ခဲ့ပါသည်။ ၁၉၉၀ ပြည့်နှစ်တွင် အဖွဲ့ပေါင်း ၅၃၀ ရှိကာ ငွေပမာဏ ၃၉ ဘီလီယံဒေါ်လာ ကို စီမံခန့်ခွဲပေးခဲ့ပြီး ၂၀၁၁ ခုနှစ် တွင်မူ အဖွဲ့အရေ အတွက် ၇,၂၀ဝ အထိရှိခဲ့ပြီး ဒေါ်လာ နှစ်ထလီရီယံတန်ဖိုးရှိ ငွေကြေး များကို စီမံခန့်ခွဲ ပေးလျက် ရှိပါသည်။ ယင်းသို့ Hedge Fund များ အောင်မြင်ရခြင်းမှာ အောက်ဖော်ပြပါ အကြောင်းရင်းများ ကြောင့် ဖြစ်ပါသည်။ခွဲခြမ်းစိတ်ဖြာရင်းနှီးမှု (Diversification)
.......................................................
ရင်းနှီးမြှုပ်နှံသူများသည် မိမိတို့ ငွေကြေးများကို နေရာအနှံ့ခွဲခြမ်းစိတ်ဖြာ ရင်းနှီး သည့်အပြင် လိုအပ်လျှင်ချေးငွေကိုထိ ရောက်စွာအသုံးချခြင်း။ Hedge Fund များသည် အဆိုပါငွေကြေး များကို တိုးပွား လာစေရန် ဆောင်ရွက်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေ ရှိမှုများကို လျှော့ချပေးခြင်း။အကြွင်းမဲ့ ပြန်ရနှုန်း (Absolute Return)
.........................................................
ရင်းနှီးမြှုပ်နှံသူများသည် ထည့်ဝင်ထားသည့် ငွေများအတွက် အကြွင်းမဲ့ ပြန်ရနှုန်းကို ရယူရန် Hedge Fund များသို့ အပ်နှံကြပါသည်။ သမားရိုးကျ ရန်ပုံငွေအဖွဲ့ အများစုသည် ဈေးကွက်အတွင်းပျှမ်းမျှပြန် ရနှုန်းများကို ရရှိ သော်လည်း တစ်ခါတစ်ရံ ချိတ်ဆက်ထားသည့် အညွှန်းကိန်း ကျဆင်းမှုကြောင့် ပြန်ရနှုန်း အနုတ်ကိန်းဖြစ်နိုင်သည်။ သို့သော် Hedge Fund များမှာ ပြန်ရနှုန်း သုညရာခိုင်နှုန်းအထက် ရရှိရန် စွမ်းဆောင် နိုင်ကြသည်။အဖွဲ့အစည်းလိုက်ရင်းနှီးမြှုပ်နှံသူများ တိုးတက်လာခြင်း
(Increased Institutional Investing)
..............................................................................
ပညာရေးစနစ်များ ထွန်းကားလာ မှုကြောင့် တက္ကသိုလ်များတွင် ရန်ပုံငွေများ တိုးတက် များပြား လာကာ ယင်းတို့၏ငွေများ ကို Hedge Fund များ၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ မှုအဖွဲ့များ၊ အိမ်ခြံမြေအဖွဲ့များ၊ ကုန်စည် ဈေးကွက်များတွင် ခွဲခြမ်း ကာ ရင်းနှီးမြှုပ်နှံကြ ပါသည်။ ထို့အတူ ပင်စင်ရန်ပုံငွေအဖွဲ့များ၊ ရေနံရောင်း ချငွေ ထိန်းသိမ်းသည့်အဖွဲ့ ပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာခြင်း ကြောင့် Hedge Fund များ အလုပ်ဖြစ် လာကြသည်။ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ရှိ ခြင်း
(Favorable Market Environment)
..........................................................
အတိုးနှုန်းများ လျော့ကျခြင်း၊ ချေးငွေများ လွယ်ကူစွာရရှိနိုင်ခြင်း၊ ချေးငွေသက် တမ်းများပျော့ ပျောင်းမှုရှိခြင်း၊ ခိုင်မာသည့် စတော့ဈေးကွက်ရှိနေခြင်း၊ အခွန်နှင့် ဥပဒေ ပြဋ္ဌာန်းချက်များ ဖြေလျှော့ပေးခြင်းများ ကြောင့် ကောင်းမွန်သည့် ဈေးကွက် တစ်ခု ဖြစ်လာစေပါသည်။လူသားအရင်းအမြစ် တိုးတက်လာမှု (Human Capital Growth)
.......................................................................................
ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်သူ အတော်များများသည် ယခု အခါ Hedge Fund လုပ်ငန်းများသို့ တစ်စထက်တစ်စ ပြောင်းရွှေ့ လုပ်ကိုင်လာကြပါ သည်။ အဘယ် ကြောင့် ဆိုသော် ယင်းအဖွဲ့ များရရှိသည့် လုပ်ခဝင်ငွေ မှာ မြင့်မားပြီး ပိုမို၍ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်းကြောင့် ဖြစ်ပါသည်။ ၂၀ဝ၆ ခုနှစ်အတွင်းတွင် Hedge Fund မန်နေဂျာ ၂၆ ဦး၏လုပ်ခ လစာ ဒေါ်လာသန်း ၁၃၀ ရရှိခဲ့ကြောင်းတွေ့ ရှိရပါသည်။ ဆက်လက်၍ နှစ်အလိုက်ဆိုသလို မန်နေဂျာများ၏ ဝင်ငွေလုပ်ခများမြင့် တက်လာခဲ့ပါသည်။ သို့သော် လည်း ၂၀၁၁ ခုနှစ်တွင် မန်နေဂျာများ၏ အဆိုးဆုံးနှစ်တစ် ခုဖြစ်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်း မန်နေဂျာ ၄၀ ဦး၏ လုပ်ခစုစုပေါင်းမှာ ၁၃ ဒသမ ၂ ဘီလီယံသာ ရရှိ ခဲ့ကြောင်းတွေ့ရှိ ရပါသည်။ဘဏ္ဍာရေးတီထွင်မှုများ (Financial Innovation)
..................................................................
Hedge Fund များသည် လွန်စွာ ရှုပ်ထွေးနက်နဲသည့်ဘဏ္ဍာရေး Product များ၊ နည်း ပညာများကိုတီထွင်နိုင်ခဲ့ခြင်း ကြောင့် ဈေးကွက်အတွင်းကျခံနေရသည့် ဝန်ဆောင် စရိတ်များကို လျှော့ချနိုင်ခဲ့ပါ သည်။ အီလက်ထရွန်နစ်ရောင်းဝယ်ရေး ပလက်ဖောင်းများ၊ အနာဂတ်တွင် ပေးချေ သည့်ကြိုရောင်းဈေးကွက်များ၊ Product အချင်းချင်း လဲလှယ်သည့် ဈေးကွက်များတီ ထွင်နိုင်ခဲ့ခြင်းများကြောင့် Hedge Fund များကို ပိုမိုအလုပ်ဖြစ်စေ ခဲ့ပါသည်။ထွန်းသက်ထွန်း
ထြန္းသက္ထြန္း
No comments:
Post a Comment