Popular Posts!

Saturday, December 31, 2011

အမေရိကန်တွင် လူ့ဦးနှောက်ကို ဖျက်ဆီးစားသောက်သည့် အမီးဘားပိုးတွေ့ရှိ

ကျန်းမာရေး အာဏာပိုင်များက ထိုသူ၏အိမ်တွင် တပ်ဆင်ထားသော သောက်ရေစနစ်အတွင်း အဆိုပါ အမီးဘား ပိုးမွှားကို ရှာဖွေ တွေ့ရှိခဲ့
Posted on Aug 22 11 - 12:35 PM | Hits : 3931

    အမေရိကန်နိုင်ငံတွင် လူ့ဦးနှောက်ကို ဖျက်ဆီးစားသောက်သည့် အမီးဘား ပိုးမွှားတစ်မျိုးကြောင့် ကလေးငယ် နှစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေး အရာရှိများက ပြောကြားခဲ့သည်။
      ဖလော်ရီဒါတွင် နေထိုင်သော အသက်(၁၆)နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ရေကူးပြီးနောက် အပြင်းအထန် နာမကျန်းဖြစ်ရာမှ သေဆုံးခဲ့သည်။
  ထို့အပြင် ဗာဂျီးနီးယားမှ အသက်(၉)နှစ်အရွယ် ယောက်ျားလေး တစ်ဦးသည်လည်း အပျော်ငါးမျှားထွက်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ဦးနှောက်အတွင်း ပိုးဝင်ကာ သေဆုံးသွားခဲ့သည်။ ၎င်းတို့နှစ်ဦးလုံးသည် ရှားပါးလှသော ရောဂါပိုးတစ်ခု၏ ဖိစီးနှိပ်စက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဟု ကျွမ်းကျင်သူများက ဖော်ထုတ်တွေ့ရှိခဲ့သည်။
  ထိုသို့ဖြစ်ရခြင်းမှာ ဦးနှောက် အစိတ်အပိုင်းများကို စားသောက်သည့် ရေနေ အမီးဘား ပိုးကောင်တစ်မျိုးကြောင့်ဟု သိရှိရသည်။ ချာတိတ်လေးသည် အပျော်ငါးဖမ်းခရီးတွင် သောက်ခဲ့သောရေ၌ အဆိုပါပိုးမွှား ပါသွားသည်ဟု ယူဆရဖွယ်ရှိသည်။
    အလားတူ ဦးနှောက်စား အမီးဘားပိုးကောင်ကြောင့် နောက်ထပ် သေဆုံးမှု ရှိမရှိကိုမူ ကွဲကွဲပြားပြား မသိရသေးပေ။ ဇွန်လအတွင်းကလည်း အမေရိကန်တွင် အမျိုးသားတစ်ဦး ယင်းပိုးမွှားကြောင့် သေဆုံးခဲ့သေးသည်။ ကျန်းမာရေး အာဏာပိုင်များက ထိုသူ၏အိမ်တွင် တပ်ဆင်ထားသော သောက်ရေစနစ် အတွင်း အဆိုပါ အမီးဘား ပိုးမွှားကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။


Source: DailyChilli
Ref:www.planet.com.mm

No comments:

*** လာလည်သောအပေါင်းအသင်းများ မိမိ ASN GROUP ONLINE SHOP ကနေ သင်တို့အလိုရှိသောပစ္စည်းများကို ရှာဖွေပြီး ORDER မှာလို့ရနေပါပြီ ***

ASNGROUP WAREHOUSE DEALS DEEPS DISCOUNT!