| အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားများကို ဦးတည်၍ ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ အပ်နှံငွေများကို အကာအကွယ် ပေးသွားမည့် အပ်ငွေအာမခံစနစ်ကို ပုဂ္ဂလိကဘဏ်ငါးဘဏ် စတင် ထားရှိထားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ အပ်ငွေအာမခံကို ဘဏ်များမှ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အာမခံထားရှိ ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အမိန့်စာထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်အထိ ပုဂ္ဂလိကဘဏ် ငါးဘဏ်မှ အပ်ငွေအာမခံစတင် ထားရှိထားခြင်းဖြစ်သည်။ အပ်ငွေအာမခံ စတင်ထားရှိသည့် ဘဏ်များမှာ အာရှရန်ကုန်ဘဏ်၊ ရတနာပုံဘဏ်၊ စည်ပင်သာယာရေးဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးအပ်ငွေ အာမခံစနစ် (Deposit Insurance) သည် မြန်မာ့အာမခံလုပ်ငန်းမှ ၀န်ဆောင်မှု ပေးလျက်ရှိသည့် အာမခံအမျိုးအစားပေါင်း ၄၆ မျိုးအပြင် ၂၀၁၁ ခုနှစ်တွင် အသစ်ထပ်မံ ၀န်ဆောင်မှု ပေးသော အာမခံအမျိုးအစား ဖြစ်ပြီး ဘဏ်များအနေဖြင့်လည်း ယခင်က ဘဏ်အဆောက်အဦ၊ ငွေပို့ငွေလွှဲ၊ ဘဏ်ပိုင်ဆိုင်မှုများကိုသာ အာမခံထားရှိကြပြီး အပ်ငွေနှင့် ပတ်သက်သော အာမခံမရှိခဲ့၍ ယခုအပ်ငွေ အာမခံစနစ်သည် မြန်မာ့အာမခံသမိုင်း တစ်လျှောက်နှင့် ဘဏ်သမိုင်း တစ်လျှောက်တွင် ပထမဦးဆုံးဆောင်ရွက်သည့် အာမခံအမျိုးအစား ဖြစ်သည်။ “ဒီအပ်ငွေအာမခံစနစ်က ထားရှိရမှာက ဘဏ်တွေကဖြစ်ပြီး အကျိုးခံစားခွင့်ရမှာက ငွေအပ်နှံထားသူတွေပါ။ ဒါကြောင့် ကျပ်တစ်သိန်း ကနေ ငါးသိန်းအထိ အပ်နှံထားတဲ့ အခြေခံလူတန်းစားနဲ့ လူလတ်တန်း စားတွေကို ကာကွယ်ပေးတဲ့ စနစ်လို့ ပြောတာပါ။ တစ်ဖက်ကလည်း အာမခံထားတဲ့ ဘဏ်တွေကို ယုံကြည်မှု ပိုစေပါတယ်”ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်းက ပြောပြခဲ့သည်။ အပ်ငွေအာမခံ အမျိုးအစားသည် ဘဏ်များအပေါ် ငွေအပ်နှံသူများ ယုံကြည်မှု ပိုရှိလာစေရန်နှင့် ငွေသား လုံခြုံမှုရှိစေရန်၊ ဘဏ်စနစ် ပိုမို ကောင်းမွန်စေရန် အကာအကွယ်ပေးမည့် အာမခံအမျိုးအစားဖြစ်ပြီး ယင်း အာမခံကို ထားရှိထားပါက ဘဏ်များ ဒေ၀ါလီခံရသည့်တိုင် ပြန်လည်၍ လျော်ကြေးငွေ ရရှိမည်ဖြစ်သည်ဟု သိရသည်။ |
Popular Posts!
-
ယနေ့ ၁၂/၀၅/၂၀၁၉ ရက်နေ့ ၀၇၁၅နာရီတွင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၏ခရီးစဉ်အမှတ် UB103 ရန်ကုန်- မန္တလေး- ရန်ကုန် ခရီးစဉ်ကို လေယာဉ်အမှတ် XY...
-
April 2019 မှာ IMF ကထုတ်ပြန် တဲ့မြန်မာ့ စီးပွားရေး သုံးသပ်ချက် အပြည့်အစုံမှအချို့စာမျက်နှာများကို တင်ပြပေးလိုက်ပါတယ်။ နှစ်လတ်နဲ့နှစ်ရှည်မှာ ...
-
MAC OS Keyboard shortcuts လေးတွေမသိရင်တော်တောကို ဒုက္ခပေးပါတယ်... အခုလဲသုံးနေရင်းနှင့် အဆင်မပြေတာနှင့် Shortcut Keysတွေကို ရှာလိုက်တ...
-
ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းသမိုင်း ၁၈၆၁ (ချင်အင်ပါယာခေတ်) တွင် ယခုရန်ကုန်မြို့ ကမ်းနားလမ်း ၁၈လမ်းနှင့်စဥ့်အိုးတန်းလမ်းအကြားတွင် ဖူကျန့်လူမ...
-
၂၀၁၅ အတွက် Singapore မှာ IT Jobs မှာ IT Professtionalတွေ ၈သောင်းလိုအပ်နေပြီး ၅သောင်း၅ထောင်ကို ဆက်သွယ်ရေးနှင့်ဆိုင်သော inforcomm အတွက်လိုအပ...
-
ဂျပန်က မြန်မာနိုင်ငံသားတွေကို အကြိမ်ကြိမ်ဝင်ထွက်ခွင့်ဗီဇာပေးပြီ မြန်မာနိုင်ငံသားတွေရဲ့ တချိန်တုန်းကတည်းက အိပ်မက်ကြီး မက်ခဲ့တဲ့ ဂျပန်နို...
-
ရာသီဥတုပူပြင်းတဲ့အချိန်မှာ သတိထားသင့်တဲ့ မျက်စိနာရောဂါ (သို့) မျက်မြှေးရောင်ရောဂါ အချိန်အခါမရွေး ဖြစ်ပွားနိုင်ပေမယ့် ရာသီဥတုအပြောင်းအလဲဖြ...
-
အလွှာ ၃ ပါး -------------- ထိုင်ဝမ်မှာ သတင်းသုံးတော်မူတဲ့ ရှင်းရင်ဆရာတော်က လူ့အလွှာသုံးပါးအကြောင်းကို အောက်ပါအတိုင်းဟောတော်မူပါတယ် လူမှာ အမျို...
Monday, December 26, 2011
အခြေခံလူတန်းစားများနှင့် လူလတ်တန်းစားများကို ဦးတည်၍ ငွေကျပ်တစ်သိန်းမှ ငါးသိန်း အထိအပ်နှံငွေများကို အကာအကွယ် ပေးမည့် အပ်ငွေအာမခံစနစ်ကို ပုဂ္ဂလိကဘဏ် ငါးဘဏ်စတင်ထားရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment